ကိုပေါက် ဆိုသည်မှာ

black chawDecember 22, 20112min22333

၂၀၁၁ ခုနှစ်အတွင်း ကိုပေါက် တင်ခဲ့တဲ့ ပို့စ် တွေကို ပြန်တူးဆွထားတာလေးပါခင်ဗျာ။
စိတ်သွားတိုင်း ကိုယ်မပါသော ဘလက် ပါခင်ဗျာ။ လုပ်ချင်တာတွေ များနေပြီး ရတဲ့ အချိန်နှင့်
တတ်နိုင်သည့် ခွန်အား မမျှ ဖြစ်နေခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ အစပြုမိပြီ ဖြစ်သဖြင့် အဆုံးထိရောက်အောင်
လျှောက်ပါမည်။ ပို့စ်တစ်ပုဒ်ခြင်း အသေးစိတ်ရေးဘို့ အချိန်က အလွန်နည်းနေပါသဖြင့် သည်းခံခွင့်လွှတ်ပေးကြဘို့ပြောချင်ပါသည်။
ကျွန်တော့် ပို့စ်လေးကို ဖတ်ပြီး ကိုပေါက် အတွက် မုဒိတာစကားလေးတွေ ကွန်းမန့်လေးနဲ့ ပြောပေးကြဘို့ တောင်းပန်ချင်ပါသည်။
ဘလက်အတွက် မလိုအပ်ပါ။ ဘလက်က ငယ်သေးတယ်လေဗျာ ဟားဟား။

ညီငယ် အင်ဇာဂီ ၏ မြန်မာ့ ရိုးရာ စားစရာ ဆိုသည့် ပို့စ် လေး ကို ကိုးကားခွင့်ပြုပါခင်ဗျာ။ ဒီလိုဗျာ။
(မြောင်းမြ)ဒေါ်ဝေဝေ တဲ့ …
အင်းလေ နောက် ကြုံရင် လာစားဦးမှပေါ့။ မှတ်ထားလိုက်တယ်.. သည်လို နဲ့ ကိုယ်အရင် စားဖူးတဲ့ ဆိုင်လေးတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ပေါ့
နာမည်လေးတွေ အစီအရီ ထွက်ကျလာပါတယ်
• (ညောင်တုံး) ဦးနက်ချော
• (ဟင်္သာတ) အန်တီမ
• ကိုကိုစီ (ရန်ကုန်)
• (ညောင်လေးပင်)မမမှီ
• (ဓနုဖြူ)အန်တီမ
• (ပြွန်တံဆာ)အီးတီ
• (အိမ်မဲ)ပေါက်ဖော်
အံမယ် အတော်များများက မြို့နာမည်လေးတွေနဲ့ပါတွဲပြီး သူတို့နာမည်ကို မှတ်မိအောင် လုပ်ထားကြတယ်။
ဒါကို မားကတ်တင်းအရ Branding လို့ သတ်မှတ်လို့ရတယ်

ကိုပေါက်မှာလည်း အဲဒီလို Branding လုပ်ထားတာလေး ရှိပါတယ်ဗျာ။ ကိုပေါက်က ဓါတ်ပုံလည်း ရိုက်ပါတယ်။ စာလည်းရေးပါတယ်။ ဓါတ်ပုံရိုက်ရင် ကိုပေါက်က သူ့ဓါတ်ပုံလေးတွေကို ဒီလို Branding လုပ်ထားပါတယ်ဗျာ။ “စနက်ရှော့ မဟုတ်တဲ့ လက်ဆော”့ တဲ့။ စာရေးတော့လည်း ဆရာပေါက်က ဒီလိုလေး Branding လုပ်ထားပါသေးတယ်ဗျာ။ “ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး” တဲ့။ ရွာသူရွာသားတွေကတော့ ကိုပေါက်ရိုက်တဲ့ “စနက်ရှော့ မဟုတ်တဲ့လက်ဆော့” ကိုရော ကိုပေါက်ရေးတဲ့ “လက်ဆောင်အတွေးပါးပါးလေး” ကိုရော မိသားစုဝင်တစ်ယောက် လိုကို ရင်းနှီးကျွမ်းဝင်နေကြပါပြီခင်ဗျာ။ အဲဒီကိုပေါက် ၂၀၁၁ ထဲမှာ ဘာတွေရေးပြီး ဘာတွေရိုက်ခဲ့ပါသလဲ။ နည်းနည်း တူးဆွကြည့်ရအောင်ဗျာ။

၁။ မမွှေစကောင်း မွှေစကောင်း
https://myanmargazette.net/48789/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

မိတ်ဆွေတစ်ဦးရဲ့ နာရေးမှာ မိတ်ဆွေဟောင်းတစ်ဦးနဲ့ဆုံဖြစ်ရာက သူနဲ့ ပတ်သက်ပြီး အမွေအကြောင်းတွေးဖြစ်သွားတာ လေးကို ရေးထားတာပါ။ ဒီလိုဗျာ။

ဒါနဲ့ဘဲအိမ်ပြန်ရောက်တော့ မှ ကိုဌေးအောင်ရဲ့အကြောင်းကို ပြန်စဉ်းစားမိတာနဲ့ “အမွေ” ဆိုတာကလည်း ခေါင်းထဲကိုရောက်လာပြန်ပါတော့တယ်။
ကျွန်တော်တို့မြန်မာ လူမျိုးတွေက မိမွေဘမွေဆိုတာ ကို တန်ဘိုးထားကြသလိုမက်လဲမက်မောကြပါတယ်။
နောက်ဒီအမွေတွေကြောင့်ဘဲ ပြဿနာတွေတက်ကြတော့ အမွေက နေ အမွှေဇယားတွေဖြစ်ကုန်ကြတာများပါတယ်။
ကျွန်တော်တို့မြန်မာ့ဓလေ့ထုံးစံမှာ အမွေနဲ့ပါတ်သက်တဲ့ ထုံးတမ်းစဉ်လာတွေလိုက်နာစရာတွေရှိပေမယ့်
တိတိကျကျ မလိုက်နာဘဲ အကြီးဆုံးသားသမီးတွေကို ပုံအပ်လို်က်တာများပါတယ်။

မိဘတွေ ရှာဖွေ ပေးခဲ့တဲ့ အမွေနဲ့ ပတ်သက်လို့ ကျန်ရစ်သူသားသမီးတွေအနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာကိုပေါက်က ဒီလို မေးခွန်းထုတ်ထားတဲ့ ပို့စ်လေးပါ။

မိဘတွေကတော့ သူတို့အပင်ပန်းခံလို့ရှာဖွေထားသမျှတွေကို သားသမီးများကို အမွေ ဆိုပြီး ဝေပေးခဲ့ပါတယ်။
အဝေမတတ်တဲ့ သားသမီးများလက်ထက်မှာတော့ အမွေကနေ အမွှေဇယားတွေဖြစ်ကုန်ပါတော့တယ်။
ဒီတော့ ……………………………………..
ရတာတဲ့အမွေကို မျှတစွာ ေ ဝယူကြမလား?
အမွေကို အမွှေဇယားဖြစ်အောင် ဖန်တီးပြီး ယူကြမလား ?
ဆိုတာကတော့…………………………..

အစအဆုံးဖတ်ချင်သူတွေအတွက် လင့်လေး ထည့်ပေးထားပါတယ်ဗျာ။

၂။ စမ်းသပ်ချက် အမှတ်စဉ်-၁
https://myanmargazette.net/49003/creative-writing/poetry-songs
ဒါလေးကတော့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ ကိုပေါက် က ကဗျာလည်းရေးပါတယ်။ ခံစားကြည့်ပါဗျာ။

ဟောဟိုမှာ တံခါးလေးခပ်ဟဟ
ခဏတော့ဖွင့်ထားတယ်။
အထဲမှာ ဘာရှိလဲ မသိဘဲ
အပြင်က ဆဲ နေမယ့်အစား
လာပါကွာ ! ခဏလောက်တော့ဝင်ကြည့်ကြရအောင်။
အရင်တစ်ခါ ဝင်ကြည့်ဘူးတာနဲ့
အခုဝင်ကြည့်ရတာ
တူချင်လဲတူမယ် တူချင်မှလဲတူမယ်
ဝင်ကြည့်တယ်ဆိုမှ
ဘာတွေကွာသလဲဆိုတာ လက်တွေ့သိမယ်။
မတူတာတွေတူအောင်ညှိလို့ရရင်
ဖြစ်ချင်တာတွေဖြစ်ခွင့်ရရင်
ရှေ့ဆက်လို့သွားဘို့အဆင်သင့်ပေါ့ကွာ။
မတူရင်ဖြစ်ဖြစ်
ညှိမရရင်ဖြစ်ဖြစ်
ဖြစ်ချင်တာဖြစ်ခွင့်မရရင်ဖြစ်ဖြစ်
ဆက်မသွားဘဲနောက်လှည့်
အသာလေးပဲပြန်ထွက်ကြတာပေါ့။
ပြန်ထွက်မရအောင်ပိတ်တော့လဲ
မင်းတို့ငါတို့အားနဲ့ ကြိုးစားလို့ဖောက်
ကြောက်စရာမရှိပါဘူး။
ကဲ! လာပါကွာ……………..
ဟောဟိုမှာ တံခါးလေးဟထားတယ်၊
အပြင်ကဆဲနေမယ့်အစား
ဘာရှိသလဲသိရအောင်
ခဏလောက်တော့ ဝင်ကြည့်ကြရအောင်။

၃။ ပန်းလှလှ စကားဖြူ
https://myanmargazette.net/49405/travel/photography-pictures-galleries-wallpapers-photo-tips

ပန်းပုံလှလှလေးတွေပါဗျာ။ လင့်ကိုဖွင့်ပြီးကြည့်ကြပါ။

၄။ မအမ်းစကောင်း အမ်းစကောင်း
https://myanmargazette.net/49923/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
ငွေအကြွေရှားပါးတဲ့ ကိစ္စလေးကို ရေးထားတာပါ။ ဖတ်ချင်သူတွေအတွက် လင့်လေးပေးထားပါတယ်။

၅။ မိုးရွာပြီးစ နိုးထတဲ့ နံနက်ခင်းလေး
https://myanmargazette.net/50144/travel/photography-pictures-galleries-wallpapers-photo-tips
ဓါတ်ပုံလှလှလေးတွေပါဗျာ။

၆။ ကောက်ကောက်ကွေ့ကွေ့
https://myanmargazette.net/50184/travel/photography-pictures-galleries-wallpapers-photo-tips
ဓါတ်ပုံလေးတွေပါပဲ။

၇။ မလွဲစကောင်းလွဲစကောင်း “ဆုံးဖြတ်ချက်မှားသောသမားနှင့် သေရွာသွားသောလူနာ”
https://myanmargazette.net/50196/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
မူရင်း စာသားလေးကို နည်းနည်းဖေါ်ပြချင်ပါတယ်။

မမှားသေရှေ့နေ မသေသောဆေးသမား ဆိုတဲ့ ရှေးစကားလေးရှိပေမယ့်
အသေနည်းကြရင်ဖြင့်ပိုကောင်းမယ်လို့ထင်ပါတယ်။
အဲတော့ အသေနည်းဘို့ဆိုတာကတော့ အသက်ကယ်ဘို့အတွက်ပေးအပ်ထားကြတဲ့ဆရာသမားများအနေနဲ့
တလွဲတွေမဆုံးဖြတ်မိအောင် အသေအချာလေးစဉ်းစားကြမယ်ဆိုရင်
တကယ်ကောင်းမှာဘဲလို့တွေးမိပါတယ်။
အလွဲနည်း မသေသင့်ဘဲသေတာလည်းနည်းပါစေလို့ဆုတောင်းပါတယ်။

ပို့စ်ကောင်းလေးတစ်ခုမို့ အစအဆုံးဖတ်သင့်ပါကြောင်း လင့်လေးလည်းထည့်ပေးထားပါတယ်။

၈။ ကစ်ပလင်မမြင်ဘူးခဲ့တဲ့ မန္တလေးလမ်း
https://myanmargazette.net/50351/creative-writing/poetry-songs

ဒါကတော့ ကဗျာလေးတစ်ပုဒ်ပါ။

၉။ ဗျိုင်းနား၍ ကိုင်းသောပေါက်ပင်နှင့် အစရှာမရသောစက်ဝိုင်း
(အပိုင်းတစ် – လက်ဆောင်ပဏ္ဏာ)
https://myanmargazette.net/50978/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
(အပိုင်းနှစ်)
https://myanmargazette.net/51420/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
အတွေးကောင်းကောင်းနဲ့ ရေးထားတဲ့ ပို့စ်လေးပါ။ ဘာကိုရေးတာလဲဆိုတာ နည်းနည်းဖတ်ကြည့်ပါဗျာ။

ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်ဆိုတဲ့ ပုံစံအသစ်နဲ့တက်လာတဲ့ အစိုးရအသစ်လက်ထက်မှာ
အခုလောလောဆယ် အကျယ်လောင်ဆုံး အားလုံးစိတ်အဝင်စားဆုံးလို့ပြောနိုင်တာ
တစ်ခုကတော့ “လာဘ်စားမှု့လျော့နည်းပပျောက်ရေး” ဆိုတဲ့အသံတွေပါဘဲ။
“လာဘ်လာဘ “ဆိုတဲ့စကားရဲ့မူလအနက်အဓိပ္ပါယ်ကတော့ ကောင်းပါရဲ့။
ဒါပေမယ့်လည်း ” စားတယ်”ဆိုတာနဲ့လဲတွဲလိုက်ရော
စက်ဆုပ်စရာစကားလုံးအဖြစ်အော်တိုမက်တစ်ပြောင်းသွားပါတော့တယ်။

အစအဆုံးဖတ်ချင်ရင်တော့ မူရင်းလင့်ကိုသာ ပြေးကြတော့ဗျာ။

၁၀။ အထင်ကရ ၈၄ ခုမြောက် လမ်းမပေါ်က ဝိညဉ်
https://myanmargazette.net/52655/creative-writing/poetry-songs
စိတ်ရှည်လက်ရှည်ရေးထားတဲ့ ကဗျာရှည်ကြီးတစ်ပုဒ်ပါဗျာ။
၁၁။ အရက်သမားကိုပေါက်နှင့် စာသမားကိုပေါက် တွေ့ဆုံခြင်း
https://myanmargazette.net/52862/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
စိတ်ဝင်စားသွားအောင် ပို့စ် ရဲ့ အစလေးကို ဖေါ်ပြပေးလိုက်ပါတယ်။
တကယ်တမ်းပြောရရင် ကျုပ်အသုံးမကျလို့ ဒီအဖြစ်ရောက်ကုန်တာပါဗျာ။
မယားတွေအများကြီး သားတွေအများကြီးရှိရဲ့သားနဲ့တကွဲမယားတကွဲ ဖြစ်နေပြီးကျုပ်တစ်ယောက်ထဲ တစ်ကောင်ကြွက်ပက်လက်မျောဆိုတဲ့ဘဝမျိုးကို အခုလိုရောက်နေရတာကိုပြောတာပါ။
ဇာတ်ကြောင်းလှန်ရမှာလဲအရှက်သားဗျ။

ကဲ မယားတွေအများကြီးနဲ့တဲ့။ နည်းနည်းတော့ စိတ်ဝင်စားသွားတယ်မဟုတ်လား။ ဘာတွေရေးထားလဲဆိုတာ မူရင်းလင့်မှာသာ ပြေးဖတ်တော့ဗျာ။

၁၂။ သဘာဝအင်စတော်လေးရှင်း
https://myanmargazette.net/53369/travel/photography-pictures-galleries-wallpapers-photo-tips
ဓါတ်ပုံလေးတွေပါဗျာ။

၁၃။ တစ်ခါစား…အပိုစားနဲ့ အလျော့စား
https://myanmargazette.net/53452/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

ဆက်စပ်လို့စဉ်းစားကြည့်လိုက်မိတော့………………………..
“တစ်ခါစား” များကတော့တကယ့်ကို တစ်ခါဘဲစားရတော့ ရရစားစား ဝါးဝါးမြိုမြိုနဲ့ မပြောင်ရောင်တာများပါတယ်။
“အပိုစား”လေးများကတော့ သူတို့လုပ်ရပ်ကို နှစ်သက်သူလဲရှိ မနှစ်သက်သူလဲရှိပေါ့။
အချိန်ကာလလေးတစ်ခုထိတော့ ဟန်ကျပန်ကျ စားလိုက်သောက်လို်က် သုံးလိုက်ဖြုန်းလိုက်ပါဘဲ။
အဲ မတော်လို့များ ကုမ္ပဏီက သိသွားရင် မရိုးသားဘူး နာမယ်တပ်လို့ အဆင်မသင့်ရင် အလုပ်တောင်ပြုတ်တတ်ပါသေးတယ်။
ဟော ကံကောင်းလွန်းတဲ့ “အလျော့စား” များကတော့ လူတကာအားကျတဲ့ထောဘဲတွေများပါတယ်။
သူတို့ရဲ့ဝင်ငွေနဲ့တွက်ကြည့်ရင် ဘယ်လိုမှမရနိုင်တဲ့ပိုင်ဆိုင်မူ့တွေနဲ့ပေါ့။
ကောင်းတာစား ကောင်းတာစီး ကောင်းတာဝတ် ကောင်းတာလေးတွေနဲ့နေနိုင်သူပေါ့။

စိတ်ဝင်စားစရာ ပို့စ်လေးပါ။ အစအဆုံးကိုတော့ မူရင်းပို့စ်မှာသာ ဖတ်ကြပါလို့။

၁၄။ အတိတ်သို့အလွမ်း
https://myanmargazette.net/53528/creative-writing/poetry-songs

ကဗျာလေးတစ်ပုဒ်ပါ။ ဖေါ်ပြပေးလိုက်ပါတယ်။

သက်ဆိုင်သူတွေလွမ်းကြပါတဲ့……………….
မေ့ထားတာကို သတိတွေရအောင်
လုပ်ရက်တဲ့သူ။
အတိတ်ဟောင်းရဲ့
အလွမ်းတွေကို ပြတ်ဆက်တဲ့
ကိုဖက်တီး ရေ………………..
ဝေးနေတာကြာတဲ့
တက္ကသိုလ်မြေက
မှတ်တမ်းပုံတွေကို ကိုမြင်မိတော့………………………
အင်းလျား
ရေတမာ
ဦးချစ်
သစ်ပုတ်ပင်နဲ့
ဂျဒ်ဆင်
ဘွဲနှင်းသဘင်ခန်းမ
အဓိပတိလမ်းမ
တစ်ခါတစ်လေ မျက်စေ့လည်မှရောက်တတ်
တဲ့စာသင်ခန်း
ညည သီချင်းတွေသွားဆိုတဲ့
အဆောင်များ
ချစ်သူနဲ့ ကြည်နူးဖွဲ့ဆင်ခဲ့တဲ့ခုံတန်းလျား
အလွမ်းစကားတွေနဲ့
လမ်းခွဲစကားဆိုခဲ့တဲ့
မြေနီလမ်း
မိုးရေစက်များ
ရွက်ကြွေများ
တောင်ပိန္နဲသီးအပိုင်းအစများ
ရယ်မောသံများ
ရှိုက်ငိုသံများ
လက်ခုပ်သံများ
တက်ခေါက်သံများ
သီချင်းသံများ
များ………များ……………များ
ကြား………ကြား…………..ကြား
ယောင်လာမိပေါ့ နားထဲမှာ။
ဟိုအရင် တက္ကသိုလ်ရက်များထဲကအသံတွေပေါ့။
အတိတ်ဆိုတာတော့ အတိတ်ပါဘဲ။
ပြန်ပြင်ဆင်လို့မရပေမယ့်
သူ ရင်ထဲကို ခဏခဏ အလည်လာတယ်လေ…………………
ကဲအခြေအနေမပေးလို့ အနေဝေးခဲ့သူလေးရေ
လေးဖြူရဲ့စာမျက်နှာတစ်ဆယ့်ငါး
နားထဲမှာကြားပေမယ့် အသက်အရွယ်အရ
ဆိုမပြရဲတော့တေးသွားအလိုက်ကိုလေချွန်လိုက်ပါတယ်
” ဘယ်ဆီကို မင်းရောက်နေတယ်…………
ဘယ်သူနဲ့မင်းရှိနေမယ်………………………
သတိရပါတယ်…………….လွမ်းမိပါတယ်……………..”

အဲဒီကဗျာလေးပါဗျာ။ အချိန်မရလို့ သုံးသပ်ချက်မပေးနိုင်တာလေး ခွင့်လွှတ်ကြပါဗျာ။

၁၅။ ကျောက်တန်းကရေလည်
https://myanmargazette.net/55735/travel/photography-pictures-galleries-wallpapers-photo-tips

ဓါတ်ပုံလေးတွေပါပဲ။ ထူးဆန်းတာက မန်းသား ရိုက်တဲ့ ရန်ကုန်နားက ဓါတ်ပုံလေးတွေပါဗျာ။

၁၆။ မဟာမြတ်မုနိ ရုပ်ရှင်တော်(ဘုရားကြီး)
https://myanmargazette.net/56002/travel/photography-pictures-galleries-wallpapers-photo-tips
ဘုရားကြီး ဓါတ်ပုံတွေပါ။ ကွန်းမန့်လေးတွေထဲက သူကြီးရဲ့ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်။

kai says:
အမှတ်မမှားဘူးဆိုရင်တော့…
မဟာမြတ်မုနိဆင်းတုသမိုင်းမှာ.. ဆင်းတုတော်ကို…. ဘုရားရှင်ကိုယ်တိုင်ရင်ငွေ့လှုံထားတယ်.. ဘုရားသမိုင်းမှာဆိုတယ်တဲ့..။
ဗုဒ္ဓ ဘုရားရှင်လက်ထက်တော်ကတော့… သူ့ကိုယ်တော်တိုင်ကို လိုက်ကပ်ပြီး.. ကြည်ညိုဖူးမျှော်နေတဲ့ရဟန်းကိုတောင်..”အချည်းနှီးရဟန်း”ဆိုပြီး ဟောက်လွတ်လို့.. အဲဒီရဟန်း… စူဆိုက်လုပ်သတ်သေဖူးတယ်..။
(ဒီအကြောင်း.. ဒီရွာထဲပဲ..ဆရာတော်တပါးနဲ့ပြောဖူးပါတယ်..)
ဂေါတမဗုဒ္ဓကိုယ်တော်တိုင်အနေနဲ့က.. ရုပ်ကိုချည်းကြည်ညိုဖူးမျှော်နေသူတွေကို.. နှစ်သက်တော်မမူဘူးသိသာတယ်…။
“တရားကို မြင်သည်ရှိသော် ငါဘုရားကို မြင်၏ ” လို့မိန့်တော်မူတယ်..။
တကယ်တော့.. လူတွေရုပ်ထုထုတတ်ကိုးကွယ်တတ်တာ.. ဘုရားရှင်ပုရိနိဗ္ဗာန်ပြုပြီး နှစ်ရာချီကြာမှပါ..။
အာသောကမင်းကြီးလက်ထက်မှာတောင်.. ဆင်းတုမထုလုပ်တတ်သေးဘူးမှတ်မိတယ်..။

ဆိုတော့..
မဟာမြတ်မုနိဆင်းတုတော်ကတော့..ရှေးဟောင်းဆင်းတုတော်ပါ..။
အလှူများများခံ..(တတ်နိုင်ရင်) ဘုရားဖူးတိုးရစ်တွေ..တခါဖူးမျှော်ဒေါ်လာ ၁၀ဝ တောင်းပြီး.. ရတဲ့ငွေကို.. ဆင်းရဲနေသူတွေ..ဘဝမြှင့်တင်ပေးတဲ့နေရာမှာသုံးရင်.. ဘုရားချစ်မှာပဲ ထင်မိတာပါပဲ..။
( သီဟိုဌ်က.. ဗုဒ္ဓခြေတော်ရာကို .. အဝတ်စနဲ့အုပ်ထားပြိး..တခါလှပ်.. ၁ဝဒေါ်လာကနေ..၁၀ဝဒေါ်လာအထိ.. တိုးရစ်ဘုရားဖူးတွေကို တောင်းနေပါတယ်..= စကားချပ်)
===
((အနေနီး၍ ဝေးနေသောသူ))
”အလိုကြီး၍ ညှဉ်းဆဲတတ်သော တဏှာအလိုသို့ အစဉ်လိုက်နေသူသည် တုန်လှုပ်မှု တဏှာကင်းသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော် လည်းကောင်း၊ ကိလေသာ မငြိမ်းသူသည် ကိလေသာ ငြိမ်းအေးပြီးသော ထိုမြတ်စွာဘုရား သို့ အစဉ်လိုက်နေသော် လည်းကောင်း၊ မက်မောသူသည် မက်မောခြင်းကင်းသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော် လည်းကောင်း ထိုမြတ်စွာဘုရားနှင့် အလွန့် အလွန်ဝေးသည်သာတည်း၊
(ထိုအခြင်းအရာကို) ရှုပါလော့။
((အနေဝေး၍ နီးနေသောသူ))
အကြင်ပညာရှိသည် သစ္စာလေးပါးတရားကို ဝိပဿနာဉာဏ် အထူးဖြင့် သိ၍ သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့် သိ၍ လေငြိမ်ရာ၌ တည်ရှိသော ရေအိုင် ကဲ့သို့ တုန်လှုပ်မှု တဏှာကင်းသည်ဖြစ်၍ ငြိမ်သက်၏။ တဏှာ ကင်းသော ထိုပုဂ္ဂိုလ်သည် တဏှာ ကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေ ငြားသော် လည်းကောင်း) ငြိမ်းအေးသော ထိုပုဂ္ဂိုလ်သည် ငြိမ်းအေးသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော် လည်းကောင်း) မက်မောမှု ကင်းသော ထိုပုဂ္ဂိုလ်သည် မက်မောမှုကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော် လည်းကောင်း) အလွန့် အလွန် နီးသည်သာတည်း။
(ထိုအခြင်းအရာကို) ရှုပါလော့” ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း …
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။92
၃ – သင်္ဃာဋိကဏ္ဏသုတ်၊ ပဉ္စမဝဂ်၊ ဣတိဝုတ်ပါဠိတော်။

၁၇။ အလန်းဇယားတွေ ဖွင့်လို့ ပွင့်သွားတဲ့ကံစမ်းမဲ
https://myanmargazette.net/58269/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

အခုခေတ်ကြီးမှာ ဘာဘဲလုပ်လုပ်ကံစမ်းမဲထည့်ရင် လန်းသပေါ့ဗျာ။
အဲတော့လဲ ဘယ်နေရာမဆို ဘာလုပ်လုပ်လုပ် ကံစမ်းမဲထည့်လို့ ပွင့်အောင်ဖွင့်ကြတော့တာပါဘဲ။
နောက်ဆုံး အလှူအတန်းလုပ်တဲ့နေရာမှာတောင် လာတဲ့ဧည့်သည်ကို ကံစမ်းမဲဖွင့်ပေးတဲ့အထိကို
ခေတ်စားလာပါတယ်။
ဒါပေမယ့်လည်း ကံစမ်းမဲကြောင့်လန်းသွားတာတွေရှိသလို၊
ကံစမ်းမဲအထည့်ကောင်းလို့ ဂွမ်းသွားတာတွေလဲ ရှိတတ်ပါတယ်။

ကိုပေါက်ရေးတဲ့ ကံစမ်းမဲ အကြောင်းလေးပါဗျာ။

၁၈။ သီချင်းငှက်လေးတစ်ကောင်နှင့်
https://myanmargazette.net/61192/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
ထူးအိမ်သင် ကွယ်လွန်ခြင်း ရ နှစ်ပြည့် ကိုပေါက်ရဲ့ ဆောင်းပါးလေးပါ။ ထူးအိမ်သင် ချစ်သူတွေ ဖတ်ကြဘို့ပါ။

၁၉။ လမ်းဘေးနားက ပန်းနဲ့တူသော ထမင်းဆိုင်
https://myanmargazette.net/63280/travel/local-guides
ထမင်းဆိုင်လေး တစ်ဆိုင်အကြောင်းရေးထားတာပါဗျာ။ ဗိုက်တောင်ဆာလာပြီဗျို့။

၂၀။ ဆာသော်နှင့်ဘောစမျိုးများ တွေ့ဆုံခြင်း
https://myanmargazette.net/64059/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

၂၁။ ဘောစမျိုး၏ ညွှန်ကြားချက်များနှင့် ဆာသော်၏ မဟာဗျူဟာများ
https://myanmargazette.net/65358/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

၂၂။ “ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း ” (ပထမပိုင်း- ကလေးဘဝနဲ့ဓါတ်ရှင်)
https://myanmargazette.net/66365/creative-writing/my-dear-diary

၂၃။ စည်းမဲ့ကမ်းမဲ့ (ဝမ်းဝေးနဲ့ မန္တလေး)
https://myanmargazette.net/66365/creative-writing/my-dear-diary

၂၄။ တစ်စေ့တစ်ဆုပ် တစ်မှုတ်တစ်ခွက်
https://myanmargazette.net/70659/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

အင်မတန်ကောင်းတဲ့ ကိုပေါက်ရဲ့ ၂၀၁၁ လက်ရာလေးတစ်ခုပါ။ ကျွန်တော် ဘလက်ချော ရေးခဲ့တဲ့
ကွန်းမန့်လေးကို ပြန်ဖတ်လိုက်ရင် ဒီပို့စ်ရဲ့ ရည်ရွယ်ချက်လေးကို သိမှာပါ။ ဖတ်ကြည့်ပါဗျာ။

blackchaw says:
“ကုန်နိုင်ရုံထည့် လိုသလောက်သုံး” ဆိုတာလေးကို
လိုက်နာနိုင်အောင် ကြိုးစားသွားပါတော့မည် ဖြစ်ကြောင်း ကိုပေါက်သိစေအပ်ပါသည်။

၂၅။ ဖြစ်သင့်တာတွေပြောကြရအောင် အမှတ်တစ် (ရပ်နားခနဲ့ မန္တလေး)
https://myanmargazette.net/71325/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

၂၆။ တစ်သက်မမေ့ခဲ့တဲ့ လက်ဖွဲ့ခုံ
https://myanmargazette.net/76152/creative-writing/my-dear-diary
လက်ဖွဲ့ခုံထိုင်ပေးတဲ့ လူတစ်ယောက်ရဲ့အတွေ့အကြုံကို ရေးထားတာပါ။ ကိုပေါက်ရဲ့ လက်ရာကောင်းလေးတစ်ခုပါဗျာ။

၂၇။ ရွာကိုပြန်လာကြပါဗျိုး။
https://myanmargazette.net/76278/creative-writing/poetry-songs

ဒါလေးကတော့ ၂၀၁၁ ခုနှစ်အတွင်း ကိုပေါက်ရဲ့ လူကြိုက်အများဆုံး ကဗျာတစ်ပုဒ်ပါ။ ကွန်းမန့်ပေါင်း ၆၉ ခု ရှိခဲ့တဲ့ ပို့စ်ပါ။
ကျွန်တော်ရေးတဲ့ ပို့စ်လေးတစ်ခုကို ဖတ်ပြီး ရေးတယ်ဆိုလို့ ဂုဏ်ယူပါတယ်ကိုပေါက်ရေ။
ကဗျာလေးက ရွာကိုချစ်သူတစ်ယောက်ရဲ့ အသံလေးမို့ အစအဆုံးဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

ဟိုအရင် လွန်ခဲ့ပြီဖြစ်တဲ့
ရက်ဟောင်းများမတော့ ၊
ငြင်းကြခုန်ကြ
အပြင်မှာ ဖြစ်ခဲ့တဲ့
မကြင်နာအငြိုးတွေနဲ့
ရွာထဲကိုဝင် ဇွတ်အတင်းကို
ရန်ပွဲတွေခင်းကြ။
အချိူ့များကြပြန်တော့လဲ
သူကြီးစကား ဘာသာပြန်မှားပါလို့ ။
မတူတဲ့အတွေးတွေနဲ့ မရေးဘဲ
မတူတဲ့အမြင်တွေနဲ့
ကိုယ်လက်ခံတဲ့ပေတံ၊ကိုယ့်စံတွေနိုင်းလို့
မမောနိုင် မပန်းနိုင် ဘဲ
ငြင်းကြ ခုန်ကြ။
စိတ်ပေါက်ပေါက်နဲ့ကိုဟဝှာ
ဆဲလိုက်တာကို၊
ရွာပြင်ထုတ်ရေးမထုတ်ရေး
အလေးအနက်ကြီးဆွေးနွေး၊
အခုတော့လဲ ကိုအဝှာကလည်းဆဲမြဲ့ပါဘဲ။
ဆဲတယ်ဆိုတာကလဲ
မပြင်နိုင်တဲ့သူ့အကျင့်
အချစ်များ ယာယီ ဆိတ်သုဉ်းချိန်လေးမှာတော့၊
နားရွက်တံတွေးဆွတ်သူကဆွတ်လိုဆွတ်
လက်မညောင်းသမျ လက်ခမောင်းထခတ်သူကလဲခတ်
တစ်ယောက်နဲ့တစ်ယောက်
စိတ်ကောက်ပြ ထိပ်ခေါက်ကြနဲ့
ခဏလေးတော့ ဂယက်ထ
အမှိုက်သရိုက်တွေရှိနေသဟာ
လေလာတော့ ပွထသွားသလို။
ကျနော်တို့ချစ်ရတဲ့ရွာကလေး………………………….
ယာယီတော့ အရုပ်ဆိုးသွားပါသေးတယ်။
အခုများမတော့ သာယာ
ကောင်းသောလာခြင်းနဲ့ရေးဖွဲ့တဲ့ ပို့စ်တွေကလဲ
တစ်ရက်ထက်တစ်ရက် တစထက်တစ များ…… များလို့လာ၊
သဘာဝအလှ ၊ဒေသန္တရဗဟုသုတ၊
ပန်းလေးများတွေရဲ့အလှ၊
မရှိမဖြစ်လိုအပ်လှပါသော၊
လောကကြီးရဲ့သတင်းများ
ချစ်ခြင်းအားဖြင့်ဝိုင်းပံ့ပိုးကြတာကတစ်ကြောင်း၊
မုဒိတာ အခြေခံထား
တစ်ယောက်ရေးတာ တစ်ယောက်ဖတ်
သင့်မြတ်မှန်ကန်တဲ့ကော်မင်းတွေပေးကြဆိုပြန်တော့
မိုးရွာပြီးစ နံနက်ခင်းလို
သန့်ရှင်းလန်းဆန်း ခြင်းနဲ့ကျက်သရေတွေဝေ
လက်ရှိကျနော်တို့ရွာလေးရဲ့ အခြေအနေပါဘဲ။
အဲသဟာကြောင့်ဗျာ……………….
ပျော်ရွှင်ဘွယ်ရာ ရွာကလေးနဲ့
ခဏလေး ဝေးနေသူတွေ၊
စိတ်ကောက်လို့ကိုယ်ယောင်ဖျောက်နေသူတွေ၊
စိတ်ပေါက်လို့ မလာချင်သူတွေ၊
စိတ်တိုလို့ မဝင်တော့တဲ့သူတွေ၊
စိတ်ကုန်လို့အရိပ်အယောင်တောင်မပြတဲ့သူတွေ၊
အားလုံးကို ဒီနေရာကနေ
လာတော်မူကြပါလို့
ရွာပီပီဗျို့ဟစ်လို့အော်
ဖိတ်ခေါ်လုိုက်ပါသဗျိုး……………………………..။
(ဘလက်ကောင်ရဲ့အနက်ရောင်အတွေးများကိုဖတ်ရင်း ဒီကဗျာလေးဖြစ်သွားပါတယ်။)

၂၈။ နွေးသီး
https://myanmargazette.net/77507/creative-writing/short-story
ဒါကတော့ ကိုပေါက်ရဲ့ အောင်မြင်တဲ့ ဝတ္ထုတိုရေးသားမှု တစ်ခုပါဗျာ။ ၂၀၁၁ ကိုပေါက်ရဲ့ မှတ်တိုင်တစ်ခုပါ။

၂၉။ ကိုပေါက်လမ်းသလားနေသည် ၂၅ (တမိုးတမြေအောက်က တောင်ကွဲစေတီ)
https://myanmargazette.net/77509/travel/local-guides
ဒီပို့စ်လေးကတော့ ဓါတ်ပုံလေးတွေပါ။ လွိုင်ကော်မြို့ရဲ့ တောင်ကွဲစေတီ ပုံလေးတွေပါ။
ကိုပေါက်ရဲ့ လမ်းသလားနေသည် စီးရီးမှာ ကျွန်တော်အကြိုက်ဆုံး ပို့စ်လေးပါလို့။

၃၀။ ကြားကောင်းရုံသက်သက်
https://myanmargazette.net/78184/creative-writing/poetry-songs
တွေးစရာတွေ ပေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။

၃၁။ အသစ်အသစ်သော
https://myanmargazette.net/78782/creative-writing/short-story
လူကြိုက်များခဲ့သော နွေးသီး ပို့စ်လေးရဲ့ အဆက် ဇာတ်သိမ်းဖြစ်ပါသည်။

၃၂။ ပရောကျစ်နိဒါဏ်း
https://myanmargazette.net/79604/creative-writing/my-dear-diary
၃၃။ ပရောက်ကစ်မယ် ကြော်မယ် ကစ်မယ်
https://myanmargazette.net/79632/creative-writing/my-dear-diary
၃၄။ မန်းလေး လမ်းဘေးက ပုရစ်ကြော်
https://myanmargazette.net/79683/travel/local-guides
ဒီပို့စ်လေး သုံးခုကတော့ ကိုပေါက်ရဲ့ နာမည်ကြီး ပုရစ်စီးရီးပဲဖြစ်ပါတယ်။

၃၅။ အထူးလူအထူးနေရာ
https://myanmargazette.net/79952/creative-writing/my-dear-diary
ကိုပေါက်ရဲ့ VIP အကြောင်းရေးထားတဲ့ ပို့စ်လေးပါ။
၃၆။ မ မီဒီယာ တည်ကြည်ပါ။
https://myanmargazette.net/81495/creative-writing/my-dear-diary
ဒါလေးကလည်း ကိုပေါက်ရဲ့ အကျိုးပြုပို့စ်လေးပါ။

၃၇။ ထမီချွတ်၏ မချွတ်၏
https://myanmargazette.net/82227/creative-writing/my-dear-diary
၃၈။ ကျနော်လည်း တစ်နေ့ ဒီလိုပဲ
https://myanmargazette.net/83243/travel/photography-pictures-galleries-wallpapers-photo-tips
၃၉။ ဆိုင်ရှင်ရှိ၏ မရှိ၏ တန်ဘိုးထား၏ မထား၏
https://myanmargazette.net/83759/creative-writing/my-dear-diary
သူကြီးရဲ့ sticky ပို့စ်လေးပါ။ ကိုပေါက်ရဲ့ ရွှေလက်ရာပါဗျာ။
၄၀။ မျှော်လင့်ထား၏ မထား၏ အသင့်ဖြစ်၏ မဖြစ်၏
https://myanmargazette.net/84634/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

ကိုပေါက် ပို့စ်တွေက တော်တော် များပါတယ်။ ဖတ်သင့်တယ်ထင်တာလေးတွေကိုရေးပြီး လင့်လေးတွေ ကော်ပီလုပ်ပေးထားတာပါ။
ဖွင့်လို့ မရရင်လည်း ပြောကြပါဦးဗျာ။ လိုအပ်တာလေးတွေလည်း ညွှန်ပြကြပါဦးလို့ ပြောကြားရင်း ကျွန်ုပ်ဘလက်ကို နှုတ်ဆက်ခွင့်ပြုပါခင်ဗျာ။

33 comments

  • weiwei

    December 22, 2011 at 2:24 pm

    ကိုပေါက်ဆိုသည်မှာ ဂေဇက်ရွာက သက်တော်ရှည်ဘိုးဘိုးကြီးပေါ့ …
    အသက်ကြီးပေမယ့် လက်ဆော့တာ ဝါသနာပါတယ် …
    လူကကြမ်းပေမယ့် စိတ်ကနုတယ် …
    အရပ်သိပ်မရှည်ပေမယ့် စာရေးရင်ရှည်ရှည်ရေးတယ် …
    အတွေးပါးပါးလို့ နံမည်ပေးထားပေမယ့် အတွေးထူထူတွေရေးတယ် …
    အေးအေးနေတတ်ပေမယ့် ရန်တွေ့ရင်အကွက်စေ့တယ် …
    ………….

  • hmee

    December 22, 2011 at 2:29 pm

    လေးပေါက်ရဲ့ အတွေးပါးပါးလေးကို အမြဲအားပေးသလို လေးပေါက်ရဲ့ လက်ဆော့တွေ ကြည့်ပြီး ကိုယ်ပါ ခရီးသွားတိုင်း လက်ဆော့တတ်လာတာ အမှတ်တရပါပဲ။ စာသမားကိုပေါက်နဲ့ အရက်သမားကိုပေါက်ပို့စ် ဖြစ်လာပုံက နောက်ခံ သမိုင်းကြောင်းလေးရှိတယ်။ အဲ့စာကို ဖတ်ပြီးတော့ အော် ကလောင်စွမ်းများ ဓါးသွားထက် တကယ်ထက်ပါလားလို့ လက်တွေ့သိလိုက်ရတဲ့ တကယ်ကို နှစ်သက်ခဲ့ရတဲ့ စာလေးပါပဲ။

  • MaMa

    December 22, 2011 at 2:56 pm

    ကိုပေါက်နဲ့ ဂေဇက်ရွာဆိုတာ ခွဲခြားလို့ မရတဲ့ အရာတွေပဲလို့ ထင်မိတယ်။
    ဂေဇက်ဟာလည်း ကိုပေါက်ပါမှ
    ကိုပေါက်ဆိုလည်း ဂေဇက်လာမှ။ 🙂

  • တညင်သား

    December 22, 2011 at 2:58 pm

    ဒီရွာမှာ မန်ဘာ မဝင်ခင်ကတဲ က ကိုပေါက်ရဲ့ ” နှလုံးသားကိုဖောက်ပြီး နားစည်မှာဆွဲ “(မှားနေပါတယ် သူ့ပိုစ့်ခေါင်းစဉ်တွေက ခပ်ဆန်းဆန်းရယ် 😛 :P) ပိုစ့်တွေကို အခန်းဆက်အနေနဲ့ နေ့တိုင်းဖတ်ခဲ့ပါတယ်…နောက်တော့ ရွာတော်ရှင် ဒေါ်ဝေဝေ ရေးသားတာတွေ ဖတ်ဖြစ်တယ် ဦးဘပုတို့ ဥကြောင်ကြီးတို့ ကွန်မန်းတွေကိုဖတ်ရင်း သဘောကျ ၍ မန်ဘာ ဝင်ဖြစ်ခဲ့ပါတယ်..စာရေးတက်လို့မဟုတ်ပါဘူး စာရေးနေသောသူများ အားရှိအောင် ရေးချင်စိတ်များဖြစ်ပေါ်အောင် ပရိသတ်တဦးအနေဖြင့် ကွန်မန်းတွေ ပေးဖြစ်ခဲ့ပါတယ်..နောက်ပိုင်းတော့ ကိုဘလက် အခု လက်ရှိမြင်တွေ့ နေရတဲ့ တိုက်ခိုက်မှု တွေ ညစ်ညမ်းမှု တွေကို မလိုလားလို အသာအယာနောက်ဆုပ်နေခဲ့ပါတယ်…ကိုပေါက်(မန ္တလေး) က ကျွန်တော် လေးစားရတဲ့ ပိုစ့်အရေးကောင်းသူပါ ခင်ဗျားးးးးး

  • ဆူး

    December 22, 2011 at 3:11 pm

    ကိုပေါက် အမြင်ထောင့် စောင်းစောင်းလေးတွေ ကျန်ခဲ့သေးတယ်။
    ကိုပေါက် ကတော့ ဒီရွာက ဆောင်းပါး အဝယ်ခံရတဲ့ နာမည်ကျော် သက်တော်ရှည် ဘိုးဘိုးကြီးပါပဲ။
    ရွာသက် အရဆိုလျှင် ကိုပေါက်က ဆူး ထက်တောင် ဝါကြီးပါသေးတယ်။
    တချိန်က ရွာထဲမှာ နားစည်ထိုးထွင်းတဲ့ ပိုစ်တွေ အပိုင်းပေါင်းများစွားနဲ့ အတွဲလိုက် တင်တင်နေတာ အမြဲမြင်မိတယ်။
    မယုံမရှိနဲ့နော်.. ဒီရွာထဲမှာ မန်ဘာဖြစ်သွားတာ ကိုပေါက် စာတွေ ဖတ်ပြီး ကွန်မန်းပေးချင်လို့ ကိုပေါက် ကို ခင်လို့ ဆိုပြီး မန်ဘာ လုပ်တဲ့ လူငယ်တွေ တော်တော် များများ ရှိတယ်။
    ရွာသမိုင်းကြောင်း ပြန်လှန်ရလျှင်တော့ တိတ်ဆိတ်နေတဲ့ ရွာလေးကို ခြောက်ကပ်မသွားအောင် ရေလောင်းပေးခဲ့တဲ့ မဟာပုဂ္ဂိုလ်ကျော် ကဗျာ သီချင်း အကုန်သိတဲ့ ပညာရှင်ထဲက ပညာရှင်တယောက်ပါပဲ။
    အဓိကတော့ အတွေးအခေါ်ပိုင်းမှာ အနုပညာဆန်ဆန် တွေးခေါ်တတ်တဲ့ စာရေးဆရာ တယောက်လို့ ပြောရမှာပါပဲ။ ကိုပေါက် နဲ့ ယှဉ်လိုက်ရင် ဆူး ဆိုတာ အလွန်သိမ်ငယ် သေးနုပ်သွားပါလိမ့်မယ်။ ဆူး ကိုယ်တိုင်က အခုထိ စာရေးဆရာ တယောက်လို့ ကိုယ့်ဟာကို မခံယူတဲ့ အတွက် များများ တွေးပြီး များများ ရေးနိုင်တဲ့ လူမျိုးကို လေးစားပါတယ်။
    အခုတလော ကိုပေါက် တင်တဲ့ လျှောက်ခြစ်ထားတဲ့ ပုံတွေ မြင်ရင် တော်တော် အသည်းယားနေတာ.. အဲလိုလည်း အများမမြင်တဲ့ ထောင့်စောင်းစောင်းလေးတွေ မြင်တတ်ပြတတ်တယ်.. ထူးချွန်မှု နဲ့ ပါးနပ်မှု တွဲလျှက် ရှိနေတယ်လို့ ဆိုရမယ်။

  • နွယ်ပင်

    December 22, 2011 at 3:28 pm

    လေးပေါက်ဆိုတာ ဒီရွာအတွက်မရှိမဖြစ်ပေါ့
    လေးပေါက်ရဲ့ SnapShot မဟုတ်တဲ့ လက်ဆော့တာတွေကလည်း
    တကယ့်ကို ဒီရွာရဲ့ ပြယုဒ်တစ်ခုပါပဲ ……..

  • နီကီတာ

    December 22, 2011 at 3:32 pm

    ဆွဲထုတ်ပြန်ပြီ နောက်တစ်စ
    နီကီတာတို့လို လူသစ်တွေ ပြန်ဖတ်လို့ရအောင်
    ညွှန်းပေးနေလို့ ကျေးဇူးပဲ ဗျို့….

  • kai

    December 22, 2011 at 3:39 pm

    သတင်းစာကို.. နှစ်မကုန်ခင်ထွက်အောင်လုပ်နေရင်း.. တဖက်က.. ပို့စ်တွေဖတ်နေတာပါ..။
    ဆိုတော့..
    တံခါးမှုးကတော့… ရွာထဲဝင်လာပြီး.. တယောက်စီဆွဲထုတ်ပြနေတာ.. သတိထားမိပါရဲ့..။
    နှစ်ကူးတော့မှာမို့.. ရွာဆော်လုပ်..ကြေငြာ.. မောင်းခတ်လို့လည်းနေသပေါ့..။
    ကျေးဇူးဗျာ..။

    ကိုပေါက်အကြောင်းအောက်မှာမို့.. နည်းနည်းတော့တို့သွားလိုက်မယ်..။
    ကိုပေါက်က.. အင်မတန်မှတ်မိ..မှတ်ဉာဏ်ကောင်းသူတယောက်ရယ်လို့ အသိအမှတ်ပြုမိတာလေးပါ..။
    သီချင်းတွေလည်း.. အမည်တွေနဲ့..စာသားတွေတွဲသိ..။
    အဲ..နောက်ပြီး.. အကြောင်းအရာတွေကို.. .. တော်တော်ကို… အသေးစိတ်လိုက်နိုင်..သိနိုင်သူ..

    မန္တလေးသား စစ်စစ်ကြီးပေါ့…။ 😆

  • pooch

    December 22, 2011 at 4:21 pm

    လေးပေါက် စာတွေက ညက်ညက်လေးနဲ့ စကားလုံး အလှလေးတွေနဲ့ ဖွဲ့ထားတတ်ပါတယ်…
    လေးပေါက်ရဲ့ရသစာကို ဖတ်ပြီးတိုင်း ဖတ်တဲ့သူတိုင်းကို အတွေးတခု ထည့်ပေးတတ်ပါတယ်..
    အရင်က လေးပေါက် ပုံတွေကို လေးပေါက် gallery ဆိုပြီး သိမ်းဖူးပါတယ် ဗိုင်းရပ်စ် ကိုက်လို့ အကုန်ပါသွားတာပါ…

  • ဒီပိုစ်ကိုဖတ်ရင်း ကျနော်မျက်ရည်ဝဲသွားပါတယ်။
    ပီတိတွေက ကျနော့် နှလုံးသားကိုရိုက်ခတ်လာလို့ပေါ့။
    အားလုံးကိုဖော်မပြနိုင်အောင် ကျေးဇူးတင်ပါတယ်။
    ကျနော်ဂေဇက်မှာ စာရေးရကြိုးနပ်ပါပြီ။

    • nozomi

      December 22, 2011 at 6:45 pm

      မျက်ရည်ဝဲလက်စနဲ့ ကျွန်တော်အတွက် ပိုဝဲ ပေးပါဦး
      ကျွန်တော်လဲ ဦးပေါက် ပရိသတ် မို့ပါ
      တစ်ခါတစ်လေ မမန်းဖြစ်တာတွေ ရှိပေမဲ့ ဦးပေါက်စာတွေ အားလုံးဖတ်ပါတယ်

      ကဲကဲ ဦးပေါက် အခု မဝဲ နဲ့တော့ ၊ မဝဲစကောင်း ဝဲစကောင်း ဦးပေါက် ရယ်

    • windtalker

      December 22, 2011 at 7:44 pm

      ပေါက်မျက်ရည်ဝိုင်း တာ
      ပေ့ကြောင့်တော့ မဟုတ်ရပါဘူးနော်
      ဟီဟိ

  • aye.kk

    December 22, 2011 at 6:49 pm

    ကိုပေါက်ရဲ ့စိတ်ပြူတင်းပေါက်လေးတွေတစ်ခုမကျန်ဝင်ရောက်လို့..အမြဲလာလယ်နေပါ့မယ်..
    စိတ်မှာအမြဲနီးကပ်ကာလေးစားခင်မင်နေပါကြောင်းပြောပြလိုက်ပါရစေ..။

  • ပေါက်ဖော်

    December 22, 2011 at 7:33 pm

    ဆွဲသာဆွဲ..ဆွဲသာဆွဲ
    ဘလက်ကြီးကတော့ ဆွဲမှာပဲ….(ဆွဲထုတ်သင့်တဲ့ ပို ့စ်တွေကို ပြောပါတယ်)

    ကျနော်တောင် အားကျလို ့..ဦးပေါက်ဆီက “ ပေါက်” တစ်လုံး မ.ထားတာ..ငွှ..ငွှ..ငွှ..
    😆
    အဲလောက်ထိပါပဲ..လေးစားပါ၏ဗျာ..

  • KING

    December 22, 2011 at 7:49 pm

    လေးပေါက် ဆိုတာ
    ကျွန်တော် မန်ဘာမဝင်ခင်ကတည်းက ဂေဇက်မှာ ဖတ်နေရတဲ့သူပါ
    ပုံလေးတွေနဲ့ တင်ဆက်ပုံလေးတွေကို သဘောအကျဆုံးဗျ
    ကျွန်တော်လည်း သူ့လို ရိုက်တတ်ချင်လိုက်တာလေ
    သူနဲ့ ကျွန်တော်နဲ့ ဖုန်းအဆက်အသွယ်ရတော့ ကိုပေါက် ဆိုတာ ဘယ်လိုပုံမျိုးလဲ ဆိုတာ
    စိတ်ကူးယဉ်ကြည့်မိတယ်ဗျ
    အပြင်မှာတွေ့တော့ စိတ်ကူးထဲက ပုံနဲ့ လွဲတယ် (ဘယ်လိုစိတ်ကူးလဲဆိုတာတော့ ပြောမပြတော့ဘူးးး)
    လူချင်းတွေ့တော့ နောက်ထပ် သူဆက်လုပ်မယ့် အကြောင်းအရာတွေက ကျွန်တော့်ကို အံ့အားသင့်စေ အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ လေးပေါက်ပါဗျာ …..

  • captainamerica

    December 22, 2011 at 8:02 pm

    ကိုပေါက်ဆိုတာဒီဂေဇတ်ထဲက ကျွန်တော်လေးစားလို.ရတဲ့လူတစ်ယောက်ပါ
    အကိုစာထဲမှာဘယ်သူ. ဘယ်သူကိုတိုက်ခိုက်တာတွေမပါဘဲတစ်ကယ်
    ကိုအတွေးပါးပါးလေးတွေရသာွးစေတဲ့တစ်ကယ်ကိုအနုပညာဆန်တဲ့
    စာတွေကိုပဲသန်.သန်.လေးရေးတတ်တဲ့အနုပညာသမားစစ်စစ်တစ်
    ယောက်လို.ကိုမြင်ပါတယ်။အကိုပို(စ်)တွေ၊ပုံတွေဟာလည်းအနုပညာ
    ရသတွေမြင်တတ်အောင်ကြည့်ရင်အများကြီးပါ ပါတယ်။မမှီပြောသလိုပဲ
    အရက်သမားကိုပေါက်နဲ. စာသမားကိုပေါက်ပို(စ်)ကိုှဖတ်ပြီးအကို. ကို
    ကျွန်တော်လက်ဖျားခါအောင်လေးစားသာွးမိတယ်။အကိုအဲ့ပို(စ်)က
    အရမ်းယဉ်ပြီးပညာသားအရမ်းကိုပါတယ်။

  • “နားစည်ကိုထွင်းနှလုံးအတွင်းဝင် သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော”
    (ဆရာငြိမ်းကျော်ကိုအားကျလု့ိ တုပပြီးပေးထားတဲ့ခေါင်းစဉ်လေးပါ)။
    အဲဒီပိုစ်လေးက မြန်မာ့သီချင်းတွေနဲ့ပါတ်သက်တဲ့ ပိုစ်လေးဖြစ်ပါတယ်။
    2010ခုနှစ်ဇူလိုင်တစ်လလုံးဒီပိုစ်ကို ရေးပါတယ်။
    ကျနော့်ကို လူသိများသွားစေတဲ့ပိုစ်လဲဖြစ်ပါတယ်။
    သူကြီးက ဒီရှည်လွန်းတဲ့ပိုစ်ကို အနှစ်ချုပ်ရေးပေးပါလို့ပြောပြီး ဝယ်လိုက်ပါတယ်။
    အဲဒီပိုစ်ကို “နှလုံးသားအတွင်းမှ စီးဆင်းလာသော ဂီတပန်းပွင့်များ”ဆိုတဲ့အမည်နဲ့သူကြီးက
    မန်းလေးဂေဇက် သတင်းစာမှာ ပြန်လည်ပုံနှိပ်ပေးခဲ့ပါတယ်။
    တစ်လက်စထဲ သူကြီးကိုဆီခွင့်တောင်းလိုက်ပါအုံးမယ်။
    မန်းလေးမြို့က စားသောက်ဆိုင်ပုံလေးတွေကို ဒီဆိုက်ထဲမှာ ပြန်တင်ချင်ပါတယ်။
    သူကြီးတောင်းဆိုလို့ ရိုက်ပေးထားခဲ့တဲ့ပုံလေးတွေမို့ပါ။
    ခွင့်ပြုမယ်လို့လဲထင်ပါတယ်။
    အားလုံးကို ကျေးကျေးပါ။

    • kai

      December 22, 2011 at 11:41 pm

      တင်ပါဗျာ..
      သတင်းစာက..စာမျက်နှာအကန့်အသတ် ရှိတာမို့..ပုံတွေအကုန်မထည့်ခဲ့နိုင်တာမို့ပါ..။

  • nature

    December 22, 2011 at 10:10 pm

    ကိုပေါက်ဆိုတာရွာထဲမှာ ရာဇဝင်တွင်မဲ့သူရဲကောင်းတယောက်ပါ။

    • ဆူး

      December 23, 2011 at 12:23 pm

      ဒီရွာရဲ့ သက်တော်ရှည် ဘိုးဘိုးကြီးပါ။
      ပုဝါတွေ ဆေးလိပ်တွေ ဆပ်စရာ မလိုပါဘူး ကွန်မန်းလေး ဆက်ရင်ပဲ အဆင်ပြေပါတယ်တဲ့။ ဟိဟိ..

  • thit min

    December 23, 2011 at 8:09 am

    ကိုပေါက် ဆိုတာ
    စာကိုရေးရတာအလွန်နှစ်သက်သူ၊ စာရေးဆရာဘဝကိုမြတ်နိုးသူ လို့ကျနော်သိထားပါတယ်။
    သူ့ရေးတဲ့စာတွေမှာအားစိုက်ထားမှန်းသိသာလှပါတယ်။
    ဒါ့ကြောင့်စာရေးကောင်းတယ်ဆိုတာပြောစရာတောင်မလိုဘူးပေါ့။

  • Yin Nyine Nway

    December 23, 2011 at 8:10 am

    ကိုပေါက်ကတော့ ရင်ငြိမ်းအတွက် ပိုပြီး မေ့စရာမကောင်းင့်တဲ့လူပါ
    ဘာလို့လဲဆိုတော့
    သူရေးတဲ့ နွေးသီး ဆိုတဲ့ပို့စ့်က
    ရင်ငြိမ်းကို လူပိုသိသွားစေပြန်ရော
    ဖတ်တဲ့သူတွေ တော်တေ်ာများများက
    ဒါ နင့်အကြောင်းလားလို့ တော်တော်များများ လာမေးတက်လို့ပါ
    ၈ဇတ်မှမဟုတ်ဘူး
    ချောကလက်မြို့တော်
    ချစ်သူရင်ခွင် စတဲ့ ဆိုဒ်တွေမှာပါ
    ရင်ငြိမ်းက နွေးသီး နာမည်နဲ့ဝင်ထားတဲ့အတွက်
    အဲဒီပို့စ့်ကို မြင်တိုင်း နွေးသီး နင်လားလို့ မေးမေးတက်ပါတယ်
    ကိုပေါက်ပြောတဲ့ စကားလေးတခွန်းက
    ” ကျွန်တေ်ာ နွေးသီး ဆိုတဲ့ နာမည်ကို ကြားတော့ စာရေးချင်တဲ့ စိတ်လေး ဖန်တီးချင်တဲ့စိတ်လေး ပေါက်သွားလို့ပါ ” ဆိုတာလေးက အခုထိ မေ့မရအောင် ဝမ်းသာမိတာ အမှန်ပါ….
    ကျေးဇူးအထူးတင်ပါတယ် ကိုပေါက်

  • Moe Z

    December 23, 2011 at 8:34 am

    မနက်စောစော ကွန်ပြူတာဖွင့်လိုက်လို့် လေးပေါက်ဓာတ်ပုံတင်ထားရင် အရင်ဆုံးကြည့်မိတယ်
    ကြားထဲမှာလည်း အလုပ်လုပ်ရင်းမျက်စိညောင်းရင် ထပ်ကြည့်မိတယ်
    သဘာဝရှုခင်းတွေကို အရမ်းသဘောကျလို့လေ

    ဒါနဲ့စကားမစပ် လေးပေါက်ရေ မိုးစက်မန္တလေးလာရင် ဆိုင်ကယ်တစ်စီးလောက်ဝယ်ပေးပါလားဟင်
    😀 😀 😀

  • ဆိုင်ကယ်ဝယ်မယ်ဆိုရင် အထွေထွေအကျိုးဆောင်လုပ်ငန်းလုပ်တဲ့
    ကျောက်သူဌေး ကျနော့်ချစ်ညီလေး မောင်ပေ က အကုန်ကူညီပေးပါလိမ့်မယ် မိုးစက်ရေ။

  • kotun winlatt

    December 23, 2011 at 9:13 am

    လေးစားရပါသည်…ကိုပေါက်ရေ…
    ကျနော်မန်းလေးလာရင် ဆိုင်ကယ်လည်းဝယ်မယ်
    ကျောက်စိမ်းလည်းးလာရောင်းမယ်နော်
    ကိုပေကိုလည်း ပြောပေးထားပါဦးခင်ဗျာ…

  • ကြောင်ကြီး

    December 23, 2011 at 12:27 pm

    ကိုပေါက်ဆိုတာ ကြောင်ကြီးရဲ့ ဦးလေးဖြစ်ပါတယ်။ ကြောင်ကြီးဂျီးတော် အပျိုဂျီး အသေစောသွားလို့ သူ့ခင်ဗျာ မကျေမချမ်းဖြစ်ပြီး သူ့တူမချောချောလေးကို ကြောင်ကြီးနဲ့ သဘောတူလိုက်ပါတယ်။ ဒါကြောင့် ရွာထဲမှာ ဦးပေါက်ကို ပြူးချောက်လိုသူများ ဒူးအထောက်ခံရမယ်လို့ ကြိုပြောထားပါရစေ။

    • windtalker

      December 23, 2011 at 12:36 pm

      လိပ်တက် အင်ဖော်မေးရှင်း အရ
      ကိုပေါက် က အပျိုပေါက်မှ အပျိုပေါက် ဘဲတဲ့….

  • kotun winlatt

    December 23, 2011 at 12:44 pm

    ကိုပေါက်..
    အပျိုပေါက်…
    ဟိုတစ်ယောက်
    ငိုပေါက်…
    ဖြစ်နေပါဦးးမယ်ကွယ်…

  • လင်းဝေ

    December 23, 2011 at 2:18 pm

    (ကိုပေါက်က အပြင်မှာ ပြောတာတွေ ဒီထဲမှာ ပြန်ပြောတာ မကြိုက်ဘူးဗျ။)
    ကိုပေါက် က အရက်သမားသာ ဆိုတယ် ဝိုင်ပဲ သောက်တယ်ဗျာ။
    ဒါပေမယ့် တကယ့် အရက်သမားစစ်စစ်ကြီး။ အရက်အတွက် လှေတောင် ၂ရသိန်းနဲ့ ငှားမယ်ဆိုလား။
    ဘိုးတော်ပေါက် ( တို့က တစ်မတ်နဲ့ နယ်ချင်သလိုနယ်ခဲ့တာ ဆိုတာ လုံးဝမှတ်သားထားပါတယ်။ )
    တကယ်တော့ ကိုပေါက် ဆိုသည်မှာ …….. ခင်မင်ဖွယ်ရာ ဦးလေးကြီးပါဗျား။
    ဂေဇက်ပေါ်မှာ ဆုံပြီး ခင်မင်ရတာကို ဝမ်းသာမိပါတယ်။

  • ကိုလင်းရေ
    အခုအချိန်မှာတော့ တစ်ခါတစ်လေ ကျည်များအ နေပြီလားလို့
    …………………………………………………………

  • snow smile

    April 30, 2014 at 1:08 pm

    တ ကယ် တော့ ကျွန် မ လဲ လေး ပေါက် ကြောင့်
    ရွာ ကို သိ လာ သူ ပါ
    လေး ပေါက် ကြောင့် လဲ စာ ရေး ဖြစ် တာ ပါ
    ရွာ တော် ရှင် ဘိုး ဘိုး ကြီး ဆို တာ တော့
    ခု မှ သိ တာ
    :))))))
    ဘိုး ဘိုး ကြီး အား လေး စား ပါ ၏

  • alinsett (gazette)

    April 30, 2014 at 3:31 pm

    လေးပေါက်လို စာရေးကောင်းချင်တယ်
    လေးဘလက်လိုလည်း စာညွှန်းကောင်းချင်တယ်

    🙂

  • ရွာကိုပြန် လာ ကြ ပါ ဗျုးိ ဆို တဲ့ ကဗျာ လေး ကျနော် ရှာ မတွေ့

    ကိုချော တူ းပေ းတဲ့ ကိုပေါက် ဆို သည်မှာ ထဲ မှာ ရှိ တာ သိ

    ဒီ တော့ မောင် မာ ဃ ကို လင့် ပြန် ရှာ ပေး ဘို့ အကူ အညီ တောင်း ရ သည် ပေါ့

    ကဗျာ လေး ပြန ်တွေ ့ တော့ ပျော် သည်

    မိတ်ဆွေ တွေရဲ့ ကော် မင် း တွေ ပြန ် ဖတ် ရ တော့ ကြည် နူး သည်

    ကျနော်ကို ချစ ်ခင် ကြ သော မိတ ်ဆွေ တွေကိုလဲ ကျေး ဇူး တင် သည်

    ကို ချော ကို လဲ ထပ ်ပြီး ကျေး ဇူး တင် မ ိသည်

    ဘဝ ရဲ့ အမှတ် တရ လေး ချန် ထား ပေး လို့ ပါ

Leave a Reply