ကျွန်ုပ်တို့၏ အင်ဇာဂီ

black chawDecember 23, 20113min84161

သူက ရွာကို ရောက်တာ မကြာသေးပါ။ ကျွန်တော့်အထင် ငါးလ လောက်ပဲရှိဦးမည်ထင်ပါသည်။ သို့သော် သူ ရေးသားခဲ့သော ပို့စ်လေးတွေက သူ ၏ စာရေးသားနိုင်စွမ်းနှင့် လေ့လာနိုင်စွမ်းကိုပါ ဖေါ်ပြနိုင်ခဲ့ပါသည်။ သူက စာရေးကောင်းရုံသာ မက ဓါတ်ပုံလည်း အရိုက်ကောင်းသူ တစ်ယောက်ဖြစ်ပါသည်။ ဓါတ်ပုံပညာအကြောင်းကို ရွာထဲက ဝါရင့်ဓါတ်ပုံဆြာ ကြီးများနှင့် နင်လားငါလား အပြန်အလှန် ဆွေးနွေးနိုင်စွမ်းရှိတာကိုလည်း တွေ့ရပါသည်။ သူရိုက်သော ဓါတ်ပုံလေးများကလည်း သူ့ ဓါတ်ပုံပညာ ကို ဖေါ်ပြနိုင်စွမ်းရှိပါသည်။ နောက် သူ၏ ဘန်းစကားလေးများကလည်း ရွာမှာ ရေပန်းစားလှပါသည်။ သူ့ကို ရွာသူရွာသားတွေက ချစ်စနိုးဖြင့် ပေးထားတဲ့ နာမည်တွေကပင် ၁ဝခုလောက်ရှိသည် ထင်ပါသည်။ သူက ရွာမှာ လူချစ်လူခင်ပေါများသူ တစ်ယောက်လည်း ဖြစ်ပါသည်။
သူကား ဒီနှစ်ထဲတွင် စာရေးနည်းသွားတော့မည် ဟု ကျွေးကျော်ထားသော အင်ဇာဂီ ဆိုသော ပုဂ္ဂိုလ်အကျော်အမော်လေးပင် ဖြစ်ပါသည်။
သူ တင်ခဲ့တဲ့ ပို့စ်လေးတွေကို လင့်လေးတွေနဲ့ ရှာဖွေစုစည်းပေးလိုက်ပါတယ်ခင်ဗျာ။

၁။ ကျွန်တော် သိသလောက် Branding
https://myanmargazette.net/81585/business-economy
Branding အကြောင်း ရှင်းပြပေးခဲ့တဲ့ ကွန်းမန့်ပေါင်း ၄ဝ နဲ့ အင်ဇာဂီ ရဲ့ အောင်မြင်ခဲ့တဲ့ ပို့စ်ပါဗျာ။ ထူးခြားတာက ဒီနေ့ ပြန်ကြည့်တော့ ကွန်းမန့်တွေမှာ အနီတွေရဲလို့ဗျာ။ ဘာရည်ရွယ်ချက်တွေနဲ့ နီနေကြတာလည်း ဘလက် မတွေးတတ်ပါဗျာ။

၂။ မြန်မာနိုင်လို့ ငိုတဲ့ည (သွန်းနေစိုး)
https://myanmargazette.net/81190/uncategorized-other/copypaste
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်း ဗီယက်နမ် ကို အနိုင်ရပြီး တတိယ ရ လို့ ရေးထားတဲ့ သွန်းနေစိုးရဲ့ ဆောင်းပါးလေးကို ပြန်ရှယ်ထားတာပါ။

၃။ ဂီတ ပညာရှင် မိတ်ဆက်

entertainment

ဒါကတော့ သူကြီးရဲ့ အယ်ဒီတာ ချွိုက်စ် ဖြစ်ခဲ့တဲ့ ပို့စ်လေးပါ။ အင်ဇာဂီ ရဲ့ ဂီတလေ့လာမှု မှာလည်း ခေသူမဟုတ်ဆိုတာ ကို သက်သေပြခဲ့တဲ့ ပို့စ်ပါဗျာ။

၄။ ဘယ်တော့ ကျနော်တို့ ဒီမိုကရေစီရမလဲ (သွန်းနေစိုး)
https://myanmargazette.net/81905/creative-writing
ဒါလေးက သွန်းနေစိုးရဲ့ ဆောင်းပါးလေးကို ပြန်ရှယ်ထားတာပါ။ ကိုသစ်မင်းရဲ့ကွန်းမန့်လေးကို ပြန်ဖတ်ရင်း ကြိုက်တာနဲ့ ဖေါ်ပြဖြစ်ပါတယ်ခင်ဗျာ။

hit min says:
ဒီလိုစဉ်းစားမိထားတယ်။
ပြောလဲပြောဘူးတယ်အရင်က။
ဒီမိုကရေစီကို တောင်းရင်းနဲ့ ကိုယ်ပေးရမဲ့အလှဲ့ကြ မပေးတတ်တော့ဘူး။
ကိုယ်ပါတဲ့အများအိုကေပေမဲ့
“ကိုယ်မပါတဲ့အများဆဒ္ဒမှာ ထအော်ရော”
အဲဒီဟာလေး က တောင်းနေတဲ့သူကိုယ်တိုင်မှာ ဒီမိုကရေစီ ဝိညဉ် မရှိသေးတာလို့(ထင်တာဘဲ)။
မြန်မာလူမျိုးက “မလှန်နိုင်လို့ ကြောက်ရင်လိုက်လုပ်တယ်”
” ချစ်ရင် လိုက်လုပ်တယ်”
ကိုယ့် စဉ်းစားတွေးခေါ်မှု၊ဆင်ခြင်တုံတရားနဲ့ လိုက်လုပ်တဲ့သူကနည်းတယ်။
ငါနဲ့ မတူရင် “သူပြောတာဘာလဲ၊ဘာဖြစ်နိုင်လဲဆိုတဲ့ စဉ်းစားတဲ့အဆင့်ကိုမသွားတော့ဘူး”
လက်မခံဘူး က စပြောတာ။ အကောင်းအဆိုး ဆိုတာ “အခြေအနေ တခုအရ”ပြောင်းလဲတတ်တာကို
လက်မခံတတ်တဲ့ စိတ်က ပြင်းထန်တယ်။.။၊
ဆရာဦးရွှေအောင်ရဲ့ (ကုသိုလ် နဲ့အကုသိုလ်စာအုပ်ထဲက)စကားကိုကိုးကားပြောရရင်
ကိုယ့်မူရင်း”အတ္တမာန” နဲ့ “အများအကျိုးအတွက်ငါလုပ်တာမှန်တယ်” ဆိုတဲ့ “ဒိဌိမာန”
က တော်တော်များတဲ့ လူမျိုးဆိုပဲ။
ပြောရရင် ပြောနေကြ။
Individual Reform ပါဘဲ။
ကိုယ့်အိမ်မှာလဲ ၊ ကိုယ့်အသိုင်းအဝိုင်းလေးမှာလဲ
ကိုယ်က ” GOOD GOVERNANCE” ဖြစ်သင့်တာမဟုတ်ပေဘူးလားဗျာ။

၅။ ဟနွိုင်မှ အလွဲများ

travel


ဒါလေးက ဟနွိုင်လေဆိပ် အတွေ့အကြုံလေးတွေ ကို ပြန်ရေးပြထားတာပါ။

၆။ Copyright မရှိသေးခြင်း၏ ကောင်းကျိုးများနှင့် အနာဂတ်၏ မရေရာခြင်းများ
https://myanmargazette.net/82436/computers-technology

၇။ စာပေတော်လှန်ရေး ၁
https://myanmargazette.net/79007/creative-writing

အင်ဇာဂီရဲ့ သရော်စာ လို့ပဲခေါင်းစဉ်တတ်လိုက်ပါတယ်ခင်ဗျာ။ ရေးဟန် တစ်မျိုးပြောင်းသွားသော အင်ဇာဂီ ၏ ပို့စ်ဖြစ်ပါသည်။ စာပေတော်လှန်ရေး ၄ အထိရှိပါသည်။ တစ်ဝက်တစ်ပျက်ကြီးနှင့် ရပ်ထားခဲ့သော ပို့စ်ဖြစ်ပါသဖြင့် ဖတ်ဘို့ ညွှန်းရမှာတောင် အားနာပါသည်။ အောင်မလေး သူ့ပို့စ်က ဆက်မရေးပဲ ရပ်သွားလို့ဗျို့။ ကျွန်တော်နဲ့ ကိုပေါက်တောင် ပါနေပြီဗျ။ သူကြီး နဲ့ ဆူးလည်းပါတယ်ဗျာ။ စာပေတော်လှန်ရေး ၄ ရဲ့ အဆုံးမှာ ဒီလိုရေးထားခဲ့တာဗျ။
မန ္တလာဦးခိုင် နှင့် သူ့ဘယ်ညာ လက်ရုံးများဖြစ်သည့် သူ့လက်ဆွဲတော် စာရေးဆြာအဘိုးကြီး ၂ဦး ..
သူနှင့် အလွန် ပလဲနံပ အလွန်သင့်သူများဖြစ်၏ တိုက်ပိုင် စာရေးဆြာများအဖြစ် တော်လှန်ရေးဆြာများက
သမုတ်ကြလေသည်. ……Writers League for Democracy မှ အထွေထွေ အမှုဆောင်ချုပ် ဆူးမမ
အား နှစ်ပေါင်းအတော်ကြာ စာရေးခွင့် ပိတ်သိမ်းလိုက်ခြင်းမှာ ထိုသူတို့ စနက်မကင်းဟု ပြောစမှတ် ရှိသည်။
ထို၂ဦးမှာ လွန်စွာမှ ထိပ်ပြောင်သော ဆြာဦးမှောင်ချောနှင့် လွန်စွာမှ နာမည် ရှည်လျားသော
ဆြာအတွေးလက်ဆောင်ပါးပါးလေး တို့ ဖြစ်သည်။ (ဆြာအတွေးလက်ဆောင်ပါးပါးလေး ၏
ရှည်လျားထွေပြားလှသော ကလောင်နာမည် ၈လုံးပြူးကြီးအား ယခုမှစ၍ ဆြာဦးပေါက် ဟု
ပြင်ဆင် သုံးစွဲအံ့)
သူ့ပို့စ်အကြောင်း သူ့ကွန်းမန့်လေး ဖတ်လျှင် သိနိုင်ပါသည်။

inz@ghi says:
ဒီဇာတ်က အတည်အခန့်ရေးမှာ …
ဟိုဘက်ဇာတ်က နည်းနည်းပေါတယ် ဟာသဘက်နီးတယ်ဆို
သည်ဇာတ်က စတိုင်းယား ဘက်နီးမယ်ဗျ….
ရီချင်ရီရမယ် ဒါပေမယ့် ဇာတ်ကောင်တွေ ဘယ်သူမှ ဟာသမပြောကြေး ရေးမှာ…
ခစ်ခစ် ကိုကိုကြောင်ကိုတော့ ပွဲမစခင် သတ်ပလိုက်ပီ ….
ကျန်တဲ့ဘယ်သူတွေ ဂန့်ဦးမလဲ မျှော် ….

၈။ Animals Arounds Us
https://myanmargazette.net/81371/travel/photography-pictures-galleries-wallpapers-photo-tips

ဒီပို့စ်ကတော့ အင်မတန်လှသော ငှက်ကလေးတွေ၊ ဘဲကလေးတွေနဲ့ ချစ်ဖို့အလွန်ကောင်းသော ကြောင်ကြီး တစ်ကောင်၏ ပုံဖြစ်ပါတယ်ခင်ဗျာ။ အင်မတန် လို့ ဝိသေသနပြုထားတာ အလကားမဟုတ်ကြောင်း ပုံလေးတွေ ကို ကြည့်မှ သိနိုင်မှာပါ။ ဒီပိုစ်လေးကို ပြန်ကြည့်တော့မှ ဘလက်ကျွန်ုပ်သည် လူမှုရေးအလွန်အားနည်းသူဖြစ်ကြောင်း သိလိုက်ရပါသည်။ ဒီလောက်လှပသော ဓါတ်ပုံလေးတွေကို တင်ထားပါလျက် ကွန်းမန့် မပေးခဲ့မိခြင်းအတွက် ဆြာဂီဂီအား တရားဝင် တောင်းပန်ပါသည် ခင်ဗျား။ ဘယ်လိုလုပ်လွတ်သွားသည်မသိပါ။ ခွင့်လွှတ်ပါ ဂီဂီရေ။

၉။ ကျနော် နှင့် Economic Growth , Economic Downturn(recession)
https://myanmargazette.net/82734/business-economy

ဒီပို့စ်လေးကတော့ သူ့မူရင်းစာသား အချို့ကို ဖတ်ကြည့်လိုက်တာနဲ့ ဘာရေးထားတယ်ဆိုတာ ခန့်မှန်းနိုင်မှာပါ။ အင်ဇာဂီ ရဲ့ လေ့လာနိုင်စွမ်းကို တွေ့ရမယ့် ပို့စ်လေးပါဗျာ။

Economic Cycleမှာ အားလုံးသိတဲ့အတိုင်း uprising နဲ့ downturn တလှည့်စီဖြစ်ပေါ်နေလေ့ရှိပါတယ်..
စီးပွားတက်တာနဲ့စီးပွားပျက်တာပေါ့… ကျနော်တို့ ပုံသေအားဖြင့် မှတ်ထားကြတာက……
စီးပွားတက်ရင်လုပ်ငန်းတိုးချဲ့ရင်းနှီးမယ်
downturn ရောက်ရင် cost ကိုလျော့ဖို့ labor size ကိုလျှော့မယ် အစရှိသဖြင့်ပေါ့လေ….
သို့သော်ပြောင်းပြန်တုန့်ပြန်မှုတွေလည်းရှိနေတတ်ပါသေးတယ်…. သည်စာစုမှာ အဲ့သည့် ပြောင်းပြန် တုန့်ပြန်မှုတွေ
အကြောင်း သိသလောက် ဆွေးနွေးချင်ပါတယ်ခင်ဗျား..
ကွန်းမန့်လေးတွေနဲ့ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အင်ဇာဂီ ရဲ့ တန်ဘိုးရှိသော ပို့စ်လေးတစ်ခုဖြစ်ခဲ့ကြောင်းပါ။ ဒီပို့စ်မှာလည်း ကျွန်တော့် ကွန်းမန့်ကို မတွေ့ရပြန်ပါ။ သို့သော် ဒီပို့စ်မျိုးမှာတော့ ဝင်ဖတ်သွားပါတယ်ညီရေ့ ဆိုတာလောက် လုပ်လို့ မကောင်းပါသဖြင့် ဂီဂီ နားလည်ပေးမည်ဟု ယူဆရပါသည်။

၁၀။ Autumn in My Heart
https://myanmargazette.net/83688/travel/photography-pictures-galleries-wallpapers-photo-tips
Autumn in My Heart II
https://myanmargazette.net/84320/travel/photography-pictures-galleries-wallpapers-photo-tips
အင်မတန်လှပြန်ပါသော ဓါတ်ပုံလေးများပါလို့ ညွှန်းချင်ပြန်ပါတယ်ခင်ဗျာ။ ဆရာကြီးမင်းသိင်္ခ ရဲ့ လေသံဖြင့် ရေးရလျှင် မည်သို့ ရိုက်လိုက်သည် မသိ ဟုသာ ပြောရတော့မှာပါခင်ဗျာ။ မယုံရင် ကိုယ်တိုင်ကြည့်ကြဗျာ။ လင့်လေးတွေ ထည့်ပေးထားပါတယ်။

၁၁။ စိုင်
https://myanmargazette.net/83501/travel/photography-pictures-galleries-wallpapers-photo-tips
ဒီပို့စ်လေးကတော့ အချိုလေးဆိုတော့ ယင်ကောင်တွေများတယ်ဆရာ။ ဓါတ်ပုံ လေးပုံတွေ့ရပါတယ်။ ကောင်မလေးတွေပါ။ သူတို့ အခေါ် ကောင်မလေးတွေကို စိုင် လို့ ခေါ် မှတ်တယ်။ ဟုတ်စ ဂီဂီ။ ဟုတ်စ မှော်ဆြာ။ ကွန်းမန့် ၃၆ ခုတိတိ အားပေးထားတဲ့ ပို့စ်ပါဗျာ။

၁၂။ ကျွန်ုပ်သိသမျှ MLM (Multi-Level Marketing)
https://myanmargazette.net/83787/business-economy
ဒီပို့စ်လေးကတော့ Marketing Strategy တစ်ခုဖြစ်တဲ့ Multi-Level Marketing အကြောင်းရေးထားတဲ့ ပို့စ်လေးပါ။ အင်ဇာဂီရဲ့ မှတ်တိုင် ပို့စ်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလိုပို့စ်တွေဆိုရင် ကွန်းမန့် ကောင်းကောင်းပေးနိုင် ဆွေးနွေးနိုင်သော ကိုသစ်မင်းရဲ့ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်။

thit min says:
အားလုံးရဲ့ အနှုတ်တွေကို အပေါင်းလိုက်လုပ်ပေးလိုက်တယ်။
ကိုယ်ဟာကိုယ်ကျ လုပ်မရဘူးဗျ။
~~~~~~~~~~~~~~~~~~~~~~~~~
နောက်တခုက ရွာထဲ၊မှာ မာကက်တင်း နားလည်သူတွေ များသားလို့ တွေ့ရတယ်။ကော်မန့်တွေအရပေါ့နော်။
ရေးစေချင်ပါတယ်။ မာကက်တင်းဆိုတာ လူတယောက်ရဲ့ ခြေလှမ်းလေးတွေကိုပြောပြနေတာနဲ့ သိပ်တူပါတယ်။
ကြိုမှန်းလို့ရတဲ့ ခြေလှမ်းတွေရှိသလို လှမ်းနေတုန်းမှားမှန်းသိသိနဲ့ ရှေ့ဆက်ကောင်းလာမလားဆိုပြီး မျှော်မှန်း
လှမ်းနေရတဲ့ခြေလှမ်းတွေ၊ သေသေခြာခြာသိပြီး လှမ်းလိုက်ကာမှ လဲကျသွားတဲ့ ခြေလှမ်းလေးတွေလိုပါဘဲ။
တစုံတရာသော အတွေ့အကြုံနဲ့ အဲဒီအတိုင်းမှန်တယ် ဆက်ချ ဆိုပေမဲ့ လွဲသွားတတ်သော မာကတ်တင်းဟာ
စိတ်ဝင်စားစရာကောင်းလှပါတယ်။
စူပါ စီအီးအို များရဲ့ သမိုင်းကြောင်းတွေမှာ တကြိမ်တခါ တော့ ရွှေထီးဆောင်းနိုင်ပေမဲ့ ပလင်ပေါ်မှာ
ဆက်တိုက်မထိုင်နိုင်တာဟာ မာကက်တင်းရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာများရဲ့ လျှင်မြန်စွာပြောင်းလဲသွားစေတဲ့
အကြောင်းတရားများပါ။
ဖန်ရှင်တွေများလှ တာတွေ့ရပါတယ်။
ရောင်းသူ၊ ဝယ်သူ၊ ဈေးကွက်၊ ဈေးနှုန်း၊ အစိုးရစွက်ဖက်မှု၊ကုန်ပစ္စ္စ္စည်း အရည်အသွေး၊ အသုံးဝင်မှု၊ အရသာအကြိုက်၊ဆွဲဆောင်နိုင်အား၊တွေ ရှိပြီး ဖန်ရှင်တခုချင်းစီမှာလည်း အမျိုးမျိုးသော ဒီဂရီ ရှိပြန်ပါတယ်။
အဲဒီကြားထဲ မြန်မာပြည်လို အင်ဖော်မယ်မားကက်ကြီးစိုးနေတဲ့ နိုင်ငံမျိုးဆိုတော့ ခုလို ကမောက်ကမ ပုံစံနဲ့သွားနေတာမျိုးကို
မာကတ်တင်းစံလို့ သတ်မှတ်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဘာဘဲဖြစ်ဖြစ် ဆားဟာ ငန် မှ မှန်ပါတယ်။ မငန်ဘဲ ခါးရင်ဆားခါး ပါ။ အချိန်တန်ရင် ဝမ်းလျှောပါလိမ့်မယ်။
မာကတ်တင်းရဲ့ စံချိန် စံညွန်းနဲ့ သွားနိုင်တဲ့ တနေ့တော့ရောက်လာအုန်းမယ်လို့ မျှော်လင့်မိပါရဲ့လေ။
ဒီနေရာမှာ ကွန်းမန့်ပေးတာနဲ့ ပတ်သက်လို့ ကျွန်တော်နည်းနည်း တင်ပြချင်ပါတယ်။ ကိုသစ်တို့ ဂီဂီတို့ ပို့စ်တွေမှာ ကွန်းမန့် ပေးရတာ တော်တော် ခေါင်းခဲရပါတယ် လို့ ကျွန်တော်က ဝန်ခံချင်တာပါဗျာ။ ဘာလို့ ဆို ဆြာတို့က အရှေ့က အပီအပြင်ကြီး ရေးထားတော့ ကွန်းမန့်ပေးမယ့် ကျွန်တော် (ကျွန်တော် လို့ပြောတာနော် “တို့” မပါဘူး) ဖြစ်သလိုရေးလို့ မရတော့ ပါဘူး။ ကွန်းမန့် ဆိုတာမျိုးကလည်း ကိုယ်ပိုင် image တစ်ခုဆိုတော့ တော်ရုံတန်ရုံ အရေးအသားမျိုးနဲ့ တော့ ဝင်မမန့်ချင်မိဘူး ဂီဂီရေ။ တစ်ခါတစ်လေ ကွန်းမန့် မပေးဖြစ်တာကတော့ ပို့စ်ပိုင်ရှင်ကို လေးစားမှုပေးလိုက်တာမျိုးပါဗျာ။ ကဲဗျာ ဒီပို့စ်မှာရေးထားတဲ့ ကျွန်တော့် ကွန်းမန့်ကို ပြန်ဖတ်ကြည့်ပြီး ကျွန်တော် ရှက်နေမိပါပြီ။ ဖတ်ကြည့်ဗျာ။
blackchaw says:
နာမည်တွေကို ခဏခဏ မပြောင်းစေချင်ဘူး ဂီဂီ ရေ။
ဂိုင်း အင်ဇာဂီ ဆိုတဲ့နာမည်လေးက ပိုပြီး အင်အားကြီးပါတယ်ဗျာ။
အသာလုပ်ပါ ဆရာဂီရယ်။
ပို့စ်မှာ ပါတဲ့ အကြောင်းအရာကိုလည်း ဘာတစ်ခုမှ ဆွေးနွေးသွားတာ မပါပါဘူး။ အခုပြန်ဖတ်တော့ ဒီကွန်းမန့်ကို ဝင်မပေးဖြစ်ရင် ကောင်းမှာပဲလို့ တောင် တွေးမိခဲ့တာပါ။ ကျွန်တော့် ဖီလင်ကို နားလည်နိုင်ပါ့မလား မသိပါဘူးဗျာ။
(အဘဖေါ တွေ့ဆုံပွဲတွင် ရွာသားတစ်ယောက် နှင့် ပြောမိခဲ့သမျှ စိတ်တူတာလေးကို ရွေးပြီး ဖေါ်ပြလိုက်ရပါသည်။)

၁၃။ ဘယ်ကျော်
https://myanmargazette.net/84100/creative-writing
ဒီပို့စ်လေးကလည်း အင်ဇာဂီရဲ့ မှတ်တိုင် ပို့စ်လေးတစ်ခုဖြစ်ခဲ့ပါတယ်ဗျာ။ ဘယ်ကျော်တွေ အကြောင်းကို သုတေသန ဆန်ဆန် ရေးထားတာလေးပါ။ ကွန်းမန့် ပေါင်း ၄ရ ခုနဲ့ စည်ကားခဲ့သော ပို့စ်တစ်ခုပေါ့။ ဂီဂီ ရဲ့ ကွန်းမန့်လေးတစ်ခုထဲက လိုအပ်တယ်ထင်လို့ ရွေးထုတ်ပြီး ဖေါ်ပြချင်တာလေးရှိပါတယ်။ ဖတ်ကြည့်ပါဗျာ။
ကျနော် ပြောပြချင်တဲ့ message က၂ချက်တည်းပါ…
၁။ ကိုယ်က minority group ထဲက တယောက် ဖြစ်တဲ့အခါ စိတ်ဓါတ်မကျဘဲ ကြိုးစားပါ….
၂။ ကိုယ်က majority ထဲကဆို minority တွေကို တန်းတူညီမျှ ဆက်ဆံပေးလိုက်ပါ
သည်လောက်ပါဘဲ ….။

ဒီစာသားလေးတွေကို ဖတ်လိုက်ရင် ဘယ်ကျော် ပို့စ်ကို အင်ဇာဂီ ဘာကြောင့်ရေးတယ်ဆိုတာလေးကိုပါ ကျွန်တော်တို့ နားလည်နိုင်ပါလိမ့်မယ်။

၁၄။ မြန်မာ့ရိုးရာ စားစရာ
https://myanmargazette.net/84477/business-economy
ဒီပို့စ်လေးကတော့ ကျွန်တော် လို လူပြိန်းနားလည်အောင်ရေးထားနိုင်တဲ့ မြန်မာ့ရိုးရာမားကက်တင်း အကြောင်းလေးပါဗျာ။ မနေ့က တင်ခဲ့တဲ့ ကိုပေါက်ဆိုသည်မှာ ဆိုတဲ့ ပိုစ်ထဲမှာတောင် ဒီထဲကစာသားအချို့ကို ကိုးကား ခဲ့သေးပါတယ်ဗျာ။ ဒီပို့စ်ကတော့ လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါးလေး ဖတ်နိုင်ကြအောင် ရေးထားပေးတဲ့ အတွက် ကိုယ်တိုင်ကိုယ်ကျ ဖတ်ကြဘို့ ကျွန်တော်က ပေါ့ပေါ့ပါးပါး တိုက်တွန်းချင်တာပါ။

၁၅။ ကျမဘဝ ကျမ ဇာတ်ကြောင်း ၁
https://myanmargazette.net/84617/business-economy
အမျိုးသမီးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို အစပျိုးထားတာလေးပါ။ အခန်းဆက် ဆိုတော့ စောင့်သာဖတ်ကြပါခင်ဗျာ။ အခုအထိတော့ အပိုင်း ၃ အထိ ရောက်နေပါပြီ။
၁၆။ ရွာဦးရုပ်ပွားတော်မြတ် တည်ထားကိုးကွယ်ခြင်း (Autumn in My Heart 2.5)
https://myanmargazette.net/84750/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

ဒီပို့စ်လေးကတော့ ရုပ်ပွားတော်ကြီး တစ်ဆူကို ရိုက်ချက်အသစ်အဆန်းလေးတွေနဲ့ ရိုက်ပြထားတာပါဗျာ။ ကိုပေါက်ရဲ့ မုဒိတာ ကွန်းမန့်လေးကို ဖေါ်ပြလိုက်ပါတယ်။

ကိုပေါက်(မန္တလေး) says:
အင်ဂီဂီရေ
မြင်တာလေးကို ခလုပ်နှိပ်ရုံလေး နှိပ်တတ်တာလေ။
အဲတော့ ဂီတို့ သော့တိုနဲ့ ယှဉ်လိုက်ရင် ကိုပေါက်ရိုက်တာတွေက
စန္ဒယားပေါ်ကြောင်တက်လျှောက်သလို ခံစားမိပါတယ်။
ကိုစိန်သော့က သေသပ်ကျွမ်းကျင်တယ်လို့ သတ်မှတ်ရင်
ဂီဂီကိုတော့ နပ်ပြီး အဆန်းတွေထွင်တတ်သူလို့ ဂုဏ်ပြုလိုက်ပါတယ်။
ကျနော်ကတော့ လက်ဆော့ ရုံသက်သက်ပါဘဲ။
ဒါပေမယ့် မြင်သမျှတော့ လက်ဆော့ နေအုံးမှာပါဘဲ။
လက်ဆော့ လို့ မဝသေးဘူးလေ။

၁၇။ အဲဒါ ကျမ ယောက်ျား
https://myanmargazette.net/84665/society-lifestyle/aha-jokes
ကာတွန်း စိုးစံဝင်း ရဲ့ ကွာတွန်းလေးတစ်ပုဒ်ကို ရှယ်ထားတာပါ။ တော်တော် ရယ်ရ ပြုံးရမယ့်ကာတွန်းလေးပါဗျာ။

၁၈။ လကို လလိုကြည့်ပေးပါဗျာ
https://myanmargazette.net/84937/travel/photography-pictures-galleries-wallpapers-photo-tips
လကြတ်တာကို ရိုက်ထားတဲ့ ဓါတ်ပုံလေးများပါခင်ဗျာ။

၁၉။ Steve Jobs 2.0
https://myanmargazette.net/85043/business-economy
အင်ဇာဂီက သူ့ကိုယ် သူ Steve Jobs 2.0 အဖြစ် တင်စားကာ Steve Jobs အမှတ်တရအဖြစ်တင်ဆက်ထားခြင်း ဖြစ်ပါသည်။ အနာဂတ်အိုင်တီလောက ၏ ကြမ္မာကို ရေးခြယ်ဖန်တီးမည့် ပုဂ္ဂိုလ်လေး၏ ဓါတ်ပုံကိုပါ ထည့်သွင်းဖေါ်ပြထားသဖြင့် စိတ်ဝင်စားသူများ ကြည့်ကြရမည့်ပို့စ်ဟု ညွှန်းလိုပါသည်။

၂၀။ 7 Ps of Marketing
https://myanmargazette.net/67834/business-economy
မားကက်တင်းအကြောင်းရေးထားတဲ့ အင်ဇာဂီ ရဲ့ ရှယ်ပို့စ်လေးပါဗျာ။ ဒီပို့စ်ကို တင်တဲ့ နေ့စွဲက စက်တင်ဘာ ၁၆ ရက် ၂၀၁၁ ပါ။ အဲဒီအချိန်ကရေရင် ၃ လလောက်အတွင်း ဒီနေ့အချိန်မှာ အင်ဇာဂီ ဆိုတာ ရွာရဲ့ အသည်းနှလုံး ဖြစ်နေခဲ့ပါပြီ။ လေးစားချီးကျူးမိပါတယ်လို့ ဒီပို့စ်ထဲမှာ တရားဝင် ပြောပါရစေ။ အခုရလာတဲ့ နေရာလေးတစ်ခုကလည်း လွယ်လွယ်ကူကူ ရလာခဲ့တာ မဟုတ်ဘူးဆိုတာ ပြန်လည်တူးဆွကြည့်မိတဲ့ ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်ဗျာ။ ဒါလည်း မားကက်တင်း မာယာ တစ်ခုပဲလား ဂီဂီရေ။ အဲဒီပို့စ်မှာ ကျွန်တော် ကွန်းမန့် ရေးမထားပါ။ အခု ဒီပို့စ်ရေးရင်း ကွန်းမန့်ရေးတယ်လို့သာ သဘောထားပေးပါ ညီလေး ဂီဂီ ရေ။ အောင်မယ် အဲဒီပို့စ်တင်တုန်းက တစ်နေ့တည်းသုံးပုဒ်တင်ခဲ့ဟန်တူတယ်။ သူကြီးကတောင် ဝင်မန့်ထားသေးဗျ။

kai says:
– မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ
စည်းကမ်းကတော့.. အဲဒါပဲ..။ တခြားသူတွေကိုလည်း.. ရှေ့မျက်နှာ(front page)မှာ.. နေရာပေးစေချင်ပါတယ်..။
ဒါပေမဲ့.ပိုရေးထားတဲ့.ပို့စ်တွေက တန်ဖိုးရှိနေတော့.. မဖျက်ပဲ..pending လုပ်ထားတယ်..။
မနက်ဖြန်မှ ပြန်တင်ပေးပါမယ်.
၂၁။ တကိုယ်ရေသုံး Customized digital newspaper
https://myanmargazette.net/67897/computers-technology
ဒါလေးကလည်း အပေါ်ကပို့စ်နဲ့ တစ်ရက်တည်း တင်ခဲ့တဲ့ ပို့စ်ပါ။ ကွန်းမန့်လေး သုံးခု ပဲ ရခဲ့ပါတယ်။ အဲဒီအချိန်က nigimi 77 ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်။

nigimi77 says:
ငတ။
ဘယ်လိုဖြစ်လို ့သည်းကြီးမဲကြီး လွှတ်တင်နေတာလဲ။
မင်းကို ငါ သိသလိုပဲ။ အရင် ဝင်ရှုပ်သွားတဲ့ အမှိုက် မဟုတ်လား။

အင်ဇာဂီ ရဲ့ တောင်းပန်တဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်ဗျာ။

inz@ghi says:
ဆြာ nigimi ကျနော် အရင်ကမရေးဘူးပါခင်ဗျ…. အချိန်ရလို့ရေးထားရင်း save draftကနေ private ပြောင်း saveတာ တက်သွားမှန်းမသိလို့ပါခင်ဗျာ
တနေ့ 2 postထက်ပိုမတင်ရ မrule ကိုဖောက်ဖျက်တာမဟုတ်ပါဘူး …
မလျော်ကန်ရင် ပြန်ဖျက်လိုက်ပါခင်ဗျား..

ဒါလေးကို ပြန်ဖေါ်ပြတာ ရည်ရွယ်ချက်ရှိပါတယ်ဗျာ။ ရွာထဲကို လူသစ်တစ်ယောက်အနေနဲ့ ဝင်လာတဲ့အခါ လူဟောင်းတွေနဲ့ အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြစ်ဘို့ အတိုင်းအတာတစ်ခုအထိ အချိန်ပေး ရတယ်ဆိုတာလေး ကို ပေါ်လွင်စေချင်လို့ပါ။ ဒီထက်ပို မပြောပါရစေနဲ့တော့ ခင်ဗျာ။

၂၂။ အိမ်သုံး compact digital camera ကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲ (၁) the Basics
https://myanmargazette.net/70989/computers-technology/consumer-electronics
အိမ်သုံး ကင်မရာ ဝယ်ယူဖို့ လမ်းညွှန်ပို့စ်လေးပါ။ ပို့စ်အစမှာရေးထားတာလေး ဖတ်ကြည့်ပါဗျာ။
ကျနော် ဒါ့ပုံရိုက်တဲ့ ကာလတလျောက်မှာ သူငယ်ချင်းတွေကို
အိမ်သုံး ကင်မရာ လိုက်ရွေးပေးတဲ့အလုပ်တခုကိုလည်း ပုံမှန်ထမ်းဆောင် ဖြစ်တယ်ခင်ဗျ
အဲ့သည်ကနေ အိမ်သုံး camera တချို့ နဲ့ ရင်းနှီးကျွမ်းဝင်ခွင့် ရခဲ့တယ်ဗျာ ..
အဲ့သည်ကနေ gazette ကသူငယ်ချင်းတွေ ကင်မရာ ဝယ်ချင်တယ် ဆိုရင် အကူအညီပေးချင်လို့
သည် စာစုလေး ကို စပြီး ချရေးဖြစ်ပါတယ်ခင်ဗျား..
ဒီပို့စ်လေးကလည်း အင်ဇာဂီ ဖြစ်တည်မှုမှာ အရေးပါတဲ့ ပို့စ်လေးတစ်ခုလို့ ကျွန်ုပ်ဘလက်က မှတ်ချက်ပြုချင်ပါတယ် ဗျာ။ အင်ဇာဂီရဲ့ ကွန်းမန့်လေးကလည်း အရသာတစ်မျိုးပေးလိမ့်မယ်လို့ ယုံကြည်တဲ့အတွက် ဖေါ်ပြပေးဖြစ်ပါတယ်။

inz@ghi says:
အကောင်းဆုံးဆိုတာထက် အသင့်တော်ဆုံးကို ကျနော်သိသလောက် ပြောကြည့်ပေးပါ့မယ်ဆြာ ..
အားပေးတာတော့ ကျေးဇူးပါ ဒုတိယပိုင်းလေးပြီးအောင် ဆက်ဖတ်ပေးပါဦးဗျ.
technical point of view ရဲ့အဆုံးမှာ scenario အနေနဲ့ ကိုယ်လိုချင်တဲ့ spec ကို filter လုပ်ပြီး ရွေးတဲ့နည်းကို မိတ်ဆက်ပေးချင်လို့ပါဗျာ..
ချစ်ခြင်းအားဖြင့်
inZ@ghi … (ကိုငှက်လေကျ ကို ခပ်တည်တည်နှင့်ယူသုံးပစ်လိုက်သည်)

၂၃။ Freebie Marketing and Monopoly
https://myanmargazette.net/74311/business-economy
ဒီပို့စ်လေးကလည်း marketing ပို့စ်လေးပါပဲဗျာ။ ဒီပို့စ်မှာကျတော့ သူကြီးနဲ့ အပြန်အလှန်ဆွေးနွေးတာလေးတွေ ဖတ်ရမယ်။ panpan နဲ့ အပြန်အလှန်ဆွေးနွေးတာလေးတွေ ဖတ်ရမယ်ဗျာ။ ပြီးတော့ ရင်းနှီးကာစ ပေါက်ဖေါ်ကြီးတို့နဲ့ အပြန်အလှန် ကွန်းမန့်လေးတွေနဲ့ အင်ဇာဂီ လာပြီ လို့ ပြောလို့ ရတဲ့ ပို့စ်လေးပါဗျာ။

၂၄။ Outsourcing & Offshoring
https://myanmargazette.net/75807/business-economy
ဒါကတော့ Business မှာ အရေးကြီးတယ်ဆိုတဲ့ Outsourcing အကြောင်းရှင်းပြထားတာပါ။ ကိုယ်တိုင်ဖတ်ကြည့်သင့်တဲ့ ပို့စ်လေးပါဗျာ။ သူကြီး၊ ကြောင်ကြီးတို့ ရဲ့ ကွန်းမန့်လေးတွေနဲ့ ဖတ်ရမယ့် ပို့စ်ပါ။

၂၅။ Steve Jobs ဆီက ကျနော် ဘာတွေသင်ယူနိုင်ခဲ့သလဲ …
https://myanmargazette.net/75938/business-economy
ဒါလေးကတော့ ဘာသာပြန်ထားတဲ့ ပို့စ်လေးတစ်ခုပါ။
လက်ရှိ Venture capitalist တယောက် စာရေးဆြာ တယောက်ဖြစ်တဲ့
တချိန်က Macintosh ကို promotion လုပ်ခဲ့တဲ့ Apple က marketing head
(Apple Evangelist) Guy Kawasaki ရေးတဲ့ What I Learned From Steve Jobs
ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်
စတိဗ်ဂျော့ ချစ်သူတွေ ဖတ်သင့်တဲ့ ပို့စ်ပါပဲခင်ဗျာ။

၂၆။ Information Flow Management – 1 (Introduction)
https://myanmargazette.net/77398/business-economy

Information အကြောင်း သရုပ်ခွဲပြထားတာပါဗျာ။ အသိပညာလေးတွေ ဝေမျှ ပေးထားတာပါ။

၂၇။ Laptop တစ်လုံးကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲ
https://myanmargazette.net/78715/computers-technology
ဒါလေးကလည်း Laptop ဝယ်မယ့် ပုဂ္ဂိုလ်တွေအတွက် အကြံပေးလမ်းညွှန်ပေးထားတဲ့ ပို့စ်လေးတစ်ခုပါဗျာ။ လက်ပ်တော့ ဝယ်မယ့်သူများအတွက် အမှန်တကယ် အသုံးဝင်မယ့် ပို့စ်လေးပါ။

၂၈။ Dark side of Apple Inc.
https://myanmargazette.net/80021/business-economy
ဒီပို့စ်မှာတော့ အင်ဇာဂီ ကို ဝိုင်းအားပေးလိုက်ကြတာ ကွန်းမန့် ၄၅ ခုတောင်ဖြစ်သွားပါတယ်။ ဒီနေရာမှာ ဝန်ခံချင်တာက Apple Product တွေကိုလည်း ကျွန်ုပ် မရင်းနှီးပါ။ စတိဗ်ဂျော့ ကိုလည်း သူသေသွားမှ ရွာထဲမှာ ဝိုင်းရေးတော့မှ သိခဲ့ရ တာပါ။ ရွာထဲမှာ ရေးပေးသူကိုတောင် ကျေးဇူးတင်ရပါတယ်။ ဆိုတော့ ဂီဂီရေ။ ကိုယ်က ဒီနေရာမှာ အတည်ပြောတာပါဗျာ။ နားမလည်တာကို နားလည်ဟန်ဆောင်ရတာက ပိုခက်ပါတယ်။ ခု ဒီပို့စ်မှာလည်း ကိုယ်ပေးခဲ့တဲ့ ကွန်းမန့်လေးတွေ ကို ပြန်ကြည့်တဲ့ အခါ participate လုပ်ထားတဲ့ သဘောပဲရှိပြီး အကျိုးရှိရာရှိကြောင်း မဟုတ်ခဲ့ပါဘူးဗျာ။ အနီကတ်လေးကတစ်ခုကလည်း နီရဲလို့။ ကိုယ်ကတော့ အနီတစ်ခုထဲမို့ တော်သေးတယ်။ မမ ကလည်း အနီကဒ်လေးခုနဲ့ဗျ။ ဟားဟား။ ဒီမှာပဲ တစ်ခါတည်း ခွင့်တိုင်ချင်တာက ရွာထဲက ပညာရပ်ဆိုင်ရာပို့စ်တွေ ရေးသားနေကြသူတွေ ကိုပေါ့ဗျာ။ နားမလည်လို့ ကွန်းမန့်လေးများ ဝင်မပေးရင် ခွင့်လွှတ်ပေးကြဘို့ပါ။ တစ်ချိန်ပြန်ဖတ်ရင် ရုပ်ပျက်ဆင်းပျက်နဲ့ ဆိုတာ ကျွန်တော် ကိုယ်တွေ့မို့ပါဗျာ။ ဒါလေးပါ။ အနီတွေ လိုက်ပြနေတာနဲ့ ပတ်သက်လို့ အင်ဇာဂီ ရဲ့ ကွန်းမန့်လေးက ပြုံးချင်စရာမို့ ထည့်ပေးလိုက်ပါတယ်ဗျာ။

inz@ghi says:
ဘယ်ငတိက နာ့ကို ပေါ်တင် မဝေဘန်ရဲလို့ …
အနီပြတာလဲကွ …ငါ့လခွားတဲ့မှပဲ …
ဂီဂီတဲ့ကွ…
ဘောပွဲရှုံးလို့ ဘူနေတာတွေ
နင်တို့ဆီရောက်မယ်နော် … အပုန်းတွေ ကျပ်ကျပ်သတိထားကြ…ခွီး …

၂၉။ ပါကင်ဖေါက်ခြင်း
https://myanmargazette.net/87257/business-economy
ဒါကတော့ မကြာခင်ကမှ ဟိုးလေးတကျော် ဖြစ်ထားတဲ့ ပို့စ်မို့ ပြောတော့ဘူးဗျို့။
၃၀။ သို့ သဂျီး မှ ဂီဂီ
https://myanmargazette.net/87064/uncategorized-other/copypaste
ဒါလေးကလည်း မကြာခင်ကပဲ သူကြီးကို စောဒက တက်ထားတဲ့ ပို့စ်လေးမို့ ပြောတော့ပါဘူး။
၃၁။ မောင်တို့ ကင်မလာမန်း ဆိုသည်များဝယ်
https://myanmargazette.net/86832/society-lifestyle/aha-jokes

ပျော်စရာပို့စ်လေးတစ်ခုပါ။ နိုင်ငံခြားက ဓါတ်ပုံ ရိုက်နေတဲ့ ဆြာတွေရဲ့ ပုံတွေမှာ ရွာထဲက ဆြာတွေရဲ့နာမည်လေးတွေ ထည့်ပြီး အပျော်နောက်ထားတဲ့ ပို့စ်လေးပါ။

၃၂။ Illuminations of December-1
https://myanmargazette.net/86717/travel/photography-pictures-galleries-wallpapers-photo-tips

ဓါတ်ပုံလှလှ လေးတွေပါဗျာ။
၃၃။ မုဆိုးမှ သားကောင်ဖြစ်သွားသူများအကြောင်း.. Autumn in my Heart -3
https://myanmargazette.net/86441/travel/photography-pictures-galleries-wallpapers-photo-tips

ဒါလည်း ပျော်စရာ ဓါတ်ပုံလေးများ ပါခင်ဗျာ။

၃၄။ ကမာ္ဘ့ အကောင်းဆုံး တောင်ပံတစ်ဖက်
https://myanmargazette.net/86287/creative-writing

ဘောလုံးအကြောင်းရေးရင်း သူပေးလိုတဲ့ မက်ဆေ့ချ်ကို ပေးသွားသည်ဟု ထင်ပါသည်။
မိမိအတွက် အကောင်းဆုံး ဆိုတာ တခုတည်း ရှိမှာပါ။ အသင်းအဖွဲ့ အတွက်ဆိုပါ က
ထိုတခုတည်း ကို အဆုံးရှုံးခံပြီး ကြိုးစားလျင် ဖြစ်နိုင်သည့် နေရာများတွင် အကောင်းဆုံးပေးဆပ်ခြင်း။

၃၅။ အဆင့်များ က ပြောတဲ့ လိုအပ်ချက်များ -၁
https://myanmargazette.net/84671/business-economy

ကိုသစ်မင်း ရေးတဲ့ ပုံစံဖြင့် ရေးထားတဲ့ ပို့စ်ကောင်းကောင်းလေးတစ်ခုပါ။ တင်တာလည်းသိတ်မကြာသေးတော့ အသေးစိတ် မရေးပြတော့ဘူးဗျာ နော့။ ဒါမျိုးကြီးလည်း ရသော အင်ဇာဂီပေါ့ခင်ဗျာ။
၃၆။ ကားတင်သွင်းသူများအတွက် အကောက်ခွန် ဌာနအား ဖြတ်သန်းရခြင်းမှာ (သို့) ဆဲစာ
https://myanmargazette.net/85724/business-economy

ဒီပို့စ်လေးကတော့ ပြည်တွင်းက လွဲချော်နေတာကို ပြုပြင်စေချင်တဲ့ စေတနာနဲ့ ရေးလိုက်တဲ့ ပို့စ်လေးပါ။ ဒီပို့စ်လေး က ဘလက်နဲ့ ဂီဂီတို့ အတွက် အမှတ်တရပို့စ်လေးလည်း ဖြစ်ခဲ့ပါတယ်ဗျာ။

ကဲ ဂီဂီရေ ကပေ့ရဲ့ အာဂလူစွမ်း စီးရီးတို့ စာပေတော်လှန်ရေးစီးရီးလိုက်ကြီးတို့ကို
သီးသန့်ကြီးထည့်ညွှန်းနေစရာမလိုတော့ တဲ့အတွက် ဘဘဘလက်ကို နားလည်ပေးပါ။

ဒီပို့စ်ကို ဖတ်လို့မှ အင်ဇာဂီ ဘာလဲဆိုတာ မသိဘူးဆိုရင်တော့
ဘလက်ကို ရက်စက်သောအားဖြင့်
တောင်စွယ်နေကွယ်ရင် မာဆတ်ကိုသာ ပို့လိုက်ကြပါတော့ ဗျာ။

ကျွန်ုပ်တို့၏ အင်ဇာဂီ။

61 comments

  • blackchaw

    December 23, 2011 at 1:50 pm

    ညီငယ် ဂီဂီ အတွက်
    ဘဘ ဘလက် ရဲ့ ခရစ္စမတ် လက်ဆောင်လေးပါ။
    အင်ဇာဂီ ကို ချစ်ကြခင်ကြသူများ ကွန်းမန့်လေးများနဲ့
    မုဒိတာ စကားလေးများ ချီးမြှင့်ပေးကြဘို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
    ကွန်းမန့်များများ ရတော့လည်း ဘလက် ပွိုင့်များများ ပွတာပေါ့နော။

    • inz@ghi

      December 23, 2011 at 3:27 pm

      အောင်မယ်ငီး ..

      အရှည်ကြီးကို တူးထားတာဘာဘဲလား …..
      ပိတ်ရက်ကလေးမှာ …နာမည်ကျော် ရွာသူား ဟောင်းကြီးတွေရဲ့ ပိုစ့်တွေ လိုက်ဖတ်…
      သူတို့အချင်းချင်းကြား …သူတို့ နဲ့ သဂျိုင်ခီးကြားက ဟာတွေဖတ်ပီး ဟားနေတုန်း. …..
      ဘဘဘလက်က ကျုပ်ကို တူးသွားတာကိုး …
      ကုန်ဘာဘီ ကုန်ဘာဘီ …
      ရွာထဲ ပေါက်ပန်း၄ဝ လုပ်ထားတာတွေ ပေါ်ဘာဘီ …..
      😀
      😛

      မှတ်မှတ်ရရ မှတ်တမ်း ပြုပေးတဲ့ ဘဘ ဘလက်ကိုတော့ ကျေးကျေးပါဗျို့…

      ခုလည်း ပိုစ့် ကုန်းရေးနေတုန်း….ကွန်းမန့် ၁၃ခုတောင် တက်သွားဒယ်. ….
      တခုချင်းစီ ပြန်ပါ့မယ်ဗျာ ….
      (ပိုစ့် ၁ပုဒ် ချင်းစီအတွက် ဖြောင့်ချက် ကိုတော …ဘဘဘလက် အကြွေး ခနမှတ်ထားပေးပါဗျား….)

      ခင်တဲ့
      Inz@ghi

      P.S …စကားမစပ် ….ကိုကြောင် တို့ ဦးဇင်း ပုတို့ကို တူးဗျ……. ပါးစပ်စိရမှာမဟုတ်ဝူး…ကိုယ်တွေ့..

      • kokoover

        December 23, 2011 at 9:49 pm

        ကွန်ကျူဒါ အကြောင်းလေး တွေတင်စေချင်သဗျ..

      • kokoover

        December 25, 2011 at 10:55 am

        ယောက်ဖေ၇…ကိုကြိံးကို မန် ့ဖို ့မေ ့နေပြိံ။

        • inz@ghi

          December 27, 2011 at 5:20 pm

          မန့်လိုက်ပီ ယောက္ခမသားရေ့ …

          ခိခိ

          ခင်တဲ့
          iNZ@GHI

  • ကိုရင်စည်သူ

    December 23, 2011 at 2:01 pm

    ကိုဘလက်က ခရစ်စမတ်လက်ဆောင်အတွက်
    ရွာထူးချွန်သူတွေကို ကြိုးစားပမ်းစားနဲ့
    မုဒိတာပွားပေးနေပါတယ်… ဂီ့ရေ..
    ရောက်ရာ အရပ်ကနေ တို့ ကိုဘလက်ချောကော
    ပါကင်လေးတစ်ခုတော့ ခရစ်စမတ်လက်ဆောင်
    ပြန်ပို့ပေးသင့်နေပီနော်… 😀 😀 😀

    • inz@ghi

      December 23, 2011 at 3:31 pm

      ဗျို့ …
      ကရင်စီ့

      ရွာအတွက် ခွစ် စမတ် လက်ဆောင်တော့
      တင်ထားဘီ….နျူးရီးယား …(စာလုံးပေါင်း မမှားဘာ ….နျူကလီးယား ကိုရှု)
      ပူးပေါင်း စစ်ဆင်ရေးတခု နွှဲဖို့ရှိတယ်ဗျ…
      ထိပ်တန်းလျှို့ဝှက်ချက်….
      (မပူနဲ့ ခနနေ အားလုံးသိတဲ့ လျှို့ဝှက်ချက်) ဖြစ်မှာ..

      ခိခိ..

  • weiwei

    December 23, 2011 at 2:02 pm

    ရွာ့အချစ်တော် ဆြာလေး ဂီဂီ …
    ရေပန်းအစားဆုံး မင်းသားလေး …
    စွယ်စုံရ စာရေးဆရာ …
    ဂီဂီရေးသမျှ အားလုံးဖတ်ဖြစ်ပေမယ့် ကွန်မန့်သိပ်မပေးဖြစ်ခဲ့ဘူး …
    အခုကွန်မန့်ပေးလိုက်တော့ ဂီဂီမရပဲ ကိုဘလက်ကြီးပွိုင့်တိုးသွားတယ် …
    ဉာဏ်မဲတွေအပြည့်နဲ့ ကိုဘလက် … 🙂

    • inz@ghi

      December 23, 2011 at 3:32 pm

      အားပေးတာ ကျေးဇူး ပါအန်တီဝေဝေ ….
      မေးလ်အကောင့်ကို ဂျာပွန်လို ဖတ်မိတာ …ဗွေမယူပါနဲ့နော်….

      ခင်တဲ့ဂီ…

  • blackchaw

    December 23, 2011 at 2:03 pm

    ကိုရင်ရေ။
    သူဖေါက်ပြီးသားကြီး (စာအုပ်ပါဆယ် ထုတ်ကိုပြောပါတယ်)
    လိုချင်ဘူးဗျာ။

    • inz@ghi

      December 23, 2011 at 3:35 pm

      ဘဘဘလက်ရေ့
      ကျနော်ရှေ့နှစ်တော့ စာပိုရေးဖြစ်သွားမှာပါ လို့ ဂိပေးပါတယ်ဂျာ

  • manawphyulay

    December 23, 2011 at 2:10 pm

    ဂီဂီကတော့ ဆြာတွေထဲက ဆြာပေါ့လေ… စတိုင်ကိုလည်းကြည့်လိုက်ဦး ကိုယ်တွေယားနေတဲ့မင်းသား အဲ ကိုရီးယားမင်းသားတွေနဲ့ နင်လား ငါလား… ပဲဆိုသလိုပေါ့။ ပြည်တွင်းက လွဲချော်နေတာတောင် ပြန်တည့်အောင် လုပ်နိုင်စွမ်းရှိတဲ့သူနော် မခေဘူး……

    • inz@ghi

      December 23, 2011 at 3:36 pm

      မစိတ်ဖွေးပိစိရေ ….
      အခု မန့်တာပြီးတာနဲ့ ပုံတွေ ပို့လိုက်ပါ့မယ်ဗျာ….

      ပုံ/
      ဂီ

  • kotun winlatt

    December 23, 2011 at 2:13 pm

    ဂီဂီရေ..လေးးစားးပါတယ်ဗျာ….

    • inz@ghi

      December 23, 2011 at 3:37 pm

      ကျေးဇူးပါ
      ကိုထွန်း .(ဟုတ်တေးဘာဘူး)
      ကိုဝင်း (ဟုတ်တေးဘာဘူး)
      ကိုလတ် (ဟုတ်တေးဘာဘူး)
      ကိုထွန်းဝင်း (ဟုတ်တေးဘာဘူး)
      ကိုထွန်းဝင်းလတ် ရေ့…..

      အင်း ဟို ၈လုံးပြူးကြီးကျနေတာဘဲနော ….
      လူ၄ယောက်စာ နာမည် ၁ယောက်ထဲ သိမ်းပိုက်ထားတာ ..
      ဟီဟိ…

  • ဆူး

    December 23, 2011 at 2:15 pm

    မားကတ်တင်း သမားတွေက ပစ္စည်းတွေ လူသိအောင် စာတမ်းလေး ဖြစ်ဖြစ် အရုပ်လေး ဖြစ်ဖြစ် အမှတ်အသားလေး ဖြစ်ဖြစ် ကြေညာတယ်။
    ဂိဂိ လည်း ဒါ့ပုံ ထည့်ပြီး မားကတ်တင်းဆင်းတာ.. ဘာကို မားကတ်တင်း ဆင်းတာလဲတော့ သိဘူး.. ဒါ့ပုံကြီး ပါတာ ၂ထာ ရှိပြီ။

    မားကတ်တင်း မဟာ ပညာကျော် ဘောဝိဇ္ဇာ ဒါ့ပုံစိုင်စိုင် ဂိဂိ အတွက် ဆုတောင်းပေးလိုက်ပါတယ်။ ရောင်းပန်း ဝယ်ပန်း ပွင့်လန်းပါစေ။ မားကတ်တင်း အလုပ်ကို ပြောပါတယ်။

    • inz@ghi

      December 23, 2011 at 3:40 pm

      ဂတ်တူဆို ဂျီးကတော့ လုပ်ပီ ….
      ကြောက်ပါဒယ်ဆိုမှ …..

      စကားမစပ် …တပ်မ၇ရကြီးကို ကျုပ် တူးပီးတင်ရ ကောင်းမလား
      တွေ့နေတာ ..ခိခိ…..

      နောက်တာနော ……
      (ဂယ်လုပ်မှာ …)

      ပုံ
      အစွန်းတရား၂ဖက်လုံးလွတ်တဲ့ ဂီ

      • ဆူး

        December 23, 2011 at 4:12 pm

        ဇိမ်ခွင့် ယူထားပြီ ဆိုတော့ မားကတ်တင်း မဆင်းရတော့ စိတ်တွေ ပျံ့လွင့်နေတယ် ထင်တယ်။
        အစွန့် ၂ဖက် လွတ်ပေမဲ့ စမူဆာ ဆိုရင် ၁ဖက်တော့ ညိနိုင်တယ်။

    • inz@ghi

      December 23, 2011 at 3:41 pm

      အားလုံးကိုယ် စား ကျေးကျေးပါ …
      ကို ထွန်း+ မဝင်း…
      သား- မောင်ထွန်းဝင်း
      သမီး- မဝင်းလတ်
      တို့ မိသားစုရေ့

  • Moe Z

    December 23, 2011 at 2:29 pm

    ဘဘ ဘလက်ကို ပွိုင့်ပေးရင်း (ကိုယ်လည်းယူရင်း) 😀
    ကြော်ငြာထားတဲ့ပုံက ဆုကြေးဘယ်လောက်လဲဟင် 😛

    • KING

      December 23, 2011 at 2:44 pm

      ဦးချောရဲ့ ရှာဖွေမှတ်တမ်းတင်မှုကို ပွိုင့်ချီးမြှင့်ရင်း
      ကိုဂီကိုလည်း လေးစားမှုရှိကြောင်းပြော
      ကိုယ့်အတွက်လည်း ပွိုင့်ရ … 😀
      Moe Z ရေ ဆုကြေးက 1500 ဖြစ်ပါတယ်
      ဖမ်းချင်သူများ အမိဖမ်းနိုင်ကြောင်း

      ပြန်ကြားရေးဝံကြီး
      ဦးဖွတ်ကြား ကိုယ်စား
      ဖြေကြားပေးလိုက်ပါတယ်
      ……………………………….. 😛

      • inz@ghi

        December 23, 2011 at 3:46 pm

        အင်းကူး ရေ…
        အားပေးဒါ ကျေးဇူးဘာ …

        ဦးကင်း ….ဦးဖွတ်ကြား လုပ်မယ်ဆို ဂီ ဦးဖွတ်ကြား …မီလုပ်တော့ဘာဘူးဂျာ..

        ဖွတ်ပြောင် ပဲလုပ်တော့မယ်….
        (ငယ်ငယ်က ဂဏန်းတွက်လို့မှား ရင် …..သချင်္ာဆြာ က .ဖွတ်ကျား ကမှ …အဆင်းလေးတွေနဲ့
        လှဦးမယ် …နီက ဖွတ်ပြောင် တဲ့ ….)
        အဲ့ဒါလေး သွား သတိရလို့ပါဗျာ…

        ခင်တဲ့…
        ဦးဖွတ်ပြောင်

    • inz@ghi

      December 23, 2011 at 3:44 pm

      ဆုကြေး ပေးဇရာ မလိုဘာဘူးညလေးရယ်……
      ဇက် ကလေးအတွက်ဆို ကအင်ဂျီးက …FFF ပါ(free for forever)
      ခေတ်က XAAS ခေတ်မလား …ဘာမဆို ..(Something As A Service)ဖစ်နေဘီလေကွယ်….
      ခစ်ခစ်….

      ခင်တဲ့
      နှူးဘာဂီ

  • MaMa

    December 23, 2011 at 2:35 pm

    ိကိုယ်ရေးတဲ့စာဟာ ကိုယ့်ကို ပုံဖော်တာပဲလို့ ယူဆပါတယ် ကိုဘလက်နဲ့ ဂီဂီရေ။ 🙂
    လက်စွမ်းရော ခြေစွမ်းပါ (ဘောလုံးအကြောင်းလည်း သိတာပဲ) ပြနိုင်တဲ့ စွယ်စုံရ မင်းသားလေးပေ့ါ။
    ပြောရရင်တော့ သဂျီးပေးမယ့် အကယ်ဒမီပွဲဆိုရင် အနည်းဆုံး (အနည်းဆုံးလို့ ပြောထားတယ်နော်) ခန့်မှန်းတဲ့ စာရင်းထဲတော့ ဝင်မှာပဲ။ 😀

    • inz@ghi

      December 23, 2011 at 3:51 pm

      စွယ်စုံ မစုံတော့ မတိ …
      ရှေ့ အံသွားတွေမှာ အမြစ်တွေပွားလာလို့
      အရိုး ကင်ဆာ ဖြစ်ပါဘီ ဆိုပီး ဓါတ်တွေကျ. ….သောကတွေပွေ…..
      ဆေးရုံဆေးခန်းက သည်မှာ ဈေးကြီးတော့ ရန်ကုန်ပြန်ကုမဟဲ့. ..ဆိုပီး. ..
      သွားဆြာဝန်တွေနဲ့ စုံစမ်းတော့မှ ….လားလား …. သားစားကျူးတာတဲ့..
      premolar လို့ခေါ်တဲ့ ရှေ့အံသွားတွေက ကိုက်ရ ဖြတ်ရ ကြိတ်ရ ..တခြားသွားတွေထက်
      အလုပ်ပိုလုပ်ရလို့ blood supply မြင့်တက်လာပြီး …အမြစ်တွေ ထွားလာတာပါတဲ့
      ဘာ ကင်မှ မဆာပါဘူးတဲ့ …ကျနော့် အောက်သွား ရှေ့အံသွားတွေမှာ
      သွားဖုံးအတွင်းပိုင်း(လျှာ အောက်ဖက်)မှာ အမြစ်ပွားလို့ သွားဖုံးတွေဖုနေပါတယ်….

      အနှီကာလ များက စိတ်သက်သာရာသက်သာကြောင်း ဟာသတွေဖြစ်တဲ့
      လူစွမ်းကောင်းနဲ့ တော်လှန်ရေးကို ရေးပါတယ်…
      လူစွမ်းကောင်း ဇာတ်သိမ်းပါ့မယ် …တော်လှန်ရေးတော့ ဆက်မရေးတော့ပါ….
      (ထ သတ်ကြမှာ စိုးလို့ပါ …ရွာဆူသွားမှာ စိုးလို့ပါ…..ခိခိ. …)

      ခင်တဲ့….
      ဇိမ်ကိုယ်တော် ဂီ

  • FattyCat

    December 23, 2011 at 2:42 pm

    Apple Post အတွက် အမြဲအမှတ်ရနေမယ့် ငါ့သူငယ်ချင်း ဂီဂီ

    ချစ်သူငယ်ချင်း
    ကြောင်ဝတုတ်

    • inz@ghi

      December 23, 2011 at 3:56 pm

      အက်ပဲလ် ကို အကောင်းလည်း ရေးမှာပါဗျာ….

      အစ်မတော် မခင်လတ်ပိုစ့်မှာ အားဖြည့်ပါ့မယ်ဗျ….

      ကျနော်က အယူဝါဒ က Apple အယူဝါဒ နဲ့ ရုပ်ဝတ္ထုပိုင်းက Microsoft ကိုသုံးတဲ့
      ဂျလယ်အူကြောင်ပါ…

      အားပေးတာ ကျေးကျေးပါ…

  • hmee

    December 23, 2011 at 3:03 pm

    ဂေဇက်ရဲ့ ဆရာကြီးတွေကြားထဲက ဆရာလေးဂီဂီရဲ့ သမိုင်းကို ဦးဘလက်က တူးပြန်ပြီ။ 🙂

    • inz@ghi

      December 23, 2011 at 3:59 pm

      မမမှီ
      အားပေးတာ ကျေးကျေးပါ…

      ဘဘ ဘလက် နောက်တူးမယ့်လူက မမမှီ ဆိုဘဲ ….
      ခိခိ…..

      ခင်တဲ့….
      ဇိမ်ကိုယ်တော်ဂီ

  • အပွင့်လင်းဆုံးပြောရရင် ရွာသက်ရှည်ပြီး
    ရွာထဲက စာအဖတ်အနည်းဆုံး။
    ကော်မင်းပေးတာ အနည်းဆုံးဆိုသူဟာ ကိုပေါက် လို့ပြောရင်ရပါတယ်။
    အင်တာနက်ဆိုင်ရောက်တာနဲ့ပုံတွေတင်ဘို့ စာတွေရေးဘို့ပြင်ရပါတယ်။
    စာမရေးတဲ့နေ့များမှာတော့ မိတ်ဆွေတွေနဲ့လေပေါ။
    လက်လမ်းမှီသလောက်ဖတ်။
    ကွန်မင်းဝင်ပေး ဆိုတော့
    မိတ်ဆွေတွေအပေါ်မှာတာဝန်မကျေဘူးတောင်ပြောရင်ရပါတယ်။
    ကျနော်မှာလည့်း တကယ့်ကိုအချိန်ဆင်းရဲပါတယ်။
    ည9း30ကနေ 11း30 ကကျနော်ကိုယ်ပိုင်ချိန်အစစ်။
    အင်တာနက်ဆိုင်သွားပြီးသုံးပါတယ်။
    ကျနော်ထက်ငယ်တဲ့ကလေးများကို လေးစားပါတယ်။
    စိတ်ရင်းအမှန်အတိုင်းပြောတာပါ။
    ကျနော်သူတိို့အရွယ်တုံးက
    သူတို့အခုလုပ်နေသလို ကျနော်မစွမ်းဆောင်နိုင်ခဲ့သေးလို့ပါလို့ပြောရင်
    မြှောက်ပြောရာမကျဘူး မလွန်ဘူးလို့ယုံကြည်မိပါတယ်။
    ဂီဂီရေ အသက်ကြီးခဲ့ရင် ကိုယ်ထက်ငယ်သူတွေအပေါ်မှာနားလည်နိုင်တဲ့သူတစ်ယောက်ဖြစ်အောင်တော့
    ကြိုးစားနော် ဒါမှ ခေတ်မှီတယ်ခေါ်တာ……………….

    • inz@ghi

      December 23, 2011 at 4:07 pm

      လေးပေါက်ရေ …

      ဂီ ကြိုးစားပါ့မယ်ဗျာ …..
      ဂိ ပေးပါတယ်….

      လေးပေါက်က တာဝန်ကျေပါတယ်ဗျ….
      အဲ့လိုမတွေးပါနဲ့ ကျန်တာထားလို့ အတွေးလက်ဆောင် ပါးပါးလေးတွေနဲ့တင်ကို ကျေပြီးသား….
      မှန်တာပြောရရင် …. ရီမုတ်ကွန်ထရိုးလ် တောင် မကျွမ်းကျင်တဲ့ ဂီ့ မိဘတွေထက်ပိုပြီး
      မြန်မာ society အတွက် လေးပေါက် အလွန်တာဝန်ကျေပြီးသားပါ. ….
      IT လောကသားမို့ IT အရ ဝေဖန်မိတာပါ.. စော်ကားလိုစိတ် မရှိပါ …..
      အိုင်တီနဲ့ ဝေးသော အသက် ၄-၅-၆ဝ တန်း အတွေ့အကြုံရင့် ပညာတတ်
      အိုင်ဒီယာကောင်း …. လူတွေ ဘယ်လောက်တောင်များအပြုသဘောဆောင်တဲ့
      စိတ်ကူး ဆန္ဒ အာသီသတွေ ကို မထုတ်ဖော်နိုင်ခဲ့သလဲ ငုတ်လျိုးခဲ့ရသလဲ ..ဆိုတာ …
      တွေးရင် …..(အင်း ..ကျနော် …technological divide ကို သပ်သပ်ရေးရမယ်ထင်ရဲ့)

      အချုပ် အားဖြင့် ပြောရရင် လေးပေါက်ဟာ အလွန် တာဝန်ကျေတဲ့ လူကြီး တယောက်ပါဗျာ…

      ခင်တဲ့
      Inz@ghi

  • Shwe Tike Soe

    December 23, 2011 at 3:38 pm

    ဘာပဲဖြစ်ဖြစ် ကိုဂီကို လေးစားပါတယ်.. သူစာတွေလဲ ကောင်းပါတယ်… အရင်တုန်းက နေမကောင်းလို.ဆို
    အခု စာရေးတာနဲတော့မယ်ဆိုတော့ ဘာလဲ ပင်စင်ယူတော့မလို.လား…. 😀

    • inz@ghi

      December 23, 2011 at 4:09 pm

      ကိုရွှေတိုက်စိုးရေ. ..
      ကျနော် နောက်လိုက်တာပါဗျ…
      သည်နှစ်ထဲမတော့ ….. ဆိုတဲ့ စာလုံးပါတယ်လေဗျာ..

      သည်နှစ်က ဘယ်နှရက်မှ မကျန်တော့လို့ သိပ်မရေးနိုင်တော့ပါဘူး
      လုပ်ထားတာဗျို့ …ရေးဦးမှာ ….လက်ကိုယားနေတာပဲ …
      ဟီး …..

      ခင်တဲ့
      Inz@ghi…

      P.S နောက်နှစ်တော့ ဒါ့ပုံ ပိုရိုက်ဖြစ်မှာပါဗျာ…..

      • Shwe Tike Soe

        December 23, 2011 at 4:53 pm

        ဟဟဟ တယ်နောက်တဲ့ ကိုကို အဟင့် လူဇိုး .. ဟဟ
        ကျွန်တော်လဲ အဲဒီ နဲနဲလေးကျန်တော့တဲ့ ရက်ကို သတိထားမဖတ်လိုက်မိဘူး.. ဟဟဟဟ

  • ငပေါက်ဖော်

    December 23, 2011 at 3:42 pm

    ဂီဂီ့ရဲ့ လန်ထွက်နေတဲ့..အထုပ်ပတ်တိကို…တံခါးမှူး..ဦးဦးဘလက်က
    ခုလို..တူးဆွဖော်ထုတ်ပေးတဲ့အတွက်..အနော်တို ့အီနေဖြင့်..
    အီအီးပေါက်စရာ အီကြောင်းမရှိပါကြောင်းခင်ညား..
    ဂီဂီ့အစွမ်းအစတွေက..တို်င်းသိ..ပြည်သိ..သဂျီးအသိမိုလို ့..အချို ့အချို ့တွေသိအောင် တူးဆွသင့်ပါကြောင်း

    ခင်တဲ့..
    ဂီဂီ့ယောက်ဖ..ငပေါက်ဖော် 😆

    P.S
    ဂီဂီတောင်ဒီလောက်ချောမှ..ဂီဂီ့ညီမလေး..ဂီ့ထက်ချောမှာသေချာကြောင်း..
    ကြိုတင်ဘွတ်ကင် 😛

    • inz@ghi

      December 23, 2011 at 4:11 pm

      ဂီ့မှာ ညီမလေး မရှိဝူး ခည ………
      သည်တော့ ညီမချင်း ကိုယ်ဂျင်း မစာဒဲ့ကောင် ဖြစ်တွားမှာ စိုးရိမ်ဒယ်ဆိုရင်…
      နီ့ညီမလေး နာ့ပေးပြီး ကိုယ်ဂျင်းစာ တရားလေး ဟောကြားခိုင်းဘာလားဟင်င်င်င်

      ~~~~ဟောလှည့်ပါ ပြောလှည့်ပါ …. xx တရားဦးတပုဒ် နာလိုသူမှာ …
      အတွေးများစွာ ပေးထားတာ …~~~~~~

      ခင်တဲ့ …(နီခေါ်နေကျ)
      မဖွတ်ကျား

  • Novy

    December 23, 2011 at 4:09 pm

    အော်..
    ဂီဂီ က ဂလိုကို

    • inz@ghi

      December 23, 2011 at 4:11 pm

      ဟင်. .. ဘာတုန်းဟင်င်င် မရှင်း မရှင်းနဲ့ …..
      😛

  • amatmin

    December 23, 2011 at 5:13 pm

    ကိုဂီ ရဲ့ အမြဲ သွက်သွက်လက်လက် ကွန်မန့်တွေ ကိုအရင် သတိထားမိတာကနေ..
    ပို့စ်တွေ ကိုပြန်ရှာ ဖတ်မိတော့ အမြဲအားပေးတဲ့ ပရိတ်သတ် ဖြစ်ခဲ့ပါတယ်ဗျာ..

    • inz@ghi

      December 27, 2011 at 5:23 pm

      ကျေးဇူးပါ …အမတ်မင်းရေ့….
      ဝံဂျီး ဝတ်စုံလေး …ဇာတ်ထဲသွားရောင်းစားလိုက်ပြီလားဟင်င်

      ခင်တဲ့
      iNZ@GHI

  • nozomi

    December 23, 2011 at 5:38 pm

    စွယ်စုံရ မင်းသားကြီးပါ
    ဖြတ်ထိုးဉာဏ်ကောင်းတယ် ၊ ဟာသဉာဏ်ရှိတယ် ၊ တီထွင်နိုင်စွမ်းကောင်းတယ် …ပြောရင်းနဲ့ မော ထှာ
    ပြောရရင် မိုးလင်းမှာမို့ အားကျတယ် ဆက်လုပ်ပါ လို့ပဲ…….

    ဒက်ဂလောက် …..ဒက်ဂလောက် …..ဒက်ဂလောက် …..

    • inz@ghi

      December 27, 2011 at 5:25 pm

      အားပေးသွားလို့ ကျေးကျေးပါဦးနို…
      ခုတလော ဒက်ဂလောက်တွေနည်းနည်းများနေလို့…
      လေးလေးနက်နက်တွေ သိပ်မရေးဖြစ်ဘူးဗျာ…
      ရှေ့နှစ်ထဲဆိုရင်တော့ …(နောက်နှစ်ထဲဆိုရင်တော့)

      ဟီး ရှုပ်ကုန်ဘီ …ဘာအမှန်လဲမသိဒေါ့..
      😀

  • windtalker

    December 23, 2011 at 8:11 pm

    အင်ဇာဂီ
    သင် ဘာမထီ
    ကြင်နာအတည်
    ရွာတွင်စည်
    မကြာပင် ရီ

    • inz@ghi

      December 27, 2011 at 5:26 pm

      ကျေးကျေး ကေပို မေပေါင်
      ဝါတော်ကင်း ကပေ့ရေ

  • memeseku

    December 23, 2011 at 8:24 pm

    ကိုအင်ဇာဂီ…..ဂုဏ်ယူပါတယ်…..မန်းဂဇက်ကိုpost မရေးပဲအားပေးနေတာ၁နှစ်ပြည်.တော.မှာပါ…..
    ခင်တဲ့ဂီသို.
    ခင်တဲ့…မီ….ahee

  • memeseku

    December 23, 2011 at 8:25 pm

    အနော်.ကိုလဲစာပြန်ပေးဦးနော်…..
    ခေတ္တ…စလုံး း)

    • inz@ghi

      December 23, 2011 at 8:29 pm

      ပြန်လိုက်ပါဘီ မီ ကလေးရယ်…
      အားပေးတာ ကျေးကျေးပါနော …
      …….
      ကောမန့်အချို့ လက်ဆောင်ပေးဖူးသည့် …
      သူငယ်ချင်းတယောက် အနေဖြင့် …
      merry X’mas ဗျာ…

      ပျော်ရွှင်ပါစေ…

  • မှော်ဆရာ

    December 23, 2011 at 8:47 pm

    ဒီကောင်က မှော်ဆန်တယ်ဗျ ..
    ဒီလိုင်းကို သူကျွမ်းကျင်ပါလားလို့ အံ့ဩလို့မှ မပြီးသေး
    နောက်အစွမ်းတစ်ခု ထပ်ထုတ်ပြပြန်ရော ..
    ဒီတော့
    မှော်ဆရာဆိုတဲ့ဘွဲ့
    သူ့ကိုပဲ လွှဲပေးလိုက်တာပဲ ကောင်းမယ်ထင်ပါတယ် ..။

    • inz@ghi

      December 24, 2011 at 1:26 pm

      မှော်ဆြာ တော့ မီလုပ်ပါရဇေနဲ့ဂျာ …

      ဂီတို့က လေ တိရား …မာကတ်တာ ပဲလုပ်မှာ ….
      ဗျန်းဗျန်းဗျန်း…

      ခစ်ခစ်…

  • memeseku

    December 23, 2011 at 8:48 pm

    ့hehe….thanks alot ..ko ဂီ..
    actually, i have read this web since a year ago…but i have never made a post…as i m not in mood :)..
    but now i m really thinking to begin ….
    but i haven’t have no idea yet

    • inz@ghi

      December 27, 2011 at 5:27 pm

      ဘာပဲ ဖြစဖြစ် ရေးပါဗျာ . …
      ပိုစ့် တက်လာတဲ့အခါ အားပေး အားဖြည့်ပါ့မယ်ဗျ…

      ခင်တဲ့
      ဂီ

  • TTNU

    December 24, 2011 at 11:22 am

    မောင်ဂီရေ..
    ဘာမှမမန်းတော့ဘူး။ ရတဲ့ပုံပဲ ကူးသွားတယ် since I have been collecting
    the photos of MG villagers. 😀

    • inz@ghi

      December 24, 2011 at 1:28 pm

      တီချယ်ကြီး …ရေ.

      အားပေးတာကျေးကျေးပါ ….

      တားတား အကြောင်းကိုလေ …
      သင်္ချာ ဝင့်ကျော် နဲ့တူတဲ့ တီချာကြီး တပဲ့ မလေးဒွေနဲ့တွေ့တဲ့အခါ ….
      word-of-mouth လေးချီးမြှင့်ပေးပါနော ….

      ခင်တဲ့
      ဂီ..

  • ကြောင်ကြီး

    December 24, 2011 at 12:09 pm

    ဂီဂီကို ကြောင်ကြီးညီမ ရွှေဝါနဲ့ပေးစားဖို့ သဘောတူပါတယ်။

    • inz@ghi

      December 24, 2011 at 1:29 pm

      ဥကြောင် ဂီ့ကို အမျိုးစပ်နေပါဘီဗျို့ ..

      ဝဋ်မှုံငွေချည် တို့ …သချင်္ာဝင့်ကျော် တို့ ပစ်မထားကြဘာနဲ့ ……
      ကယ်ဂျဘာ ကယ်ဂျဘာ …

      ဒက်ဂလောက်…ဒက်ဂလောက်…

  • nigimi77

    December 25, 2011 at 11:19 am

    ရုပ်နဲ ့မလိုက်အောင်ကို တော်တဲ့ လူတော် တစ်ယောက်ပါ ။

    အားကျထှာ…ခွိခွိ….

    အဖ မြန်မာပြည်မှာ ကိုသစ်မင်းလေးတွေ အင်ဇာဂီလေးတွေ

    ရပ်ကွက် တခု ၂ ယောက်စီလောက် ရှိရင် ကောင်းမယ် ။

    ကျုပ်လို ရွာ့လူဇိုး တွေကတော့ တော်ရာကနေပြီးတော့ပဲ

    ဝမ်းသာနေမှာပါ ။

    • inz@ghi

      December 27, 2011 at 5:33 pm

      တပ်မကြီး ကျုပ်ကို ရွာထဲဝင်ကာစက ကောဖူးတာ သွားသတိရတယ်…
      ခိခိ…

      ၂ပုဒ်တင်ပီးသားကို နောက်တပုဒ် ကူးထည့်လိုက်ပီး ..ပလိုက်ဘိတ်ပြောင်းဆေ့လိုက်တာ …..ခွိခွိ…

      ကူးထည့်ဆို အဲ့တုန်းက ဆောင်းပါးလေးတွေ အဆင်သင့်ရှိရှိနေတတ်တာကိုး ..
      ပန်ပန် တို့ နီကီ တို့ကို KNOWLEDGE SHARE လုပ်ဖူးတဲ့ DOC လေးတွေ….
      ပလယ်ဇန်တေးရွန်း လုပ်ဖို့ ပြောမယ့်စာသား ချရေးထားတာလေးဒွေ ….ရှိရှိနေတတ်လို့..

      ခုနောက်ပိုင်း ရှိလော့ဝူးလေ.. .အဲ့တော့ ပေါက်ပန်း၄ဝ ပဲ ပြန်ရေးနေဘီ …ခိခိ…

  • blackchaw

    December 25, 2011 at 11:22 am

    ဂီဂီရေ ညီ့ယောက်ဖလေး kokoover ကို
    ကွန်းမန့် ပြန်မရေးပေးသေးဘူးနော်။
    သူကတော့ စီးစီးပိုင်ပိုင် ကြီးကို ယောက်ဖ လို့ခေါ်သွားတာပါ။
    အင်း… အစ်မတွေ ညီမတွေ အတွက် ရင်လေးမိပါတယ်ဗျာ။
    ကဲ ယောက်ဖအတွက် ယောက်ဖရဲ့ ကွန်းမန့်လေး ဖတ်ချင်ပါတယ်ဗျာ။

  • Khaing Khaing

    February 29, 2012 at 3:43 pm

    ဦးဦးဘလက်ရေ မီးမီးက ရွာထဲကိုရောက်တာမကြာသေးပါဘူး စာတွေတော့ဖတ်တာ နှစ်နဲ့ချီးကြာခဲ့ပါပြီ အခုမှပဲ ဝင်ဖြစ်တာ ဝင်တာနဲ့ check box ထဲဝင်ရင်း ဂီနဲ့သိခဲ့ရတယ် ဂီဆိုတာဘယ်သူဘယ်ဝါမှန်းလဲမသိ ခဲ့ဘူး ဂီအခုလိုတော်နေမှန်းလဲမသိဘူး ရွာသားတွေနောက်ကြစကားတွေပြောရင်း ထူးထူးခြားခြား မီးမီးနဲ့အထူးတလည် စကားပြောဖြစ်တယ် မွေးနှစ်တူတယ်တဲ့ မွေးလက မတူဘူးတဲ့ 1လကြီးတယ်တဲ့ ဟော နောက်တစ်ခုက မွန်တစ်ခြမ်းဖြစ်နေတာတူပြန်ရော အဲအချိန်ထိဂီဟာ ရွာထဲမှာနံမည်ကြီးနေတာမသိသေးဘူး ဂီရဲ့အီးမေးကိုရတယ် ဂီနဲ့စကားပြောပြီး ဂီအကြောင်းတွေကိုမေးမိတယ် ပို့စ်မရှာတတ်တဲ့ မီးမီးကိုသူ့ရဲ့ ပို့စ်လေးတွေshare ပေးတယ်…. အခုဂီပို့လေးတွေကို ဖတ်ဖို့ဦးဦးဘလက်ကတစ်ကုတစ်က လုပ်ပေးထားတာတွေ့တော့မှ ဂီက မန္တလေးဂေဇက်က မင်းသားလေးမှန်းသိလိုက်တယ်…. အခုလို ဂီကိုဂုဏ်ပြုတဲ့ဦးဦးဘလက်ကိုလည်း လေးစားပါတယ် ဂေဇက်မင်းသားလေး ဂီနဲ့ခင်မင်ခွင့်ရတဲ့အတွက်လဲ အရမ်းကိုဝမ်းသာမိပါတယ်…..အဲလိုနဲ့မီးမီးလည်း ဂီရဲ့ပရိတ်သတ်တစ်ဦးဖြစ်လာခဲ့တယ်….

    ဦးဦးဘလက် မီးမီးဘယ်သူလဲဆိုတာသိပါပြီနော်…
    အခိုင် (or) Khaing Khaing

  • Crystalline

    April 15, 2014 at 2:43 pm

    လန့်ထှာဟယ်… ဟုတ်တိပတ်တိဖတ်လာတာ… ဓာ့ပုံတွေ့တော့ လန့်သွားတယ်.. :mrgreenn:

Leave a Reply