ခရီးဆက်နှင်ဦးမည့် အတွေးစများ

TTNUDecember 21, 20111min15116

ခရီးဆက်နှင် ဦးမည့် အတွေးစများ
အတွေးစများ(၃)

2011 August Reader’s Digest ဖတ်ရင်းနဲ့ အတွေးစလေး ခရီးစထွက်ခဲ့ပါတယ်။
ဖတ်မိတဲ့ ခေါင်းစဉ်ကလေးက “Can you say awesome?” တဲ့။

လူတွေဟာဘဝမှာဆောင်ရွက်မိတဲ့ တစ်ခုခု ကြောင့် သဘောကျပြီး
“ ဟာ.. မိုက်တယ်ဟေ့ ” ဆိုတဲ့ ခံစားချက်မျိုး ရသ
တစ်မျိုး မျိုး ရတတ်ကြပါတယ်။ စိတ်ထဲမှာ ကျေနပ်သွားတာမျိုးလေး
ပေါ့။ ကျမတို့ Word Power Game ကစားတဲ့ အခါ စာလုံးတွေ အများကြီးဆက်နှိုင်ရင်
“Awesome!!!” လို့ အော်သံလေး ထွက်လာသလိုပေါ့နော်။

Neil Pasricha က ဒီ ဘလော့ကို (၂၀၀၈ ဇွန်လ) မှာ ထူထောင်ခဲ့ ပါတယ်။
1000awesomethings.com မှာ ဘဝအမောလေးတွေ ဖြေသိမ့်စရာတွေ ပါရှိပါတယ်တဲ့။

ကျမ ဆက်တွေးမိပါတယ်။ ဟုတ်ပေသားပဲ ၊ ကျမတို့ စိတ်အာရုံရှုပ်စရာ ဘဝအမောတွေ
မွမ်းကျပ်နေတဲ့ အခါ ဘာမှမဟုတ်ဘူးလို့ ကိုယ်ထင်တဲ့ ၊ “ခပ်သေးသေးမွှားမွှားလေး”
တစ်ခုခုက အပျော်လေးတွေ ဖန်တီးပေးတတ်ကြတာပါလားနော်။

ဒီ ပျော်စရာ တဒင်္ဂ တစ်ခဏလေးကို ဘာနဲ့ ဥပမာအလင်္ကာပြရမလဲဆိုတော့….
အလွန်ပူအိုက်နေတဲ့ နေ့တစ်နေ့မှာ ရေကလည်း ငတ်နေခိုက် ရေအေးအေးတစ်ခွက် သောက်လိုက်ရသလိုနေမှာ အမှန်ပါပဲ။

ဒါကြောင့် ကျမရဲ ့ “ Awesome ” လေးတွေ စာရင်းပြုစုထားပါတယ်။ ဖတ်ကြည့်ပါဦး။
တစ်ယောက်နှင့် တစ်ယောက် အောဆမ်း တွေ မတူနှိုင်ပါ။ တစ်ယောက်ရ ဲ့ အစာဟာ
အခြားတစ်ယောက်အတွက် အဆိပ်ဖြစ်ကောင်းဖြစ်နှိုင်ပါတယ်။ အစာချင်းတူသည့်တိုင်
အရသာချင်းကွာခြားနှိုင်ပါတယ်။

ဆိုတော့… ကြည့်ကြရအောင်…

(၁) ကျမ ဈေးဝယ်ပြန်လာပြီး ပစ္စည်းတွေ သူ့နေရာနဲ့သူသိမ်းတယ်။
ထုပ်ပိုးလာတဲ့ ပလတ်စတစ် အိပ်တွေကို လက်နဲ့ဖိ ဖြန့်ပြီး ခေါက်။ ဂျပ်ဘူးတစ်ခုထဲမှာ၊
သပ်သပ်ရပ်ရပ်ထည့်ပြီးသိမ်းတယ်။ အဲဒီအခါ “Awesome!”

(၂) Toilet တက်ရင်းနဲ့ ကြမ်းခင်းပေါ် တင်နေတဲ့ ခြေရာတွေ သဲတွေကို ရေနဲ့ လှမ်းဖျန်းရင်း
သန့်ရှင်းရေးပါ တစ်ပါတည်းဆောင်ရွက်လိုက်တယ်။ များသောအားဖြင့် ခရီးသွားရင်း လမ်းမှာ
စားသောက်ဆိုင်တွေ ဘာတွေဝင်တဲ့ အခါမျိုးပေါ့။ “Awesome!”

(၃) လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အခါ မထိုင်မီ ကျမထိုင်မဲ့ စားပွဲနဲ့ ထိုင်ခုံကို တစ်ရှုးများများနဲ့
ပြောင်အောင် အရင်သုတ်တယ်။ ပြီးမှ “ရှယ်ပုံမှန်” လို့ ပြောလိုက်တယ်။ “Awesome!”

(၄) နွေရာသီမှာ ညတိုင် ပူအိုက်လွန်းလို့ တစ်ရေးနိုးတဲ့ အချိန် ခေါင်းအုံးကို အိပ်ချင်မူးထူးနဲ့
တစ်ဖက်ကိုလှန်လိုက်ပြီး ခေါင်းအုံး အေးအေးလေးပေါ် ခေါင်းပြန်တင်ပြီး အိပ်ပျော်သွားတယ်။
“Awesome!”

(၅) မီးလာလိုက်ပျက်လိုက်ဖြစ်နေတဲ့ အချိန် အဝတ်လျှော်စက်ထဲမှာ လျှော်လက်စအဝတ်တွေ
မှာလည်း Wash ဖြစ်လိုက် Rinse ဖြစ်လိုက် အပြီးမသတ်နှိုင်တော့ဘူး။ စိတ်တိုလာပြီနော်။
ဒီတစ်ခါ တော့ ရေဆေးအလှည့်ပြီးရင် Spin ခလုတ်လှည့်ထားလိုက်တယ်။ မီးပြန်အလာ
ခလုတ်လှည့်ထာတဲ့အတိုင်း စက်လည်ပြီး လျှော်ပြီးကြောင်း ပြီးစီးကြောင်း တီတီတီ ဆိုပြီး
အချက်ပေးသံ အပြ၊ ကျမလည်း စိတ်အချ၊ မီးကလည်းထောက်ခနဲအပျက်။
“Awesome!”

(၆) တစ်ယောက်ယောက်ကို လက်ဆောင်ပေးဖို့ ဆူပါမားကက်က ပစ္စည်းဝယ်လာပြီး မထုတ်ပိုးမီ ဈေးနှုန်းကပ်စက္ကူကို ခွာပါတယ်။ ဒီစက္ကူတွေ ကပ်ချက်ကတော့ ကမ်းကုန်တယ်။
ကွာရင်လည်း အရာကြီးထင်ကျန်နေတတ်လေ့ရှိတယ်နော်။ အဲဒါကို တစ်ချက်တည်းနဲ့
ပြောင်စင်နေအောင်ခွာချလိုက်လို့ ရတဲ့ အခါများလေ…“Awesome!”

(၇) ရစရာရှိတဲ့ငွေတွေ ရလာပြီး အိမ်မှာ ရေတွက် သိမ်းဆည်းတဲ့အခါ
တစ်ထောင်တန်အသေး အကြီး သူ့အထပ်နဲ့သူ တစ်သောင်းထုပ်စီးလိုက်ပါတယ်။
အသေးဆိုအသေးချည်း၊ အကြီးဆိုအကြီးချည်း၊ ခေါင်းတွေညီအောင်စီပါတယ်။
အားလုံးအံကိုက်ဖြစ်သွားတဲ့ အခါမျိုး ဒီလိုပဲ ဈေးဝယ်ပြီးတဲ့အခါ ပိုက်ဆံအိတ်ထဲမှာ
ပိုက်ဆံတွေ ရောထွေးနေတတ်ပါတယ်။ ငွေစက္ကူတွေ သူ့အချပ်နဲ့သူ ပြန်စီထားပြီး
ပိုက်ဆံအိတ်ဇစ်ပိတ် လက်ကို ဆပ်ပြာနဲ့ရေဆေးပြီးတဲ့အခါ……
“Awesome!”

(၈) ဆိုင်ကယ်စီးပြီး ၊ကားမောင်းပြီး ကျောင်းသွား၊ရုံးသွားတဲ့အခါ Traffic Jam
ကြုံတတ်ပါတယ်။ မီးနီကလည်း တစ်ပွိုင့်မိပြီး ဆက်တိုက်မိတတ်လေ့ရှိပါတယ်။
တစ်ခါတစ်လေ အိမ်ကနည်းနည်းလေးစောထွက်မိလိုက်ရင် မီးပွိုင့်လည်း
မမိဘဲ ၊ မီးနီတောက်လျှောက် လွတ်၊ မီးစိမ်းတောက်လျှောက်ဖြတ်ရတဲ့ အခါ
စိတ်တွေ အဆင်ကိုပြေနေတာပဲမဟုတ်ပါလား။ …“Awesome!”

(၉) ကျမ ဈေးဝယ်သွားတော့မယ်ဆိုရင် ဈေးဝယ်စာရင်းလေး ရေးလေ့ရှိပါတယ်။
မရေးမိတဲ့အခါတွေများ အိမ်ရောက်မှ ဟိုဟာမဝယ်ခဲ့မိဘူး၊ ဒီဟာ မေ့ခဲပြန်ပြီနဲ့လေ။
Shopping list ပါရင်တော့ စာရင်းထဲမှာ ဝယ်ပြုပြီးတာတွေ တစ်ခုပြီးတစ်ခု ဝယ်လိုက် ခြစ်ပစ်လိုက်နဲ့ နောက်ဆုံး စာရင်းထဲမှာ ဘာမှမကျန်တော့ဘူး၊
ငွေလည်းကွက်တိ လောက်တယ် ဆိုတဲ့အခါ……“Awesome!”

(၁၀) အတန်းအားလုံး စာသင်ပြီးသွားလို့ “Let’s call it a day!”
“Goodbye class” ပြောပြီးစာအုပ်တွေသိမ်းတယ်။ ခုံတွေသိမ်းတယ်။ ခြံတံခါးလိုက်ပိတ်တယ်။
…“Awesome!”

မိတ်ဆွေတို့မှာရော ဒီလို (အောဆမ်းမိုးမဲ့) Awesome moments လေးတွေ ရှိမှာပါ။
ခဏလေးစိတ်မှာ ငြိမ်းသွားတာ အေးသွားတာ ဘဝင်ကျသွားတာမျိုးပေါ့။
အတွေးစထဲမှာတော့ ဆွဲတိုင်းထွက်လာစရာတွေချည်းပါပဲ။ ဒီတစ်ပါတ်တော့
ဒီလောက်ပဲတွေးပါတော့မယ် မိတ်ဆွေတို့ရေ။

“Awesome!”
“Awesome!”
“Awesome!”

16 comments

  • Khin Latt

    December 22, 2011 at 4:49 am

    ဆရာမကြီး စာ ဖတ်လိုက်မိတာ Awesome!
    Mandalay Gazette ထဲ မှာ အတွေးတွေ ဝေမျှ ရင်း မိတ်ဆွေသစ် တွေ ရတာ Awesome! 🙂
    လေးစားစွာဖြင့်

  • inz@ghi

    December 22, 2011 at 7:55 am

    -မိုးလင်းလို့ .အခန်းထဲကထွက်လာပြီး ဓါတ်လှေကားရှေ့ရောက်တဲ့အခါ ..ကိုယ့်အထပ်ရှေ့မှာ အဆင်သင့်ရောက်နေတဲ့
    ဓါတ်လှေကား ကာဘင် ကိုတွေ့တဲ့အခါ Awesome!

    -ဘူတာရုံအရောက် စင်္ကြန်ပေါ်တက်လိုက်တာနဲ့ ရထား ချက်ခြင်း ရောက်လာတဲ့နေ့ဟာ Awesome!

    -ထိုင်ခုံပေါ်ထိုင်မိတာနဲ့ ….ဘေးမှာ … မမ လှလှလေး တယောက် လာထိုင်တဲ့အခါ Awesome!

    -ရထားပေါ်က ဆင်းတဲ့အခါ …. တလမ်းလုံးအိပ်ငိုက်လာတဲ့ သူမဟာ ကျနော့်ပုခုံး တဖက်အတွက်
    ကျေးဇူးတင် အားနာ စွာပြုံးပြ တဲ့အခါ Awesome!
    (တခါတလေများ ….စတားဘက်ခ်မှာ ထိုင်ပြီး ကော်ဖီတခွက်နဲ့ ကျေးဇူးတုံ့ပြန်တဲ့အခါ …စူပါ Awesome! ဤကား လျှို့ဝှက်ချက်..ခိခိ)

    -ရုံးရောက်လို့ …. ဟိုဘက်ရုံးမှာ အနေများတဲ့ စက်ကပ်ကြေးမလေးရဲ့ ….သွားတက်ကလေးကို မြင်ရတဲ့အခါ Awesome!

    -အလုပ်နဲ့ ..အပြင်သွားရတဲ့အခါ အတင်းစကားလိုက်စပ်ပြီး …insurance ရောင်းတတ်တဲ့ စကီချောချော လေးနဲ့ တွေ့တဲ့အခါ Awesome!

    -ဆီမီနာ တွေနဲ့ exhibition တွေမှာ အင်းဂလိ လို စကားပြောပေး ရှင်းပြပေးမယ့် အနောင်ဇာ မမတွေ တွေ့တဲ့အခါ Awesome!

    -ကျနော်က မြန်မာ ပါလို့ ဖြေတဲ့အခါ ကမာ္ဘကျော် မြန်မာအမျိုးသမီးကြီး နေကောင်းရဲ့လား ဆိုပြီး ..မေးတတ်တဲ့ နှုတ်ခမ်းနီမလေးေတွေတွေ့တဲ့အခါ Awesome!

    -တခါတခါ ကျနော် စကားပြောတဲ့အခါ …မျက်လုံး အဝိုင်းသားလေးနဲ့ နားထောင်ပြီး …တဖြတ် တဖြတ် နားတိုင်း notes ထုတ်ရေးတတ်တဲ့ …သူငယ်မလေးတွေ တွေ့တဲ့အခါ Awesome!

    -မျိုးရိုးနာမည် Surname မရှိဘဲ ..မွေးတဲ့ နေ့ နဲ့ နာမည်ပေးတတ်တဲ့ ကျနော်တို့ လူမျိုးအကြောင်း စိတ်ဝင်တစား စပ်စုတတ်တဲ့ မိတ်ဖက် ကန်ပနီတွေက ကောင်မလေးတွေ တွေ့တဲ့အခါ Awesome!

    -ဂျာပွန်ထက် ၃ဆ ကြီးပြီး လူဦးရေအချိုးအရ တဝက်သာ ရှိတဲ့ ..ကျနော်တို့ဆီမှာ လူမျိုး ၁၀ဝကျော် ရှိတယ်ဆိုတာ ရှင်းပြတိုင်း “ဟယ်….” ဆိုအံ့ဩပြတတ်တဲ့ ခန်းဆိုင်း မိန်းမချောလေးတွေ တွေ့တဲ့အခါ Awesome!

    -ရေခဲတောင်-ဆာကူရာ-သနပ်ခါး-လှပတဲ့ ကမ်းခြေ ဒါ့ပုံတွေ ထုတ်ပြတဲ့အခါ “လှလိုက်တာနော် …လာလည်ချင်တယ် …တကယ်” ဆိုတဲ့ အသံလွင်လွင်လေးတွေ ကြားရတဲ့ အခါ Awesome!

    -သည်ညနေ ထမင်းအတူ စားရအောင်နော် လို့ ဖိတ်ကြားခံရတဲ့အခါ မဟာ Awesome!

    အဟီး …တော်ဘီ ..အတော်လေး ညှီ တွားဘီ …….

    တီချာကြီးကို ချစ်ခင်လေးစားစွာဖြင့် …in my way of Awesome! ကို ဖွဲ့သီပါကြောင်း ….

    အရှေ့ကျွန်းက နှူးဘာ ဂိုဏ်းချုပ် ..
    သားစားကျူးတဲ့ ဇိမ်ဖုံးဂျီး …ပေါက်စ
    နှာကိုယ်တော် မောင်မောင် ဇာ ..

  • super

    December 22, 2011 at 8:17 am

    မနက်နိုးနိုးချင်း ကော်ဖီခွက်ဘေးချပြီး ဂဇက်ထဲဝင် ရွာသူားတွေရေးထားတာဖတ်ရတာ Awesome!
    Awesome! ………. Awesome!
    Awesome! ………. ပေါင်းများစွာ ……………. 🙂

  • ပေါက်ဖော်

    December 22, 2011 at 10:02 am

    “Awesome!” တွေ ့ဖူးနေတာကြာဘီ..
    အဓိပ္ပါယ်တော့..ဝိုးတဝါးတား ဖြစ်နေတာ..
    ခုတော့ သိပြီ..
    အဲတာ “Awesome!”
    “Awesome!”
    “Awesome!”
    😆

  • pooch

    December 22, 2011 at 11:48 am

    တီချယ် ဒီရက်ပိုင်း အနော့်မှာတော့ Awesome တွေနဲ့ဝေးနေတယ် …. 🙁

    • TTNU

      December 22, 2011 at 12:09 pm

      Hi Pooch!!
      What’s up? Why is that so? Did you kick out any ” Awesome” ?
      You know, sometimes, you won’t see something awesome still near you.
      Maybe you look awesome in your wedding dress. LOL 🙄

      • pooch

        December 22, 2011 at 4:17 pm

        ပိုက်ပိုက်တွေ ဆီလို အပေါက်ရှာပြီး ကုန်နေရလို့ မြင်မြင်သမျှှ ” Awesome ” မလုပ်နိုင်တာပါ..
        တီချယ်က သာ မုန့်ဖိုးပေးလို့ ပိုက်ပိုက်ရရင်တော့ ” Awesome ” :mrgreen:

        အဲ့ဒါဆို မြင်မြင်သမျှ ” Awesome “……… ဟေး……..

  • TTNU

    December 22, 2011 at 12:02 pm

    မလတ်ရေ… မိတ်ဆွေဖြစ်ရတာ ဝမ်းသာပါတယ်။
    မောင်ဂီရေ… မောင်ရင့် Awesome တွေဖတ်ပြီး တီချာတောင်
    မင်းအလုပ်ထဲလိုက်လာမိသေး။ OMG ! မင်းက ဒီမှာ James Bond
    လာလုပ်နေတာပါလား။မောင်ဂီရေ Comment အရှည်ကြီးနဲ့ အားပေးတဲ့
    အတွက် ကျေးဇူးတင်ပါတယ်နော်။
    ဆူပါရေ… ဟိုတစ်နေ့က မောင်ရင့် ပို့စ်မှာ တီချာက မင်းကို
    မိန်းကလေးထင်မိသွားတာရေးထားတယ်။ ဖတ်ပြီးပြီထင်တယ်။
    ကိုပေါက်ဖော်ရေ… ဂဇက်ထဲ စဝင်ခါစ ဘယ်သူ့ကိုမှ မသိသေးခင် အရင်ဆုံး
    သတိထားမိတာ ရှင့်ကို။ ပုလင်းလေးလှုပ်နေတာကိုလေ။ ဂယောင်ချောက်ချားနဲ့
    တီချာ လျှောက်ရေးတာက ( အဲဒီလို လှုပ်နေအောင် ဘယ်လိုလုပ်သလဲဟင် တဲ့) 😛

    မိတ်ဆွေတို့ရေ.. ဒီလောကကြီးအကျယ်ကြီးထဲမှာမှ ဂဇက်ရွာထဲတိုက်တိုက်ဆိုင်ဆိုင်
    လာဆုံမိကြတာ Gigantic Awesome!!!!
    😀

  • Moe Z

    December 22, 2011 at 12:06 pm

    Awesome!
    I read, not listening but deep in thought….

    • inz@ghi

      December 22, 2011 at 1:48 pm

      ဒါမျိုးဂျီးတွေ ကိန်းဘလစ်ချ်ထ် ဂိုဏ်းသားတွေ သိပ်သုံးတဲ့ ဒိုင် တွေပေါ့ကွယ်…
      ကအင်ဂျီး တို့လို မီးကျိုးမောင်းပျက်တွေ ကို …
      ဒါမိုးတွေ သင်ပေးပါဦးလား ဟင်င်င်

      😀

  • ဆူး

    December 22, 2011 at 12:10 pm

    ဆူး ကတော့ အော်မီတော်ဖော် ဆိုပြီး ပြန်ထွက်သွားပါတယ်။
    😀 😛

  • နွယ်ပင်

    December 22, 2011 at 12:18 pm

    တီချယ်ကြီးရဲ့ ပိုစ့်ကို ဖတ်လိုက်မိတဲ့ ခဏမှာ Awesome! ……
    မနက်အိပ်ယာနိုးနိုးချင်း တစ်ယောက်သောသူဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်လေးက Awesome! ….
    ဟင်းချက်ပြီး အလုပ်ချိန်အမှီပြေးလို့ အလုပ်ရောက်တဲ့အခါ နာရီလေးက 9း00 လို့ပြတဲ့အခါ Awesome! …

  • windtalker

    December 22, 2011 at 12:51 pm

    ဆရာမကြီး ခင်ဗျာ
    ဘန်ဂိုး (ခ) ဘင်ဂိုး ရဲ ့
    အနက်လေးကိုလည်း
    ပြောပြပေးပါဦး ခင်ဗျ

  • ကြောင်ကြီး

    December 22, 2011 at 1:14 pm

    ကြောင်ကြီး မေးတဲ့အခါ ပြောစမ်း..
    ကြောင်ကြီး လမ်းပျောက်ရင် မောစမ်း…
    ကြောင်ကြီး ဂွင်မိတော့ ထောစမ်း…
    ကြောင်ကြီး မှားသွားရင် ကောစမ်း….
    ကြောင်ကြီး မသိတဲ့အခါ ဖောစမ်း….
    ကြောင်ကြီး နှေးတုံ့နေရင် လောစမ်း…
    ကြောင်ကြီး ဈေးဝယ်တဲ့အခါ ပေါစမ်း..

  • amatmin

    December 22, 2011 at 1:26 pm

    တီချယ်ပို့စ် ကိုဖတ်နေရင်း အပြင်ကို သွားစရာပေါ်လာတယ်..
    ကွန်မန့် ကလည်း ရေးချင်တယ်.ကမန်းကတန်းရေးပြီး enter ခေါက်လိုက်တယ်.
    ရွာသူမနှောင့်ဘဲ ကွန်မန့်လေး ချက်ချင်း ပေါ်လာတာမြင်လိုက်ရတော့ ..Oh!! that’s Awesome!
    🙂 🙂

  • MaMa

    December 22, 2011 at 4:31 pm

    မနက်အိပ်ယာကနိုးတော့ မထချင်ထချင်နဲ့ ထမယ်လုပ်ပြီးကာမှ ပိတ်ရက်မှန်း သိလိုက်ရတာ Awesome!
    ပိုစ့်တင်ပြီး မေးလ်ထဲမှာ စာဝင်ကြောင်း သိရတာ Awesome!

Leave a Reply