သန်လျင်မြို့နယ်ရှိ ဗလအားမာန်ငါးတန် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းအလှူ နှိုးဆော်လွှာ

manawphyulayDecember 22, 20111min1456

ကျောင်းရဲ့အနေအထားလေးပါ

ကလေးများအတွက် Psycho-social support Program များကို ဦးစားပေး ကူညီပေးနေတဲ့ Helping Hands (မြန်မာ့ကမ်းလက် လူငယ်များ) အဖွဲ့မှ သန်လျင်မြို့နယ်ရှိ ဗလအားမာန်ငါးတန် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းတွင် စာကြည့်တိုက် အသေးစားတစ်ခုအား ထူထောင်ပေးနေပါသည်။ လက်ရှိ အဆောင်အား စာကြည့်တိုက်အတွက် အခန်းကန့်၍ အသေးစား စာကြည့်တိုက်ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။ ကုန်ကျစရိတ်မှာ (၈)သိန်းခန့် ခန့်မှန်းထားပြီး လှူဒါန်းငွေကျပ် (၃) သိန်းခန့်လိုအပ်နေသေးကြောင်း သိရှိရပါသည်။
ကျောင်းရဲ့ ဘေးဝန်းကျင်ပဲဖြစ်ပါတယ်။

ဗလအားမာန်ငါးတန်ကျောင်းတွင် ကျောင်းသားအရေအတွက် ၁၂ဝ ယောက် ရှိပြီး သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသားများ နေထိုင်ကြပါသည်။ ကျောင်းတွင် နေထိုင်သူ ကျောင်းသားအရေအတွက်မှာ (၁၀၅) ယောက်ဖြစ်ပါသည်။ ဤကျောင်းအား နာဂစ်မတိုင်မီကတည်းက ဖွင့်လှစ်ထားသည်ဟု ကျောင်းထိုင် ဘုန်းဘုန်းမှ ပြောကြားခဲ့ပါသည်။

စာကြည့်တိုက်လုပ်မည့်နေရာလေးအား အလှူရှင်များ ကြည့်နိုင်အောင် တင်ပေးထားပါသည်။

ဆက်သွယ်လှူဒါန်းလိုပါက

အာကာမင်းဦး 0973172236
ခင်မြတ် 0973137046 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

Myanmar Helping Hands မှ activity များကို လေ့လာလိုပါက https://www.facebook.com/MYMCHelpingHands

6 comments

  • zaw min

    December 22, 2011 at 5:52 pm

    ေဩာ်…ဒီရွာမှာ အလှူဆိုရင် အသံတိတ်ပါလားနော်…ကျေးဇူပါမနော်ရေ…

  • ငပေါက်ဖော်

    December 22, 2011 at 7:59 pm

    အင်း.ကောင်းသဗျာ..
    ကူညီချင်တဲ့လူတွေဖတ်မိပါစေ..ဖတ်မိပါစေ…

  • zay

    December 23, 2011 at 9:29 am

    ကျွန်တော်လှူပါမည် မနောရေ ဒီဖုန်းနံပါတ်၂ ခုကိုလဲမှတ်ထားပါတယ် ၁သိန်းပါ မွေးနေ့က ၁ လပိုင်း ၁၅ ရက်နေ့ကျရင် ဖုံးဆက်မှတ်ပုံတင်နံပါတ်တောင်းပြီး ဘင်္ဏကနေလွဲပေးလိုက်ပါမယ် အဲ့ဒီချိန်ကျရင် သာဓုခေါ်လို့ရပါပြီ နောက်ဒီလိုမျိုးရှိရင် နိတ်ဗာန်ဆော်လေးလုပ်ပေးပါ အထင်ကြီးအောင်ပြောနေတာ နောက်ပြောနေတာမဟုတ်ပါ တကယ်ပါ ကျေးဇူးတင်ပါတယ်

    • ငပေါက်ဖော်

      December 23, 2011 at 9:43 am

      ဟေ့.အပျိုဂျီး..
      တွေ ့တယ်မလား..ဖတ်မိသွားပြီ..အလှူရှင်ပေါ်ပြီ..ဟဟ

      အခုလိုနှိုးဆော်ရတဲ့အတွက်.အပျိုဂျီးလဲ..ယောက်ျား မြန်မြန်ရပါစေ
      ငွှ..ငွှ..ငွှ.. 😆

      • manawphyulay

        December 23, 2011 at 10:34 am

        ဆုတောင်းလေးလည်း ပြည့်ပါစေ… အဲ မွှားလို့ လှူနိုင်တဲ့သူတွေ များများပေါ်ပါစေလို့ ပြောတာ…

    • မှော်ဆရာ

      December 23, 2011 at 9:53 am

      သာဓု သာဓု သာဓု ပါခင်ဗျာ အကြိုခေါ်ထားလိုက်ပါတယ် …
      ကိုယ်ကိုတိုင် မလှူနှိုင်သေးတော့ လှူနှိုင်တဲ့လူတွေအစား မိဒိတာ ပွားရပါတယ် …။

Leave a Reply