အချိန်သူခိုး

နီကီတာDecember 22, 20111min16723

TV ဆိုတာ အချိန်သူခိုးစစ်စစ်ပါပဲ။
အလုပ်ပင်ပန်းပြီး အိမ်ကို ပြန်လာတဲ့အချိန် ဘာမှလုပ်ချင်စိတ်မရှိတဲ့အခါမှာ
အမှတ်တမဲ့နဲ့ TV ကို ဖွင့်ကြည့်တတ်ကြတယ်။
အဲဒီနေ့ရဲ့ တစ်နေ့တာ အစီစဉ်တွေကိုသာ ထပ်ခါထပ်ခါ ပြနေတဲ့အတွက် ဘာရယ်မဟုတ်ဘဲ
ငေးငိုင်ပြီး ကြည့်နေတတ်ကြတယ်…..။
အဲလိုကြည့်နေရင်းနဲ့ အားမရတဲ့အခါမှာ လိုင်းပြောင်းဖ်ို့ remote ကို စတင်ရှာဖွေပြီးတော့
ဖလပ်ဖလပ်နဲ့ အဆင်ပြေမယ့်လိုင်းတွေကို စတင်ပြောင်းပါတော့တယ်..။

သိပ်ပြီးတော့ ကြည့်ချင်တဲ့ အစီအစဉ်မဟုတ်တာတောင်
ဘာပဲဖြစ်ဖြစ် နေကြာစေ့ဝါးရင်း၊ ပေါက်ပေါက်ဆုပ်စားရင်းကြည့်နေပြီး
စွဲသွားပါတယ်..။
အဲလို တစ်နာရီစာလောက်စီနဲ့ အချိန်ခိုးခံရရင်း
ညသန်းခေါင်ရောက်လို့ရောက်မှန်းမသိ မိုးလင်းလို့လင်းမှန်းမသိတွေ
ဖြစ်ကြပါတယ်….။

အဲဒီအခါမှာ ဘဝရဲ့နေထိုင်မှုပုံစံတွေ စတင်လွဲမှားလာတော့တယ်…။
မျက်လုံးအတွက်လည်းမကောင်း၊ ခန္ခာကို အတွက်လည်းမကောင်း၊ ဦးနှောက်အတွက်လည်းမကောင်း
အဲလို တစ်ဖက်သတ်တွေပြောနေပေမယ့်လည်း ……
TV အသံလွှင့်ဌာနတွေကတော့ TV ကြည့်တဲ့သူတွေကို နည်းလမ်းပေါင်းစုံနဲ့ စွဲဆောင်နေမှာပါပဲ….။
အဲလို စွဲဆောင် နေရတာကိုက သူတ်ို့ရဲ့ လုပ်ငန်းတစ်ခုပဲလေ…။
(ကိုအင်ဂျီးရဲ့ မားကပ်တင်းနည်းပညာတွေပေါ့..)
အခုခေတ်ရေစီးကြောင်း အရတော့ korean wave တွေ….

နောက်တစ်နေ့ ရောက်တဲ့အခါမှာ
အကုန်လုံးနဲ့ စကားပြောကြည့်ရင် ပြီးခဲ့တဲ့ TV အစီစဉ်တွေကို
မကြည့်ခဲ့သူ မရှိသလောက်ကို ပြန်ပြောနိုုင်ကြမှာပါ….။
အကုန်လုံးလိုလိုက အချိန်သူခိုးတွေနဲ့ တွေ့ခဲ့ကြမှာပါပဲ..။
အဲဒီလို အချိန်တွေမှာ ဦးနှောက်ကို အသုံးပြုရတဲ့ အလုပ်လည်းမဟုတ်၊
စာအုပ်ဖတ်ခြင်းလည်းမဟုတ်၊ အားကစားပြုလုပ်ခြင်းတွေလည်း မဟုတ်ခဲ့ဘဲ
အလင်းရောင်တောက်နေတဲ့ screen ကိုသာ ငေးငိုင်ကြည့်ရှုခဲ့ကြတာ
ဖြစ်ပါလိမ့်မယ်…။
ဆန့်ကျင်ဘက်အနေနဲ့ မကြည့်ခဲ့ဘူးဆိုရင် စကားဝိုင်းတွေမှာ ဝင်ပြောနိုင်မှာမဟုတ်သလို
ဗန်းစကား၊ ဟာသစကားတွေကိုလည်း နားလည်လာမှာမဟုတ်တော့ဘူး….။
ခေတ်ရေစီးကြောင်းကိုပါ ကျန်ရစ်သလိုဖြစ်သွားပါလိမ့်မယ်…။

ကဲ
ရွာသူ၊ရွာသားတွေရော အချိန်သူခိုးတွေနဲ့ တွေ့ဖူးကြရဲ့လား….။

(奥本大三郎) အားကိုးကား၍..။ 

23 comments

  • ပေါက်ဖော်

    December 22, 2011 at 11:56 am

    တွေ ့ဘူးတယ်..
    သောက်ရင်း သောက်ရင်း မိုးလင်းလို ့ကြက်တွန်မှ သတိရတယ်..
    အချိန်သခိုး..အချိန်သခိုး..
    😆

    • နီကီတာ

      December 22, 2011 at 12:39 pm

      ထင်ပါတယ်…
      တစ်ဆိုင်ပြီး… တစ်ဆိုင်ကူးရင်း မိုးလင်းသွားတာ မဟုတ်လား… 🙂

  • windtalker

    December 22, 2011 at 12:19 pm

    တစ်ကယ်တမ်းကြတော့
    အချိန်မလောက်တဲ့ကြားထဲကနေ
    ဂေဇက်ကိုလာ စာရေးပြီး
    အချိန်တွေ ပျောက်ကုန်ခဲ့သူရယ်ပါလေ

    • နီကီတာ

      December 22, 2011 at 12:46 pm

      အဲလို အချိန်မလောက်တဲ့ကြားက
      ဝင်မန့်ပေးတာ ကျေးဇူးတင်ပါတယ်နော်…. 🙂

  • Moe Z

    December 22, 2011 at 12:23 pm

    အခုမှပြန်စဉ်းစားမိတော့ TV နဲ့ဝေးနေတာကြာပေါ့
    သူငယ်ချင်းတစ်ချို့ပြောတဲ့ ကိုရီးယားမင်းသားနာမည်တွေ
    မသိလို့ လှောင်ရယ်ခံရသေးတယ် 🙁

  • ဆူး

    December 22, 2011 at 12:45 pm

    ဆူး ရဲ့ အချိန်တွေကို ဒီရွာဂျီးက ခိုးခိုး.. ခိုးသွားပြီလေ.. (မျိုးကြီးလေသံ)..
    ဟိဟိ..
    တနေကုန် အလုပ်ထဲမှာ အလုပ်ပစ်ပြိး ရွာထဲ ဝင်တာ ဘယ်တော့ ကွိုင်မလဲ မသိဘူး။
    ပြုတ်စော်နံ တခါတခါ ရနေလို့.. နည်းနည်း ရွာထဲမှာ အချိန်လျှော့လို် ပြန်ဝင်လာလိုက်.. အဲလို အဲလို…

    • နီကီတာ

      December 22, 2011 at 12:52 pm

      ဟုတ်တယ် … ဟုတ်တယ်
      တစ်ခါတစ်လေ
      ဂေဇတ်ထဲဝင်မိလို့ကတော့
      ညနေစောင်းတာတောင် မသိလိုက်တဲ့အဖြစ်….

  • နွယ်ပင်

    December 22, 2011 at 12:50 pm

    အချိန်သူခိုးနဲ့တော့တွေ့ဖူးတယ် ဒါပေမယ့် TV တော့မဟုတ်ဘူး
    အလုပ်ကပြန်လာလို့ အခန်းထဲဝင်လိုက်တာနဲ့ လုပ်ရမယ့် အိမ်အလုပ်တွေက
    တန်းစီးပြီး ဝင်လာရော အဲတာတွေလုပ်ပြီးလို့ ဗိုက်ဆာလို့ ထမင်းစားမယ်ဆိုြ့ပီး
    နာရီကြည့်လိုက်တာနဲ့ အချိန်က 9း00 နာရီအနည်းဆုံးပဲ အချိန်တွေကတော့
    ကုန်သွားတာပဲ ဘာကခိုးသွားလဲတော့ မပြောတက်ဘူး ဒါကနေ့စဉ်ကြုံနေရတာ ……….. 🙁

    • နီကီတာ

      December 22, 2011 at 12:56 pm

      ခိုးတော့ အခိုးခံလိုက်ရတာပဲ
      ဘယ်သူခိုးလို့ ခိုးမှန်းမသိ… ဟိ.. 😛

  • inz@ghi

    December 22, 2011 at 1:16 pm

    နီ့ဟာနီ တဲလဲဘီ ကြည့်တာ နာ့ မားကတ်တင်း ဘာကိစ္စဆွဲထည့်ရတာတုန်း…
    🙁

    • နီကီတာ

      December 22, 2011 at 3:32 pm

      အဲ့မားကတ်တင်းက ဟော့နေတော့ ဆွဲထည့်တာပေါ့…..
      မားကတ်တာ ကိုအင်ဂျီးရဲ့

  • TTNU

    December 22, 2011 at 1:20 pm

    ကိုယ့်အတွက် တန်တာလေးတစ်ခုခုရရင်
    အချိန်သူခိုးမဟုတ်တော့ဘဲ အချိန်မှော်ဆရာဖြစ်လာမှာပါ။

    မှတ်ချက်။ ။ (မှော်ဆရာ မကြိုက်မှာစိုးလို့ ) အချိန်ဟယ်ရီပေါ်တာ ဖြစ်လာမှာပါဟုပြင်ပါ။

    • inz@ghi

      December 22, 2011 at 1:25 pm

      အဲ့လာကျောလာပေါ့ တီချာကြီးရယ် ….
      သူရို့ဟာ သူရို့ ချစ်-ကြိုက်-ကွဲ-ညား ကိုရီးယား ကားတွေ
      ကြည့်ကြည့်နေကြပီး …အာချိန် သာခို လေးဘောလေးနဲ့..

      စကားမစပ် စောစောကပဲ အမိန့်စာထွက်တယ် …ရှေ့နှစ် ၁ရက်နေ့
      က စလို့ ပြည်ပရောက ်ဘိရုမာ တွေ ဝင်ငွေခွန် ဆောင်စရာ လိုတော့ဝူးတဲ့…..
      ကောင်းထှာ –

      • နီကီတာ

        December 22, 2011 at 2:01 pm

        ဟင် ပြည်တွင်းရော ပါဝူးလား…. 🙁

        • inz@ghi

          December 22, 2011 at 2:06 pm

          အမိန့်စာ ဆိုတာဂျီးတော့ မဟာဖေ့စဘုတ်တော်ကြီးမှာ တွေ့သား..
          ကောလဟာလ အဆင့်ဘဲ ရှိပါသေးဒလယ်အေ ….

          ဟုတ်များဟုတ်လို့ကတော့ ဒို့ ဘဘဂျီး ကိုဘဲ ဒို့က မဲပေးဒေါ့မှာာာာ….

          😀

        • ကိုရင်စည်သူ

          December 22, 2011 at 3:35 pm

          ကိုရင့်အချိန်တွေ အခိုးခံရတဲ့ အထဲမှာ..
          သေနတ်ကြီးကိုင်ပြီး မိုက်ကယ်ကိုရင့်လို့ တရားသမားကို ပုတီးသမားကို
          နားထင်ကို ပစ္စတိုထောက်ပြီး ခိုးတတ်တဲ့… နီကီနီတာလည်း
          ပါဒလယ်… 😆 😆 😆
          အချမ်းသာဆုံးက အချိန်တွေပါဗျာ..
          ခိုးကြဘာ.. ခိုးကြဘာ..
          ဘီဘီတိုက်၊ ကော်ဖီတိုက်၊ လက်ဖက်ရည်တိုက်ပြီး
          ခိုးချင်သူများရှိလည်း လက်တို့ကြဘာ…. 😳 😳

  • ကိုရင်စည်သူ

    December 22, 2011 at 1:35 pm

    စည့်ဘဝကတော့ အချိန်သူခိုးတွေနဲ့ များများ ထိတွေ့ချင်ပါတယ်…
    ဟုတ်ဒလယ်… အချိန်ချမ်းသာနေသော ကိုရင့်အတွက်
    အချိန်သူခိုးတွေကို များများအချိန်ပေးလိုက်တာ…
    စိတ်ချမ်းသာသွားပါတယ်…

    အချိန်သူခိုးတွေကို အမြဲကြိုဆိုနေလျက်..
    မိုက်ကယ်ကိုရင်စည်

  • MaMa

    December 22, 2011 at 1:38 pm

    ဟုတ်ပါရဲ့ နီကီတာရေ။ အချိန်သခိုးကတော့ ပုံစံအစုံနဲ့ ရောက်ရောက်လာတယ်။
    အဆိုးဆုံးကတော့ ကိုယ်ကိုယ်တိုင်ရဲ့ အပျင်းစိတ်သူခိုး ပါပဲ။

  • comegyi

    December 22, 2011 at 3:01 pm

    အဲဒါကြောင့်
    ရာဇာနေဝင်းအားကျပြီး
    နာ့တီဗွီ တူနဲ့ထုထားလို့
    အချိန်အခိုးမခံရတာကြပြီ
    ဘောပွဲရှိတဲ့နေ့မှ
    ရပ်ကွက်ထဲ သွားအခိုးခံတယ်
    အချိန်လေ…..အချိန်…

    • နီကီတာ

      December 22, 2011 at 3:26 pm

      ဘာလို့ထုလိုက်တာလဲ
      နှမြောစရာ…
      ရောင်းပြီး ဘီဘီဝယ်သောက်ရမှာ… 😀

      • comegyi

        December 23, 2011 at 1:10 am

        စိတ်ကြီးတယ်လေ
        ဆိတ်ကြီး ခနောင်တိုသားဆိုတော့
        ဟင်း ဟင်း …….

  • KING

    December 22, 2011 at 6:57 pm

    ပရီးမီးယားလိ ရယ် ချန်ပီယံလိ ရယ် အဲဒီအချိန်ဆိုရင် ဘောက ခိုးတယ်
    ရုံးမှာဆိုရင် ကွန်ပျူတာက အင်တာနက်နဲ့ ပေါင်းပြီး ခိုးကြတယ် (ရွာကလည်း တစိတ်တဒေသ အပါအဝင်ပေါ့)
    အိမ်ပြန်ရောက်တော့ စာအုပ်တွေက ခိုးတယ်
    အပြင်ထွက်တော့ ကောင်မလေးက ခိုးတယ်
    ဟူးးးးးးး
    😀

  • kotun winlatt

    December 23, 2011 at 9:25 am

    အချိန်သူခိုးးးးတွေကများမှများးးပေါ့ဗျာ..

Leave a Reply