ပျော်ရွှင်ခဲ့သော တွေ့ဆုံပွဲ

manawphyulayDecember 23, 20111min18123

ဒီနေရာလေးမှာ ဆုံကြတာလေ

ဆန်းမားပဲလေ့စ်ဟိုတယ်တွင်
အဘဖောနဲ့ ရင်ငြိမ်းနွေးက ကြိုရောက်နေ
မနောဖြူလေးရောက်လို့လာ
ကိုထက်ဝေးနဲ့ မောင်ကမ်းကြီးလည်း ပါလို့လာ
အဘဖောက လောဆော်တာ
ဘူဖေးစားဖို့ ပြင်ဆင်ကာ
စားနေရင်းနဲ့ ပန်ပန် ရောက်
နွယ်ပင် အာဂ ဦးဆောင်ကာ
ချာတူးလန်လည်းပါလို့လာ
ဘလက်ချောနဲ့ နိုဇိုးမီ
ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင်
မြန်အောင်သားလေး
မှော်ဆရာ ဓာတ်ပုံရိုက်ဖို့ အပြေးရောက်လာ
သူ့ကမျာ လူမစုံသေး
မဝေတို့ကို စောင့်နေဆဲ
ခဏအကြာ
ဆူးခေါင်းဆောင်တဲ့အဖွဲ့ဟာ
တပ်မကြီးလို ချီတက်လာ
ဦးနေးချားနဲ့ မမလည်း ပါ
လေးဖက်တီးကြီးတစ်ယောက်မှာ
ဝိုင်ကေကေအိုတွင် သောင်တင်ရှာ
သူ့ခမျာ တစ်ယောက်ထဲ
ယောင်လည်လည်နဲ့စောင့်နေဆဲ
အာရုံရသော အဘဖောမှာ
ဖုန်းလှမ်းဆက်လို့ ခေါ်ရရှာ
မနှေးအမြန်ရောက်လာကာ
လူကြီးမို့ ပွဲလယ်ခုံမှာ နေရာချခဲ့တာ
မပဒုမ္မာလည်း အမှီလာသေး
လူစုံခါနီးအချိန်တွင်
အယူတော်မင်္ဂလာချိန် ကျရောက်လာပြီမို့
ကိုရင်စည်သူလည်း ကြွရောက်လာသဗျို့
ကဲ ရွာသူဂျီးမပါတဲ့ပွဲမှာ
ရွာသူရွာသားအပေါင်း
ပျော်ရွှင်စွာ ဆင်နွှဲမယ့်ပွဲဖြစ်သဖြင့်
မတိမ်းမစောင်းပဲ ဗိန်းမောင်းနဲ့
မန်းဂေဇက်ရွာသူရွာသားတို့ရေ………….
အခမ်းအနား စလိုက်ကြပါစို့………….

ပျော်ရွှင်စရာကောင်းလှတဲ့ တွေ့ဆုံပွဲလေးတစ်ခုကို နှစ်ဟောင်းမှ နှစ်သစ်သို့ သယ်ဆောင်သွားပါရစေ

23 comments

  • etone

    December 23, 2011 at 1:38 pm

    နှစ်ခိရှာပြီ …. ။ ဒီပွဲမသွားလိုက်တာ နာသွားတယ်ကွာ … ။
    နို့မို့ဆို … ပွဲကိုမှီပြီး ပို့စ်တွေ တပုဒ်ပြီး တပုဒ်ရေးလို့ ရတယ် .. ဟီးဟီး :mrgreen:

    • manawphyulay

      December 23, 2011 at 1:38 pm

      ဒါပေါ့… နောက်ပွဲအမှီပြင်ဆင်ထား ညီမလေးရေ…

  • True Answer

    December 23, 2011 at 1:39 pm

    ဟွန်း ကျွန်တော် နာမည်လည်း မပါဘူး။

  • ကိုရင်စည်သူ

    December 23, 2011 at 1:46 pm

    ဟေ့ မနောဖြူ… ကျနော်က အစောဆုံးရောက်နေတာ
    ဘယ်လိုလုပ် နောက်ဆုံးကို ရောက်နေရတာလဲ
    မကျေနပ်ဖူး.. နောက်တခါဆုံရင်
    ဓါတ်ပုံမရိုက်ပေးတော့ဘူး… ဒါဗြဲ…. 👿 👿

    • manawphyulay

      December 23, 2011 at 1:49 pm

      အယူတော်မင်္ဂလာနဲ့ညီအောင် နောက်ဆုံးပို့ပေးထားတာလေ…. မရိုက်ပေးလို့ရမလား ဟွန့်

  • kotun winlatt

    December 23, 2011 at 1:48 pm

    တစ်ခါလောက်တော့ မန်းဂေဇက် မင်ဘာတွေနဲ့
    တွေ့ခွင့်ရချင်ပါသေးတယ်…
    နွေရာသီ အားလပ်ရက်ကို လာခဲ့မယ်ဗျာ…
    တွေ့ခွင့်ရနိုင်ပါ့မလားးတော့ မသိ…။

  • Sonny

    December 23, 2011 at 1:52 pm

    ကျွန်တော်တို့ မန ္တလေး ကိုလည်း အလည်လာကြဦးလေ။
    ှဆုံကြသေးတာပေါ့။

  • ဆူး

    December 23, 2011 at 1:55 pm

    ဆူးမမ ရဲ့ အကြံတခု
    သွားရေး လာရေး အဆင်ပြေဖို့..

    အကြံလည်းအောင် ကားလည်းစိုက်
    တွေ့တဲ့ကားနဲ့ ကပ်ပြီးလိုက်..

    ဆူး ခေါင်းဆောင် လာတာ မဟုတ်ဘူး ကားမပါလို့ သူများ ကား ကပ်စီးချင်လို့ အကြံထုတ်ပြီး အချောင်လိုက်လာတာ.. လူကြားထဲမှာ တော်တော် အရှက်ခွဲတာပဲ ဒီမနောတော့ မလွယ်ဘူးနော်.. ဒါလေးတောင် မသိဘူးလား.. ထမင်းအလကား စားရမှာ ကားခထပ် အကုန်မခံနိုင်ဘူးတော်.. .. နောက်ဆို မနောလည်း ကျွှေးတာ အဝ စားပြီး အသွားအပြန် အဆင်ပြေအောင် ကြံရည်ဖန်ရေလေး ဘာလေး ဘုရားလှူပေါ့။ တူသော အကျိုးပေးမှာပါ။
    အပြောကောင်းရင် လေယာဉ်ပျံတောင် အလကား ရတယ် တဲ့.. (ကလေးကစားစရာ)

    ကျေးဇူးတင်လွာတောင် ရေးထားသေးတယ်။

    • manawphyulay

      December 23, 2011 at 2:03 pm

      ဟီး နည်းလေး ဘာလေးရှိရင် ပြောပါဦး.. ဘယ်သူ့ကို ဘယ်လိုကပ်ရမှန်းမသိဘူးလေ။

      • မှော်ဆရာ

        December 23, 2011 at 2:20 pm

        ကျွန်တော့ကိုသာ ကပ်လိုက် အဆင်မပြေရင် ရေနွေးဖိုးပါ ထပ်စိုက်ပေးရနှိုင်တယ် ။

        • manawphyulay

          December 23, 2011 at 2:30 pm

          ဟုတ်ပဟာ… မှော်ဆရာတဲ့ တစ်မှော်တယ်ရှိတယ်။ သူတို့က လူလည်လုပ်တာ ဟွန်း ရေနွေးဖိုး ထပ်ပေးရတယ်။ ခုတောင် ကျန်ခဲ့တဲ့မုန့်လေးစားချင်နေတာ…..

  • zarlay

    December 23, 2011 at 2:21 pm

    ဘယ်တုန်းက စုံကြတာလဲဟင်… နောက်တစ်ခါဆုံရင် ပြောပါနော်။

  • FattyCat

    December 23, 2011 at 2:49 pm

    တွေ့ကြသေးတာပေါ့ကွာ….နောက်တစ်ခါများဆိုပါတယ်

  • blackchaw

    December 23, 2011 at 5:56 pm

    “ဆန်းမားပဲလေ့စ်ဟိုတယ်တွင်
    အဘဖောနဲ့ ရင်ငြိမ်းနွေးက ကြိုရောက်နေ”

    အသာလုပ်ပါ မနောဖြူလေးရယ်
    ကဗျာတော့ ကဗျာပေါ့ အင်းလေ ကဗျာပဲပေါ့ဗျာ။

    • manawphyulay

      December 25, 2011 at 12:34 pm

      ဟဟ ဦးဦးဘလက်ကြီးပြောမှ ကဗျာက ကဗျာပါပဲလေ…. အတွေးမချော်ပါနဲ့…. 🙁

  • htet way

    December 23, 2011 at 7:51 pm

    အဆိုကောင်းတာဘယ်သူလဲ
    အလွန်စားတာဘယ်သူလဲ
    အလွန်သွက်တာဘယ်သူလဲ
    ပျော်စရာပါဗျာ..လူတောင်နည်းနည်းပြန်ငယ်သွားတယ်
    အင်းရန်ကုန်ရောက်နေလို့ သွားရတာပါ
    ရန်ကုန်ကိုခေါ်တဲ့ လူကိုကျေးဇူးတင်ပါတယ်
    ဒကာတော်ကိုလည်း ကျေးဇူးတင်ပါတယ်
    နောက်တခါပွဲရှိရင် မနောဖြူလေး ပြောပါနော်

  • KING

    December 23, 2011 at 8:00 pm

    ခပ်ကင်းကင်းနေတဲ့သူဆိုပြီး
    နာ့ကျတော့ ခေါ်ကြဝူးးးးးး 🙁
    (P.S နာက မိန်းမချောချောလေးရယ် …. အစားအစာကောင်းကောင်းလေးဆိုရင် မကင်းပါဘူး … 🙂 😀 😛 )

  • zaw min

    December 23, 2011 at 8:28 pm

    ကိုချောကလည်းဗျာ …အဘဖော အဲဒီလိုလူစားမျိုးမဟုတ်ပါဘူး…အဲဒါတွေက ဟိုးအရင်တုးံကအကျင့်တွေလေ…အခု ဆီမာဆပ်ပဲသွားတာ…
    အဘဖောက ဟော်တယ်ကိုရောက်နှင့်နေပြီး ရင်ငြိမ်းရောက်တော့ ဘယ်သူမှ့မရောက်သေးလို့ မနော်ကို ဖုန်းဆက်ပြီး အမြန်လှမ်းခေါ်…အဲဒါ..အဲဒါ…ကိုချောလုပ်တာနဲ့ သူများတွေတစ်မျိုးထင်မှဖြင့်…
    ရင်ငြိမ်းခင်မျှာ…ကလောမှာအေးအေးဆေးဆေးနေတာကို….

  • ကြောင်ကြီး

    December 25, 2011 at 12:55 pm

    နှစ်သစ်ကူးတွင်
    ထူးပျော်ရွှင်
    ဆန်းမားပဲလေ့စ်တွင်၊
    စားကြဝါးကြ
    ဘီလူးသရဲတမျှ
    ပါဆယ်ထုပ်လည်းရ၊
    အားလုံးကုန်တော့
    ခေါင်းလေးမော့
    အိမ်ပြန်ကျော့တော့တော့၊
    ကျွေးသူခင်မျာ
    ငေးငိုင်ကာ
    ဆွေးလို့ကျန်ခဲ့ရှာ၊
    စားတုံးပြုံးပြ
    မဆိုကြ
    ပဋိသန္ဓာရ၊
    အဆုံးရလဒ်
    မဒမ်ဖောဖြတ်
    ဦးဖောညစာခက်….။ 🙂

  • snow white

    February 28, 2012 at 2:36 pm

    ဟီးငိုချင်တယ် မီးမီးကစားကြောမမှီလိုက်ဘူး ငိုချင်တယ် မီးမီးခုမှအကောင့်အပ်တာဆိုတော့နောက် တခေါက်တွေ့ဆုံပွဲလုပ်ရင်မီးမီးစနိုးကိုလည်းဖိတ်နော် အတိုးချပြီးစားပစ်မယ်

    • Prince of Pennsylvania (PoP)

      February 28, 2012 at 2:41 pm

      ခေါ်ပါ့မယ်မီးရယ် ခေါ်ပါ့မယ်. …

      ဘတ်ထ် …နောက်တခါ ဆုံဖြစ်ကြလို့ အဲ့ထဲမှာ
      နှူးဘာဂီ ဆိုတဲ့လူ ပါရင် သတိထားကွယ့် ….

      😀

  • photwenty

    February 28, 2012 at 2:50 pm

    အီးးးးးးးးးးးးးးးးးးးး
    နာတို.တွေ လာတဲ.ပွဲတုန်းကတော.ဘူမှမလာကြဘူး

Leave a Reply