ဒီနေရာလေးမှာ ဆုံကြတာလေ


ဆန်းမားပဲလေ့စ်ဟိုတယ်တွင်
အဘဖောနဲ့ ရင်ငြိမ်းနွေးက ကြိုရောက်နေ
မနောဖြူလေးရောက်လို့လာ
ကိုထက်ဝေးနဲ့ မောင်ကမ်းကြီးလည်း ပါလို့လာ
အဘဖောက လောဆော်တာ
ဘူဖေးစားဖို့ ပြင်ဆင်ကာ
စားနေရင်းနဲ့ ပန်ပန် ရောက်
နွယ်ပင် အာဂ ဦးဆောင်ကာ
ချာတူးလန်လည်းပါလို့လာ
ဘလက်ချောနဲ့ နိုဇိုးမီ
ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင်
မြန်အောင်သားလေး
မှော်ဆရာ ဓာတ်ပုံရိုက်ဖို့ အပြေးရောက်လာ
သူ့ကမျာ လူမစုံသေး
မဝေတို့ကို စောင့်နေဆဲ
ခဏအကြာ
ဆူးခေါင်းဆောင်တဲ့အဖွဲ့ဟာ
တပ်မကြီးလို ချီတက်လာ
ဦးနေးချားနဲ့ မမလည်း ပါ
လေးဖက်တီးကြီးတစ်ယောက်မှာ
ဝိုင်ကေကေအိုတွင် သောင်တင်ရှာ
သူ့ခမျာ တစ်ယောက်ထဲ
ယောင်လည်လည်နဲ့စောင့်နေဆဲ
အာရုံရသော အဘဖောမှာ
ဖုန်းလှမ်းဆက်လို့ ခေါ်ရရှာ
မနှေးအမြန်ရောက်လာကာ
လူကြီးမို့ ပွဲလယ်ခုံမှာ နေရာချခဲ့တာ
မပဒုမ္မာလည်း အမှီလာသေး
လူစုံခါနီးအချိန်တွင်
အယူတော်မင်္ဂလာချိန် ကျရောက်လာပြီမို့
ကိုရင်စည်သူလည်း ကြွရောက်လာသဗျို့
ကဲ ရွာသူဂျီးမပါတဲ့ပွဲမှာ
ရွာသူရွာသားအပေါင်း
ပျော်ရွှင်စွာ ဆင်နွှဲမယ့်ပွဲဖြစ်သဖြင့်
မတိမ်းမစောင်းပဲ ဗိန်းမောင်းနဲ့
မန်းဂေဇက်ရွာသူရွာသားတို့ရေ………….
အခမ်းအနား စလိုက်ကြပါစို့………….

ပျော်ရွှင်စရာကောင်းလှတဲ့ တွေ့ဆုံပွဲလေးတစ်ခုကို နှစ်ဟောင်းမှ နှစ်သစ်သို့ သယ်ဆောင်သွားပါရစေ

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။