အမျိုးသားများသည် အမျိုးသမီးများထက် မုသားစကားဆိုတတ်ကြပြီး ယင်းအတွက်လည်း ရှက်ရွံ့မှု နည်းပါးကြကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြသည်။

moesatrainMay 27, 20101min581

လူ ၃၀၀၀ဝ ကို စစ်တမ်းကောက်ယူခဲ့ရာတွင် ပျမ်းမျှအားဖြင့် ဗြိတိသျအမျိုးသားများသည် တစ်နေ့လျှင် မုသားစကားသုံးခွန်း ပြောကြားလေ့ရှိပြီး တစ်နှစ်လျှင် စုစုပေါင်းမုသားစကား ၁၀၈၂ ခွန်းအထိ ပြောကြားကြကြောင်း စစ်တမ်းက ဖော်ပြသည်။အမျိုးသမီးများမှာမူ ယေဘုယျအားဖြင့်တစ်နေ့လျှင် မုသားစကား နှစ်ခွန်းပြောကြားလေ့ရှိပြီး တစ်နှစ်လျှင်ပျမ်းမျ ၇၂၈ ခွန်း ပြောကြားလေ့ရှိကြောင်း သိရသည်။

မိမိ၏ကြင်ဖက်ကို လိမ်လည်မှု၌ အမျိုးသားများက အမျိုးသမီးတို့ကို အများဆုံးလိမ်လည်သည့်ကိစ္စမှာ အရက်သောက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ”ငါအများကြီးမသောက်ခဲ့ပါဘူး”ဟူသော စကားမှာ အသုံးအများဆုံးမုသားဖြစ်သည်ဟု ဆိုသည်။

အမျိုးသမီးများက အမျိုးသားများကို အများဆုံးလိမ်လည်သည့် ကိစ္စမှာ မိမိတို့၏ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ထားလိုသောကြောင့် ”ဘာမှမဖြစ်ပါဘူး။ရပါတယ်”ဟူသည့် စကားဖြစ်သည်။

အမျိုးသားများရော၊အမျိုးသမီးများပါ အများဆုံးပြောသည့် မုသားများထဲတွင် နံပါတ် ၁ဝ ချိတ်သည့်စကားမှာ ”အမြဲလိုချင်ခဲ့တာ အဲဒါပဲလေ”ဆိုသည့် စကားဖြစ်သည်ဟု သိရသည်။တစ်ယောက်က တစ်ယောက်ကို လက်ဆောင်ဝယ်ပေးသည့် အခါတွင် ရရှိသူက တစ်ဖက်သား စိတ်ကျေနပ်အောင် ကြိုက်ကြိုက် မကြိုက်ကြိုက် ပြောသည့်စကားဖြစ်သည်။အမျိုးသမီးများသည် ပိုမိုပိပိရိရိမုသားပြောတတ်ကြသည်ဟုလည်း အများစုက ယုံကြည်ကြသည်ဟုဆိုသည်။

အမျိုးသားများအသုံးအများဆုံး မုသားဆယ်ခွန်း
၁။ငါအများကြီး မသောက်ခဲ့ပါဘူး။
၂။ဘာမှမဖြစ်ပါဘူး၊ ရပါတယ်။
၃။မင်းအဆက်အသွယ် လုပ်တာမရလိုက်လို့ပါ။
၄။ဒါဈေးမကြီးပါဘူး။
၅။လမ်းမှာ(ရောက်တော့မယ်)။
၆။လမ်းပိတ်နေတာ။
၇။မဟုတ်ပါဘူး။ ပုံဆိုးပန်းဆိုးမဖြစ်ပါဘူး။
၈။ဆောရီး။ ငါမင်းဖုန်းဆက်တာမရလိုက်ဘူး။
၉။မင်းဝိတ်ကျလာတယ်နော်။
၁၀။အမြဲလိုချင်ခဲ့တာဒီဟာပဲ။

အမျိုးသမီးများအသုံးအများဆုံး မုသားဆယ်ခွန်း
၁။ ဘာမှမဖြစ်ပါဘူး။ ရပါတယ်။
၂။အဲဒါဘယ်မှာရှိမှန်းတောင်မသိဘူး။ ကိုင်တောင်မကြည့်မိပါဘူး။
၃။ဒါဈေးမကြီးပါဘူး။
၄။အများကြီးမသောက်ခဲ့ပါဘူး။
၅။ခေါင်းမူးနေတယ်။
၆။အဲဒါက လျော့ဈေးနဲ့ရတာလေ။
၇။လမ်းပေါ်မှာ(ရောက်တော့မယ်)။
၈။ဒီဟောင်းနွမ်းနေတာတွေပဲရှိတော့တာ။
၉။မဟုတ်ပါဘူး။ ကျွန်မ လွှင့်ပစ်လိုက်တာ မဟုတ်ဘူး။
၁၀။အမြဲလိုချင်ခဲ့တာအဲဒါပဲ။

One comment

  • kokogyi

    June 21, 2010 at 12:24 pm

    ခု ခေတ် ကောင်လေး ကောင်မလေး အတော်တော်များများ လိမ်တာ ညာတာ မပါရင်စကားမပြောတက်ကြတော့ဘူးထင်တယ် အကုန်လုံး ညာနေတာ အကျင့်ဖြစ်နေကြပါပြီ…

Leave a Reply