ဆောင်းတွင်းရဲ့အေးချမ်းမှု၊ လွင့်ပျံလာတဲ့ တရားဓမ္မသံ၊ လွှမ်းဆွတ်အောင် ညို့ငင်နိုင်စွမ်းလောက်အောင် စွမ်းဆောင်မှုပြည့်ဝလွန်းတဲ့ တစ်ချက်ချက် တွန်ကြူးတဲ့ ရွှေဥသြ သံလေးကြောင့် မနက်ခင်း အိပ်ရာထဟာ အေးချမ်း ကြည်နှုး လွမ်းဆွတ်စွာနဲ့ နိုးထ လာခဲ့ပါတော့တယ် … ဒီဇင်ဘာ လူထု အားကစားလ ဆိုတော့ မနက်စောစော လေ့ကျင့်ခန်းလုပ်ဖို့ ပြည်သူ့ရင်ပြင်ဆီသို့ ချီတက် လာခဲ့ပါတော့တယ် …. ကျွန်တော်နေတဲ့ အောက်ကြည့်မြင်တိုင်လမ်း အဲသည်ကနေ မအိတုံ ပြောနေကြ ဟုမ်းလမ်း … ပြီးတော့ ရှမ်းလမ်းခေါ် (ဗဟိုလမ်းပေါ့) အဲဒါပြီးတော့ အရင်တုံးကတော့ ၀င်စာလမ်းလို့ ခေါ်တာပဲ အခုတော့ ဓမ္မစေတီလမ်းလားမသိ အဲသည်လမ်းအတိုင်း ပြည်လမ်းအထိ ပြေးပြီး ပြည်သူ့ရင်ပြင်ကို အသွား/အပြန် ချီတက်လေ့ရှိပါတယ် … ဒီနေ့ဗျာ ၀င်စာလမ်းသို့မဟုတ် ဓမ္မစေတီလမ်းထဲမှာက ဟိုတယ်တွေကလည်း များသလားဗျ … ပြေးရင်း ပြေးရင်းနဲ့ ၀င်စာ ဟိုတယ်ရဲ့ ရှေ့မှာ ရေတွေ စီးနေတာကို သွားတွေ့တယ်ဗျ ဒါနဲ့ပဲ နည်းနည်း စပ်စုပြီး ရေဘယ်ကလာလဲလို့ ကြည့်မိတော့ ဟိုတယ်ရှေ့မှာ ရေပိုက်လိုင်း ဖြတ်သန်းဟန်တူပါတယ် ဟိုတယ်ဝင်ပေါက်နားက ကွန်ကရစ်လမ်းထဲက စိမ့်ထွက်နေတာဗျ … မြေအောက် ရေပိုက်လမ်း ပေါက်နေဟန် တူပါတယ် … လေ့ကျင့်ခန်းလုပ်အပြီး လာလိုင်းအတိုင်း ပြန်အလာ လမ်းမမှာ ရေတွေဟာ မိုးတွင်းဘက် ရေစီးနေတဲ့အတိုင်း စီးဆင်းနေလိုက်တာဗျာ … ဟိုတယ်ရှေ့တင်မဟုတ်ဘူး ခြံနံပါတ် ၁၁ နဲ့ ၁၇ ကြား လောက်မှာလည်း ကတ္တရာလမ်းဘေးနားမှာ နောက်ထပ် ရေစိမ့်ထွက်တဲ့ အပေါက် တစ်ခု ထပ်မြင်မိတယ်ဗျ … ဒီမှာတင် ဒေါက်တာ ညိုညိုသင်းက လွှတ်တော်မှာ ရေမလုံလောက်တဲ့ အကြောင်းကို တင်ပြတာ မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ရတာကိုလည်း သတိရမိသွားတယ် … ရန်ကုန်မြို့အတွင်း ရေလိုအပ်ချက်တွေက ရှိနေသေးလား ကျွန်တော်မသိပါဘူး … သိတာတစ်ခုက ညဉ့်နက်သန်းခေါင် ရေထတင်ရတာကိုတော့ အမှတ်ရမိသေးတယ် … အခုလည်း ဆက်လက် တည်ရှိနေသလားလိုဆိုတာတောင် မသိအောင်ကို အဆက်အသွယ်ပြတ်ခဲ့ပြီမို့ပါ …. (ဘာလို့လဲဆိုတော့ ရေကို အ၀ိဇိ တွင်းကနေ မောင်းတင်တဲ့နေရာမှာ သုံးဖြစ်လို့ပါ) ကျွန်တော် မတွေ့လိုက်ရတဲ့ နေရာတွေမှာရော ရေတွေ ဘယ်လောက်ယိုစီးပြီး လေလွင့်ကုန်ပြီလဲ … သက်ဆိုင်ရာကရော မသိကြဘူးလား … ကိုယ့်ခြံရှေ့က ဖြစ်ပျက်နေတာကို မသိကျိုးကျွံပြုနေကြတာလား … ဒါမှမဟုတ် အခုမနက်မှ ဖြစ်တဲ့ကိစ္စမို့ မသိလိုက်တာလား …. ဒီလိုကိစ္စတွေ ကိုယ့်ရှေ့ မှာ ဖြစ်ပေါ်နေရင် ဘယ်ကို အကြောင်းကြားရမလဲဆိုတာ သိသူများရှိရင် ပြောပြကြပါအုံးဗျ

ချစ်ခင်တဲ့

KING

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................