“{ဧရာဝတီ}={မြစ်ပြင်နဲ့တံတား}(ဆောင်းနေ့လည်ခင်းမြင်ကွင်း)”

1 ဆောင်းနေ့လည်ခင်းမှာတွေ့ရတဲ့ ဧရာဝတီမြင်ေ၇ပြင်နဲ့ ဧရာဝတီတံတားအသစ်

2 နေရာကတော့ နည်းနည်းလေးဘဲကွာပါတယ် ဒါပေမယ့် အမြင်ကတော့ ကွာသွားတယ်လေ

3 ဒီပုံလေးတွေက ရွှေကြက်ယက်ဘုရားအောက်ခြေကနေရိုက်ထားတာပါ ဧရာဝတီမြစ်ကမ်းနံဘေး အရှေ့ဘက်ကမ်းမှာပါ

4 ဒီပုံလေးမြင်တော့ ရှေးကဗျာတပုဒ်သွားသတိရပါတယ် ဖိုးသူတော်ဦးမင်းရေးတာပါ "မျှော်ပြီကွဲ့ဝူး"လို့အမည်ရပါတယ် ခွေးလေးတစ်ကောင်ရဲ့ အလွမ်းဇာတ်ပေါ့ ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်း ခွဲနေရတဲ့ ခွေးလေးရဲ့အလွမ်းပါ

5 ဒီပုံလေးမှာတော့နေရောင်က ဧရာဝတီမြစ်ပြင်မှာအရောင်လက်နေတာလေးပါ

6 ဒီပံလေးမြင်တော့ စိုင်းထီးဆိုင်ရဲ့ "လှေငယ်ရှင်ဆုတောင်း "ဆိုတဲ့သီချင်းကို သွတိရမိပါတယ်

7 ရွှေကြက်ယက်ဘုရားလှေခါးပေါ်ကရိုက်ထားတဲ့ပုံလေးပါဘဲ

8 ရွှေကြက်ယက်ဘုရားတန်ဆောင်းထဲကမြင်ရတဲ့ စစ်ကိုင်းတံတားနှစ်စင်း

9 ချောင်အကွယ်ကနေ ရှောင်ဖယ်ဖယ် စမ်းရိုက်ကြည့်ထားတာပါ

10 ဒါကတော့ ကျနော့်ညီလေး ဂီဂီ အကြံပေးတဲ့အတိုင်းအပေါ်စီးကနေတရိုက်ကြည့်ထားတာပါ

11 မြစ်ပြင်နဲ့ဖောင် နေရောင်အဟပ် ရင်သပ်ရှု့မော.........

“{ဧရာဝတီ}={မြစ်ပြင်နဲ့တံတား}(ဆောင်းနေ့လည်ခင်းမြင်ကွင်း)”

 

အခုရက်အလုပ်ကိစ္စနဲ့ ရွှေကြက်ယက်ဆိပ်ကမ်း ကိုရောက်ခဲ့ရပြန်ပါတယ်။

အရင်က ဒီရွှေကြက်ယက်ဘုရားကို အဝေးကသာလှမ်းမြင်ခဲ့ဓါတ်ပုံရိုက်ခဲ့ပေမယ့်

ဒီဧရာဝတီတံတား အမည်တွင်မယ့်တံတားကြီးမပြီ်းခင်က ဆိုတော့

ဘုရားပေါ်ကို မတက်ဖြစ်တာ သုံးနှစ်လောက်တော့ ရှိပါပြီ။

အခုရက်တော့ ဒီဇင်ဘာဆောင်းနေ့လည်ခင်းမှာ ရွှေကြက်ယက်ဆိပ်ကမ်းကိုရောက်မိပါတယ်။

အဲတော့ ထုံးစံအတိုင်းလက်ဆော့မိပြန်ပါတယ်။

အင်မတန်မှ လှပတဲ့ပုံလေးတွေကိုရလိုက်တယ်လို့လဲထင်မိပါတယ်။

စစ်ကိုင်းကို အခါခါသွား ဒီဘုရားနားကဖြတ်သွား အပေါ်တက်ဘို့အချိန်မရနဲ့

မချင့်မရဲဖြစ်ခဲ့ရတာကလဲအခါခါ

ဒီနေ့မှာတော့ ဒီဘုရားပေါ်ကနေ ဓါတ်ပုံရိုက်ချင်တဲ့ စိတ်အဆာလဲပြေသွားပါတယ်။

အခုပုံတွေက တံတားနဲ့ပါတ်သက်တဲ့ပုံတွေပါဘဲ။

နောက်ရက်မှာတော့ မြစ်ပြင်နဲ့စစ်ကိုင်းတောင်အလှတွေကိုတင်ပေးပါအုံးမယ်။

အခုနေ့လည်ခင်းဆိုတော့ ဆောင်းညနေရဲ့ မြင်ကွင်းတွေလဲတင်ပေးပါအုံးမယ်နော်။

ကြည့်ပြီးရင်စိတ်ကြည်နူးကြမယ်လို့ထင်မိပါတယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(23-12-2011)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1609 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။