နှစ်သစ်အကြို လက်ဆောင်

manawphyulayDecember 22, 20111min16015
နှစ်သစ်ကို ဒီအတိုင်းလေးပဲ စိတ်တွေမပြောင်းလဲ ကြိုဆိုကြရအောင်နော်

နှစ်ဟောင်းမှာ ရွာသူရွာသားအပေါင်း ချစ်ခင်ရင်းနှီးစွာနဲ့ တွေ့ဆုံခဲ့တာ နှစ်သစ်အတွက် အကြိုဆုတောင်းလေးဖြစ်သွားတာပေါ့နော်။ တွေ့ရင် ပေးချင်လို့ ဘာမှအဖိုးမတန်တဲ့ကဒ်လေးကို လုပ်ထားခဲ့မိတယ်။ ဒါပေမယ့် အားလုံးက မကောင်းတတ်လို့ပဲ ယူယူ အားနာလို့ပဲ ယူယူ တယုတယလေး ယူသွားကြတာကို တွေ့ရတော့ အလွန်ပဲ ဝမ်းသာမိပါတယ်။ လုပ်ရကျိုးလေးလည်းနပ်သွားတယ်လို့ ခံစားမိတယ်။ ကဒ်လေးက အဖိုးမတန်ပေမယ့် စိတ်ရင်းစေတနာအပြည့်နဲ့ ရင်းနှီးမှုတွေ တစ်ပွေ့တစ်ပိုက်ထည့်ပေးလိုက်တဲ့ ကဒ်လေးဆိုလည်း မမှားပါဘူး။ အဲကဒ်လေးကို မယူသွားတဲ့သူတစ်ယောက်ရှိတယ်။ အဲဒါ ဘယ်သူလဲဆိုတာ ကိုယ်တိုင်ပဲ ပိုသိမယ်လို့ ထင်ပါတယ်နော်။ မနောကတော့ စိတ်စေတနာအရင်းခံပြီး လုပ်ပေးထားတာမယူသွားတာကတော့ လက်ရှုပ်လို့ပဲလား ဒါမှမဟုတ် မေ့နေခဲ့တာလားဆိုတာ တစ်ယောက်သောသူကတော့ သိမှာပါနော်… ဘယ်သူဆိုတာ မပြောတော့ပါဘူး။ နှစ်ဟောင်းမှာ ပျော်ရွှင်ခဲ့ရသလို နှစ်သစ်မှာလည်း ဒီလိုစည်းလုံးညီညွတ်စွာနဲ့ ရင်းနှီးခင်မင်စွာနဲ့ ပြန်လည်ဆုံတွေ့စေချင်တဲ့အကြောင်း လက်ဆောင်လေးပါးရင်းနဲ့ မလာတဲ့ရွာသူရွာသားတွေအတွက် ဒီနေရာလးကနေ မနော ပေးလိုက်ပါရစေနော်…

မေ့လို့မယူသွားခဲ့တဲ့သူလည်း အခုယူထားလိုက်တော့နော်… 😛

15 comments

  • မှော်ဆရာ

    December 22, 2011 at 2:30 pm

    နာနှစ်ထုတောင်ယူလိုက်ပီ

  • နွယ်ပင်

    December 22, 2011 at 2:38 pm

    ပေးတုန်းကလည်း အမှတ်တရအနေနဲ့ ယူသွားလို့
    အခုဆို ဓာတ်ပုံအယ်လဘမ်လေးထဲမှာ အခန့်သင့်
    နေရာတောင်ဝင်ယူနေပါပြီနော် ……… 🙂

  • weiwei

    December 22, 2011 at 2:42 pm

    နှစ်သစ်မရောက်ခင် တစ်သိန်း မြန်မြန်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် …
    သိပ်မလိုတော့ဘူးနော် …
    Aja Aja fighting!
    Jia you!

    • manawphyulay

      December 23, 2011 at 10:29 am

      အင်း မလိုတော့ပေမယ့် သိပ်အားမရှိဘူးဖြစ်နေတယ်မမဝေရဲ့… နှာစေး ချောင်းဆိုးဖြစ်နေတယ်။ အဲလိုဆုကိုတော့ သဂျီးက ကြားချင်မှာမဟုတ်ဘူးထင်တယ်… အင်း ဆူးနဲ့ မမဝေပေးတဲ့ဆုလေး အမြန်ပြည့်ပါစေ (သိပ်မလိုချင်တဲ့လေသံဖြင့်)…. 😛

  • ဆူး

    December 22, 2011 at 2:59 pm

    အဲဒီ ကဒ်ကလေးကြောင့် အဖိုးတန်လှစွာသော နည်းပညာ တခုကို လက်ဝယ်ပိုင်ဆိုင်သွားပါတယ်။
    ဘာပဲ ဖြစ်ဖြစ် ကဒ်ကလေးရဲ့ ကျေးဇူးကြီးမားလှပါပေတယ်။ မှော်ဆရာတောင် ပါရောဂျက် တွေ အတွက် အတုလုပ်ဖို့ လက်မှတ်ညာတောင်း သွားသေးတာပဲ..

    မနောလည်း တသိန်း အမြန်ပြည့်ပါစေ။

  • MaMa

    December 22, 2011 at 4:19 pm

    လက်ဆောင်ပေးဖို့ စိတ်ကူပြီး သတိတယ ယူလာခဲ့ပေးတာနဲ့တင် ကျေးဇူးတင်စရာ ကောင်းနေပြီ။
    မနောလည်း နှစ်သစ်မှာ အောင်မြင်မှု ပျော်ရွှင်မှုအပေါင်းကို ရရှိခံစားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်မယ်နော်။
    (ဆုသာတောင်းပေးရတယ် သဂျီးကိုလည်း ခပ်ကြောက်ကြောက်) 😛

  • koyinmaung

    December 22, 2011 at 5:36 pm

    မနောဖြူလေနဲ့တကွ ရွာသူရွာသားအားလုံးနှစ်ဟောင်မှနှစ်သစ်သို့
    ပျော်ရွင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်…….
    …..ခင်မင်စွာဖြင့် ကိုရင်မောင်……..

  • ငပေါက်ဖော်

    December 22, 2011 at 8:39 pm

    အပြင်မှာဆို ထွက်ပြေးနေပြီးတော့..
    အင်တာပျက်မှာ.လာလာပေးနေတယ်..လူဂျိုး

  • zaw min

    December 22, 2011 at 9:28 pm

    မနောရေ…နှစ်သစ်မှာ မင်္ဂလာဆောင် အဲ..(ဆောရီး.) မင်္ဂလာ အပေါင်းနဲ့ပြည်စုံပါစေ…
    ဂေဇက်မှ ညီအကိုမောင်နှမ အပေါင်းတို့လည်း နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည်စုံပါစေလို့ ဆုမွန်ကောင်းပါးလိုက်ပါတယ်…

    လူသားအပေါင်းတို့အား ထာဝရ ချစ်ခင်လေးစားတဲ့ ….

    ဇော်မင်း…..

  • htet way

    December 22, 2011 at 9:42 pm

    အကုန်ယူကြတာတွေ့တာပဲ
    ကျွှန်တော်ကို က အပြင်မှာပေးခဲ့ တာလေ
    အိမ်ထောင်ကျပါစေလို့တောင် ဆုပေးမိသလားမသိ။
    ကျွှန်တော်ဆီမှာတော့ တခုရှိနေပါတယ်
    သိမ်းထားပါတယ်ဗျာ။ကျွှန်တော်တော့ မဟုတ်တန်ကောင်းပါဘူးနော်
    ဘယ်သူများဖြစ်မလဲ အင်း …တကယ့်စေတနာနဲ့ ပေးတာမို့ သိမ်းထားကြမှာပါ
    ကျေးဇူးပါ မနောဖြူလေးခင်ဗျား။

  • zay

    December 23, 2011 at 8:47 am

    welcome ပါ မနောရေ သိပ်ကိုကောင်းတဲ့ ပုံလေးပါ

  • Moe Z

    December 23, 2011 at 9:11 am

    ယူလိုက်ပြီနော် မမမနော
    အပေါ်ကလူတွေပေးတဲ့ဆုအားလုံး ပြည့်ပါစေ 😛

  • kotun winlatt

    December 23, 2011 at 9:20 am

    နှစ်သစ်လက်ဆောင်လေး ယူသွားပါကြောင်းခင်ဗျာ…။

  • inz@ghi

    December 23, 2011 at 10:41 am

    သိုင်းခရု ပါ မစိတ်ဖွေးပိစိရေ့..

    ကြိတ်ကြိတ်ပီးတောင်းတဲ့ဆုတွေ ပြည့်ပါစေနော…

    • manawphyulay

      December 23, 2011 at 12:09 pm

      ကြိတ်ရလွန်းလို့ သွားတွေတောင် ကျိုးကုန်တော့မယ်… 😛

Leave a Reply