ထို နေ့ က ပေါ့...
ကျမရဲ့ မေးခွန်းကို ခေါင်းညှိမ့်ရုံတင်တုန့်ပြန်ခဲ့တာ ..
နှုတ်ခမ်းမွေးရေးရေးလေး ထားတတ် ပြီး သူ့ ရဲ့ ပိရိသေသပ်တဲ့ နှုတ်ခမ်း တစုံ ကို
စတင် သတိပြုမိတဲ့နေ့ပေါ့...ဟုတ်တယ် ... အဲ့သည့်အတိုင်း အတိအကျပဲ..


ထို နေ့ကပေါ့ ...
သူကျမကို ငေးကြည့်နေတာ တွေ့လိုက်ရပြီး ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာတယ်...
ကျမ ...ရှက်နေတာလား?? .. ဘာရှက်စရာ ရှိလို့ပါလိမ့် ....
သည်အကြည့်တွေ သည်မျက်လုံးတွေကို ရင်မဆိုင်ရဲသလိုရှိပေမယ့်...
ခိုးခိုးပြီး ပြန်ကြည့်နေမိတာ ...သူသိသွားပါသလား .....


ထိုနေ့ကပေါ့ ....
သူဆိုနေတဲ့ သီချင်းတွေ .. ဘာတဲ့ ... "နံရိုးကင်"  လည်းပါရဲ့
"စာမျက်နှာ-၁၅" ကိုတောင် "ဟိုတဖက် သည်တဖက် ၀က်သားဖတ် ...အရင်လို ပြုတ်မစားပေမယ့်
ကျော်စားတယ် ." လုပ်လိုက်သေးတယ် ....ရှင် လေးဟာ ...လူဆိုးလေးပဲ .....အဲ့ ..ထိုနေ့မှာပဲ..စလို့
သူရီလိုက်တိုင်း သူ့ မျက်လုံးလေးတွေပါ ပြုံးသွားတယ်လို့ ခံစားရမိ ပါတယ် ရှင် ...


ထိုနေ့ကပေါ့ ....
အရက်သေစာ သောက်စားပြီး ကားမောင်းတာကိုတော့ ကျမ မနှစ်သက်တာအမှန်ပဲ ...
တခါတလေ သောက်တာကို အပြစ်မပြောလိုပေမယ့် .. ကားတော့ မမောင်းစေချင်ဘူးရယ်..
အိမ်အပြန်ကျရင် ....ရှင့် ကားကို ကျမလိုက်မောင်းပို့ ပေးချင်လိုက်တာ ...

ထို နေ့ကပေါ့ ....
ရှင်သုံးနေတဲ့ စကားလုံးတွေကို ကျမ နားမလည်ပေမယ့် ရှင်ဘာပြောနေတာလဲဆိုတာတော့ ကျမသိနေတယ်..
ထိုနေ့ကပဲ ...ရှင့် လက်ချောင်းတွေ အနုပညာဆန်တာ သတိထားမိခဲ့တာပါ..

ထို နေ့ကပေါ့ ....
ရှင့် စာအုပ်သေးသေးလေးပေါ်မှာ ကျမ ကိုယ်ပိုင် ဂဏန်း၉လုံးချရေးလိုက်မိတယ်လေ ...
လှုပ်ရှားနေတဲ့ စိတ်ကို ထိန်းရင်း ...လက်တွေနည်းနည်းတုန်နေတာ ...
ဖုန်းသံမြည်မြည်ချင်း မကိုင်ဖြစ်အောင် ..အချိန် စက္ကန့် အနည်းငယ် ကို စောင့်ရတာ
တကမ္ဘာလောက်ကြာတယ် ထင်ရတာ ဘာကြောင့်လဲ သိပါရဲ့လား ရှင် ရယ်....

ထို နေ့ကပေါ့....
ရှင် ကနေ မောင် လို့ တရားဝင် ပြောင်းခေါ်တဲ့ နေ့ပေါ့ ....
စိတ်ကူးထဲမှာတော့ ခေါ်ဖြစ်နေခဲ့တာ ကြာပြီ မောင် ....
ဒါပေမယ့် တကယ်တမ်း  စခေါ်ကြည့်တော့ ကျမ ဘာကြောင့် နှုတ် မရဲဘူးဖြစ်နေတယ်ဆိုတာ ...
မောင် သိလားဟင်??

ထို နေ့ကပေါ့ ...
မောင့် ရှေ့မှာ တူကိုင်တာ မသေမသပ် ဖြစ်မှာ စိုးလို့ အရမ်းသတိထားခဲ့ရတယ် သိလား ..
သည်တော့ ကျမ ကို အစာစားတာ နှေးတယ်လို့ ထင်သွားမလား လည်း ပူမိတယ် မောင် ...
ရုပ်ရှင် လက်မှတ်ကောင်တာ မြင်တာနဲ့ ကျမ ရင်တွေဘာလို့ အရမ်းခုန်နေပါလိမ့်...
ကျမ နှုတ်ခမ်းမှာနှုတ်ခမ်းနီ နံ့ အစား Aftershave ရနံ့လေး စွန်းထင်တဲ့ နေ့ပေါ့ ....

ထို နေ့ကပေါ့ ...
မောင့် ငယ် သူငယ်ချင်းမလေး မူးလဲလို့ တဲ့ ....
သတင်းကြားကြားချင်း ...မောင်  ဆတ်ကနဲ တုန်သွားတာ သတိထားဖြစ်အောင် ထားလိုက်မိတယ်..
အဲ့သည့်နေရာမှာ ကျမဆိုရင်တောင် မောင် အဲ့သည်လောက် စိတ်ပူပါ့မလား မောင်ရယ်...

ထို နေ့ကပေါ့ ...
မောင်က သူ့ ဒရိုက်ဘာ လား ....မောင် တို့ဟာက မဟုတ်သေးဘူးကွာ ...
မောင် သည်လောက်ထိ လိုက်လုပ် ပေးစရာ မလိုဘူး မောင် ..... သူ့အိမ်သားတွေ ရှိသားပဲ ...
ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ...အလုပ်ပျက်ခံလေ့ မရှိတဲ့ မောင့် စရိုက်နဲ့ အတော်ခြားနားနေတာအမှန်ပါ..


ထို နေ့ကပေါ့ ...
သည်ဧည့်ခံပွဲကို မတက်ချင်တာတော့ အမှန်ပါ ...
ရတယ်မောင် .. ၀င်မခေါ်ပါနဲ့ ကျမ အိမ်ကနေ ကားယူလာခဲ့မယ် ..
ကျမ ဖုန်းထဲမှာ သည်လိုဖြေလိုက်ပေမယ့် ....မောင့်သက်ပြင်းသံ ကို မရဲတရဲလေး
မျှော်လင့်နေတာပါမောင် .... ဒါပေမယ့် မောင် ဖုန်းချသွားခဲ့တယ်နော်...


ထို နေ့ကပေါ့ ...
သံသယတွေ မိုးပြို သလို ဒလဟော စီးဆင်းနေတဲ့နေ့ကပေါ့ ..
မောင်တို့က ငယ်ကျွမ်းဆွေ တွေ မဟုတ်လား ...
ဒါပေမယ့်မောင်ရယ်....
မောင်နဲ့ ဆင်တူဝယ်ထားတဲ့ မျှော်လင့်ချက်ရဲ့ တန်ဖိုး တစုံတရာ ကိန်းအောင်းနေတဲ့
လက်စွပ်လေးကိုတော့ .. မပစ်ရက် လို့ ယနေ့အထိ လည်ပင်းမှာ ဆွဲထားတယ်
ဆိုတာလေးကိုတော့ .... သိစေချင်တယ်မောင်ရယ်....


ထို နေ့ကပေါ့ ..
အော် ....ထို နေ့ကပေါ့ .. ရှင် ....




ခင်တဲ့
Inz@ghi

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011