ချစ်ခင်လေးစား အပ်ပါသော ရွာသူား အပေါင်းတို့ ခင်ဗျား …..

 

ပိတ်သတ်ကြီးရဲ့ မောင် ဂီဂီ လေးဟာ ဆိုရင်ဖြင့်..သည်မနက် ကတည်းက

တမျိုးပီး တမျိုးလုပ်စား နေပါသဖြင့် …. ကတိ(ဂိ) ပေးထားသော ..ယနေ့ နှစ်ချုပ်

ဂလိတ်တက် ဟစ်ထ်စ် များ အပြီး သတ် မချုပ်နိုင်ပါကြောင်း …….

စိတ်မကောင်းဇွာဖြင့် ရေးသားအပ်ပါသည်ခင်ဗျား…..

သည်နှစ်ထဲတော့ ပီးအောင် ချုပ်ပါ့မယ်ဂျ….

လောလောဆယ်တော့ ဂီ ဂိ ပျက်ပီ လို့ ..

 

ဇိမ်ဖုံးဂျီးဝတ်ထားသော ဂီဂီလေးဟာ အရှေ့တိုင်းမှာ ဆိုရင်ဖြင့် …ယနေ့ ဟာ..သည်ပိတ်ရက် နက်ဖန်သဘက်

စနေ တနင်္ဂနွေ မန်းဒေး ခွင့်ယူ – ၄ရက်ဆက်တိုက် ဇိမ်ခံနေလိမ့်မည် ဟု မမှတ်ပါနှင့်ခဗျား ….

 

မန်းဒေးခွင့်ယူတာ …အိမ်ပြောင်းဖို့ပါ …

အိမ်သစ်မှာပစ္စည်းနေရာချရင်း အိမ်ဟောင်းသန့်ရှင်းရေး …. အဲကွန်း တပ်ဆင်ေ၇း…ေ၇ခဲသေတ္တာ တပ်ဆင်ေ၇း

..အ၀တ်လျော်စက်တပ်ဆင်ေ၇း …တပ်ဆင်ေ၇း….တပ်ဆင်ေ၇း တွေအလုပ်များမှာ မို့ပါ ……

ခုဟာကလည်း ဇိမ်ခံချင်လို့ ..အစားကျူး နေတာ မဟုတ်ဘဲ …အိမ်သစ်သို့ သယ်ဆောင်မည့်

ပစ္စည်း ပစ္စယ များကို လျှော့နိုင်သလောက် လျှော့ချ နေခြင်းသာ ဖြစ်တယ်ဆိုတာ …နားလည်ခံစားပေးကြပါခင်ဗျား…

 

 

ဂီဂိပျက် တာကို စိတ်မကောက်ကြဖို့နဲ့ ဇိမ်ဖုံးဂျီးပေါက်စ ဂီ့ လက်ရာ ကို မြည်းစမ်းကြည့်ဖို့

ရွာသူား အပေါင်းကို ဂီ့အိမ်သို့ ဖိတ်မန်ဒက ပြုအပ်ပါသည်ခညား……

 

 

၁၊ ဂီ့ဘိတ်ဖက်

 

 

ပေါက်စီကို ပေါက်စီ လိုကြည့်ကြပါ ဆြာတို့ ….. ဆြာမင်းခိုက်စိုးစံ တို့ ..ဆြာနီကိုရဲတို့ ဦးနှောက်တွေ ငှား မသုံးပါနဲ့နော…

 

 

၂. အနီတလုံး အဖြူတလုံး

 

 

တလုံးက ဘတ်လာတာ ..တလုံးက တိုက် လာတာ …..

အလကားပြောတာပါ တကယ်ပြောတာပါ နောက်ပြောတာပါ ..

ဟုတ် ..ဇိမ်ခံဖို့ပါ. …….

 

 

မြန်မာ့ရိုးရာ စားစရာ …ညောင်းတုန်းဦးနက်ချောရဲ့ လက်ရာ ….

 

မုန့်ဟင်းခါးအကြောင်း အရေးကောင်းလို့ ..အားရင် မုန့်ဟင်းခါးချည်း ချက်စားနေဖြစ်တော့တယ်ဗျ…..

မုန့်ဖတ်ကတော့ ဂီ တခါကပြောသလို SOMEN ကိုသုံးရပါတယ်ခင်ည …..

 

၃. SOMEN

 

 

 

 

 

4. SOMEN ကိုရေနွေးဖျော

 

 

 

5. တန်ပူရာ ကြော် …

 

 

 

ဒါ အော်ရီဂျင်ဒယ် …လက်ရာနော ….ဆန်မှုန့် ပဲမှုန့် …နဲ့ ငါးမှုန့် ၃မျိုးကို ဆတူရော…

SHO-YU ထည့်လိုက်ဦး အရသာအတွက် …(ဆားမသုံးပါ) ရေနွေး ကြက်သီးနွေးလေးနဲ့ဖျော်ပြီးမှာ

ပူတေးနီးယွန်း ….တွေကိုကြော်ထားတာ. ..(PUTATO + ONION)

 

၆. ရဘီ…

 

 

 

 

သုံးဆောင်ကြပါဦးခင်ည…..

မုန့်ဟင်းခါးချက်တာ့တော့ ရွာထဲမှာ မုန့်ဟင်းခါးအချက်ကောင်းတဲ့ ရွာသူားတွေ များတာမို့….

ငါးအခြောက်ထုတ်ဖောက်ထည့်ရေဖျော် မီးဖိုပေါ်တင်တဲ့ ကိစ္စရပ်လေးတွေ skip ထားပါကြောင်း

 

၇.  ဇိမ်ဖုံးဂျီးပေါက်စ ဇိမ်ခံ သတင်းသုံးတော်မူသော  နေရာ….

 

 

 

ဤပုံကိုကြည့်ပါ ….

ယူတတ်ရင် ပညာတောင်ရသေး… နော….

Globalization ဆိုသည်မှာ … ဗမာ့မုန့်ဟင်းခါးထဲ့သို့ ဂျာပွန် အကြော်စုံထည့်ပြီး ..

ပြင်သစ်ဝိုင် နှင့် အမေလိကန် စီးကရက် ခဲ ကာ အရသာခံပြီး သကာလ ..တရုတ်မှလုပ်သော

လက်ပကျွတ်ဖြင့် …ကမ္ဘာ့တခွင် ပြဲပြဲစင် ခရီးထွက်ခြင်း…..

 

 

 

ဟီး … တကယ်တော့ ခါတိုင်းဆို နေ့ည ဖာစ့်ဖု ဆိုင်မှာ ၀ယ်စားနေတာဗျ. ….

အမဲသား ထမင်းပုံ ဆိုပါတော့ ..(ခုတော့ ၀က်သားနဲ့လည်းရနေဘီ…)

http://en.wikipedia.org/wiki/Gyuudon

 

http://ja.wikipedia.org/wiki/%E7%89%9B%E4%B8%BC

(Gyudon စိတ်ဝင်စားသူတွေအတွက် ဂီ့ မွေးစားမေမေ ဆီက လင့်ခ်)

 

အိမ်ပြောင်ခါနီး မသယ်ချင်တာ မသယ်နိုင်တာတွေ …အကုန် ရှင်းလင်းရေး လုပ်နေတာပါဗျာ..

(ဇိမ်ချင်လို့ ဇိမ်ရတာ မဟုတ်ပါဝူး။။။)

 

ဆေးသေတ္တာထဲက ပိုနေတဲ့ ပါရာစီတမော အလုံး ၇၀ ဘာလုပ်ရင်ကောင်းမလဲ ဟင်င်င်င်….

နောက်လ ဆို အိပ်စပိုက်ယာ ဖြစ်တော့မှာ …..လွင့်ပစ်ရမှာလည်း ….

တခုတ်တရ အညွှန်းစာရေးပြီး …ထည့်ပေးလိုက်ရှာသော နှလုံးသားလှတဲ့ ဆြာဝန်မလေး

မျက်နှာ ပြေးပြေးမြင်ပြီး အားနာနေတယ်. …..အဟုတ်….

နက်ဖန်လည်း လက်ဖက်တွေ သုတ်စားရဦးမယ်… လက်စွပ်လေး လော့ကတ်ဖြစ်သွားသော်လည်း..

အော် ….. သူမ …ကျနော့်အတွက် ……လက်ဖက်တော့ ကိုယ်တိုင်နှပ်ပေးတတ်စမြဲ ပဲလေ….

(ကြွားထှာ …)

 

 

ဒါနဲ့ စကားမစပ် … မနေ့က စာတပုဒ်ကို ၂ပိုစ့်ခွဲတင်ပေမယ့် …

ယနေ့ …ဘာလုပ်လုပ် ဘာစားစား ပေါက်စီ၂လုံး(၁တွဲ) ပီး ….၀ိုင် ၂လုံး(၁တွဲ)

ပီး …အကြော်၂မျိုး(၁တွဲ) ကြက်ဥ၂လုံး (၁တွဲ) အဲ့လို

အတွဲလိုက် …သမ တာခည .. ဂီ ပြောပါတယ် ….

ဇိမ်ဖုံးဂျီး …..ဇိမ်ခံချင်လို့ မဟုတ်ပါဝူး ….နလံထ မို့လို့ဘာ …

 

 

သည်ညနေ … နယူးရီးယား ပါတီရှိတယ်ဗျို့ …..လိမ့်ဘီ တာ့တာ ….

ငါးမြှားထားသေးဒယ် ပြောဒါဘဲ ….(သူက ဂလို အရင်ပြောဒါ … ပီးမှ ဂီ့ကိုမေ့နေလို့တဲ့ မနက်ကမှ

ဖုန်းဆက်တာ …ဒီတော့ ပံ့သကူဘဲ …. ၀ိုက်မဟ ….)

ဆာရှိမိ  ..ဆုရှိ…..  ..ရှလွတ် ရှလွတ်…..

တပ်မ၇၇စကားငှားသုံးလိုက်ဦးမယ်…

သားစိမ်းငါးစိမ်း အကုန်ကျလိမ်းမယ့် …ဇိမ်ဖုံးဂျီး ငယ်ကွ …..

 

(အဟီး …တွားဖြစ်ချင်မှလည်း တွားဖြစ်မှာဘာ …)

 

ဆြာဝန်ကပြောတယ် …စိတ်အတက်အကျမြန်တဲ့ ရောဂါ တဲ့ ….

ဆြာသမားကပြောတယ်…. ငါးကြီးဆီ သောက်တဲ့ …..

သူမကပြောတယ်. ….ဟုတ်မှာပါ ..ဖြစ်နိုင်ချေရှိတယ်တဲ့ ….သောက်ပါလားတဲ့ ….

ဟင့်အင်း ညှီတယ် ..သောက်ချင်ဝူး ….

သေးသွယ်ရှည်လျားသော်လည်း …သန်မာသည့် သူမလက်ချောင်းများက ကျနော့် နားရင်းဆီသို့…

……………… .ဖြောင်း …………………….

စူးရှသောမျက်လုံးအစုံနှင့် ကျနော့အားကြည့်ရင်း….

သူမ။ သားစိမ်း ငါးစိမ်းကျ ကျလိမ်းချင်တယ်…. ဆေးကျမှ ညှီသတဲ့လား…

ကျနော်။ အဲ့လာ …၀ါစဘိ(ယမ်းစိမ်း…) နဲ့ ရှောယု(နံ့ပလာရည်) ပါတယ်လေ……ညှီဝူးလေ…

သူမ။ အေး ….ရော့ …..ဟောသည့်မှာ ၀ါစဘိ သည်မှာ ရှောယု ….

 

အဲ့ဒါသာကြည့်တော့ဗျာ …..ငါးကြီးဆီ ငြှီရင် ယမ်းစိမ်း ရှောယု နဲ့ သောက်တဲ့ …….

 

 

တော်သေးဘီ…

ရှည်တွားဘီ

 

အော် မေ့ တော့မလို့(အော်မေ့ ဂိုဏ်းကို မရည်ရွယ်ပါ..)

အကြွေးလေးတခု ဆပ်ပါရစေခင်ဗျ….

autumn မှာ စုံတွဲပုံလေး ပြန်ကိုင်ပြီး ပြန်တင်ပေးမယ် ဆိုတာလေးပါဗျာ….

ကျနော့် ခွစ်စမတ် လက်ဆောင်ပါ….

 

 

 

ခွစ်စမတ် ကာလ အေးချမ်းတဲ့ သမယ လေးမှာ …ချစ်တဲ့လူနဲ့ အတူ သာယာ ပျော်ရွှင်ဇွာ ဖြတ်သန်းနိုင်ကြပါစေလိုကြောင်း…

တကိုယ်တော် အထီးကျန် ဇိမ်ဖုံးဖုံးလေး မှ ….. ဆုတောင်းမေတ္တာပို့သ အပ်ပါကြောင်း……

အပျိုကြီး လူပျိုကြီး တွေ တကိုယ်တော် တွေအတွက်ကော မပါဘူးလားလို့ အပြစ်တင် မစောပါနဲ့ဂျာ…

ပါပါတယ်….

.

.

.

.

.

 

ဒါနောက်ထပ် အကြွေးတခု ….

ဟိုဘက်ပိုစ့်ထဲမှာ သဂျိုင်ခီး ကျုပ်ကို “ပက်ကျိ ကိုယ်တုံးလုံးနဲ့ ဖျားနေတဲ့ပုံ ကြည့်ချင်ထှာ” လို့ ရိသွားတာ …

အဓိပ္ပါယ် မပေါက်လို့ မရယ်လိုက်ရသူများ မရှိလေအောင် ….သူဘာကိုဆိုလို ပါသလဲ ပြပါ့မယ်ခည….

 

 

ချစ်သူသက်ထား မရှိသူများအတွက်ကတော့ ဟာသ ကပဲ အဖော်မွန်ဖြစ်ပါကြောင်း …….

 

ခင်တဲ့

Inz@ghi

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011