စင်္ကာပူက ငွေလွှဲသူ မြန်မာအမျိူးသမီးတဦး သိန်းထောင်ပေါင်းများစွာ ခိုးယူထွက်ပြေး

Charm BoyDecember 22, 20111min25116
မိုးမခအထောက်တော်၊ စင်္ကာပူ၊ ဒီဇင်ဘာ၊ ၂၂၊ ၂၀၁၁
စင်္ကာပူနိုင်ငံ၊ ပင်နဆူလာပလာဇာမှာ ဖွင့်လှစ်ထားတဲ့ “ရွှေရတနာ” မြန်မာဆိုင်ပိုင်ရှင်အမျိုးသမီးက ငွေလွှဲဖို့ အများက အပ်ထားတဲ့ ငွေ ယူအက်စ်ဒေါ်လာ ၄ သန်းမှ ၅ သန်းဖိုးကြားကို ခိုးယူပြီး အင်္ဂလန်နိုင်ငံသို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ စင်္ကာပူမှာသာမက မြန်မာပြည်က လွှဲငွေများအပါအဝင်ဖြစ်တာကြောင့် ရန်ကုန်က (ရွှေရတနာ) ရုံးခန်းကို အစိုးရက ချိတ်ပိတ်လိုက်ပြီလို့ ဆိုပါတယ်။
ငွေလွှဲက မိမိအကျိုးအတွက်အလွဲသုံးစားပြီး လိမ်ညာခိုးယူထွက်ပြေးတဲ့အကြောင်း စင်္ကာပူရဲကို တိုင်ကြားတဲ့အတွက် စင်္ကာပူရဲက သူ့မှတ်ပုံတင်နဲ့ လိုက်ရာမှာ အင်္ဂလန်ကို ထွက်သွားတဲ့အကြောင်း၊ လန်ဒန်မှာ တည်းခိုနေတဲ့ ဟိုတယ်လိပ်စာကို ထုတ်ဖော်နိုင်တဲ့အကြောင်း ၊ ဟိုတယ်မှာ ဖမ်းဆီးရမိပြီ ဖြစ်တဲ့အကြောင်း စင်္ကာပူက မြန်မာများအသိုင်းအဝိုင်းမှာ သတင်းဖြစ်နေပါတယ်။ အတည်ပြုုချက်မရသေးပါဘူး။
“လူမိပြီး ပိုက်ဆံတွေ မဖမ်းမိရင်တော့၊ ငွေတွေအားလုံး လူတွေ ဆုံးကြမှာပဲ။ ပင်နဆူလာမှာ ဆူနာမိဝင်တိုက်လိုက်သလိုပဲလို့ ပြောနေကြတယ်။ မြန်မာပြည်ကို ပိုက်ဆံပို့တဲ့ စနစ်ကလည်း တရားမဝင် Hondi နဲ့ ငွေလွှဲနေကြရတာဆိုတော့ ဘယ်လိုနည်းနဲ့မှ လုံခြုံမှုတွေ၊ အာမခံတွေ မရှိဘူးလေ။”
လို့ မြန်မာစင်္ကာပူနိုင်ငံသားတဦးက မိုးမခကို ပြောပြပါတယ်။
အဆိုပါအမျိုးသမီးကိုယ်တိုင်က ၂၀၀၅ ခုနှစ်မှာ (ရွှေမန္တလေး) အမည်နဲ့ မြန်မာဆိုင်တဆိုင် ဖွင့်ပြီး လွှဲငွေတွေကို အပိုင်စီးပြီး ထွက်ပြေးခဲ့ဘူးတယ်။ အဲသည်တုန်းက စင်္ကာပူအစိုးရကို တိုင်တာ တောတာတွေ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ အခု (ရွှေရတနာ) အမည်နဲ့ ဆိုင်သစ်တခု ပြန်လာဖွင့်တာ ၂ နှစ်လောက်ပဲ ရှိသေးကြောင်း၊ ယခု (ရွှေရတနာ) ဆိုင်ကိ်ု ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းသည်က ဟန်မပျက်ဖွင့်ထားတာ မနေ့ကအထိ ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးရဲ့ ဆွေမျိုးတွေကလည်း မန္တလေးမြို့က ဖြစ်ကြောင်း၊ မြန်မာပြည်က အစိုးရအသိုင်းအဝိုင်းထဲက အကောင်ကြီးကြီးတကောင်ရဲ့ ငွေတွေပါသွားလို့ အမှုမှာ လူသိရှင်ကြားဖြစ်ရတယ်လို့ မိုးမခမိတ်ဆွေတဦးက ဖြေကြားပါတယ်။
ဆိုင်လိပ်စာက အောက်ပါအတိုင်းဖြစ်တာကို အင်တာနက်မှာ တွေ့ရပါတယ်။
SHWE YADANAR TRADING PTE LTD, #03-52, Peninsula Plaza, Tel : 6337 0891

16 comments

  • zaymdy

    December 22, 2011 at 10:26 am

    ဘယ်လို. လူစားတွေလည်း မသိဘူး သူများနိုင်ငံ မှာပင်းပင်းပန်းပန်းရှာပြီး အမိမြေ မနည်း ပြန်ပိုနေရတည်းဟာကို သူမို.လုပ်ရက်တည်း…

  • etone

    December 22, 2011 at 11:30 am

    လူတွေ လူတွေ လောဘတွေ တက်လာတာ ကြောက်ခမန်းလိလိပါပဲ … ။
    ကိုယ်တိုင်တောင်ရှာမစားချင်ပဲ သူများငွေတွေကို လုပ်ရက်လိုက်တာ … ။ ဒီငွေတွေမျှော်ပြီး အကြွေးယူလိုက် ပြန်ဆပ်လိုက်နဲ့ အသက်ဆက်နေရတဲ့ မြန်မာ နိုင်ငံက မိသားစုတွေ ဘာတွေနဲ့များ စားကြမလဲလို့တွေးမိတယ် … ။
    ဘယ်သူတွေ ဘာပဲပြောပြော … သူကတော့ .. လစ်သွားပြီ … ။

  • MaMa

    December 22, 2011 at 12:01 pm

    အဲဒီသတင်းကို ကြားတော့ကြားတယ်။ ဂဃနဏ မသိဘူးဖြစ်နေတာ။ သေသေချာချာသိရအောင် သတင်းကို အချိန်မှီတင်ပေးလို့ ကျေးဇူးတင်ပါတယ် Charm Boy ရေ။

  • ဆူး

    December 22, 2011 at 12:15 pm

    ယူတုန်းကတော့ ပေါ့ပေါ့လေးပါပဲ.. ပြန်ပေးရမယ် ပြန်ဆပ်ရမယ် ဆိုတော့မှ.. သံသရာ တပတ်မလည်လာပါစေနဲ့လို့သာ ဆုတောင်းထားပေါ့.. ကိုယ့်အလှည့်ကျမှ ဆတ်ဆတ်ခါအောင် နာကြပါလိမ့်မယ်။

  • windtalker

    December 22, 2011 at 12:31 pm

    ပုံလာလာပြောတိုင်းယုံ မိခဲ့ကြတဲ့ ဇါတ်လမ်းတစ်ပုဒ်ပေါ့

  • natthamee

    December 22, 2011 at 12:36 pm

    ရက်စက်လိုက်တာ၊ သူများနိုင်ငံမှာ ပိုက်ဆံရှာရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိရက်နဲ့။ လုပ်ရက်တယ်။

  • kokoover

    December 22, 2011 at 12:56 pm

    စင်ကာပူမှာလဲ မြန်မာအချင်းချင်း ဆိုပြီးတော့မယုံကြလေနဲ့

  • Charm Boy

    December 22, 2011 at 1:34 pm

    အင်း………….တီတီလေး ကပ်လွတ်သွားတယ်…………တော်ပါတေးရဲ့……..ဟင်း…………….

  • moethidasoe

    December 22, 2011 at 3:54 pm

    ဘာလို့လဲ ဆိုတော့ အချင်းချင်းမို့လို့ ယုံကြတာကိုး
    ဘယ်သူမှ နဖူးမှာ ဂျိုပေါက်နေတာမှ မဟုတ်တာ
    နောက်ပြီး မြန်တယ် ဆိုပြီးလုပ်နေကြတာ ..
    တရားဝင်ငွေလွှဲဖို့ကြတော့လဲ .. လုပ်ရခက်နေတာ .. ထုတ်ရခက်နေတာ ..

  • we R one

    December 22, 2011 at 5:58 pm

    လောဘ ဆိုတာ မကောင်းမှုအားလုံရဲ့ အရင်းအမြစ်ဖြစ်တယ်တဲ့.. စာဆိုတစ်ခုကြားဖူးတာ… လောဘတွေ အတော မသတ်နိုင်လို့ ဖြစ်ရတာ.. သူများပိုက်ဆံ ကို အချောင်အလိုချင်တာလည်း ပါတာပေါ့လေ

  • nature

    December 22, 2011 at 9:26 pm

    ငွေဈေးတွေအတက်အကျကြမ်းကတည်းက ဒါမျိုးဖြစ်နို်င်ခြေရှိတယ်ဆိုတာမှန်းလို့ရပါတယ်။ ဘယ်ဈေးကွက်မဆို အတက်အကျသိပ်ကြမ်းနေရင် ဒါမျိုးဖြစ်နိုင်ခြေများပါတယ်။ အတက်အကျသိပ်ကြမ်းနေတဲ့ ဈေးကွက်မှာ အရှုံးအမြတ်များပြီး အလွန်အမင်း သတိထား ရမှာဖြစ်ပါတယ်။ မြတ်တဲ့သူတွေက အရေးမကြီးပေမဲ့ ရှုံးတဲ့သူတွေကတော့ အရှုံးများသွားရင် မထူးဇာတ် ခင်းတတ်ကြပါတယ်။ တမင်လိမ်တာဆိုရင်တော့ ဘယ်အချိန်ဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။

  • Gipsy

    December 23, 2011 at 9:23 am

    ငွေ ဆိုတာကြီးက လူတွေကို သီလ ပျက်စေပါတယ်…။
    လောဘ၊ ဒေါသ၊ မောဟ ပွားစေပါတယ်…။
    ရလာသည်ဖြစ်စေ၊ ဆုံးရှုံးရသည်ဖြစ်စေ ဆင်ခြင်တွေးတော ပြီး သံဝေဂ ရမိပါတယ်…။

  • kotun winlatt

    December 23, 2011 at 9:41 am

    စိတ်မကောင်းးးလိုက်တာဗျာ…

  • Thamardi

    December 26, 2011 at 12:24 am

    အဲဒီ့အမျိုးသမီးနာမည်က တင်တင်မြင့်လို့ခေါ်တယ်။
    စင်္ကာပူ citizen တောင် ဖြစ်သွားပြီ။ နာမည်ပြောင်းထားတာတော့ မသိတော့ဘူး။
    ဒေါ်လာ ၄ ~ ၅ သန်းဆိုတာ တကယ်ဖြစ်သွားတာရဲ့ အစွန်းထွက်ပဲရှိလို့ ပြောရင် ချဲ့ကားပြောတယ် ထင်ကြဦးမယ်။
    ရန်ကုန်ကသူဌေးတွေ မန္တလေးက သူဌေးတွေရဲ့ ငွေတွေကိုပါ ယူသွားတာကို ထည့်တွက်လိုက်ရင် သန်း ၄ဝ လောက်တောင် ဖြစ်သွားနိုင်တယ်။

  • ဆူး

    December 26, 2011 at 9:57 am

    အဲဒီ ငွေလိမ်တဲ့ ကိစ္စတွေ တော်တော် များများ ထိတယ် သတင်းတွေ ကြားနေရတယ်။
    ရွာထဲမှာ ပါသွားတဲ့ လူတွေထဲမှာလည်း ပါတဲ့ လူတွေလည်း ပါမယ် ထင်တယ်။
    ဟိဟိ..

Leave a Reply