မုံရွာမြို့မှာအတော်ကြောက်စရာကောင်းတဲ့သတင်းကြားနေရပါတယ်……..အဲဒါကတော့လူမဲကြီးအကြောင်းပါဘဲ…

moesatrainMay 27, 20101min19419

လူမဲကြီးဟာညညဆိုရင်အိမ်တွေကိုဝင်ပြီးတော့ပစ္စည်းတွေခိုးပါတယ်ပစ္စည်းတွေခိုးတဲ့အပြင်ကိုမိန်ကလေးတွေဆိုရင်
အပျိူဖြစ်ဖြစ်အအိုဖြစ်ဖြစ်မိန်ကလေးမှန်သမျှကိုအကုန်စော်ကားပါတယ်…..သူများတွေပြောတာကတော့အဲဒါလူမဲကြီးက
အဖွဲ့ရှိတယ်တဲ့သူတို့အဖွဲ့ကခုနစ်ယောက်တဲ့အခုလောလောဆယ်တော့ရဲတွေကနစ်ယောက်တော့မိသွားပြီးလိုသိရပါတယ်
အများစုပြောတာကတော့သူတို့အဖွဲ့တွေခုနစ်ယောက်ဆုံးကမှော်အောင်ထားတယ်လိုသိရပါတယ်အဲဒီထဲမှာတယောက်က
အဖွဲခေါင်းဆောင်မှော်အောင်တာအမြင်ဆုံးလိုသိရပါတယ်ဒါပေမယ့်သူကိုတော့ဘယ်သူကိုမှမဖမ်းမိရသေးပါဘူး…အခု
လူတော်တော်များများကလူမဲကြီးကိုကြောက်နေကျပါပြီမုံရွာမြို့ကလူတွေတော်တော်များများဟိုတနေ့တုန်းကတောင်
ကျွန်တော်တို့ရပ်ကွက်ထဲကိုဝင်သေးတယ်လိုပတ်ဝန်းကျင်လူတွေကပြောပါတယ်ထင်းပွဲယုံကိုဝင်တယ်လိုပြောပါတယ်
အဲဒီလူမဲကြီးကိုမိတော့မယ်လို့လုပ်လိုက်ရင်လွတ်လွတ်သွားတယ်လိုပြောပါတယ်မိန်ကလေးနစ်ယောက်အိမ်ကိုဝင်တယ်
ပြောပါတယ်သူတို့ညီမနစ်ယောက်တဲ့…လူမဲကြီးလာတော့သူတို့သိတယ်လိုပြောတယ်ဒါပေမယ့်သူတို့လဲအဲဒီလ ူမဲကြီ
ကိုဆံပင်တွေစောက်ဆွဲတယ်ပြီးတော့သူကိုပါစပ်နဲလက်ကိုကိုက်တော့သူကိုမကိုက်မိဘဲနဲသူညီမကိုကိုက်မိတယ်လိုပြောတယ်
ပြီးတော့မီးဖွင့်လိုက်တော့လူမဲကြီးပျောက်သွားတယ်လို့ပြောပါတယ်အခုမုံရွာမြို့မှာညညဆိုရင်လူတော်တော်များများသတိ
ဝိရီယနဲအိပ်နေရပါတယ်လူမဲကြီးလာမှာဆိုးလိုလေ…..လူမဲကြီးညမှထွက်တာ…အဲဒါကြောင့်မို့လိုမိန်ကလေးများခင်ဗျာ
ညညဆိုရင်အပြင်ကိုမထွက်ကြပါနဲမိုးချူပ်တဲ့အထိမနေကျပါနဲ…………သူငယ်ချင်းတွေကောလူမဲကြီးသာသူငယ်ချင်းတို့
အိမ်ကိုအကယ်လိုရောက်လာမယ်ဆိုရင်ဘာလုပ်မှာလဲအဲဒီလူမဲကြီးလျှင်တယ်နော်ပြီးတော့မှော်ကလဲအောင်ထားတာဆိုတော့
?

19 comments

  • MandalayThar

    May 27, 2010 at 9:51 am

    ဒီသတင်းကြားရတာ ၁ ပတ်လောက်တော့ရှိပြီ။ ဒီလူမဲကြီးဟာ ဟိုတုန်းက မန်းတလေးမှာ ဖြစ်ခဲ့တဲ့ လက်မဲကြီးနဲ့ တစ်ဂိုဏ်းတည်းလို့လည်း ပြောကြတယ်။ မုံရွာက မြင်းစီးကြေးရုပ်နားက ကျွန်တော်အစ်ကိုဝမ်းကွဲကို မေးကြည့်တော့ ဟုတ်တယ်တဲ့။

    သူလည်း အစတုံးက မယုံပါဘူးတဲ့။ နောက်တော့ သူ့ သူငယ်ချင်းရဲ့ အမနဲ့ညီမ ဖြစ်တော့မှ သူနည်းနည်းယုံလာတယ်လို့ပြောတယ်။ သူ့သူငယ်ချင်း ညီက သူ့ရဲ့သူငယ်ချင်းအိ်မ်ကို အလည်သွားတာ သူအစ်မကို ခေါ်သွားတယ်တဲ့ ညနေ (၉)နာရီလောက် အပြန်မှာ အိမ်ရောက်ပြီး တံခါးသော့ခပ်ပြီး ပြန်လာတော့ သူညီမ အခန်းဘက်ကအသံကြားတာနဲ့ သွားကြည့်တော့ လူမည်းကြီးက သူ့ညီမကို အနောက်ကနေ သိုင်းဖတ်ထားတယ်တဲ့ မီးကလည်းမှောင်နေတော့ သိပ်မမြင်ရဘူးတဲ့။ နောက်တော့ မှ ၃ယောက်လောက် ဒီအိမ်ထဲရောက်နေမှန်းသိတော့တယ်တဲ့။ ဘာဖြစ်လို့လဲတော့ မသိဘူး ပစည်းတွေလဲ သိပ်မပါသွားပါဘူးတဲ့။ ပိုက်ဆံအိပ်ရယ်၊ ချွတ်ရလွယ်တဲ့ သူ့ညီမလက်ကောက်တကွင်းရယ် ဘဲပါသွားတယ်တဲ့။ လူလဲဘာမှာ မလုပ်သွားဘူးတဲ့။ နောက်ဖေးပေါက်ကနေ လစ်ပြေးသွားကြတယ်တဲ့။

    နောက်ပိုင်းကြားရတာတွေက အများကြီးဘဲတဲ့။

  • BaKo

    May 27, 2010 at 8:56 pm

    ဒါမျိုးရှေးကလည်းဖြစ်ဖူးတယ်။ အပျိုရည်သောက်မှမှော်အောင်တာဆိုတယ်
    ခြေဖဝါးမှာ ဘုရားရုပ်မှင်ထိုးထားတဲ့ အောက်လမ်းဆရာတွေ
    မြို့လုံးကျွတ်ကိုးရက်ကိုည တုံးခေါက်တောထုတ်ရတယ်

  • moethiha

    May 28, 2010 at 3:42 am

    အင်းအဲ့လိုတွေတော့ကျွန်တော်တို့မန်းလေးမှာပေါ်ဖူးပါတယ်။ကျွန်တော်ကတော့တစ်ခါမှမတွေ့ဖူးပါဘူး။
    ဒါပေမယ့်မှော်အောင်တယ်ဆိုတာကတော့မမှန်ဖို့များပါတယ်။သူ့ကိုယ်ကိုဆီတွေသုတ်ထားတတ်တယ်သူတို့ကိုကိုင်မိရင်ချောသွားအောင်လို့တဲ့
    ဝန်းတွေကိုခုန်ကျော်တာတော့ကြောက်အားလန့်အားကြောင့်လို့ပြောတာကြားဖူးပါတယ်။
    ကျွန်တော့အဖိုးပြောတာပြန်ပြောပြတာပါ။

  • yannaingech

    May 28, 2010 at 7:58 am

    ဘာတွေတုန်းဗျာ…၂၁ ရာစုရောက်တာ ၁ဝ နှစ်ရှိနေပြီဟာကို

  • zuugyi

    July 21, 2010 at 10:53 am

    မန္တလေးက လက်မဲကြီးတုန်းကတော့ ကြားလိုက်တယ်.. ကျွန်တော်တို့က ငယ်ငယ်လေးပဲရှိသေးတယ်… မှော်အောင်တာ ဘယ်လိုဆိုတာမသိပေမယ့်… အောက်လမ်းနဲ့ပြုစားခံရလို့ ရူးကြောင်ကြောင်ဖြစ်နေတာကို ပြန်ကောင်းအောင်ကုတာတော့တွေ့ဖူးတယ်… ၂၁ ရာစုကို ဘယ်လောက်ပဲကျော်ကျော် ကိုယ်တိုင်ကြုံဖူးမှသိတာဗျ.. ကျွန်တော်လဲအရင်တုန်းကမယုံဘူး… ကြုံဖူးမှယုံသွားတာ.. ဒီလိုပညာတွေလဲ တကယ်ရှိပါလားလို့.. အခု လူမဲကြီးကိုတော့ ကိုယ်တိုင်မကြုံဖူးလို့ ဘာလဲမသိပါ…

  • Yin Nyine Nway

    July 21, 2010 at 11:21 am

    တောင်ကြီးမှာတော့ မဖဲဝါ ဆိုပြီး နာမည်ကြီးလိုက်သေးတယ်
    ဒါပေမဲ့ …နောက်ဆုံးကျတော့…………………
    ……………………………….
    …………….
    သူခိုးကြီးရှင့်

  • Saw Yan Naing

    August 6, 2010 at 5:02 am

    ဟုတ်လားဗျ တော်တော် ထူးဆန်းပြီး စိတ်ဝင်စားဖို့ကောင်းတာပဲ
    ဒီလိုနည်းလမ်းတွေလဲရှိသေးတယ်နော်
    ကျွန်တော်က နည်းပညာကျောင်းသားဆိုပေမဲ့ ဒီလိုထူးထူးဆန်းဆန်းတွေကိုလည်း စိတ်ဝင်စားမိတယ်

  • ဆူး

    November 7, 2010 at 3:49 pm

    ဘာတွေ မှန်းကို မသိဘူး.. ရှုပ်နေတာဘဲ

  • unclegyi1974

    November 7, 2010 at 4:00 pm

    ဒီလိုသတင်းတွေဘယ်လိုအချိန်တွေမှာပေါ်လာသလဲ
    သေချာစဉ်းစာကြရင်အဖြေပေါ်ပါတယ်ဆူးရယ်
    နောက်ဆုံးတော့လဲ…..

  • shwepyiaye

    November 7, 2010 at 7:18 pm

    ဘာမှမဟုတ်ဘူးဗျ….
    တစ်ကိုယ်လုံးကိုအင်ဂျင်ဝိုင်တွေသုတ်ထားတဲ့သူခိုးခင်ဗျ…
    ဘာမှော်မှကိုမအောင်ဘူးဗျာ….
    အင်ဂျင်ဝိုင်တွေသုတ်ထားတော့ဝိုင်းဖမ်းလဲမမိဘူးဗျ…
    ချော်ထွက်နေတယ်လေ….
    အလကားသူခိုးပါဗျာ…..

  • phone

    November 8, 2010 at 7:02 am

    ကြောက်စရာဘဲ

  • etone

    November 8, 2010 at 9:14 am

    ဟုတ်ရောဟုတ်လို့လား ။ စကားတွေများဖောင်းပွတာများလား ။ ဒါမှမဟုတ် ဟိုရက်ဒီရက်နဲ့နီးပြီး သတင်းလွှင့်တာလား ။

  • search123

    November 8, 2010 at 10:46 am

    လူမဲကြီးတွေ လာရင် ထုံးရည်နဲ့ ပက် ဖြူသွားရင်တော့ ဖမ်းရလွယ်မယ်ထင်တယ်နော်။
    ဒါမှ မဟုတ် နှာရှူဆေးမှုန့်ဆောင်ထားပြီးပက်ပစ်။

  • ko zaw

    November 8, 2010 at 12:14 pm

    မဲဖြစ်နိုင်ဘူး…သူခိုးပဲဖြစ်မယ်…အာဖရိက.က ကွန်ဒုံးတွေ မုံရွာကို ပို့ရမလိုဖြစ်နေပြီး။ပြီးတော့ကျင်စက်တွေ

  • april

    November 8, 2010 at 1:06 pm

    အင်း…..မြန်မာပြည်လည်း တစ်ခုပြီးတစ်ခု ဖြစ်နေပါလားနော်….

  • T1

    November 8, 2010 at 4:15 pm

    taw taw soe par lar……aww pa yar pa yar

  • winkyawaung

    November 8, 2010 at 5:10 pm

    အခါကြီး ရက်ကြီးတွေနီးတော့ ကောလ ဟာလတွေ ဖြစ်လောက်ပါတယ်..။

  • nsz

    November 9, 2010 at 7:41 am

    ဘယ်လိုပဲ ဖြစ်ဖြစ် သရဏဂုံမြဲအောင်နေပြီး ညတိုင်း ပဋန်းသေဿနာတော်ရွတ်ပြီးမှ အိပ်စေချင်ပါတယ်။
    မုံရွာက မိန်းကလေးတွေကိုလည်း စိုးရိမ်မိပါတယ်။

  • konaynyoo

    November 9, 2010 at 11:13 am

    ဟဟ….. ဒီလို ကိစ္စမျိုးရှိသေးလား (တရုတ်ကားထဲကလေသံနဲ့) လို့ပြောလိုက်ခြင်တယ်။
    လုံးဝမယုံပါ။ ဖတ်လို့တော့ကောင်းပါတယ်။ နောက်ကို မတင်ပါနဲ့ ။ အဲ့လို ပို့စ်မျိုး ။
    းးးးးးး ငါ မှားတာရှိရင် တောင်းပန်ပါတယ် းးးးးးးးးးးးးး

Leave a Reply