နှင်းကို နှင်တဲ့  သူရိန်
မိုးကို စေသော တိမ်လွှာ
မြေမှာကြွေတဲ့  ပန်းလွှာလို
အလည်လာတဲ့ 
ဘ၀ ဘ၀တွေ ၊၊       ၊၊
ငါလိုက်ခဲ့ ဖူးပြီးပြီ
ဖြူစင်တယ်ပြောပြီး
ဆိတ်ကွယ်ရာမှာ
ပေကျံ နွမ်းညစ်ကြတာပဲ ။     ။
ဖြားယောင်းသံတွေက
နားထဲ စမ်းရေစီးသံလို
ကမ်းမမြင် လမ်းမမြင်
အနန္တ ဘ၀များစွာထိ ။    ။
ရနံတွေကြူတဲ့ 
ပန်းရုံတော်တွေနောက်မှာ
နောက်ချေးသလဲတွေ
ဖုံးကွယ်ထား ငါမသိခဲ့ ဖူး ။    ။
ချို ချဉ် ဖန် ခါး ဆိုတဲ့ 
လိုချင်တပ်မက်မှု့ တွေကြောင့် 
ဘ၀တွေ ပျက်နေကြတာ
မနည်းပါလား ။     ။
မှန်တစ်ချပ် ရှေ့ မှာချလို့ 
ဟန်လုပ်နေကြတဲ့  ဘ၀တွေ
ဘာမက်နေကြတာလဲ
ပူလောင်တဲ့  ရမ္မက်တွေကြားမှာ
ငါ မြန်မြန်ထွတ်သွားချင်တယ်
ခန္တာ နဲ့  အသက် မလိုချင်ပဲ ……………….
About that naing oo
that naing oo that naing oo has written 9 post in this Website..