လူနဲ့…အရောင်

လူရယ်လို့ဖြစ်လာခဲ့ပြီး…သိတတ်စအရွယ်ရောက်လာတာနဲ့..လူတွေဟာမိမိကြံစည်တွေးခေါ်မှု၊ ပြောဆိုပြုမူနေထိုင်မှုအလိုက်၊ အရောင်တွေထွက်ပေါ်တတ်တာပါပဲ…။
ဒီနေရာမှာ..အရောင်ဆိုတာ..တတ်ထားတဲ့ပညာ၊ သိထားတဲ့အသိ၊ လေ့လာထားတဲ့ ဗဟုသုတ..စတာတွေကို..လုံးဝဆိုလိုတာမဟုတ်ပါဘူး…။ မိမိရဲ့ပြောဆိုချက်၊ ပြုလုပ်ချက်၊ နေထိုင်ချက်တွေကိုသာ ရည်ညွှန်းတာပါ..။ အဲဒီအရောင်ဆိုတဲ့.. ကြံစည်ချက်၊ ပြောဆိုချက်၊ ပြုမူနေထိုင်ချက်တွေဟာ..လူမဟုတ်ပါဘူး…။
ဘာ့ကြောင့်လဲဆိုတော့..လူဆိုတာ..အပြောင်းအလဲလုပ်လို့ရတဲ့အရာမဟုတ်ပါဘူး..။ မွေးမှ
သည်..သေသည်အထိ၊ သဘာဝအတိုင်းသာရှင်သန်နေတာပါ.။ဒါပေမယ့်လည်း..ကျမ်းမာရေး မကောင်းလျှင်တော့..ဆေးကုသရမှာပါ။ ဆာလာရင်လည်းစားပေးရမှာပါ..။ ဝတ်စရာရှိရင်လည်း ဝတ်ပေးရမှာ။ သို့သော်…ထိုလူသားကိုအမှီပြုပြီးနေစဉ်ဖြစ်တည်နေတဲ့
ထိုသူ့ရဲ့စိတ်နေစိတ်ထားနဲ့..ပြောဆိုပြုမူနေထိုင်ချက်တွေကတော့..ထိုသူထံမှာ မူလကတည်းကရှိနေတဲ့..အရောင်မဟုတ်တဲ့အတွက်..ကိုယ့်ရဲ့ဉာဏ်စွမ်းရှိသမျှနဲ့..ပြောင်းလဲ
လို့တော့ရပါတယ်..။ ရေဟာ..သဘာဝအရ..သန့်ရှင်းကြည်လင်ပေမယ့်..ဆိုးလိုက်မိတဲ့အ
ရောင်အတိုင်းလိုက်ပြီး..ပြောင်းလဲတတ်တဲ့သဘောကိုကြည့်ရင်..သိနိုင်မှာပါ..။
ဆိုရရင်…လူတစ်ယောက်မှာ..အိပ်ယာကနိုးထတာနဲ့ထပ်တူ..အရောင်တွေက တပါတည်းတွဲပါလာတတ်ပါတယ်.။ အဲဒီအရောင်ကိုသာ လူတွေ(ရွာသားရွာသူ)ကသာ သတိမထား
မိကြတာပါ..။ သို့သော်လည်းပဲ..ရူးသွပ်သူမဟုတ်သရွေ့..ဉာဏ်ရှိစွာနဲ့ကြည့်တတ်ရင်တော့
သိမြင်ကြမှာပါပဲ..။
ဥပမာဆိုရရင်တော့..လူတစ်ယောက်ဟာ…စိတ်ထားဖြူစင်စွာနဲ့..အပြောအဆို၊ အပြု အမူ(ရေးသားမှု)၊ နေထိုင်ရှင်သန်နေထိုင်ရင်း..မိမိနဲ့ပတ်သက်သမျှပတ်ဝန်းကျင်တိုင်းကို ဆက်
ဆံပြီး..ဘဝကိုဖြတ်သန်းပြီး..သူ့ရဲ့ရပ်တည်ချက်ဖြစ်တဲ့အရောင်တွေကိုဆိုးလိုက်တယ်ဆိုပါစို့..။
အဲ့ဒီအရောင်ကြောင့်..သူ့ပါတ်ဝန်းကျင်ရဲ့ ရောင်ပြန်ဟတ်မှုကိုကြည့်မယ်ဆိုရင်…
“ ဟော..ရွာသား..ကိုအဝှာပါလား…လာဗျို့..။ မျှော်နေတာဗျ..။ ကျမ်းမာရဲ့လား..။ မတွေ့တာကြာပြီနော်.။ အတွေ့အကြုံကောင်းလေးတွေရှိရင်လည်း..ပြောအုံးနော..။ ခင်ဗျားနဲ့
ဆုံရတာကိုက..ဗဟုသုတတွေရသလို..အကျိုးကောင်းရှိသဗျာ..။ ခင်ဗျားရဲ့စကားသံကိုက
ကျက်သရေရှိလိုက်တာဗျို့..။ နောက်လည်းလာလည်အုံးဗျ..နော့…” ဆိုတဲ့အသံတွေဟာ
ထိုသူရဲ့ ပြောဆို၊ ပြုမူ၊ နေထိုင်ချက်အရောင်တွေကြောင့် သူနဲ့ဆက်ဆံတဲ့ ပတ်ဝန်းကျင်ထံမှ
ပြန်လည်ရိုက်ခတ်လာတဲ့..ရောင်ပြန်ဟပ်မှုဆိုတာတော့..ရွာသားများ..ယုံမှားမှုရှိမယ်မထင်ပါ။
နောက်တစ်ယောက်ရဲ့အရောင်ကတော့..ဆန့်ကျင်ဘက်ပေါ့ဗျာ..။ ယုတ်ညံ့တဲ့စိတ်ပုတ်
စိတ်ယုတ်မွေးပြီး..ရွာထဲဝင်လာလိုက်တာနဲ့…ကိုယ်နာမည်ရဖို့ကြိုးစားတယ်..။ ကိုယ်နဲ့သဟ
ဇာတကျတဲ့..Post တို့ Comment တို့ဆိုရင်..ဖအေရင်းလိုဆက်ဆံပြီး..ကိုယ်နဲ့အယူအဆ
မတူ..ကိုယ်နဲ့သဟဇာတမဖြစ်တဲ့ Post တို့ Comment တို့ဆိုရင် ပထွေးလိုသဘောထားပြီး
အော်ချင်သလိုအော်..ရေးချင်သလိုရေး..။ ခံယူချက်ကျတော့လည်း သူနဲ့ဆက်ဆံပတ်သက်သူ
မှန်သမျှကို “ မကောင်းသူထိပ်..ကောင်းသူဘိတ်ဖြစ်ရင်ပြီးရော..”..“ ကိုယ်ထင်တာ ဝင်ရေး/ပြော ရရင်..အမြတ်ပဲ..” ဆိုတဲ့ ခံယူချက်နဲ့..ပရမ်းပတာအရူးတယောက်လို..ရွာထဲ
လှည့်ပြီး..ဝါးလုံးကို ဟိုဟာသုတ်ပြီးရမ်းချင်တိုင်းရမ်းနေတတ်တဲ့..အရောင်..မျိုးတွေကိုပဲ
တစ်ရှိုက်မက်မက်..ထုတ်လွှတ်နေတတ်တယ်လေ..။
အဲသူတို့ရဲ့အရောင်ကြောင့်..ဆက်ဆံထိတွေ့ခံရတဲ့..ပတ်ဝန်းကျင်ရဲ့ရောင်ပြန်ဟပ်မှု
တွေကိုကြည့်လိုက်ရင်…“ ကျက်သရေမဲ့လိုက်တာ..”..“ အသံတောင်မကြားချင်..အဲ..မှား
လို့..“ ဖတ်တောင်မဖတ်ချင်ဘူး..”…“ သူကြီးရေ..ရွာထဲကမောင်းထုတ်ပါဗျို့..”…..
“ ရွာနာတယ်ဟေ့…” စသည်ဖြင့်ပေါ့ဗျာ..ကြားနေရတော့..အဲ..ဖတ်နေရတော့..သူ့ရဲ့
အရောင်ထွက်ပုံကတော့..တစ်မျိုးပါလားလို့…လေ့လာသုံးသပ်မိတယ်လေ..။
ဆုံးဖြတ်ချက်ကိုပြောရင်..လူဟာ…လူပါပဲ..။ အရောင်မှမဟုတ်တာ..။ အရောင်ဆိုတာက..မိမိရဲ့..အသိဉာဏ်ရှိသမျှလောက်မှာ..ကြံစည်တွေးခေါ်၊ ပြောဆို၊ နေထိုင်
ခြင်းပါပဲ..။ ဒါကြောင့်..လူကိုပြောင်းလို့တော့..ဘယ်တော့မှမရနိုင်ပါဘူး..။ ပြောင်းရမှာက
အရောင်ပါပဲ..။ ဆိုရရင်..ကျုပ်တို့ရွာသူရွာသားအားလုံး…ကိုယ်ခံယူမိတဲ့အတိုင်း….ကိုယ်
ကြိုက်တဲ့အရောင်ကို..ပြောင်းလို့ရပါတယ်လို့…ဆိုလိုချင်တာပါ..။
ဒါကိုပဲ…ညီမျှခြင်းသဘောမျိုးချပြရင်….
(မူလအရှိတရား + အဖြစ်တရား)= (အကျိုးရလာဒ်)
ရှင်ဘုရင် + အရောင် = ရောင်ပြန်ရလာဒ်
မူးမတ် + အရောင် = ရောင်ပြန်ရလာဒ်
အရာထမ်း + အရောင် = ရောင်ပြန်ရလာဒ်
အမှုထမ်း + အရောင် = ရောင်ပြန်ရလာဒ်
သူဌေးသူကြွယ် + အရောင် = ရောင်ပြန်ရလာဒ်
စီးပွားရေးသမား + အရောင် = ရောင်ပြန်ရလာဒ်
လက်လုပ်လက်စား + အရောင် = ရောင်ပြန်ရလာဒ်
အနုပညာရှင် + အရောင် = ရောင်ပြန်ရလာဒ်
ဘာသာရေးသမား + အရောင် = ရောင်ပြန်ရလာဒ်
ဘုန်းကြီး + အရောင် = ရောင်ပြန်ရလာဒ်
သီလရှင် + အရောင် = ရောင်ပြန်ရလာဒ်
သူတောင်းစား + အရောင် = ရောင်ပြန်ရလာဒ်
်ိ သုဘရာဇာ + အရောင် = ရောင်ပြန်ရလာဒ်
ဓမ္မကထိက + အရောင် = ရောင်ပြန်ရလာဒ်
နိုင်ငံခြားသာသနာပြု + အရောင် = ရောင်ပြန်ရလာဒ်
ပရဟိ + အရောင် = ရောင်ပြန်ရလာဒ်
ကဲ…..များစွာသောရွာသူရွာသားပုဂ္ဂိုလ်အပေါင်းတို့ရေ…ဒီအခြေ
အနေလေးကိုကြည့်လိုက်မယ်ဆိုရင်…လူနဲ့အရောင်နဲ့ကွဲပြားပုံကို..သဘော
ပေါက်မယ်လို့ထင်ပါတယ်..။ ကြိုက်တဲ့အရောင်လည်းဆိုးနိုင်ကြပါတယ်….။
အဆုံးသတ်ရရင်တော့…လူဟာ..လူပါပဲ..။
အရောင်ပြောင်းချင်လို့..ရွေတိဂုံစောင်းတန်းတက်လည်း..အကျိုး
ထူးမှာမဟုတ်ပါဘူး..။ အရောင်ပြောင်းချင်လို့..တစ်ချို့ကျတော့လည်း
ဂူထဲသွားအောင်းနေကြ…။ မရ…။ တကယ့်ပြောင်းရမယ့်အချိန်က..ပတ်ဝန်း
ကျင်နဲ့ကူးလူးဆက်ဆံတဲ့အခါမှာ..ဖြစ်ရမယ့်..ကာယ၊ ဝစီ၊ မနောဆိုတဲ့(ကံ)
ပါပဲ..။ အဲ့ဒီကံတွေကသာ..အရောင်ဖြစ်တာမို့..သတိထားပြီး..ပြောဆိုပြုမူ
နေထိုင်အသက်ရှင်ဖို့သာလိုတာပါ..။
ဒါကြောင့်မို့…စာရေးဆရာမင်းသိင်္ခရဲ့စာသားအဆုံးသတ်လေးကို လက်ဆောင်ပါးလိုက်ရင်း…နိဂုံးချုပ်လိုက်ပါတယ်….။
“ သဗ္ဗေသတ္တာ ကမ္မဿကာ”..။

9 comments

  • aye.kk

    December 23, 2011 at 5:34 pm

    မိုးချမ်းမြေ့ရေ..
    လေးစားမိပါတယ်..
    ဝင်ရောက်ဖတ်ရှုမှတ်သားသွားပါတယ်..။

  • ငပေါက်ဖော်

    December 23, 2011 at 10:19 pm

    တိုင်းကျူးဗျာ….
    ဦးပြောတာတွေ..ရေလည်မှန်တယ်..သတိထားရမယ်..
    နောက်ပို ့စ်လေးတွေ….လုပ်ပါဦး
    အားပေးလျက်..

  • char too lan

    December 24, 2011 at 10:38 am

    သင့်အရောင်ကောင်းလျှင်
    ကျွန်ပ်အရောင်လဲ မဆိုးပါပေါ့……
    ဒါမှမဟုတ် …
    သင့်အရောင် ကောင်းကောင်းမကောင်းကောင်း
    ကျွန်ပ်အရောင်ကတော့ ကောင်းရမည်ပေါ့……
    ဒါမှမဟုတ် … (ရှင်ဘုရင် + အရောင် = ရောင်ပြန်ရလာဒ်) ဆိုတော့…….
    သင့်အရောင်ကောင်းမှသာလျှင်
    ကောင်းသောအရောင်ပြန်များကိုသာ သင်ခံစားရမည်။
    “ သဗ္ဗေသတ္တာ ကမ္မဿကာ”..။

    • မိုးချမ်းမြေ့

      December 24, 2011 at 2:10 pm

      char too lan…ရေ..။ သင့်အရောင်ကောင်းကောင်း..မကောင်း. .ကောင်း…ကိုယ့်ဘက်ကအရောင်က…ကောင်းနေရမယ်ဆိုတာမှန်ပါတယ်လို့ထင်ပါတယ်..။ ဒါပေမယ့်…ကိုယ်နေထိုင်ဆက်ဆံနေရတဲ့အရပ်ဟာ… .အေးချမ်းမှုနဲ့မအပ်စပ်ဖူး… သူတော်ကောင်းတို့…မွေ့လျော်ရာမဖြစ်ဘူး…အန္တရယ်လည်းရှိတယ်ဆိုရင်တော့… .ကြားဖူးတဲ့စကားလေးပြောပါရစေ…။ (မှားနေရင်လည်းပြင်ပေးပါ) ဟောင်တတ်တဲ့ခွေးဆိုရင်… တစ်တောင်ကွာ..။ ကိုက်တတ်တဲ့ခွေးဆိုရင်…တစ်လံကွာ..။ ခွေ့တတ်တဲသတ္တဝါဆိုရင်…နှစ်လံကွာ…စသဖြင့်ပေါ့လေ..။ အဲ….အသက်ကိုတောင်ရန်ရှာလာနိုင်ရင်တော့…. အရပ်ဒေသကပါရှောင်တိမ်းနေထိုင်ရမယ်ဆိုတာပါပဲ…။ ဒါကြောင့် ကိုယ်ကောင်းနေတာပဲလေဆိုပြီး…ကျိတ်မှိတ်နေမှာတော့… မဖြစ်စေချင်မိဘူးဗျာ…။ နားလည်မိသလောက်ပြောမိတဲ့…ဆန္ဒပါ..။ အဂတိတရားလေးပါးထဲက..ဆန္ဒာဂတိမျိုးတော့လုံးဝမဟုတ်ပါဘူး…။

  • TTNU

    December 24, 2011 at 11:52 am

    Good writing!
    ဒီနေ့ကစပြီး ရောင်ပြန်ကောင်းအောင်
    မိမိထံမှ အရောင်ကောင်းများထွက်ပေးဖို့
    ဝက်အူပိုကြပ်လိုက်ပြီ။

    ကျေးဇူးပါနော်။

  • longnose

    December 24, 2011 at 1:20 pm

    Longnose says:
    ကောင်းပါသည် ဝင်ရောက်အားပေးသွားပါသည်

  • longnose

    December 24, 2011 at 1:22 pm

    ဝင်ရောက်အားပေးသွားပါသည်
    ကောင်းပါသည်

  • longnose

    December 24, 2011 at 1:24 pm

    ကောင်းပါသည်
    အားပေးသွားပါသည်

  • မှော်ဆရာ

    December 24, 2011 at 1:28 pm

    အသစ်တွေရဲ့ လက်စွမ်းကလဲ မခေပါလားဟေ့ …
    ကောင်းပါတယ် ဆက်ရေးပါနော ..

Leave a Reply