စက်ဝိုင်းထဲက ကြိုးစ

that naing ooDecember 22, 20111min994

နှင်းကို နှင်တဲ ့ သူရိန်

မိုးကို စေသော တိမ်လွှာ

မြေမှာကြွေတဲ ့ ပန်းလွှာလို

အလည်လာတဲ ့

ဘဝ ဘဝတွေ ၊၊       ၊၊

အရောင်တွေရဲ  ့နောက်

ငါလိုက်ခဲ  ့ ဖူးပြီးပြီ

ဖြူစင်တယ်ပြောပြီး

ဆိတ်ကွယ်ရာမှာ

ပေကျံ နွမ်းညစ်ကြတာပဲ ။     ။

ဖြားယောင်းသံတွေက

နားထဲ စမ်းရေစီးသံလို

ကမ်းမမြင် လမ်းမမြင်

အနန ္တ ဘဝများစွာထိ ။    ။

ရနံတွေကြူတဲ ့

ပန်းရုံတော်တွေနောက်မှာ

နောက်ချေးသလဲတွေ

ဖုံးကွယ်ထား ငါမသိခဲ ့ဖူး ။    ။

ချို ချဉ် ဖန် ခါး ဆိုတဲ ့

လိုချင်တပ်မက်မှ ု ့တွေကြောင် ့

ဘဝတွေ ပျက်နေကြတာ

မနည်းပါလား ။     ။

မှန်တစ်ချပ် ရှေ ့မှာချလို ့

ဟန်လုပ်နေကြတဲ ့ ဘဝတွေ

ဘာမက်နေကြတာလဲ

ပူလောင်တဲ ့ ရမ္မက်တွေကြားမှာ

ငါ မြန်မြန်ထွတ်သွားချင်တယ်

ခန ္တာ နဲ ့ အသက် မလိုချင်ပဲ ……………….

 

4 comments

  • that naing oo

    December 22, 2011 at 5:25 pm

    တစ်ခုခုတော ့ မှတ်ချက်ထားခဲ ့ပေးပါ …………ကျွန်တော ့တွက် သင်ယူလေ ့လာတဲ ့နေရာမှာ အားဖြစ်တာပေါ ့ဗျာ ……….

  • windtalker

    December 22, 2011 at 7:16 pm

    ဘဝဘဝဘဝ ဒီလိုအရွယ် ဒီလိုအမြဲ…. ( သီချင်းစာသား )

  • pooch

    December 22, 2011 at 11:49 pm

    အဲ့ဒီ ဘဝ ဆိုတာကြီးက လည်း တခဏမို့သာပါပဲ အကြာကြီးသာဆိုမလွယ်ဘူး…..
    လိုချင် တပ်မက်မှုတွေ များလေလေ ပူပန်မှုတွေ များလေလေပါပဲ…..

    (ဒါနဲ့ ခန္ဓာ ကို ခန္တာ ဆိုပြီး မှားပေါင်းထားသလားလို့ )

    ကဗျာတွေကို မဖွဲ့တတ်ပေမဲ့ သူများတွေ တခုတ်တရ ရေးဖွဲ့ထားတဲ့ ကဗျာများကို တော့ သဘောကျတတ်ပါတယ်….

    ခုကဗျာလေးက ဖတ်ရတာကို က အဖွဲ့အနွဲ့လေးတွေက သစ်ပြီး အဓိပါ္ပယ် ပြည့်ဝတယ်လို့ ခံစားရပါတယ်..

  • တပ်မက်မှုတွေကြား
    ဘဝတွေ
    ခါး.. နေခဲ့စေလား?

    အပေါ်ယံအလွှာတွေ
    ခပ်ပါးပါးဝတ်ဆင်လို့
    ” ယဉ်ကျေးမှု” ဆိုတာကြီးကို
    ရှုပျော်အောင်သုံးတဲ့
    လောကီရေး အရှုပ်ပုံတွေကြား
    လွတ်မြောက်ရာ ဖွေရှာတယ်ထင်ပါ့။

    အား ဆိုတာ ကိုယ်ကဖြစ်တာမို့
    ဘယ်သူ့ဘယ်သူမှ
    ေ-ာက်ဂရုမစိုက်ပါသော်ငြား
    အတွေးထက်ထက်တွေကို
    အရေးသွက်သွက်နဲ့ရေးပါလျင်ဖြင့်
    သက်နိုင်ဦးအား
    အဟုတ်ပင်ထူးပါဘိကားရယ်လို့
    ရွာသူ/သားတွေကြား
    ထင်ကာရှားပါစေလိမ့်မည်ဟု။ ။

    ရှူံးနိမ့်မှုများနဲ့.. လူ
    (ခေတ္တလူ့ပြည်)

Leave a Reply