ဂျူဒို-ကရာတေး-လက်ဝှေ့ သင်စရာမလိုပါ

myohtatDecember 22, 20111min1189

ကျုပ်.. အလယ်တန်းကျောင်းသားဘဝလောက်က အထိုးအကြိတ်အရှောင်အတိမ်းတွေနဲ့
ကိုယ်လုံပညာ တွေကို သင်ကြားလိုက်စားခဲ့ဘူးပါတယ် …
ရိုးသားစွာဝန်ခံရရင် … ဒါတွေအားလုံးတတ်ထားမှ မိမိကိုယ်နဲ့ မိသားစုအသိုင်းအဝိုင်းကိုဘယ်သူမှ
အနိုင်ကျင့်စော်ကားရဲမှာမဟုတ်ဘူးလို့ထင်မိခဲ့ပါတယ် …
အမှန်တကယ် .. ကျုပ်တို့လေ့လာသင့် တတ်ထားသင့်တာက(ဥပဒေ)ပညာပါဘဲ ..
လူဆိုတာ အသက်(၁၀၀)မနေရပေမဲ့ အမှု့(၁၀၀)တော့ကြုံတွေ့ရတတ်ပါတယ် …
ကိုယ့်မိသားစု ကိုယ့်ပါတ်ဝန်းကျင်မှာ မတရားတာတွေ ကြုံလာတဲ့အခါ … တကယ်တမ်းကျတော့
ဂျူဒိုတွေ ကရာတေးတွေက အသုံးမဝင်တော့ပါဘူး … ဥပဒေကသာအသုံးဝင်တာပါ ..
အဓိက လေ့လာထားသင့်တာက ရဲတွေနဲ့ပါတ်သက်တဲ့ ဥပဒေပါဘဲ … ဥပဒေကိုနားလည်ထားမယ်ဆိုရင် …
သူတို့ဘက်က သတိထားတတ်ပြီး ဥပဒေနားမလည်ဘူးဆိုရင်တော့ အနိုင်ကျင့်စော်ကားခံရမှာပါ …
ဥပမာအနေနဲ့ တစ်ခုပြောပြချင်ပါတယ် .. သာမန်ဒဏ်ရာလောက်သာရတဲ့ ရိုက်မှု့တစ်ခုဖြစ်သွားပြီဆိုပါတော့ ..
ကိုယ့်ဘက်ကလူက တရားခံဆိုရင် ရဲကပုဒ်မ(၃၂၅)နဲ့ အမှု့ဖွင့်မှာပါ .. ဒီပုဒ်မကအာမခံပေးရမဲ့ပုဒ်မဆိုတာသိထားဘို့
လိုပါတယ် .. အိုးပိုင်အိမ်ပိုင်ရှိသူနှစ်ယောက်ဆို အာမခံလုပ်လို့ရပါပြီ … အာမခံရရေးအတွက် ရဲကိုငွေပုံပေးစရာ
မလိုပါဘူး … အာမခံပေးလို့ရတဲ့အမှု့ဆို ပေးကိုပေးရမှာပါ … မပေးလို့ကိုမရဘူး … ပေးလို့မရတဲ့အမှု့ဆိုရင်တော့
ငွေတွေဘယ်လောက်ပေးပေး အာမခံပေးမှာမဟုတ်ပါဘူး … နောက်တစ်ခုသိထားရမှာက ဘယ်ကိစ္စနဲ့ဘဲဖြစ်ဖြစ်
ရဲစခန်းကိုသွားခဲ့ပါက (သို့မဟုတ်)ကိစ္စတစ်ခုကြောင့် ဖုန်းဆက်ပါက … အဲဒီရဲစခန်းမှာရှိတဲ့ တာဝန်မှူးအမည်ကိုမှတ်
ထားဘို့လိုပါတယ် … ရဲတွေနဲ့ပါတ်သက်ပြီး မကျေနပ်လို့တိုင်ချင်ရင်တော့ …
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရုံးအမှတ်(၈)နေပြည်တော်ပါ …
(၁)ရဲချုပ် (ရုံးဖုန်း) ဝ၆၇-၄၁၂၀၆၆ (အိမ်)၀၆၇-၄၀၃၁၄၀
(၂)ဒုရဲချုပ် (ရုံး) ဝ၆၇-၄၁၂၀၇ရ (အိမ်)၀၆၇-၄၀၃၁၄၁
(၃)ညွှန်ကြားရေးမှူး -၀၆၇-၄၁၂၀၀၈
(၄)ရဲမှူးချုပ် (ရုံး) ဝ၆၇-၄၁၂၀၃၈ (အိမ်)၀၆၇-၄၀၃၁၄၂
(၅)တာဝန်မှူး – ဝ၆၇-၄၁၂၀၀၅ ….

9 comments

  • kai

    December 22, 2011 at 6:17 pm

    မှန်ပါတယ်..။
    ဖွံ ့ဖြိုးပြီး နိုင်ငံတွေမှာ.. ဥပဒေပညာရှင်..ရှေ့နေတွေက… ဝင်ငွေအကောင်းဆုံးတွေခမျ…။
    ဆရာဝန်ဝင်ငွေကို..သနားတယ်… ဆိုတာတွေချည်းပဲ..။

    ဆိုတော့..
    လူထုနားလည်လွယ်အောင်.. ရှေ့နေတွေ.. အခမဲ့လိုက်ပေးရင်း.. စည်းရုံးအသိပေးသွားဖို့..လိုမယ်ထင်ပါကြောင်း…။ 😆

  • zaw min

    December 22, 2011 at 6:31 pm

    လောလောဆယ်တော့ အခမဲ့လိုက်တဲ့ရှေ့နေတွေ ထောင်ထဲမှာပဲရှိတယ်ထင်တယ်…

  • windtalker

    December 22, 2011 at 7:10 pm

    အခုခေတ် လူငယ်တွေထဲမှာတော့
    ရှေ ့နေ ထက် ရှေ ့နေမ က ပိုများနေတယ် ထင်တာဘဲ
    တစ်ချို ့လေးတွေကြတော့ လဲ ကြည့်လို ့မဆိုးပါဘူး

  • NAJA

    December 22, 2011 at 7:30 pm

    မြန်မာပြည်လူထု အတွက် လိုအပ်ချက်တစ်ရပ်ကို မီးမောင်းထိုးပြပေးတဲ့ အတွက် ကျေးဇူးတင်လေးစားပါတယ်… ကိုမျိုးထက်

    အကျင့်ပျက် ခြစားနေတဲ့ အစိုးရယန္တရားကြီးဖြစ်လာရတာလဲ ပြည်သူလူထုရဲ့ ဥပဒေပိုင်းဆိုင်ရာ အသိအမြင်နဲပြီး လာဘ်မထိုးသင့်တဲ့နေရာလဲထိုး ထိုးသင့်တဲ့နေရာလဲထိုးဖြစ်နေလို ့ထင်ပါတယ်…
    အခြေခံဥပဒေကို လူတိုင်းနားလည်ပြီး… ပေးထားတဲ့ဖုန်းနံပါတ်တွေကလဲ အမှန်တစ်ကယ် အလုပ်လုပ်တယ်ဆိုရင်တော့… အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေးခြေတစ်လှမ်းဖြစ်လာမှာပါ…

  • Oo Oo

    December 22, 2011 at 7:53 pm

    ဟုတ်ပါတယ်..
    နိုင်ငံတိုင်းမှာ ဥပဒေ ဆိုတာအလွန်အရေးပါ ပါတယ်
    ဥပဒေတိုင်းကို ပြည်သူတွေ နားလည်သိရှိထား သင့်ပေမယ့်..လက်တွေ့မှာမလွယ်ကူပါဘူး
    ဒါပေမယ့်..ပြည်သူနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတဲ့ ဝန်ကြီးဌါနတွေအနေနဲ့ သက်ဆိုင်ရာ
    ပြည်နယ်/တိုင်း/မြို့နယ် များရှိ ရုံးတွေမှာ ရုံးကိစ္စတွေဆောင်ရွက်ဖို့လိုအပ်ချက်အရရောက်လာကြတဲ့
    ပြည်သူတွေကို မိမိတို့ရုံးနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း၊ ပြဌါန်းထားတဲ့ဥပဒေ များကိုသိရှိလေ့လာနိုင်ဖို့
    စာကြည့်ခန်းထား၍သော်၎င်း၊နံရံကပ်ပိုစတာများကပ်ထားခြင်းဖြင့်သော်၎င်း၊ဥပဒေကိုသိလို၍မေးမြန်းလိုသူအတွက်
    ဖြေကြားရှင်းပြနိုင်မည့်ဝန်ထမ်းသီးသန့်ထားခြင်းဖြင့်သော်၎င်း..စသည်ဖြင့် တနည်းနည်းဖြင့်စီစဉ်ထာရှိပေးသင့်တယ်လို့ထင်ပါတယ်
    ခေတ်မှီနေတဲ့နိုင်ငံတွေမှာတော့..မိမိသိဖို့လိုအပ်လာတဲ့ ရုံးရဲ့သက်ဆိုင်တဲ့ဥပဒေလုပ်ထုံးလုပ်နည်းတွေကို အင်တာ
    နက်ဝက်ဆိုဒ်ထဲမှာအလွယ်တကူဝင်ကြည့်နိုင်ပါတယ်
    ပြည်သူတွေ ရဲ့ ဥပဒေ နားမလည်မှုတွေကြောင့်သာ အချို့သောဝန်ထမ်းတွေမရိုးသားမှုကိုကျူးလွန်နိုင်ကြတာပါ
    အထက်လူကြီးတွေအနေနဲ့လည်းအကောင်းဘက်ကိုဦးတည်တဲ့အရေးပါတဲ့ခြေလှမ်းတွေလှမ်းသင့်ပါပြီဗျာ

  • we R one

    December 23, 2011 at 9:01 am

    ဦးဦး ပြောသလို ဥပဒေ ဆိုတာ နိုင်ငံတိုင်းအတွက် အရေးပါပါတယ်..။ လူတိုင်းလည်း နားလည်ထားသင့်တယ်လို့ထင်ပါတယ်.. ။ ဒါပေမဲ့ ဒီမှာ က ဥပဒေ ကို နားလည်းစရာမလို ဘူး ငွေရှိဖို့ပဲ လိုတယ် .. 😀 ငွေများတရားနိုင်ဆို တာ ဘယ်တုန်းက ပေါ်လာတဲ့ စကားပုံလည်း မသိဘူးနော်..:D

  • Rose Minn

    December 23, 2011 at 10:10 am

    တကယ့်ကို ကျေးဇူးပဲ ကိုုမျိုးထက်ရေ Rose လဲဖုန်းနံပါတ်တွေမှတ်သွားပါတယ်။ တချိန်ချိန် လိုအပ်တဲ့အခါ အများကြီးအသုံးဝင်မှာပါ။ အားကိုးအားထားရာ တစ်ခုတွေ့တယ်လို့သဘောထားပါတယ်။ ဖုန်းတွေလဲ တကယ်အလုပ်လုပ်ပါစေလို့လဲ အများကြီး မျှော်လင့်ပါတယ်။ မန်းလေးက ရွာသူဖြစ် ရတာကိုလဲ ကျေနပ်မိပါတယ်။ သတင်းတွေ အကြောင်းရာတွေကို computer ရှေ့ထိုင်နေရင်း သိနေရလို့ပါ။

  • မှော်ဆရာ

    December 23, 2011 at 10:19 am

    ဥပဒေပညာကို လူတိုင်းက မသင်ကြားနှိုင်သေးခင်
    မျက်စိမပွင့်သေးခင်မှာ
    တကယ်တတ်ကျွမ်းတဲ့ ဥပဒေ ပညာရှင်များကလဲ ပြည်သူ တကယ်ကို အားကိုးရလောက်အောင် နေထိုင်သင့်တယ်
    ပြည်သူဘက်က မားမားမတ်မတ် ရပ်သင့်တယ် ..
    ကျွန်တော်တို့ နိုင်ငံတကာဆက်ဆံရေးမှာလဲ ဥပဒေပညာသင်ရတယ်ဗျ
    ဒါပေမယ့် ရာဇဝတ်ကြောင်း မဟုတ်ဘူး . international law ကို သင်ရတယ်..
    ဒီတော့ကာ အခုလောလောဆယ် ဥပဒေ တက်နေတဲ့ ကျောင်းသားကျောင်းသူများဟာလဲ တကယ်အရေးကြီးတဲ့ ဘဝအတွက် အသုံးဝင်တဲ့ ပညာရပ်များကို သင်ကြားနေတယ်ဆိုတာ နားလည်သဘောပေါက်ပြီး စာမေးပွဲအောင်ရုံလောက်တင်သာမက တကယ်ကို နားလည်တတ်ကျွမ်းအောင် သင်ယူသင့်ပါတယ် …

  • char too lan

    December 23, 2011 at 2:05 pm

    ဒီနံပါတ်တွေ ကျနော့်အတွက် အရမ်းအသုံးဝင်တယ်
    ကျေးဇူးအရမ်းတင်တယ်ဗျို ့ …………….

Leave a Reply