ဘာမှမတတ်ဘူး … ဒါပေမဲ့ … ဆရာကြီး

myohtatDecember 23, 20111min1111

ကျုပ် .. တွေ့ကြုံဘူးတာလေးကို တင်ပြလိုက်တာပါ ..
တခါက .. မြို့နယ်တခုရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လုပ်ငန်းတခုနဲ့ပါတ်သက်ပြီး
အစည်းဝေးလုပ်တယ် … မြို့နယ်အုပ်ချုပ်ရေးမှူးဆိုသူက သူ့ကိုယ်သူမိတ်ဆက်ပေးပြီး …
ဒီလုပ်ငန်းစဉ်နဲ့ပါတ်သက်ပြီး မကျေနပ်ချက်တွေ မရှင်းလင်းတဲ့အချက်တွေရှိခဲ့ရင်လွတ်လပ်စွာ
တင်ပြနိုင်ပါတယ်လို့ လမ်းကြောင်းဖွင့်ပေးခဲ့ပါတယ် … ကျုပ်ကထပြီး .. မရှင်းလင်းတာတွေကိုမေးခဲ့တယ် …
တကယ်တမ်းကျတော့ .. သူ … လုံးဝမဖြေနိုင်ပါဘူး .. သူ့နားမှာရှိတဲ့ စာရေးမကို လုပ်ငန်းနဲ့ဆိုင်တဲ့ ဥပဒေ
စာအုပ်ကိုသွားယူခိုင်းပြီး … စာဖတ်သလိုဖတ်ပြခိုင်းတယ် … အရာရှိတစ်ယောက်လုပ်နေပြီး မိမိလက်အောက်က
စာရေးကို အကူအညီပြန်တောင်းရတဲ့ဘဝ .. တကယ်တမ်းလေ့လာကြည့်မယ်ဆိုရင် .. ရုံးတိုင်းလိုလိုမှာ(ဆရာ)
လို့သာအခေါ်ခံနေကြရပြီး … လုပ်ငန်းနဲ့ပါတ်သက်ပြီးဘာမှနားမလည်ကြဘဲ … အချောင်ခို .. အချိန်တန်တော့
လစာထုတ် .. သိပ်ဟုတ်နေကြတာပါဘဲ … ခက်တာက ရုံးတွေမှာရှိတဲ့ ဥပဒေစာအုပ်တွေက …(ကန့်သတ်)
လို့ရေးထားပြီး အပြင်လူဖတ်ခွင့်မရှိဘူး … ဒီဥပဒေတွေ အပြင်လူတွေ မသိမှ သူတို့လုပ်ချင်တာလုပ်နိုင်မယ်
မှားမှားမှန်မှန် ဘယ်သူမှမသိအောင်လုပ်ထားတာလေ … ကျေးရွာ/ရပ်ကွက်/မြို့နယ်အုပ်ချုပ်ရေးမှူးတွေ
မတရားလုပ်လို့ တိုင်ချင်တယ်ဆိုရင်တော့ …

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအမှတ်(၁၀)နေပြည်တော်
(၁)ညွှန်ကြားရေးမှူးချုပ်  (ရုံး)၀၆၇-၄၁၂၄၀ဝ (အိမ်)၀၆၇-၄၀၃၂၉၂
(၂)ဒုတိယညွှန်ကြားရေးမှူးချုပ်  (ရုံး)၀၆၇-၄၁၂၀၇၅ (အိမ်)၀၆၇-၄၀၃၁၃၉
(၃)ညွှန်ကြားရေးမှူး  (ရုံး)၀၆၇-၄၁၂၄၁ရ (အိမ်)၀၆၇-၄၀၃၂၇၁
(၄)တာဝန်မှူး  ဝ၆၇-၄၁၂၄၁၀
အဖွဲ့သားများအားလုံး … မတရားမှု့များနဲ့ကင်းဝေးကြပါစေ …

One comment

  • chindwinsayargyi

    December 23, 2011 at 2:00 pm

    ကျွန်တော်လဲဆရာကြီးဘဲ.ချင်းတွင်းဆရာကြီး.ချင်းတွင်းနဲ့ပါတ်သက်ရင်ကျွန်တော့်ကိုတိုင်ပါ.ကျွန်တော်အားလုံးသိတယ်.

Leave a Reply