ထူးဆန်းပေစွ Albania

နီကီတာDecember 22, 20111min1059

Albania (Republic of Albania) ဆိုတာ ဥရောပ အရှေ့တောင်ပိုင်းမှာရှိတဲ့
နိုင်ငံတစ်ခုပါ….။
Albanians နိုင်ငံသားတွေရဲ့ ထူးဆန်းတာတစ်ခုက
“yes” ဆိုရင်ခေါင်းခါပြီး ၊ “no” ဆိုရင် ခေါင်းညိတ်တာပါပဲ….။

Tammy ဆိုတဲ့အမေရိကန်နိုင်ငံသားတစ်ယောက်ရဲ့ အတွေ့အကြုံကတော့…

ကျွန်တော် ၁၉၉၂ လောက်က Albania ကိုပထမဆုံးရောက်ရှိခဲ့တာပါ..
အဲဒီမှာ တက္ကသိုလ်ကျောင်းသူ ၈ယောက်၊၉ယောက်လောက်ကို
American culture နဲ့ ပတ်သတ်ပြီးဆွေးနွေးဖို့ပါ…
သူတို့ကို ဆွေးနွေးချင်ရဲ့လားလို့ မေးတဲ့အခါ ခေါင်းကို ဘယ်ပြန်ညာပြန်ရမ်းပါတယ်
ဒါငြင်းတာပဲပေါ့ သူတို့အမေရိကန်တွေကို မုန်းနေတယ် ထင်ပါရဲ့ဗျာ..
ဒါနဲ့ ကျွန်တော့ရဲ့ စကားပြန်ကိုပြောလိုက်တယ်
ငါတော့ဆုံးရှုံးပြီ .. ဘယ်လိုစကားဆက်ပြောရမလဲ သူတို့ငါ့ကို မုန်းနေတယ်လို့ပြောလိုက်တော့
ကျွန်တော့ စကားပြန်က
ဆက်ပြော Tammy သူတို့အရမ်းစိတ်ဝင်စားနေတယ်..လို့ပြန်ပြောတယ်..။

ဂျပန်နိုင်ငံသားတစ်ယောက်ကတော့

ဓာတ်ပုံရိုက်လို့ရမလားမေးတာ သူက ပြုံးပြီး ခေါင်းညိတ်ပြတယ်…
ကင်မရာ ချိန်လိုက်တော့ အရမ်းကိုစိတ်ဆိုးပြီးထွက်သွားတယ်..။

ဒါဆို
သူတို့ရဲ့ body language တွေကို ဘယ်လိုများအသုံးပြုပါလိမ့်…….။
လူတစ်ယောက်ရဲ့စကားကို နားမလည်သည့်တိုင်အောင်
ခြေဟန်လက်ဟန်အမူရာတွေနဲ့ နားလည်နိုင်တယ် မဟုတ်ပါလား….။

9 comments

  • MaMa

    December 22, 2011 at 3:45 pm

    ဟုတ်ပါရဲ့။ ထူးဆန်းလိုက်တာ။ သဘောမတူတာကို ခေါင်းညိတ်ပြီး သဘောတူတာကိုကျတော့ ခေါင်းခါတယ်ဆိုတော့..
    ဒါနဲ့ ပြောရဦးမယ်။ ကိုယ်ဟန်အမူအယာနဲ့ ပြသတာကို Body language လို့ ခေါ်လား။ Sign language လို့ ခေါ်လား သိချင်လို့။

    • နီကီတာ

      December 23, 2011 at 11:27 am

      သိသလောက်တော့ ပြောပြမယ်နော်
      နီကီတာ ထင်တာကတော့
      sign language ဆိုတာ deaf တွေ အတွက်ဖြစ်ပြီး
      body language ဆိုတာ sign language ရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်မယ်ထင်တယ်
      ဥပမာ
      ခေါင်းညိတ်ရင် ဟုတ်တယ်
      ခေါင်းခါရင်မဟုတ်ဘူး
      လက်ညှိုးနဲ့ လက်မထိပြရင် အိုကေတယ်
      ငိုရင် ဝမ်းနည်းနေတယ်
      ရယ်ရင်ပျော်ရွှင်နေတယ် ဆိုတဲ့
      လူတွေရဲ့ ခန္ခာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေခံအချက်တွေလို့
      ထင်တာပဲ….. 😀

  • ကိုရင်စည်သူ

    December 22, 2011 at 3:51 pm

    သိဘီ.. သိဘီ… အားလုံးနဲ့တွေ့ရင်
    ခေါင်းပဲ ခါနေတော့မယ်…
    ယက်.. ယက်… ယက်စ် ပေါ့…
    ဘော်ဒီနဲ့ ပြတာဆိုတော့ ဘော်ဒီ လန်းဂွေ့ချ် ဖြစ်မယ်..

  • pooch

    December 22, 2011 at 4:43 pm

    အဲ့လို အကြောင်းအရာလေးတွေ နေရဒေသလိုက်ပြီး ကွဲပြားထူးခြားတဲ့ အမူအရာလေးတွေ နဲ့ ပတ်သတ်ပြီး
    တီချယ့် အတန်းမှာတုန်းက Culture Shock ဆိုပြီး discuss လုပ်ဖူးတယ် …..

    တော်တော်လေး ကသိကအောက်ဖြစ်စရာလေးတွေ အတော်များများ ရှိတယ် မှတ်တာပဲ …

    • inz@ghi

      December 22, 2011 at 5:20 pm

      စကားမစပ် ….ကာလချား ရှော့ခ် ဆိုလို့ပါ …
      မာမား က ဂျာမန်စာ ဖတ်တယ်ဗျ ……
      ဂီက ဂျာပွန်စာ ဖတ်တာ …..

      စာရေး တာမှာ ပြောပါတယ် ….
      သူပြောဖူးတာ …ဂျာမန်မှာ cross-out တဲ့ ….
      အမှန်ဆိုရင် …ကြက်ခြေခတ်ခြစ်တယ်တဲ့လေ…. နိုက်ကီ တံဆိပ်လေး မသုံးကြဘူး ….ခစ်ခစ်..
      ဂီတို့ ဆီမှာတော့ အမှန်ဆိုရင် ဝလုံး ဝိုင်းတယ်. …သည်မှာလည်း နိုက်ကီ တံဆိပ်လေး မသုံးကြဘူး ….

      • နီကီတာ

        December 23, 2011 at 11:33 am

        အဲဒါလည်း စစချင်းတုန်းကလွဲသေးတယ်
        ဒီမှာက မှားရင်မှားတဲ့ နေရာကို ဝိုင်းလိုက်တာလေ
        စာဖြေတော့ နီရဲနေအောင် ဝိုင်းထားတော့
        သေပြီမှတ်နေတာ 😀

  • windtalker

    December 22, 2011 at 7:35 pm

    ဟိုလူဂျီး ရည်းစားစကားပြောတုန်းက
    နီကိတာ လေးက ခေါင်းခါ ပစ်ခဲ့တာပေါ့နော်

    • ငပေါက်ဖော်

      December 22, 2011 at 8:18 pm

      လူဇိုး..
      တွား..
      သနတ်တဲ့.ခေါက်ပလိုက်လို ့..ဟွင့်..

      • နီကီတာ

        December 23, 2011 at 11:40 am

        ဒီနှစ်ယောက်တော့နော်
        သေနတ်နဲ့တော့ မခေါက်ဝူး
        လာပီး ဗုံးထောင်လိုက်မယ်
        ဟွန်း ဘာမှတ်နေလဲ
        (သံဗုံးပြောတာနော်… တော်ကြာလှည်းတန်း ဗုံးထောင် နာဆိုပြီး…… အဟင့်)

Leave a Reply