“ အ ဖေ ပြော တဲ့ ဘ ဝ ”

aye.kkDecember 22, 20111min1784

ငါငယ်ငယ်မှသည် ကျောင်းစာသင်ခဲ့စဉ်ဝယ်..
ပညာတော်လို့ နှစ်စဉ်တိုင်းမယ်..
ရွှေဒင်းဂါးဝိုင်း နှစ်တိုင်းဆုအဖြစ်ရခဲ့သည်..
ငါ့ရဲ ့တိုင်းပြေ စနစ်ဆိုးအောက်..
ကျရောက်စဉ်ဝယ် ထိုးဖောက်ထွက်ခွါ..
တိုင်းတစ်ပါးမှာ ချေချ..
ဒုက္ခဆိုတာ ကြီးကျယ်ရောက်ခဲ့တယ်..
ငါ၏ဘဝ ကူလီထမ်းရ..
နဖူးချေမ ချွေးကျပြီးလျှင် မိဘနှစ်ပါးရိုသေထားကာ..
မညီးညူဘဲရှာဖွေလုပ်ကျွေး ပြုစုခဲ့လေသည်..
ငါ၏ဘဝ ကူလီထမ်းမှလွတ်မြောက်ရဘို ့..
ငွေစတစ်ပဲ စုဘို့တွက်တာ..
ငါ၏စိတ်ကို ချိုးနှိမ်ပြီးကာထမင်းကိုသာ ဆားလေးပုံ၍..
ငရုတ်သီးတစ်တောင့်ကိုက်ပြီးစပ်က ရေနဲ့မျှောချစားခဲ့ရသည် နပ်ပေါင်းအလီလီ..
တစ်နေ ့တစ်လံပုဂံ ဘယ်မှမရွေ ့နိုင်တည့်..
မုချငွေစတစ်ပဲ လက်ထဲရောက်မှ ဈေးရောင်းစား၍ရပေမည်..
ငွေစတစ်ပဲ ရသောနေ့တွင် လျှင်လျှင်ဝမ်းသာ..
ဈေးဆိုင်ကိုသွား ပဲတီစိမ်းတောင်းလက်ညိုးထိုးပြ..
ပဲတီတစ်ပဲဘိုးခါးပိုက်တစ်ဖုံလုံချည်ပြင်ဝတ်ထဲ့ဆောင်ပြီးကာ..
ရပြီးသည့်လျှင်ဝယ်ပြီးပြန်ခဲ့မှိုရသကဲ့သို့ ပျော်ရွှင်မိခဲ့သည်တဲ့လေ..
ပဲတီပင်ပေါက် လုပ်ရောင်းရဘို့ကား..
ရင်းနှီးပစ္စည်းစိုက်ဖို့မလို ဖွဲနှင့်ရေက အလကားရသည်..
အပင်ဖောက်ဘို ့တစ်နေ့ကိုလျှင် ရေအထမ်းငါးဆယ်..
ဆွဲကာဖြစ်လျှင်ပုခုံးထမ်းတင်မညီးညူဘဲ ကျွဲပုခုံးဒဏ်ရာ သေရာပါရ..
လုပ်ကာရောင်းစား ခဲ့လေသည်..
ပဲတီရောင်းရ ရတဲ့မြတ်ငွေ မြင်ရလေတော့..
ဒီထက်ကောင်းမယ့်..
အရောင်းအဝယ် ပြောင်းကာလုပ်ဘို ့ငါကြိုးစားခဲ့..
ထမင်းလုပ်ကို ငပိတို ့မြုပ်စားလို ့ချွေတာစုမိကာတယ်..
ရင်းနှီးငွေစများတဲ့ခါဝယ်..
နှစ်ဆမြတ်မည့် တွက်ချေ ပိုကိုက်..
ရောင်းဝယ်လိုက်မည့် ကရင်တောထိ
ကိုယ်တိုင်ကိုယ်ကျ လိုက်ခါသွားလို ့..
ပင်ပန်းခံကာ ကြံသကာချက် အရက်လည်းထွက်တဲ့..
လုပ်ငန်းလုပ်ကာ တွင်ကျယ်လာတော့..
နေ ့ချင်းညချင်းတိုးပွားဝင်ငွေဒီရေအလား…
ငွေများစွာကို ကိုင်တွယ်လာရ စိတ်ဝယ်ပီတိ ဂွမ်းဆီထိသည့်နှယ်..
ငါ၏စိတ်လျှင်..
တက်နိုင်ဖျားရောက် မြင့်သို့ရောက်နိုင်..
ယောက်ကျားတံခွန်လူရည်ချွန်သည်..
ကောင်းကင်တစ်မွတ်ကြယ်ကိုဆွတ်နိုင်..
သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးဟု..
ငါတည်းစိတ်ဝယ် ဖြစ်ပြီးကာမယ်..
ရင်းနှီးများစွာလက်ဝယ်ငွေရှိ ၊ ကုန်သွယ်ပြုကာစီးပွားရှာဘို့..
သက်စွန် ့ဆံဖျား ရပ်ခြားတိုင်းများ..
စီးပွားစားကျက် နယ်သစ်ရှာဖွေထွက်ခါကွန်ယက်ဖြန့်ခဲ့သည်..
ကုန်သည်ဘဝ ပရိယာယ်ကြွယ်ရ သူကြွယ်ဘဝရောက်ဘို့ရာဝယ်..
စိတ်ကူးကြံလျှက်ရွှေဝယ်ကုန်ကူး ထွက်ခဲ့သည် ပြည်ပြန်အဝင်..
ရွှေဆိုလျှင်ဖမ်းခံရ ငါ၏ ပရိယာယ်..
ထန်းညက်ကုန်သည် ဟန်ဆောင်ပြီးပြန်ခဲ့ပေါ့..
လှေဝယ်ငါးစီး တစ်စီးကိုလျှင်ထန်းတစ်ဖိုငါးရာတင်ကာဆန် ့လို့..
နောက်ဆုံးတစ်စီး လှေ၏ပေါင်းမိုးဝမ်းဗိုက်တွင်းဝယ်..
ရွှေချောင်းများကိုလျှို ့ဝှက်ပြီးကာသယ်ဆောင်ယူကာထဲ့ခဲ့သည်..
ဂိတ်ဝစောင့်ကြပ်ဂျပန် ့ထံတွင် စစ်ဆေးခံပြ.. ပစ္စည်းများကထန်းညက်လှေမို့ရှာဖွေစစ်၍မောသည့်ခါမယ်..
နောက်ဆုံးလှေကို မရှာဖွေဘဲလွှတ်ခါပေးလိုက်တော့လေသည်တဲ့..
ငါ၏အကြံ ပြည့်စုံအောင်၍သူဌေးဘဝကိုငါကားပိုင်ဆိုင်ရောက်ရှိခဲ့ပေသည်..
သ္မီးသားတို ့ချမ်းချမ်းသာသာနေရဖို ့လျှင်..
အဖေ့ဘဝရင်းပြီးရရှိဘဝတွေ ့ကြုံဖြစ်ကြောင်းကုန်စင်ရှင်းပြခဲ့လေသည်..။

4 comments

  • windtalker

    December 22, 2011 at 8:13 pm

    အဖေပြောတဲ့ဘဝ
    ငပေ ပေါ၍မရ
    လေပြောသဘောကျ

  • aye.kk

    December 22, 2011 at 8:38 pm

    အဖြစ်မှန်ဆိုတာကွယ်ပျောက်တဲ့အရာမဟုတ်..
    မဖြစ်တာကိုဖြစ်တယ်လိုု့ပြောတတ်သူမဟုတ်..
    လေဖန်းဒါန်းစီးကြတာလိပ်ပြာတွေပါ ..
    တစ်ထောင့်ကိုးရာခြောက်ဆယ့်လေးခုနှစ်မွန်ပြည်နယ်ကျိုက်ထိုမြို့မှာပြည်သူပိုင်သိမ်းပိုက်ခြင်းခံခဲ့ရသူ(ပြန်ချီကုမ္ပဏီ)ရဲ ့သ္မီးပါ ၊ ကျမပြောတာမယုံရင်စုံစမ်းကြည့်နိုင်ပါတယ်..
    ဒီဂေဇက်ကိုလေးစားသမှုနဲ့သာဝင်ရောက်ရေးသားတဲ့သူပါ..
    အလိမ်အညာကိုမုန်းတာ အမှန်တရားကိုသာမြတ်နိုးတာကျမရဲ ့မွေးရာပါပင်ကိုယ်ဗီဇပါ.. ငယ်ငယ်ထဲကပညာရှိလူသူတော်ကောင်းရဲ ့အဆုံးအမဩဝါဒနဲ့ကြီးပျင်းလာခဲ့တဲ့သူပါ..။

    • windtalker

      December 22, 2011 at 9:03 pm

      ဟောဗျာ
      စိတ်မဆိုးပါနဲ ့ဗျာ
      ကျုပ် က
      ခင်ဗျား ကဗျာ ကို ဖတ်အပြီး
      စိတ်ထဲပေါ်တဲ့
      ဟာကို
      ကာရံ ချရေးကြည့်တာဘာ
      ကိုးဆယ့်ကိုးစားစွာဖြင့်
      မစ်စတာပေ

  • Khin Latt

    December 22, 2011 at 9:11 pm

    အစ်မ အေး ရေ – ၁၉၆၂ မတိုင်ခင် ကတော့ ပြည်သူတွေ ကိုယ်ကြိုးစား ရင် ကြိုးစားသလို၊ အစွမ်းအစ ရှိရင်ရှိသလို ချမ်းသာ အောင်မြင် ဖို့ အခွင့် ရကြတယ် ထင်ပါတယ်။
    ဆိုရှယ်လစ် စနစ် ကတော့ – အများ သာတူညီမျှ ကောင်းစားရေး သီအိုရီ (မူ) အရ ကောင်းပေမဲ့ အကောင်အထည် ဖော်မဲ့ လူ တွေ က အများအကျိုး ဆိုတဲ့ ရည်ရွယ်ချက် ပျောက်ပြီး ကိုယ်ကျိုးရှာ လေ့ ရှိတော့ အဲဒီမှာ တင် စနစ် ကောင်း ဆိုတာ ဖြစ်မလာတာ ထင်တာဘဲ။
    ကျွန်မ လဲ နားလည်လှလို့ မဟုတ်ပါဘူး။ စိတ်ထဲ ရိုးရိုး တွေးမိတာလေးပါ။

    အစ်မ စိတ်ဓာတ်ကောင်းတာ ဟာလဲ အစ်မ အဖေရဲ့ ဆီက ရလာတဲ့ အမွေ ဘဲ နေမှာပါ။
    အစ်မ ရေ – အဲဒါကိုက ဂုဏ်ယူ စရာ တစ်ခုပါဘဲ။
    ခင်မင်စွာဖြင့်
    မလတ်

Leave a Reply