ယောက်ကျားလေးများဈေးတက်နေသောခေတ်

moesatrainMay 27, 20101min715

လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျေုာ်လောက်က ပြောပြောနေကြတဲ့ စကားတစ်ခွန်းကို
မှတ်မိကြတယ် ဟုတ်..။ နောင်တစ်ချိန်မှာ မိန်းမတွေ ရင်ထုပြီး လင်လုရတော့မယ်
ဆိုတဲ့ စကားတစ်ခွန်းလေ..။ ဒီစကားဟာ နမိတ်လိုလို တဘောင်လိုလိုနဲ့
ခေတ်စားခဲ့တာတော့ အမှန်ပါပဲ။ အဲဒီအချိန်တုန်းကလည်း ပြောကြတယ်လေ။
ဆေးရုံတွေ၊ သားဖွားခန်းတွေမှာ ကြည့်လိုက်.. မိန်းကလေးက ၁ဝယောက်မွေးရင်
ယောက်ျားလေးက ၂ ယောက်လောက်ပဲ ပါသတဲ့..။ ဒါကြောင့် နောင်ဆိုရင်ယောက်ျား
တစ်ယောက်ကို မိန်းမတွေ အများကြီးက ဝိုင်းပြီး လုကြရတော့မယ်လို့
ပြောခဲ့ကြတယ်။

ဒီနောက်ပိုင်းမှာပဲ ခေတ်စားလာတဲ့ ဇာတ်လမ်းတွဲကိုလည်း ကြည့်လိုက်ဦးလေ..။ ကိုးရီးယား ကားတွေပေါ့..။ သိတယ်ဟုတ်.. ဒီကားတွေမှာ ယောက်ျားလေးတစ်ယောက်ကို မိန်းကလေး နှစ်ယောက်က ပြိုင်လုတာတို့၊ သုံးယောက်က
ပြိုင်လုတာတို့..။ ဒီနောက်ပိုင်းတွေမှာ ခေတ်အနေအထားအရ မိန်းကလေးတွေက
ရည်းစားစကားကို စပြောလာကြပြီး ယောက်ျားလေးတွေက အတော်စဉ်းစားနေကြရတဲ့
အနေအထားဖြစ်လာသလိုလို..။ စဉ်းစားမယ်ဆိုရင်လည်း စဉ်းစားစရာလေ..။
တစ်သက်လုံးရှာကျွေးရမှာကိုး …။ ဟုတ်တယ်ဟုတ်..။ ဒီခေတ်ကြီးရဲ့ စီးပွားရေး
အနေအထားကိုလည်း သိကြတဲ့ အတို်င်း ။ ပြီးတော့ ယောက်ျားလေး ဆိုတာကလည်း
ဖက်ပေါ်ဆူးကျတော့ ဆူးကောက်၊ ဆူးပေါ် ဖက်ကျ တော့လည်း ဆူးကျိုး ရမယ့် ဘဝမျိုး
ဖြစ်လာနေတော့.. ကြက်ဥက ကျောက်တုံးပေါ် ကျကျ ၊ ကျောက်တုံးက ကြက်ဥပေါ် ကျကျ
ဥဘက်က အနာကြီးပဲဆိုတော့လေ.. အတော် စဉ်းစားကာမှသာ တော်ကာကျမယ်လေ..။ ဟုတ်တယ်ဟုတ်—

သူငယ်ချင်းတစ်ယောက်ဆီကကူးထားတာပါ ကြိုက်လွန်းလို.

5 comments

  • BaKo

    May 27, 2010 at 9:27 pm

    ဥဘက်က အနာကြီးပဲဆိုတာမှန်တယ်ကွာ
    ပြောကြတယ်လေ။ ကောင်းတော့ဆူး၊ မောတော့ဥ ဆိုပဲ

  • moethiha

    May 28, 2010 at 3:49 am

    အဲ့ပုန်းစရာနေရာရှာထားရဦးမယ်းပုန်းဖို့ကို

  • thay min

    August 5, 2010 at 10:01 am

    ထွက်ပြေးတော.မယ်။

  • Saw Yan Naing

    August 6, 2010 at 4:29 am

    ဟုတ်တယ်ဗျာ
    ကျွန်တော်တောင်အခုပြေးနေရပြီ ဟဲ ဟဲ
    ခေတ်ကာလကြီးက ကျွန်တော်တို့လက်ထဲရောက်နေပြီဗျ

  • koyinmaung

    November 6, 2011 at 9:49 pm

    ဒီပို့စ်ကလဲထွက်ပြေးရွာသားတွေကအများသား….

Leave a Reply