ဗုံးခွဲတဲ့ တရားခံကို မိပြီ…

superDecember 22, 20111min15727

ဗုံးခွဲတဲ့တရားခံကို မိပြီလို့သတင်းရပါတယ်။ ရဲသတင်းအထူးတပ်ဖွဲ့ရဲ့ အဆိုအရ ဗုံးခွဲသူတရားခံဟာ အမျိုးသမီးတဦးဖြစ်ပြီး အဆိုပါအမျိုးသမီးဟာ ပဲခူးမြို့ကို ထွက်ခွာမဲ့မော်တော်ယာဉ်ကို စီးနင်းဖို့ ဆောင့်ဆိုင်းနေစဉ်ဖမ်းဆီးခံရတာလို့ဆိုပါတယ်။ အဆိုပါအမျိုးသမီးထံမှ ထိုင်းဘတ်ငွေ အမြောက်အများအပါအဝင် အမေရိကန်ဒေါ်လာ (၃၀၀၀) ကျော်လဲ သိမ်းဆီးရမိတယ်လို့ဆိုပါတယ်။ ထူးဆန်းတာက အဆိုပါအမျိုးသမီးဟာ နိူင်ငံသားစီစစ်ရေးကပ်ကိုင်ဆောင်ထားခြင်းမရှိဘဲ အဆိုပါအမျိုးသမီးထံမှ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးမှူးတာဝန်ခံ ကပ်ပြားတခုသာ သိမ်းဆီးရမိတယ်လို့ဆိုပါတယ်။ ဒါကြောင့် ရဲသတင်းအထူးတပ်ဖွဲ့အနေနဲ့ အဖြစ်မှန်ကို ပြည်သူများ အမြန်ဆုံးသိရှိနိူင်ဖို့ ဆက်လက်စုံစမ်းသွားမယ်လို့သိရပါတယ်။

ကျနော့် facebook ပေါ်က သူငယ်ချင်းတစ်ယောက်တင်ထားတာကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

27 comments

  • blackchaw

    December 22, 2011 at 10:57 am

    ကျေးဇူးဗျာ။
    တရားခံမှန်ရင် အိမ်သာထဲဝင်ခိုင်းပြီး
    အထဲမှာ ဗုံးတစ်လုံး ဖေါက်ခွဲပြီး သေဒဏ်ပေးသင့်တယ်ဗျာ။
    ဘယ့်နှယ့် မနေ့က သေတဲ့ မိန်းကလေး သေသွားတော့
    ဘာတွေများ နိုင်ငံရေးအမြတ်ထွက်မှာလဲ ဆိုတာကိုလည်း
    သိချင်နေမိတယ်ဗျာ။
    အော် နိုင်ငံရေး နိုင်ငံရေး။

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 22, 2011 at 11:19 am

    မဟုတ်လောက်သေးပါဘူးလို့တော့ထင်တာဘဲ ( အထင်ပါ )

    • မှော်ဆရာ

      December 22, 2011 at 11:58 am

      ကျွန်တော်လဲ မထင်ဘူး .. ဘာလို့ဆိုတော့ ဒီသတင်းသာအမှန်ဆိုရင် အင်တာနက်ပေါ်မှာ ချက်ချင်း ပလူပျံသွားမှာပဲ ..။ အစိုးရကလဲ ချက်ချင်း သတင်းထုတ်ပြန်မယ်ထင်တယ်..။သူတို့လဲ ခံရတာ များနေပြီကိုး ..။ ဖမ်းမိတာတော့ ဟုတ်လောက်တယ်.. ဒါပေမယ့် မသင်္ကာ အဆင့်လောက်ပဲ ဖြစ်မယ် ထင်တယ်..။

  • etone

    December 22, 2011 at 11:25 am

    ဒီမနက်ဂျာနယ်တခုမှာ ဖတ်လိုက်ရတာတော့ ယောကျာ်းဆို … အသက် 22 နှစ်တဲ့ … အိပ်ခဏအပ်ခဲ့မယ် ဒီနားမှာ တည်းခိုခန်းသွားရှာဦးမယ်ဆိုပြီး ထွက်သွားတာလို့ ကြားတာပဲ .. တကယ်အဖြစ်မှန်ကို သိဖို့ကတော့ မလွယ်ဘူး .. ဘာလို့လဲဆိုတော့ .. အိပ်အပ်ခံထားရတဲ့ လူက … သေဆုံးသွားလို့ပါပဲ … ။
    အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ စီစီတီဗွီကင်မရာတွေ တပ်သင့်နေပြီ … ။

    • koyinmaung

      December 23, 2011 at 10:44 pm

      အိတုံပြောတာသဘာဝကျပါတယ်
      (အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ စီစီတီဗွီကင်မရာတွေ တပ်သင့်နေပြီ ) ဆိုတာ
      အမြန်ဆုံးအကောင်အထည်ဖေါ်သင့်ပါပြီ…….

  • htoosan

    December 22, 2011 at 11:27 am

    မနေ့က မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းက တပ်လှန့်ထားတာ တော့ ပတ်သက်သူ ကျား .ကိုအောင်မျိုးသူ ဆိုပြီး …
    အခု Facebook သတင်းဆိုတော့လည်း …….. ပိတ်ကားပေါ်တွင် ဆက်လက်ရှုစား သင့်တယ်လို့ဘဲထင်ပါတယ်။

  • ပေါက်ဖော်

    December 22, 2011 at 11:31 am

    အမှုမှန်ပေါ်အောင် ထောက်ကြပါဦး.အိုင်ပီတို ့ရေ့

  • ဆူး

    December 22, 2011 at 12:04 pm

    အမှန်တော့ တရားခံ အစစ်ကို အင်တာနက်ပေါ် ဖွသင့်တယ်။
    မဟုတ်တဲ့ လူကို ဖွ မိရင် ပြသနာ မသေးဘူး အလကားနေရင်း ဒုက္ခရောက်နိုင်တယ်။
    အမှုမှန် ပေါ်နိုင်ပါစေ။

  • windtalker

    December 22, 2011 at 12:20 pm

    အဲ့ ကောင်ဖြစ်ဖြစ် ကောင်မဖြစ်ဖြစ် ကို ကိုလိုနီခေတ် ဂျပန်ခေတ် က တရားခံစစ်နည်း အကုန်သုံးပြီး စစ်ကွာ

    • pan pan

      December 22, 2011 at 12:41 pm

      အမဠီး
      စိတ်ကြီးလှချည်လား

      တရားခံဘယ်သူလဲဟေ့

      • နီကီတာ

        December 22, 2011 at 3:42 pm

        နာကွ…

  • Charm Boy

    December 22, 2011 at 1:10 pm

    အမှန်တော့ တရားခံ အစစ်က သူကြီး အ+အပါ

  • cobra

    December 22, 2011 at 1:35 pm

    မဖြစ်နိုင်လောက်ပါဘူး
    သတင်းတွေကအမျိုးမျိုးတွေထွက်နေတာပဲ

  • Baby Lay

    December 22, 2011 at 1:42 pm

    ငါပဲ ငါပဲ…. ဟိဟိ

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 22, 2011 at 1:44 pm

    ဘာပိုက်ဆံတစ်ပြားမှ မကုန်တဲ့
    လက်တွေ့ တွေးခေါ်လို့ရတဲ့ သဘောလေးတစ်ခုကို အားစိုက်ပြီး လုပ်ကြဘို့ပါ
    အလေ့ကျင့်ရတာပေါ့
    ဟုတ်ရင်ဟုတ်မယ် မဟုတ်ရင်မဟုတ်ဘူးပေါ့ ဒါလေးများ
    ကြက်ဖွတ်ကတ် ဆိုတာလေးက တည်ကြက်လိုဖြစ်နေတယ်ထင်တာဘဲ ( အထင် ) 😀
    အစိုးရက သူတို့ကိုယ်တိုင် ဗုံးလိုက်ထောင်နေတယ်လို့ သဘောရောက်စေနေတယ်
    ထင်တာဘဲ ( အထင် ) 😀
    ဒီလောက်အရေးကြီးတဲ့သတင်းကို အစိုးရက သတင်းမထုတ်ပြန်ဘဲနဲ့
    ဘယ်နွားက ပြဿနာ လုပ်လိုက်တာကို ခင်ဗျားတို့သုံးသပ်ဘို့ပါ
    လွယ်လွယ်လေးကိုများ အစားခံနေကြတယ်

    • မှော်ဆရာ

      December 22, 2011 at 2:11 pm

      မှန်ပါ၏ အဲဒါကို ဆိုလိုတာ ..

  • nigimi77

    December 22, 2011 at 2:27 pm

    ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ သန့်စင်ခန်း ဝန်ထမ်း မမြစမ်းရည် အသက် ၃ဝ နှစ်ဖြစ်ပြီး

    ဒဏ်ရာရရှိသူမှာ သန့်ရှင်းရေးဝန်ထမ်း မခင်မြတ်နွယ် အသက် ၂၄ နှစ်ဖြစ်သည်ဟု သိရပါသည်။

    (သွန်းနေစိုးမှ)

  • ကိုရင်စည်သူ

    December 22, 2011 at 2:41 pm

    အိုင်ပီတို့ရေ… ကျနော် ဂွင်းဆက်လေးတွေကို
    ချိတ်ကြည့်တာ တစ်ဂွင်းလိုနေလို့
    ဒီသတင်းအမှန် မဟုတ်လောက်ဘူးထင်တယ်ဗျာ့…
    ဆလက်ကွက်တွေကို အသိနဲ့ သတိပေါင်းပြီး
    ဝေဖန်ပိုင်းခြားကြပါဂျာ…
    သကြားပုလင်း ကိုရင် 😆 😆

  • နွယ်ပင်

    December 22, 2011 at 2:55 pm

    မြန်မာတိုင်း(စ်) ထဲမှာတော့ အသက်(23) နှစ်ရှိတဲ့ အမျိုးသားတစ်ဦးက ထားခဲ့တဲ့
    အထုပ်က ဗုံးပေါက်တယ်လို့ပြောထားတာပဲ …………

  • secondangel

    December 22, 2011 at 2:56 pm

    ခွဲလည်းခွဲနိုင်တဲ့ ဗုံးတွေ … ဘယ်နေရာကနေ ဘယ်လိုထုတ်လုပ်ပီး ဘယ်လိုသယ်လာလဲ ဆိုတာ တော်တော်စဉ်းစားစရာပဲ…..ခွဲကြပေါ့ တစ်ဘဝတောင် ခဏပဲကောင်းစားမှာ.. ကျန်တဲ့ဘဝတွေမှာ ပြန်ပေးဆပ်လိုက်ကြဦးပေါ့ ….

  • super

    December 22, 2011 at 3:52 pm

    ကျနော်လည်း ဒီသတင်းအမှန်လို့တော့ မထင်မိပါဘူး၊ gtuonline.org ကနေကျနော့်သူငယ်ချင်းတစ်ယောက် share ထားတာတွေ့မိလို့ ဂဇက်ရွာထဲက ရွာသူားတွေရဲ့ အမြင်လေးတွေကို သိချင်လို့တင်လိုက်မိတာပါ……… 🙂

  • etone

    December 22, 2011 at 3:57 pm

    ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ တက္ကသိုလ်ရိပ်သာဝန်းနှင့် တစ်ဆက်တည်းရှိသော ပန်းခြံငယ်အတွင်း ဖွင့်လှစ်ထားသည့် အများသုံးသန့်စင်ခန်း၌ ဗုံးပေါက်ကွဲမှုကြောင့် အဆိုပါသန့်စင်ခန်း၏ ဝန်ထမ်းတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဝန်ထမ်းတစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သန့်စင်ခန်း ဝန်ထမ်းဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ဒေါ်မြတ်သန်းရီ အသက် ၄၂ နှစ်မှာ မျက်နှာစုတ်ပြဲ၊ ဦးနှောက်ပွင့်၊ ဝဲလက်ကောက်ဝတ်မှပြတ်ထွက်၊ ယာ ဘက်လက်တစ်ထောင်ဆစ်မှ ပြတ်ထွက်စသည့်ဒဏ်ရာများရကာ သေဆုံးခဲ့ကြောင်း၊ ဝန်ထမ်းတစ်ဦးဖြစ်သည့် မခင်မြတ်နွယ် အသက် ၂၄ နှစ၊် တိုက် (၂) ၊အခန်း (၁၂) ဟံသာဝတီ စည်ပင်ရိပ်သာနေသူမှာ ယာလက်ကောက်ဝတ်၊ ယာမျက်ခုံး စုတ်ပြဲဒဏ်ရာနှင့် ပါးစပ်သွေးထွက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

    ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ စစ်ဆေးချက်အရ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီလောက်မှာ အသက် ၂၂ အရွယ်လို့ ခန့်မှန်းရတဲ့ ကုလားဆင်လူငယ်တစ်ဦးက အဲဒီ သန့်စင်ခန်းထဲကို ဝင်လာပြီးတော့ အပေါ့သွားတယ်။ ပြီးတော့ သူကပါလာတဲ့အိတ်ကို ဒီမှာခဏအပ်ထားမယ်။ တည်းခိုခန်းစုံစမ်းဖို့ သွားအုံးမယ်ဆိုပြီး ထားသွားခဲ့တာပါ။ အခု တရားခံလို့ ယူဆရတဲ့ အဲဒီသူကို အမြန်ဆုံးဖမ်းမိဖို့ အတွက် ဆောင်ရွက်နေပါပြီ “ဟု ဗုံးကွဲခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

    အဆိုပါ သန့်စင်ခန်း၏ အလယ်လျှောက်လမ်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုမရှိသေးသည့် ဗုံးတစ်လုံးကိုလည်း ရဲတပ်ဖွဲ့ နှင့် BE တပ်မှ တာဝန်ရှိသူများက မိုင်းအတက်ကို ဖြတ်တောက်ခဲ့ကြောင်း သိရသည်။
    ပေါက်ကွဲခဲ့သည့် ဗုံးအမျိုးအစားမှာ C4 အမျိုးအစားဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    http://news-eleven.com/index.php?option=com_content&view=article&id=11586:2011-12-21-08-54-21&catid=43:2009-11-10-07-39-09&Itemid=111

  • zaw min

    December 22, 2011 at 6:05 pm

    ကြးဖြတ်ရွေးကောက်ပွဲကို ကြိူဆိုသောအားဖြင့် အိမ်သာထဲတွင်ဖေါက်ပါသည် …ကံမကောင်းသူအိမ်သာသန့်ရှင်းရေးဝန်ထမ်းအသက်ဆုံးရှုံးပါသည်။
    ဗုံး..ဗုံး ဘယ်သူဖေါက် မောင်ဖေါက်…ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်…

  • သော်ကြီး

    December 22, 2011 at 9:48 pm

    မြန်မာပြည်မြောက်ပိုင်းမှာ ဗုံးဖောက်တာက KIA တဲ့။ ရန်ကုန်မှာ ဗုံးဖောက်တာကျတော့ ဘယ်သူလဲဟင်။

Leave a Reply