ဆောင်းပါးကောင်းလေးပါ….

kurokoDecember 23, 20111min525

သူငယ်ချင်းတို့ရေ ၁၉၀ဝ ပြည့်နှစ် ဝန်းကျင်လောက်က Thomas Vills “ သောမတ်စ် ဗီးစ် ဆိုတဲ့ ကောင်လေးတစ်ယောက်သူအရမ်းချစ်တဲ့ သူ့အဖိုး…သူ့ရှေ့မှာ ဦးနှောက်သွေးကြောပြတ်သွားတာကိုကြုံခဲ့ရတယ်.ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့အဖိုးဖြေးဖြေးလဲကျသေဆုံးသွားပုံကိုမျက်စိထဲက မထွက်ခဲ့ဘူး..။ ဒီလိုနဲ့ နှစ်ပေါင်း ၂ဝ ကျော်ကြာခဲ့ပြီးတဲ့နောက်မှာ “ သောမတ်စ်ဗီးလ် ” ဟာ ဆရာဝန်ဖြစ်လာခဲ့တယ်..။သူငယ်ငယ်ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံးသွားတဲ့ အဖိုးအဖြစ်ကို ဘာကြောင့်ဦးနှောက်သွေးကြောပြတ်ရတာလဲ လို့ သူ့လေ့လာခဲ့တယ်။ မလေ့လာရင်သာနေမယ်..လေ့လာရင် အရာရာ သိလာရတာပါပဲ..။ တစ်ခါတစ်လေ ကြီးမားတဲ့ အပြောင်းအလဲတွေဟာ မထင်မှတ်တဲ့ နေရာတွေက အစပြုတတ်ပါတယ်..။မြန်မာနိုင်ငံမှာ ဦးနှောက်သွေးကြောပြတ်ပြီးခဲ့ ရတဲ့ လူတွေ အများကြီးပါ..။သူတို့ဟာ အဓိကအားဖြင့် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်ပါသလဲ..။ “ အလွန်ဒေါသထွက် ၊ ရန်ဖြစ်နေချိန်ကလွဲလို့ ဦးနှောက်သွေးကြောပြတ်သေဆုံးသူအများစုုဟာ အိမ်သာက အထွက်မှာ မူးပြီးလဲကျ ဦးနှောက်သွေးကြောပြတ်တယ်လို့တွေ့ရမှာပါ.။ ဒီလိုပါပဲ…သောမတ်စ်ဗီးလ် လဲတွေ့ရှိခဲ့တယ်..။ ” သူ့အဖိုးကလဲ အိမ်သာက အထွက်မှာလဲကျ သေဆုံးသွားခဲ့တာလေ..။ သူ သေသေချာချာ လေ့လာတော့ ရိုးရိုးအိမ်သာခွက်(ဆောင့်ကြောင့်ထိုင်ခွက်)မှာ ထိုင်ပြီး အိမ်သာတတ်သူဟာ ဒူးက ၁၅ဝ ဒီဂရီကျော် ကွေးပြီး ထိုင်ရုံသာမက လူဝိတ်ကပါ ဖိမိထားတော့ ခန္ဓာကိုယ်က သွေးကြောတွေ ပိတ်မိနေတယ်။ဒီအချိန်မှာ အိမ်သာတတ်ပြီးလို့ ရုတ်တရက်ထလိုက်တော့ ကွေးနေတဲ့ ဒူးဟာရုတ်တရက်သွေးကြောကို ဖွင့်ပေးလိုက်သလို ဖြစ်ပြီး ဦးနှောက်သွေးကြောကိုဆောင့်တိုးစေတယ်..။လူငယ်တွေမှာ ခံနိုင်ရည်ရှိပေမဲ့ လူကြီးတွေကျတော့ ခံနိုင်ရည်အားကျနေပြီလေ.။ဒါကြောင့် အိမ်သာက အထွက်မှာ လူတွေ ဦးနှောက်သွေးကြောပြတ်တာလို့…သူတင်ပြတယ်..။ ဒါနဲ့ လေ့လာတွေ့ရှိမှု နောက်ဆက်တွဲ အဖြစ်နဲ့ ရိုးရိုး အိမ်သာခွက်တွေ အစား ထိုင်ကမုတ်ခွက် တွေကို ပြောင်းသုံးဖို့ သူတီထွင်ခဲ့တယ်..။ထို်င်ကမုတ်ခွက် တွေ အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုကလဲ အံ့ဩစရာကောင်းပါတယ်..။၇ဝ % သော လူတွေ ဦးနှောက်သွေးကြောပြတ်မှုကို ကာကွယ်နိုင်ခဲ့တယ်..။ပြင်သစ် ၊ ဆွီဒင် ၊ ဂျာမနီ ၊ အမေရိကန် ၊ဟော်လန် နိုင်ငံတွေမှာထိုင်းကမုတ်ခွက်သုံးပြီးကတည်းက ဦးနှောက်သွေးကြောပြတ်သူ ၈၅ % လျော့ချနိုင်ခဲ့တယ်..။အင်္ဂလန်အပါအဝင် တခြားနိုင်ငံတွေမှာ ၇ဝ % လျော့ချနိုင်ခဲ့တယ်..။ ဖွံဖြိုးပြီး အာရှနိုင်ငံများမှာ ၆ဝ % ကျော်လျော့ချနိုင်ခဲ့တယ်..။အာဖရိကတိုက်မှာတော့ ဦးနှောက်သွေးကြောပြတ်သူ တဖုတ်ဖုတ်ပါပဲ..။မြန်မာနိုင်ငံမှာရော. ကဲသူငယ်ချင်းတို့ရေ မသိခင်ကတော့ ထားပါတော့သိပြီးမှတော့ ကျွန်တော်တို့တွေ ထိုင်ကမုတ်ခွက် ကိုပြောင်းမသုံးသင့်ဘူးလားဗျာ။

Foward E-mail က ရတဲ့ ဆောင်းပါးလေးကို ကျွန်တော်တို့ရွာသူ..ရွာသားများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်…ကျွန်တော်ကိုယ်တိုင်လည်း လူဝဖြစ်နေလို့ ကိုယ်ချင်းစာမိလို့ပါ….

5 comments

  • Ko Ko Aung

    December 24, 2011 at 9:39 am

    တော်တော်အကျိုးပြုတဲ့ပိုစ့်လေးပဲ
    ကျွန်တော်ဖြင့် အခုမှ (လေးဆယ့်ငါးနှစ်မှ) ကြားဘူးတာပဲ။
    ကျေးဇူးဗျာ

  • TTNU

    December 24, 2011 at 10:34 am

    လက်ခံတယ်။ထောက်ခံပါတယ်။
    ပြဿနာက Western ကမုတ်တပ်ဆင်ရင် Flush လုပ်ဖို့ ရေတော်တော် အဆင်ပြေ
    မှဖြစ်မယ်။ ရေကောင်းကောင်းသွယ်နှိုင်တဲ့ အရပ်တွေမှာကတော့ သုံးသင့်တာ အမှန်ပါပဲ။

  • တောတွင်းပျော်

    December 26, 2011 at 12:31 am

    အကြောင်းသေးသေးက အကျိုးကြီးကြီးဖြစ်စေခဲ ့တာပဲ…

    ဖတ်၊မှတ် လိုက်ရတဲ ့အတွက် ကျေးဇူးအထူးပါ….

  • မှော်ဆရာ

    December 26, 2011 at 8:13 am

    ဘိုထိုင်နဲ့ ဦးဏှောက်သွေးကြော ဆက်ဆပ်မကြည့်မိတာတော့အမှန်ပဲ
    ဒါပေမယ့် အိမ်မှာတော့ တပ်ထားတယ်
    အမေက ဝတော့ ရိုးရိုးအိမ်သာ တက်ရတာ အဆင်မပြေဘူးဆိုလို့
    အခုတော့ ပိုကောင်းတာပေါ့လို့ ပြောစရာဖြစ်ပြီ
    တကယ်အသုံးဝင်တဲ့ ပိုစ်ပါ..။

  • ဆူး

    December 26, 2011 at 9:20 am

    အဲဒါကို သတိတော့ထားမိတယ်။ စောင့်ကြောင့်ထိုင်ရာက ထ လိုက်ပြီး ရုတ်တရက် ထရင် ခေါင်းမိုက်ခနည်း မူးတတ်တာ သတိထားမိတယ်။
    အဲလိုတော့ အိမ်သာက အထွက် မှာ ဖြစ်တတ်တာတော့ သတိမထားမိဘူး။
    တကယ် အကျိုးရှိတဲ့ စာလေးပါ။ ကျေးဇူးတင်ပါတယ်။
    ဒီတိုင်းပြည်မှာကတော့ ဘိုထိုင်တွေကို ဒူးနာ တဲ့ လူကြီးတွေ အသုံးပြုတာ များတယ်။
    အသက်ကြီးတော့ ဒူးနာလာကြတော့ ဘို ထိုင်မရှိရင်တောင် ခုံ အပေါက်ဖောက်ပြီး ခုံချပြီး ထိုင်ကြတယ်။
    ဟိဟိ မြန်မာ့နည်း မြန်မာဟန်ပေါ့။

Leave a Reply