ဓာတ်ပုံရိုက်ရခြင်း အကြောင်းရင်း။

Ma MaDecember 22, 20111min39339

ဓာတ်ပုံရိုက်တယ်လို့ ရိုးရိုးလေး ဆိုကြပေမယ့် ရည်ရွယ်ချက်တွေကတော့ အမျိုးမျိုး ဖြစ်ကြပါလိမ့်မည်။

အခုတလော ရွာထဲမှာ တင်နေတဲ့ ကိုပေါက် ရဲ့ လက်ဆော့ထားတာတွေကို ရိုက်ပြထားတာကိုတော့ သတင်းဓာတ်ပုံလို့ ပြောရမယ်ထင်တယ်။
(ကိုပေါက်ရဲ့ စိတ်ရှည်ဇွဲသန် သည်းညည်းခံပြီး ဓာတ်ပုံတွေ တင်နိုင်စွမ်းကတော့ အံ့မခန်းပါပဲ။)

ကိုဘလက်တို့၊ နွယ်ပင်တို့ရဲ့
အချိန်နဲ့ တပြေးညီ တင်ပေးတဲ့ ကားတိုက်မှုသတင်းတွေဆိုရင် ခေတ်မှီအောင် ရွာထဲဝင်ရမည်လို့ ဆိုလိုက်သလိုပါပဲ။

ရွာမှာ အနေကြာပြီဖြစ်တဲ့ ဆရာမဝေဝေရဲ့ တရုတ်ပြည်သွား ဓာတ်ပုံတွေနဲ့ ခရီးသွားဆောင်းပါတွေက တရုတ်ပြည်တနံတလျှားကို ငွေမကုန် လူမပန်းပဲ သွားလိုက်ရတာပေ့ါ။

အန်ကယ်ကြီးရဲ့ ဩဒုက္ခ ဆိုတဲ့ ပိုစ့်က ဓာတ်ပုံဆိုရင်လည်း လူသားတွေရဲ့ ကိုယ်ချင်းစာတရားကို နှိုးဆော်ပေးဖို့ အင်မတန် အထောက်အကူပြုသွားတာစေတယ်လေ။

ယဉ်ငြိမ်းနွေးရဲ့ ရှမ်းစာလုပ်နည်းတွေကို ဓာတ်ပုံနဲ့တကွ တင်ပေး သင်ပေးတာကတော့ သွားရည်ကျစရာမို့ လုပ်ကျွေးရင် ကျေးဇူးတင်မိမှာပါလို့။
(ကြုံလို့ ပြောတာနော် သာကူလုံး မစားဖူးသေးဘူး။ :D)

ကိုဘလက်ရဲ့ ကိုပီတာကို တန်ပြန်အက်တင်ပေးခိုင်းပြီး ရိုက်ထားတာတွေကတော့ ကိုဘလက်ရဲ့ အိုင်ဒီယာဆန်းဆန်းလေးကို ဖော်ပြလိုက်သလိုပါပဲ။

မုဆိုး စိုင်သင် ဆိုတဲ့ မှော်ဆရာကတော့ မျက်တောင်မခတ်နဲ့ ငြိမ်ငြိမ်နေဆိုပြီး အလှဓာတ်ပုံတွေ ရိုက်ပြီး လောကကို အလှဆင်နေတာပေ့ါ။

(ဘုရားပုံရိုက်ပြီး လက်ဆောင်ပေးလို့ ကျေးဇူးဆပ် လာဘ်ထိုးတာ မဟုတ်ပါ။ 😆 )

ဆရာလေး အင်ဇာဂီရဲ့ မုဆိုးမှ သားကောင်ဖြစ်သွားသူများမှာတော့ ဓာတ်ပုံဆြာတွေရဲ့ ပြောင်မြောက်တဲ့ ပုံတွေရဲ့ နောက်ကွယ်က ကြိုးစားမှုတွေကို ပေါ်လွင်စေတာပေါ့။

Autumn ဆိုပြီး စီးရီးနဲ့ တင်ပေးတာကတော့ ကိုယ်ပိုင်စိုင်မရှိလို့ ရိုက်ရတယ်လို့ ဆိုပါတယ်။

ပြောချင်ရာပြောပြီး Technician ဆန်ဆန် ရိုက်ထားတဲ့ ပုံလေးတွေကတော့ ကွန်ပြူတာကို လေးသွားအောင် စွမ်းဆောင်နိုင်ပါတယ်။

သဂျီးတောင် အွန်လိုင်းမှတဆင့် ဓာတ်ပုံတွေ ရောင်းဖို့ စိတ်ဝင်စားလာရတဲ့အထိပါပဲ။

ဆရာစိန်သော့ရဲ့ မန္တလေး၊ ပြင်ဦးလွင် တစ်ဝှိုက်က ပုံတွေကတော့ ထိုင်ရာကမထ ခရီးရောက်စေနိုင်တာပေ့ါ။

နိုဇိုမီရဲ့ လတ်တလော မိုးပျံပူဖောင်းစီးပြီး ရို်က်ထားတဲ့ ကောင်းကင်ပေါ်က မြင်ရတဲ့ ပုဂံပုံတွေကတော့ ရွာသူားတွေ အားလုံး မြေကြီးနဲ့လွတ်ပြီး မြောက်ကြွသွားစေပါတယ်။

ခုတလော ရွာထဲမှာ ပျောက်ချက်သားကောင်းနေတဲ့ အီတီရဲ့ သဘောင်္ပေါ်ရောက် ရောင်စုံပုဇဉ်းလေးတွေကလည်း လှမှလှပေ့ါ။

ကိုအောင်တို့ ဩဇီ ဦးဖောတို့ရဲ့ သူတို့ရောက်နေတဲ့ နိုင်ငံမြင်ကွင်းတွေကလည်း ဗဟုသုတ တိုးပွားစေပါတယ်။

လူသစ်တန်းမှာ POL ရဲ့ ပြင်ဦးလွင်ပန်းပွဲတော်ကတော့ ရွာထဲကို ဓာတ်ပုံဆြာတစ်ယောက် တိုးလာကြောင်း သတင်းပို့ခြင်းလို့ ပြောရမယ်ထင်တယ်။

စာတစ်လုံး ဘုရားတစ်ဆူလို့ ဆိုသလို ဓာတ်ပုံတစ်ပုံက စာတွေ စကားတွေ အများကြီးကို အသံတိတ် ပြောပြနိုင်တယ်။

ပြောချင်တာကို လက်တွေ့မြင်သာအောင် ဓာတ်ပုံရိုက်ပြီး တင်ပြလိုက်ရင် ဆိုလိုရင်းကို ကွက်ကွက်ကွင်းကွင်း ဖြစ်စေနိုင်တာပေ့ါ
(ဓာတ်ပုံများကပြောသော သမိုင်းဆိုတာ ငြင်းမရအောင်ကို ခိုင်မာတယ်လေ။)

ရွာထဲမှာ အနေကြာလာတာနဲ့အမျှ သွားလေရာ ကင်မရာဆောင်သွားတတ်တဲ့အကျင့်တခု တိုးလာပါတယ်။

မြင်သမျှ ကြားသမျှ ပြန်ရေးချင် ပြောပြချင်တဲ့စိတ်ကလည်း တားမရ ဆီးမနိုင် မို့ ကျောင်းတက်တုန်းက စာစီစာကုံးရေးရမှာ ကြောက်တဲ့ဘဝကနေ ပိုစ့်တွေ တင်ဖြစ်နေတာမို့ ကိုယ့်ကိုကိုယ်တောင် အံ့ဩရတဲ့အထိပါပဲ။

ခုရက်ပိုင်းတွေမှာ ရန်ကုန်မှာရှိတဲ့ ရွာသူားတွေ အချင်းချင်း ချစ်ခင်ရင်းနှီးစွာနဲ့ တွေ့ဆုံပွဲတွေလုပ်ဖြစ်ကြတယ်။ အမည်မဖော်လိုသူရော၊ အမည်ဖော်သူတွေရော ဆိုတဲ့ အလှူ့ရှင်တွေကလည်း ရှိသကိုး။

ခုမှ မြင်ဖူးတွေ့ဖူးကြပေမယ့် ရွာသူားဆိုတာနဲ့တင် ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံကြတာကို မြင်ရတွေ့ရတာကလည်း စိတ်ချမ်းသာစရာပေ့ါ။

ရွာသူားဆိုကတည်းက ခေသူများတော့ မဟုတ်ကြ။ လူတိုင်းကိုယ်စီ ကင်မရာ ပါကြလေသည်ပေ့ါ။

ကိုယ်ကိုယ်တိုင်လည်း ပထမဦးဆုံးတစ်ခေါက် တွေ့တုန်းကတည်းက ကင်မရာတော့ ပါပါရဲ့။ ကိုယ်ပျောက်ချင်တဲ့လူတွေကလည်း ရှိကြတော့ ဓာတ်ပုံရိုက်တာကို ကြိုက်မှန်းမသိ မကြိုက်မှန်း မသိတာကြောင့် အားနာစိတ်နဲ့ ဓာတ်ပုံမရိုက်ဖြစ်ခဲ့ဘူး။

ခုတစ်ခေါက်မှာတော့ ဩဇီက အဘဖောက သူရန်ကုန်ရောက်တုန်း ရွာသူားတွေ တွေ့ဖြစ် ဆုံဖြစ်စေလိုတဲ့ စေတနာနဲ့ ကျွေးမွေးဧည့်ခံတဲ့အခါမှာတော့ အဘဖောကိုယ်တိုင်ကလည်း ရန်ကုန်မှာ အမြဲမရှိတာကြောင့် တွေ့တုန်းဆုံတုန်း ဓာတ်ပုံရိုက်မယ်ဆိုပြီး ရိုက်ဖြစ်ပါတယ်။

သူသူ ကိုယ်ကိုယ် အပြန်အလှန်ရိုက်လိုက်ကြတာ သတင်းသမားတွေလား ထင်ရတယ်။ ဖလက်ရှ်တွေ တဖြတ်ဖြတ်ပေ့ါ။

အဲဒီမှာ တစ်ယောက်ပြောတဲ့အသံကြားလိုက်ရတော့ ခေါင်းတောင် ကြီးသွားတယ်။

ဓာတ်ပုံတွေကတော့ ရိုက်လိုက်ကြတာ။ သူတင်ရင် ငါတင်မယ် ဆိုတာချည်းပဲ ဆိုတော့….

အင်းးးးးးးးးးးးးးး ဓာတ်ပုံရိုက်တာ ထောင်ချောက်ဆင်တာများ ဖြစ်နေပြီလား။ 🙁

(ဆရာသစ်ရဲ့ ခေါင်းမြီးခြုံ လုံပါပေ့ ဆိုတာကို ဖြေရှင်းချက်ပေးထားခြင်း ဖြစ်ပါသည်။)

39 comments

  • blackchaw

    December 22, 2011 at 2:43 pm

    ကျွန်တော့် လက်ထဲမှာ အဲဒီနေ့က ကင်မရာ ရှိမနေပါ။
    သို့သော် ဟော်တယ်ထဲ ဝင်လာကတည်းက
    ပြန်ထွက်သွားတဲ့အထိ မှတ်တမ်းအကုန် ကျွန်တော့်မှာ ရှိပါတယ်။
    အထက်ကို ရီပို့ တင်ပြီးသွားပါပြီ။
    တကယ်ပြောတာပါ။
    အထက်ဆိုတာ အညာကို ပြောတာပါ။
    အညာ မှာ ကိုပေါက်တို့ နေတယ်လေ။ အဲဒါ…..။

    • ုဲPinkey Pink

      December 22, 2011 at 2:56 pm

      အထက် ဆိုတာ ညာပေ့ါ.. ဟုတ်စ…..ခုမှသိတယ်….

    • MaMa

      December 22, 2011 at 3:06 pm

      ကြည့်ရတာ သဂျီးရဲ့ စပိုင်ကင်မရာ မဲပေါက်သွားပြီလား မသိနိုင်ဘူး။
      ကြည့်ရှောင်မှ တော်ကာ ကျမယ် ထင်ပါရဲ့။ 😆

  • weiwei

    December 22, 2011 at 2:51 pm

    အဲဒီနေ့က ကင်မရာယူမလာဖြစ်ဘူး … ဓါတ်ပုံအရိုက်ခံရတာကိုလဲ မကြိုက်ဘူး … မကြိုက်တာက မလှလို့ပါ … ရုပ်ဆိုးဆိုးကြီး သူများဆီမှာ မှတ်တမ်းကျန်နေမှာ စိုးရိမ်လို့ပါ … 😛

    ကျွန်မကတော့ ရှုခင်းပုံကိုပဲ ရိုက်ရတာ ဝါသနာပါပါတယ် …
    အခုတလော ဟင်းချက်ပုံတွေပဲ ရိုက်ဖြစ်တာများနေတယ် …

    • MaMa

      December 22, 2011 at 3:09 pm

      ရေးချင်တာနဲ့ ရေးလိုက်တာက ကီးမကိုက်ဘူး ဖြစ်သွားတယ်ထင်တယ်။
      အမှန်က ရွာထဲမှာ ဓာတ်ပုံမတင်ဖြစ်တဲ့အကြောင်း ပေါ့ပေ့ါပါးပါးလေးပဲ ပြောချင်တာပါ။
      ကိုယ်ရိုက်တဲ့ ပုံတွေကလည်း သုံးစားမရတာ ပါပါတယ်။

  • ုဲPinkey Pink

    December 22, 2011 at 2:54 pm

    အထက် ဆိုတာ ညာပေ့ါ.. ဟုတ်စ…..ခုမှသိတယ်….

  • koaung

    December 22, 2011 at 3:14 pm

    လူပုံမတင်ကြေး (ရွာသားများ) ရွာသူများမပါ 😀

    • MaMa

      December 22, 2011 at 3:57 pm

      လူပုံမတင်ကြေး (ရွာသားများ)ဆိုတော့ ကိုယ့်ဘက်ကိုယ်အရင် ကာ လိုက်တာပေ့ါလေ။ 😀

      • koaung

        December 22, 2011 at 6:28 pm

        တော်ကြာ မြင်မိတဲ့လူများ စိတ်ဒုက်ခမဖြစ်စေချင်လို့ပါ ဂျာ 😀

  • pooch

    December 22, 2011 at 3:26 pm

    တွေ့ဆုံပွဲပုံတွေ အညာကို ရောက်လာလို့ မစားရအညှော်ခံ ပြီး သူများတွေ ပျော်ပျော်ပါးပါးတွေ့ကြတာကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ အားပေးကြည့်ရှုလိုက်ရပါတယ်…..

    ဒါပေမဲ့ ဘယ်သူက ဘယ်သူမှန်းမသိလို့ ဝါးတားတားဖြစ်နေပါကြောင်း….. … သိသလိုလို မသိသလိုလိုနဲ့ပဲ ဇဝေဇဝါဖြစ်နေပါကြောင်း……….. 😛

    • MaMa

      December 22, 2011 at 3:49 pm

      သိချင်ရင် ရန်ကုန်ကို လာလည်ဖို့ ဖိတ်ခေါ်တယ် နော 🙂
      ကိုပေါက် ရန်ကုန်လာလိုက်တဲ့ အကျိုးဆက်လို့ ပြောရမယ် ထင်တယ်။
      ကိုပေါက်ဆိုတာ ရွာသက်ရှည် ရွာသားမို့ အားလုံးနဲ့လည်း ခင်မင်ပြီးသားဆိုတော့ တွေ့ဖြစ်ကြရာက ခုလို စုစည်းညီညာမှုတွေ ဆက်လာတယ် ဆိုပါတော့။ 🙂

  • ဆူး

    December 22, 2011 at 3:32 pm

    ကင်မရာ ယူသွားတာ အိတ်ဆောင် ယတြာလေးပါပဲ..
    သူဖွ ရင် ကိုယ်ဖွ ရအောင်.. တဦးတည်း မူပိုင်မဖြစ်ရလေအောင် ထွက်ခါနီး ယူရကောင်းနိုးနိုး တွေးပြီး ပြန်တောင် လှည့်ယူလိုက်သေးတယ်။

    တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လူတိုင်း ကင်မရာ ဝယ်ကိုင်နိုင်ပါတယ်။ အားလုံးကတော့ ကင်မရာ ပါဖို့ ရာနှုန်းများပါတယ်။ တကယ်လို့များပေါ့နော်.. တယောက်တည်းသာ ပါပြီး အဲဒီ တယောက်က ရိုက်ထားသမျှ အကုန် သူချည်း သိမ်းသွားလိုက်တယ်.. နောက်တော့ နောက်တော့ မတွေးဝံ့စရာကြီးပါပဲ။
    အားလုံး ကိုယ်စီ ဝိုင်းရိုက်ကြတာ အကောင်းဆုံးပါပဲ။ ဆူးကတော့ အဲဒါကို သဘောကျတယ်။

    • မှော်ဆရာ

      December 22, 2011 at 10:05 pm

      အမရယ် လက်ရွေးစင်တွေပဲဟာ မလုပ်ကြပါဘူးဗျ …

  • ကိုရင်စည်သူ

    December 22, 2011 at 3:48 pm

    မမ.. အဲ့ဒနေ့ အားလုံးရဲ့ ကင်မလာတွေနဲ့
    လိုက်ရိုက်ပေးခဲ့တာ ဟောဒီက ကိုရင်ပါဂျ…
    အကုန်လုံးဆီက ဓါတ်ပုံတွေကို မာကင်ပေးပြီး
    စတစ်နဲ့ ကူးထားလိုက်ပီ..
    ပြီးတော့… ဓါတ်ပုံကနေ ယတြာချေမယ်… အဟိ..
    ခေါင်းမြီးခြုံလှပါပေ့
    ဆံမြိတ်ချထားလည်း မလုံတော့ဘူး
    ရွာသူတွေရေ့… အဟွား.. အဟွား 😀 😀 😀

  • nozomi

    December 22, 2011 at 3:50 pm

    မမ အားလုံးကို ဖတ်ထားပြီး သေချာ မှတ်သားထားတာပဲ

    ရွာထဲ ရောက်ကာစက မမ ဆိုတော့ တကယ့် အသက်ကြီးကြီး ရင့်ရင့် မမကြီး လို့ထင်ထားတာ
    အပြင်မှာတွေ့တော့မှ အသားဖြူဖြူ ရုပ်ချောချော နဲ့ မမငယ်ငယ် ဖြစ်နေတယ်

  • MaMa

    December 22, 2011 at 4:08 pm

    @ဆူး
    အားလုံး ကိုယ်စီ ဝိုင်းရိုက်ကြတာ အကောင်းဆုံးပါပဲ။
    ဒါပေမယ့် ဒါ့ပုံ နော် ဒ့ါပုံ။

    @ကိုရင်စည်သူ
    အားလုံးရဲ့ ကင်မရာတွေကို အလှည့်ကျ ယူပြီး မငြီးမငြူရိုက်ပေးတဲ့ ဒါ့ပုံဆြာ
    ဗေဒင်တွက်ပေးတဲ့ ဗေဒင်ဆြာ
    ကာရာအိုကေနဲ့ ဖျော်ဖြေပေးတဲ့ ဂီတပညာရှင်ဆြာ
    ဆိုတဲ့ ဘွဲ့တွေ တသီကြီးကို ဆွတ်ခူးသိမ်းပိုက်သွားတဲ့ ကိုရင်ကိုလည်း ဒီနေရာကနေ စာဓာတ်ပုံနဲ့ မှတ်တမ်းတင်ထားလိုက်ပြီနော်။
    @nozomi
    ကျမအမြှောက်မကြိုက်တတ်ပေမယ့် ခုလိုအမှန်အတိုင်းပြောတာကိုတော့ ကျေးဇူးတင်စွာဖြင့် လက်ခံရမှာပေ့ါ။ 🙂
    (တချို့ကဆို အန်တီဝဝကြီးလို့ ပြောလို့ မှန်တိုင်းမကောင်းဘူး။ စကားကိုပြင်ပြောလို့ပြောရတယ်။) 😀

  • နွယ်ပင်

    December 22, 2011 at 4:18 pm

    အဲဒီနေ့က ကင်မရာမပါလို့ ဓာတ်ပုံတော့ မရိုက်လိုက်ရပါဘူး
    ဒါပေမယ့်လေ မှော်ဆရာဆီကနေ စတစ်နဲ့ ကူးလာတာ ကိုယ်ရိုက်
    တာထက်တောင်ပိုစုံသေးတယ် ဘာလို့လဲဆိုတော့ မှော်ဆရာက
    စေတနာ ဗလပွနဲ့ ကူးပေးလိုက်တာ အဘဖောရိုက်ထားတာရော
    သူကိုယ်တိုင်လက်စွမ်းပြထားတာရော နောက် အစ်မမနော ရိုက်ထားတာရော
    ဆိုတော့ ပုံပေါင်း (100) ကျော်နီးပါးလောက် စတစ်ထဲပါလာတာ …………. 😀

    • MaMa

      December 22, 2011 at 4:24 pm

      ွှနွယ်ပင်ရေ- ကိုယ်ကိုယ်တိုင်ရိုက်ထားတဲ့ပုံတွေက ဟန်ပြရိုက်သလို ဖြစ်နေတယ်။ မကောင်းဘူး။ အဲဒါနဲ့ ရိုက်ထားတဲ့လူတွေဆီက ပုံတွေကို လှည့်တောင်းနေရတယ်။ 🙁

  • windtalker

    December 22, 2011 at 7:48 pm

    ဘယ်သူ က ဘယ်သူ ့ကို ရိုက်ပြီး
    ဘယ်သူ က ဘယ်သူ ့ကို ပို ့တယ်
    ဘာတွေ ဘယ်လို ဖြစ်ဖြစ်
    ပြန်ကြားရေး ကို ရောက်တယ်

  • nature

    December 22, 2011 at 8:25 pm

    အထက်ကိုတင်တယ်ဆိုတာ သူကြီးဆီတင်တာ ဟုတ်ဖူးလား။ ကိုပေါက်ကဘယ်တုန်းက အထက်လူကြီးဖြစ်သွားတာလဲ။

  • htet way

    December 22, 2011 at 9:51 pm

    ပုံတွေကိုပို့ပေးမယ် ဘာညာနဲ့
    ပြောထားတဲ့ ကိုမော်ဆရာ..
    ခုထိမရသေးဘူးမေ့များနေလားဒါမှ မဟုတ်
    အလုပ်ရှုပ်နေလား
    ပုခက်လွဲသီချင်းဆို ထမင်းကို ကဗျာကသီစားပြီး
    သတိမရအားတာလား…….
    မမတို့များဘယ်လောက်အေးလဲ ဒါတွေမရှိ..စာတွေပဲသိ…။

  • လောလောဆယ် အမြတ်ထွက်တယ်ကြားတာကတော့
    မှော်ဆရာလေးပါ။
    အခုလာမယ့်အလှည့် ပထမဆုံးတစ်သိန်းပြည့်သူရဲ့ ပိုက်ပိုက်ကိုမှော်ဆရာက
    သိမ်းပိုက်ဘို့ အတွက် လွှဲစာယူပြီးပြီလို့သတင်းကြားပါတယ်။
    မှော်ဆရာ အကြောင်းပြန်ပါ။

  • kai

    December 23, 2011 at 6:08 am

    မြန်မာတွေဓါတ်ပုံရိုက်ခံရင်.. အပြုံးဆင်းရဲတယ်..။
    ဂျပန်တွေများ.. ကင်မရာပြင်လိုက်ရင်.. chiizu (チーズ)ဆို..အော်လိုက်တာပေါ့..
    ကိုရီယန်းတွေက.. “kimchi.”လို့အော်တယ်..။
    ဘိုတွေကျ.. “say cheese”လိုအော်ပါတယ်..။

    လက်တွေ့ကျကျအော်ကြည့်ပါ…။
    ဓါတ်ပုံထဲ..အပြုံးလှလှရှင်ဖြစ်နေလိမ့်မယ်..

    ဆိုတော့..
    တလောက.. မြန်မာစာကလေးတွေသင်တန်းမှာ.. ကလေးတွေဓါတ်ပုံရိုက်မယ်လုပ်တော့.. မြန်မာစာဆရာမက.ကလေးတွေကို.အော်ခိုင်းတယ်..
    “ကကြီး”တဲ့..
    ကဲ..
    အပြုံးလှလှ ရပြီနော်..။ 😆

    • PEACEMAKER

      December 23, 2011 at 7:34 am

      ဦးခိုင်ကြည့်ချင်တဲ့ မြောက်ဦးက ရှေးဟောင်းဘုရားမှာရှိတဲ့ ယောက်ျားမိန်းမပုံဆိုတာ ကျမဆီမှာရှိတဲ့ပုံများလား မသိဘူး။ သွားလည်တုန်းက ရိုက်လာတာ။

      • kai

        December 23, 2011 at 3:36 pm

        အပန်းမကြီးရင်.. ပို့ပေးပါလားခင်ဗျာ…
        မှတ်မိသလောက်တော့.. အဲဒီပုံက..ရုပ်လုံးကြွပုံဖြစ်ပြီး.. အကာတွေနဲ့အုပ်ထားတယ်…။

        • PEACEMAKER

          December 23, 2011 at 4:44 pm

          ကျမ ဒီကနေ မပို့တတ်ဘူး။ မေးလ်ကနေပဲ ပို့တတ်တယ်။ အဲဒီပုံက (ရခိုင်တိုးဂိုဒ်ကရှင်းပြတယ်) ယောက်ျား(ရသေ့)ကိုဖျက်ဆီးဖို့ အလွှတ်ခံရတဲ့အမျိုးသမီးနဲ့ ရသေ့တို့ရဲ့ပုံကို ရုပ်လုံးကြွထုထားတာပါ။ လူတွေ လာလာကိုင်ကြလို့ သံဇကာနဲ့အုပ်ထားတယ်။ ဓါတ်လာကူးကြတာများလားမသိ။ အမျိုးသားက အမျိုးသမီးရဲ့ရင်သားကိုကိုင်ပြီး အမျိုးသမီးက အမျိုးသားရဲ့ဟိုဒင်းကိုဆုပ်ထားတာလောက်ပါပဲ။ ဒါပေမဲ့ မြင်လိုက်ရတော့ အတော့်ကို ထူးဆန်းသွားတယ်။ ဓါတ်ပုံက အပေါ်စီးကရိုက်ခဲ့တာမို့ ပြီးတော့တစ်ပုံထဲလဲဖြစ်လို့…ဒါတောင် အမျိုးသားရိုက်ခဲ့လို့ ရှိနေတာ။

        • kai

          December 23, 2011 at 4:46 pm

          ဟုတ်ပါတယ်..။ အဲဒီပုံပါ..။
          kai@myanmargazette.net ကိုပို့ပေးပါနော..။

    • Moe Z

      December 23, 2011 at 11:30 am

      မိုးစက်တို့ကတော့ money လို့အော်တယ် 😛

  • MaMa

    December 23, 2011 at 8:54 am

    @koaung
    ကျမလည်း နေ့တိုင်း မှန်ကြည့်နေတာမို့ သရဲမကြောက်တတ်ဘူး။ 😀
    ဆရာ့ပုံတွေလည်း တင်ချင်ရင် တင်သာတင်ပါ။ အနည်းဆုုံး ကြွက်ချောက်လို့ ရတာပေ့ါ။ 😛
    @windtalker
    ပြန်ကြားရေးဝန်ကြီးတာဝန်သာမက ဖြန့်ချီရေးဝန်ကြီးတာဝန်ပါ ပူးတွဲထမ်းဆောင်နေတယ်လို့ ခိုင်လုံသော သတင်းဌာနက သတင်းရထားတယ်နော်။
    @nature
    အထက်ကိုတင်တယ်ဆိုတာ အထက်အညာက ကိုပေါက်ဆီတင်တာလေ။
    (တနည်းအားဖြင့် ရွာထဲမှာ သဂျီးပြီးရင် ကိုပေါက်က ရွာအကြီးအကဲပဲလို့ ကိုဘလက်က ဆိုလိုလိုက်တာထင်တယ်။) 🙂
    @htetway
    မှော်ဆရာ ပုံပြောတတ်တာ မသိသေးဘူးထင်တယ်။
    (အမှန်တော့ လိပ်စာမသိလို့ ပုံတွေ ကျမဆီက တဆင့်ပို့ပေးခိုင်းထားပါတယ်။ ပို့ပေးလိုက်ပါ့မယ်။)
    @ကိုပေါက်
    မလာတာ ကံကောင်းသွားတယ်။ ကိုပေါက်လည်း တော့တန်းထဲ ဝင်နေပြီဆိုတော့ တစ်သိန်းပြည့်ဖို့ နီးစပ်နေတာဆိုတော့ မျက်ခုံးလှုပ်စရာပေါ့။
    @kai
    အပြုံးလှလှ ရဖို့ အကြံပေးမယ့်အစား သဂျီးရဲ့ လက်တွေ့ပြုံးထားတဲ့ပုံ ရွာထဲမှာ တင်ပြီး ရွာသူားတွေကို သင်တန်းပေးဖို့ တောင်းဆိုပါတယ်။ 😀

  • Moe Z

    December 23, 2011 at 9:02 am

    မိုးစက်ကြားတာတော့ မမက အလှဆုံးဆို 😛

  • inz@ghi

    December 23, 2011 at 9:13 am

    အန်တီမမ ရေ့ ….
    သဂျီးပြောသွားတာ ..မလုံလောက်ဘူးဗျို့ ….
    နောက်မှ အတေးဇိတ် ရေးပါ့မယ်ဂျာ ….

    ခုတော့ ပြုံးချင် ဂျော့ခ် ကလိုနီး လိုပြုံးပါ လို့ပဲ မှာပါရဇေ …..

    ယနေ့ တောမှာ ဇိမ်သွားခံမယ့်
    ဇိမ်ဖုံးဂျီး မာကူဇာ ဂီ့

    • inz@ghi

      December 23, 2011 at 9:17 am

      အမှားပြင်ဆင်ချက်..

      ဂျော့်ချ် လို့ပြင်ဖတ်ပါ…

  • manawphyulay

    December 23, 2011 at 11:36 am

    ကင်မရာမပါတဲ့သူတွေလည်း စတစ်နဲ့ထည့်သူထည့် အခွေနဲ့ ဘမ်းသူဘမ်းနဲ့ ယူသွားကြတာ အကုန်ပါပဲ။ လူစုံဓာတ်ပုံရိုက်ဖို့တောင် ဝိုင်းဝိုင်းလည် လက်ဖြန့်နေကြတာ မနည်းခေါ်ယူရတယ်…

  • ကြောင်ကြီး

    December 23, 2011 at 12:36 pm

    ကြောင်ကြီး အင်္ဂါဂြိုလ်ပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံကြတော့ မမြင်ချင်ယောင်ဆောင်တယ်။ 🙁

  • သူကြီးပြောသလို နောက်တစ်ခါဓါတ်ပုံအရိုက်ခံရရင်ပြုံးပြုံးလေးပါအောင်
    ညကျရင်မှန်ကြည့်ပြီး အပြုံးကျင့်အုံးမယ်ဗျာ………………..

  • MaMa

    December 23, 2011 at 2:13 pm

    @မိုးစက်
    ဘယ်သူမြှောက်မြှောက် တို့မမြှောက်လို့ သူငယ်ချင်း အချင်းချင်း ပြောလေ့ရှိတယ်။ ဘာဖြစ်လို့ဆို အရင်ကတည်းက မိုးပေါ်ရောက်နေလို့ 😀
    သဂျီးရဲ့ ပြုံးနည်းထက် မိုးစက်ရဲ့ ပြုံးနည်းကို ပိုသဘောကျတယ်။ money လို့ ဆိုလိုက်တာနဲ့ လူတိုင်း နှုတ်ခမ်းလေးတွေ ကွေးသွားမယ် ထင်တယ်။ 🙂
    @inz@ghi
    နောက်မှ ရေးမယ့် အတေးဇိတ်က ဒီနှစ်ထဲတော့ ဖြစ်မှာပါနော်။
    (သဂျီးစကားနဲ့) စကားအတင်းစပ်ပြီး ပြောရဦးမယ်။ မြန်မာစာအကြောင်း ရေးနေတာ စောင့်ဖတ်နေတယ်နော်။
    @မနော
    လူစုံလက်ဖြန့်နေကြတာကို ဘာလုပ်နေကြတာပါလိမ့်လို့ ထင်နေတာ။ သိလိုက်ရင်အဲဒီမှာကတည်းက ပုံတွေ ယူလိုက်ပါတယ်။
    @ကြောင်ကြီး
    ကြောင်ကြီး အင်္ဂါဂြိုလ်ပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံကြတော့ ကိုယ်ကျင့်တရားကောင်းတဲ့လူ၊ တန်ခိုးရှိတဲ့လူများမှ မြင်ရတယ်လို့ ပြောလိုက်ရင် ရွာသူား အားလုံးမြင်သွားကြပါလိမ့်မယ်။
    ကျမတော့ မြင်တယ်နော်။ (အရင်ဆုံး ပြောလိုက်တာ) 😆
    @ကိုပေါက်
    သဂျီးရဲ့ သင်တန်းမှာ ပထမဦးဆုံး သင်တန်းတက်သွားတဲ့ ကိုပေါက်ကို ၂၀၁၂ အကြို အလှဆုံး အပြုံးပိုင်ရှင်ဘွဲ့ ပေးရမယ်။ 🙂

  • koaung

    December 23, 2011 at 6:51 pm

    ငါဒို့ရွာသူရွာသားများကျက်သရေရှိပုံက (ဒါကြောင်။မန်းလေးဂဇက်ကြီးကလှပလန်းဆန်းနေတာကိုး) (ပြည်ပမှ ကိုရင်အောင်) 😀

  • unclegyi1974

    January 1, 2012 at 10:55 pm

    တွေ့ဆုံပွဲမှာအမှတ်တရဓာတ်ပုံရိုက်ကြတာနောင်အမှတ်တရဖြစ်စေလို့ကောင်းမွန်တဲ့
    ကိစ္စပါ ရိုက်ကြတဲ့အထဲလူအများပါတာမို့ ကိုယ်ရေးမယ့်အကြောင်းအရာနဲ့ကိုက်ညီလို့
    အဲဒီပုံသုံးချင်ရင်ပုံထဲပါသူတွေကိုခွင့်တောင့်ဖို့ကပုံတင်မဲ့သူတာဝန်ရှိတယ်လို့ထင်ပါတယ်
    ခွင့်တောင်းပြီးမှသုံးရင်ဘာမှအငြင်းပွားဖွယ်မဟုတ်ဖူးလို့ထင်ပါတယ်
    ဂေဇက်မိသားစုများစည်းစည်းလုံးလုံးဖြစ်နေကြတာမင်္ဂလာပါလို့

  • MaMa

    January 2, 2012 at 7:23 am

    မှန်ပါတယ် အန်ကယ်ကြီးရေ။
    အရင်တုန်းကဆိုရင် ဓာတ်ပုံရိုက်ရင် single ပုံပဲ ရိုက်ချင်တယ်။ grorp photo ကို သိပ်စိတ်မဝင်စားဘူး။
    ဒါပေမယ့် ခုနောက်ပိုင်းမှ group photo ကို တန်ဖိုးထားတတ်လာတယ်။ ကိုယ့်တစ်ယောက်တည်းပုံက ဘယ်အချိန်ရိုက်ရိုက်ရတယ်။ group photo ရိုက်ဖို့ လူစုံတက်စုံ စုဖြစ်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးလေ။ စုစည်းညီညွတ်ခြင်းရဲ့ အထိမ်းအမှတ်လည်း ဖြစ်လို့ နှစ်သက်စရာပေ့ါ။
    (အင်းးးးးးးးး ပုံတင်ဖို့ဆိုတာကတော့ ) 😀

Leave a Reply