အဲ့သည့်နေ့ က ပေါ့...
ဓါတ်လှေကား ရှေ့မှာ အမှတ်မထင်ပဲ ဆုံလိုက်တဲ့ အခိုက်အတန့် ...
"သူ ...presentation အတွက် documents တွေ ပြင်ဆင်တာ ပြီးပြီလားဟင် တဲ့ ...."
သူမဆီက ကျနော် ပထမဆုံးကြားဖူးတဲ့ စကားလုံးလေးများ ..ဟုတ်တယ် ... အဲ့သည့်အတိုင်း အတိအကျပဲ..


အဲ့သည့်နေ့ကပေါ့ ...
lecture လိုက်နေရင်း ..မျက်နှာရှေ့ကို ၀ဲပြီး ကျနေတဲ့ ဆံပင်ရှည်တွေကို အလိုမကျသလို နှုတ်ခမ်းစူရင်း
ball-pen အဖုံးကို ကလစ်လေး တစ်ချောင်းလို ခေါင်းမှာ ထိုး စိုက် လိုက်တာ ....
break-time မှာ သူငယ်ချင်းနဲ့ စကားလက်စုံကျရင်း ....သူမ ..သည်ဘက်ကိုဝေ့ကြည့်လိုက်တော့ ...
ကျနော် သူမကို စိုက်ငေးနေမိတာ မြင်ဖြစ်အောင် မြင်လိုက်သေးတယ်လေ ....


အဲ့သည့်နေ့ကပေါ့ ....
သင်တန်းလစ်ပြီး အိုင်စီ ရှိုး သွားမယ်လို့ ဘော်ဒါတွေကို ကျနော် ဖြားယောင်းသိမ်းသွင်းနေတဲ့ သကာလ...
ကျနော်  ကိုလေးရဲ့ "BOB"ထဲက "သံယောဇဉ်" ကို နောက်ပြီး "နံရိုးကင် ..နံရိုးကင်" ဆို ပြီး ဆိုပြနေတာ...ကြားတော့..
သူမ နှုတ်ခမ်းလေး ကွေးလောက်ရုံ ပြုံးသွားသေးတာရယ် ......



အဲ့သည့်နေ့ကပေါ့ ....
မကွေးFC ရှုံးလို့ ... စိတ်မကောင်းဖြစ်နေတဲ့ အညာသား သူငယ်ချင်းကို သည်ညနေ ဘီယာသွားချရအောင်ကွာ...
လို့  ကျနော် ပြောတော့ ....သူမက ...ကျနော့်လက်ထဲက ကားသော့ နဲ့ ကျနော့်မျက်နှာကို တလှည့်စီ ကြည့်ရင်း ...
နှဖူးက အရေးအကြောင်းငယ်လေးတွေ အတန်ငယ် တွန့်သွားတာ ...ကျနော် မြင်လိုက်ရသပေါ့ ...



အဲ့သည့်နေ့ကပေါ့ ....
နိုင်ငံ နဲ့ လူမျိုး အကြောင်းမေးလာတဲ့ နိုင်ငံခြားသား ဧည့်သည် တယောက်ကို သူမ နားမလည်တဲ့ ဘာသာစကားတခု
သုံးပြီး ကျနော်  ရှင်းပြတုန်းက ...မျက်နှာထား တည်တည်လေး ထားလို့ ..အလိုက်သိစွာနဲ့ ဆိတ်ငြိမ်ပြီး နေခဲ့ပေးတာရယ်လေ ...


အဲ့သည့်နေ့ကပေါ့ ....
သူ ဆိုတဲ့ တတိယနာမ်စားအစား ...ရှင်နဲ့ ကျမ စသုံးလာတဲ့နေ့ပေါ့ ...
သူမရဲ့ နိုကီယာ လေးကတဆင့် ရယ်သံလွင်လွင်လေး စကြားဖူးတဲ့နေ့ လည်း ဖြစ်တယ်ဗျ...
နောက်တော့ ကျနော် .....လေးလေးနက်နက် တစုံတရာ ကို ...ပြောချမိရက်သား .....


အဲ့သည့်နေ့ကပေါ့....
လက်မှန်တဲ့ အဖျော်ဆရာဆီက သောက်နေကျ ကျဆိမ့် တခွက်ဟာ ပိုချိုတယ်လို့ ခံစားရတဲ့နေ့ ...
မှန်တာပြောရရင် ...သောက်နေကျ နီကိုတင်း 5mg ပါဝင်သော စီးကရက်သည် ပိုမိုရီဝေပါ၏ ...
ဒါဆို သူမ ကရော ......အဘယ်ကြောင့် ..အဓိပ္ပါယ် ရေရေရာရာ မရှိဘဲ လက်ဝဲ လက်ယာ
လက်ချောင်းငယ်များကို ..ယှက်ဖြာ ပွတ်တိုက်နေပါသနည်း....



အဲ့သည့်နေ့ကပေါ့ ...
ကျနော် ကြေးအိုး စားတဲ့အခါ ငြုပ်ကောင်း နဲ့ ဆီမွှေး ထည့်စားတတ်တဲ့အကျင့်တခု ရသွားတယ်...
ကျနော် ကားမောင်းရင်း စီးကရက်ကို ညာလက်နဲ့ ခဲ တတ်တဲ့ အကျင့် တခု ရသွားတယ်...
ပထမဆုံးအကြိမ် အဖြစ် ရုပ်ရှင်ရုံထဲမှာ ခေတ္တခန  စက္ခုနဲ့ သောတ ချို့ယွင်း သွားခဲ့ဖူးတယ် ...


အဲ့သည့်နေ့ကပေါ့ ...
.....တယောက် Duty ၀င်ရင်း မူးလဲ လို့တဲ့ .... ဆိုတဲ့ ဖုန်း ၀င်လာတော့ ...
ကျနော့်ဖုန်း နားထောင်ခွက်ထဲက လျှံကျလာတဲ့အသံရယ် ...
အရောင်ပြောင်းသွားမယ့် ကျနော့်မျက်နှာရယ်..
မတ်တပ်ရပ်ဖို့ ဆတ်ခနဲ မတ်လိုက်မိတဲ့ ကျနော့်ခါးရယ်..
ဆေးလိပ်မသောက်တတ်တဲ့သူမ ...ဘာကြောင့် ...စီးကရက် ရှိုက်သလို လေကို ရှိုက်ထုတ်တတ်နေပါသလဲ.....


အဲ့သည့်နေ့ကပေါ့ ...
ဘယ်သူပိုင်သလဲ သူမကောင်းကောင်း သိတဲ့ ....ပြိုင်ကားအမည်းရောင်လေး တစ်စီး ...
ဒါပေမယ့် driver seatမှာ ကျနော် ဖြစ်နေတာတွေ့တော့ ...မအံ့သြသလို ခပ်ထေ့ထေ့ပြုံးလေရဲ့ ...
ကျနော်သည် passenger seat တွင် pressure ကျပြီး အိပ်ပျော်နေရှာသော
....... ကို ရှင်းမပြရကောင်းလားဆိုပြီးအပြစ်တင်သင့်ပါ၏လော



အဲ့သည့်နေ့ကပေါ့ ...
သူရော ကျနော်ပါ သိတဲ့ မိတ်ဆွေတယောက်ရဲ့ ဧည့်ခံပွဲတခုကို သပ်သပ်စီသွားပြီး ဘေးချင်းကပ်ထိုင်ဖြစ်တဲ့နေ့ ....
ခြံဝင်းထဲကနေ ပြန် အထွက်မှာ lady first ဆိုပြီး သူမရဲ့ ကားကို အရင်ထွက်စေတော့ သူမ တုန့်ပြန်လိုက်တာ
 ...အသိရခက်တဲ့ မျက်နှာသေနဲ့ပေါ့ဗျာ ...


အဲ့သည့်နေ့ကပေါ့ ...
လက်ဝဲဘက် လက်သူကြွယ်မှာဝတ်မယ့် လက်စွပ်လေးတကွင်းအကြောင်း ကာရံလွဲတဲ့ နေ့ဆိုပါတော့...
... လက်ယာဘက် လက်သူကြွယ်က ပလက်တီနမ်ကွင်း ပါးပါးလေးတောင် လော့ကတ်သီးဘ၀ ပြောင်းနေပါပေါ့လား ....

အဲ့သည့်နေ့ကပေါ့ ..
အော် ....အဲ့သည့်နေ့ကပေါ့ .. ဗျာ....




ခင်တဲ့
Inz@ghi

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011