ဗြိတိသျှကောင်စီ၏ကျောင်းသားများအတွက် ယူကေဘွဲ့လွန်ပညာရေးဟောပြောပွဲ

manawphyulayDecember 23, 20111min650

ဗြိတိသျှကောင်စီ၏ကျောင်းသားများအတွက် ယူကေဘွဲ့လွန်ပညာရေးဟောပြောပွဲ
(Studying Postgraduate Qualifications in the UK)

ဟောပြောပွဲ တက်ချင်သူများ အခမဲ့တက်ရောက်နိုင်ပါတယ်

ဗြိတိသျှကောင်စီ Education UK ဌာနမှ ယူကေနိုင်ငံတွင် ဘွဲ့လွန်ပညာ သွားရောက်သင်ကြားလိုသူများအတွက် Studying Postgraduate Qualifications in the UK ခေါင်းစဉ်ဖြင့် ပညာရေးဟောပြောပွဲ တစ်ရပ်ကို ကုန်သည်ကြီးများဟိုတယ်၊ ကုန်းဘောင်၊တကောင်းခန်းမ တွင် ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁ဝ နာရီ မှ နေ့လည် ၁၂ နာရီ အထိကျင်းပသွားမည်ဖြစ်ပါသည်။

၎င်းပညာရေးဟောပြောပွဲတွင် ဗြိတိသျှကောင်စီ Education UK ဌာနမှ တာဝန်ရှိသူမှ ယူကေနိုင်ငံတွင် ဘွဲ့လွန်ပညာ သွားရောက်သင်ကြားရန် စိတ်ဝင်စားသည့် ကျောင်းသားများ သိသင့်သိထိုက်သည့် အချက်အလက်များ၊ တက်ရောက်ရန် ပဏာမ ရွေးချယ်ထားသည့် UK ကျောင်းများ၏ အရည်အသွေးကို မည်သို့မည်ပုံ စုံစမ်းသည့်ရှိနိုင်မည့် နည်းလမ်းများ ၊ ဘွဲ့လွန်သင်တန်းဝင်ရောက်ခွင့်ရရှိရန် လိုအပ်မည့် ပညာအရည်အချင်း၊ ကျောင်းသားများဗီဇာဝင်ခွင့်နှင့် သက်ဆိုင်သည့် အချက်အလက်များကိုပါ တင်ပြသွားမည် ဖြစ်ပါသည်။
ဝင်ကြေးမှာ အခမဲ့ ဖြစ်ပြီး တက်ရောက်လိုသူများသည် ဗြိတိသျှကောင်စီ Customer Service Desk (၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်) တွင်ဖြစ်စေ၊ ဖုံး ၂၅၄၆၅၈ ၊ ၂၅၆၂၉၀-၁ လိုင်းခွဲ ၃၃၁၇-၈ သို့ခေါ်ဆို၍ဖြစ်စေ၊ online မှစာရင်းပေးလိုပါက ဤ online form အားဖြည့်၍ဖြစ်စေ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။