ရွာသူားတွေကို ဘီလူးက ကခိုင်းတဲ့ ကိုဘုန်းကျော် ရဲ့ MIND GAME

ေမွာ္ဆရာDecember 23, 20111min22217

လွန်ခဲ့တဲ့ တပါတ်ကျော်လောက်က စပြီးတော့ ကုသိုလ် ပညာ ဥစ္စာ တစ်ခုမှ မရတဲ့ ပိုစ်များ တက်လာတာကို သတိထားမိကြပါသလား ..။အဲဒီ့ပိုစ်တွေကို ဖတ်လိုက်ရလို့ ဘာတစ်ခုမှ အကျိုးအပြစ် မဖြစ်တဲ့အပြင် ဒေါသတွေ တလိပ်လိပ် တက်ရတာကိုရော သတိထားမိပါသလား ..။ဒေါသတွေ တလိပ်လိပ်တက်လာတာနဲ့ အတူ ရွာသူားတွေ လက်လွန်ခြေလွန် ကွန်မန်းတွေမှာ ပြစ်ပြစ်နှစ်နှစ် ရွတ်ဖတ်ကြပေမယ့် ပိုစ်ပိုင်ရှင်ကတော့ အေးအေးဆေးဆေး လေအေးကလေးနဲ့ တုန့်ပြန်တတ်တဲ့ ပိုစ်ဆိုရင်ကော သိပါသလား…။
ဟုတ်ပါတယ် ကိုဘုန်းကျော်ရေးသားတဲ့ ပိုစ်များကို ပြောတာပါ ..။ဒါလေးတွေနဲ့ ပါတ်သက်ပြီး နဲနဲလောက်ပြောချင်ပါတယ် ..။
မန်းဂေဇက်ဟာ လွပ်လပ်စွာရေးသားနှိုင်တဲ့ ဆိုက်တစ်ခု အဖြစ် ထင်ရှားပါတယ်..။ လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံ မတစ်ထောင် သားသမီးများ ကိုယ်ပိုင်အမြင်တွေနဲ့ လွပ်လပ်စွာ ရေးသားကြပြီဆိုတော့ သူတို့ ရေးသား၊ပြောဆိုတဲ့ စကားလုံးတွေပေါ် တွေးတောတာထက်စာရင် သူဘာကြောင့် ရေးသားသလဲဆိုတဲ့ ရေးသားသူရဲ့ အတွင်းစိတ် (သို့) ရည်ရွယ်ချက်ကို မြင်အောင် ကြည့်တတ်ဖို့ လိုလာပါပြီ ။
ကိုဘုန်းကျော် ရေးသားချက်များအပေါ် ဘာမှ ကျွန်တော် မဝေဖန်လိုပါဘူး ..။ ဒါပေမယ့် ကန့်လန့်ကာနောက်က သူ့ရဲ့စိတ်ထားကို ကျွန်တော် ဖောက်မြင်ကြည့်ရမယ်ဆိုရင်ဖြင့် ရည်ရွယ်ချက် မကောင်းဘူးလို့ ကျွန်တော် မြင်ပါတယ် ..။ ကိုဘုန်းကျော် ဘာကြောင့် အလကားနေရင်း ရည်ရွယ်ချက်မရှိတဲ့ ပိုစ်တွေတင်ပြီးတော့ ဒေါသကို ဆွဆွနေသလဲ ..။ ဘာကြောင့် ဒီလောက် ဝိုင်းပြောကြတာတောင် အပြုံးမပျက် ဆက်လက်ပြီးတော့ ပိုစ်တွေ တင်နေသလဲ ..။ အဖြေတစ်ခုပဲ ကျွန်တော်တွေ့ပါတယ် ..။ အဲဒါကတော့ ကျွန်တော်တို့ကို ရည်ရွယ်ချက်ရှိရှိ အရူးလုပ်နေတာပါ ..။ သူများလက်ခုတ်တီးပေးတိုင်း ကွေးနေအောင် ကတတ်တာ လူညံ့တွေရဲ့အလုပ်ပါ .။ လွပ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွပ်လပ်စွာ ယုံကြည်ပိုင်ခွင့် ကိုအလွဲသုံးစား ပြုပြီးတော့ ညဏ်ကြီးရှင် ကိုဘုန်းကျော် တီးပေးတဲ့ ဘီလူးဆိုင်းအတိုင်း ကျွန်တော်တို့ ရွာသူားတွေ ဘီလူးက လိုက်မက ဖြစ်ဖို့ အရေးကြီးပါတယ်..။
သူက ဒေါသထွက်စရာ ပိုစ်လေးတင်လိုက် … ဒေါသအမျက် ချောင်းချောင်းထွက်ပြီးတော့ ရွာထဲက လူကြီးလူငယ်အစုံ ဘီလူးယိမ်း ညီညီညာညာ ကပြလိုက် ..။ကျွန်တော်တို့ မောသလောက်ရှိရင် နောက်တစ်ခု ထပ်တင်လိုက် ၊ ကျွန်တော်တို့က အမောတောင် မပြေသေးဘူး ခါးတောင်းပြန်ကြိုက်ပြီး ဘီလူးက ကွေးနေအောင် ကပြလိုက် ..။သူက ဘာလုပ်နေမယ် ထင်ပါသလဲ ..။ ကျွန်တော်တို့ရဲ့ ဘီလူးကကို ကျေကျေနပ်နပ်ကြီး ရှုစားတော် မူနေတာပါခင်ဗျာ..။
သူကြီးကရော ကိုဘုန်းကျော်ကို ဝင်တားလို့ရမယ် ထင်သလား ..။ သူက ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ရေးတာပါလို့ ပြောမှာပေါ့ ..။ သူကွန်မန်းတွေမှာ ပြန်ဆဲထားတာ တစ်ခုမှ မရှိဘူးလေ..။ ကျွန်တော်ကိုဝိုင်းဆဲတဲ့ ခင်ဗျားရွာသူားတွေကို ဘာမှ မပြောပဲ ကျွန်တော်ကို ဘာလို့လာပြောသလဲ ဆိုပြီး သူကြီးကို ခဲနဲ့ ပစ်မှာပေါ့ ..။ ဒါကြောင့် ကိုဘုန်းကျော် ပိုစ်တွေမှာ သူကြီး လက်ရှောင်နေတာပါ ..။ သူ့ကို အရေးယူရင် ဘီလူးက ကမိတဲ့ ကျွန်တော်တိုက ရွာသူ ရွာသားတွေ တလှေကြီးပါ အမှုတွဲထဲ ရောပါ ပါတော့မယ် ..။ရွာထဲက သက်ကြီး ဝါကြီးများလဲ ကိုဘုန်းကျော် ပိုစ်တွေမှာ လက်ရှောင်နေတာ သတိထားမိမှာပါ.။
ဦးဘဇင်း အောင်ပုနဲ့ ဥကြောင်ကတော့ ရွာသက်ကြာပြီဆိုတော့ ဒီလိုအထာတွေကို နပ်နေပြီခင်ဗျ ..။ သူပြောတဲ့အတိုင်းက လိုက်မကပဲ အရူးကွက်လိုက်နင်းပြီး သူ့ကိုတောင် ဗေထိ ဗေထိ လုပ်ပေးနေတာကိုလဲ သေချာကြည့်ရင် မြင်နှိုင်ပါတယ် ..။
ဆိုတော့ကာ …။ ကိုဘုန်းကျော် ကခိုင်းတဲ့ ဘီလူးကအတိုင်း လိုက်မက ကြပါနဲ့တော့ ..။ သူကစားနေတဲ့ Mind Game ထဲမှာ ဇတ်ကောင်လေးတွေ အဖြစ်မခံကြပါနဲ့..။ အလွယ်ကူဆုံးနည်းကတော့ သူရေးသားတဲ့ ရေးသားချက်တွေအပေါ် စိတ်ဆိုးနေမယ့်အစား လုံးဝ ကွန်မန်း မပေးတာ အကောင်းဆုံးပါ ..။ဒါဆိုရင်တော့ ဆွေ့ဆွေ့ခုန်အောင် ဒေါသထွက်ပြီး ဘီလူးက ပြန်ကရမှာ ကိုဘုန်းကျော် ဖြစ်သွားပါပြီ ..။ ကိုဘုန်းကျော်ရဲ့ ဘီလူးအကကို ပျော်ပျော်ကြီး ရှူစားကြပါစို့ …။

17 comments

  • နီကီတာ

    December 23, 2011 at 4:28 pm

    ဦးဦးမှော်ဆရာရဲ့
    နည်းလမ်းကိုပဲ ကျင့်သုံးတော့မယ်
    ပို့စ်ဖတ်ရင် ရေးသူ နာမည်ကြည့်ပြီး
    ရှောင်သင့်တာ ရှောင်ရမယ်… 😀

  • Shwe Tike Soe

    December 23, 2011 at 4:58 pm

    ဟုတ်လိုက်လေ မှန်လိုက်လေ အဲလို ပဲလုပ်သင့်တာ..
    ကျွန်တော်ဆိုရင် ဖတ်ပဲဖတ်တယ် မကြိုက်ရင် ဝင်မမန်.ဘူး ဒါပဲ.. ဟဲဟဲ 😀

  • koyinmaung

    December 23, 2011 at 5:11 pm

    မှော်ဆရာရေ…
    ဒါကြောင့်ဘုန်းကျော်ရေးတဲ့ပို့စ်တွေကိုနောက်ပိုင်း
    ဝင်မမန်းတော့ပါဘူး…
    ရွာထဲကိုသက်သက်ပွဲဆူအောင်လုပ်နေတာပါ
    မခံချင်အောင်ပို့စ်တွေတင် ရွာသားတွေကိုအရူးလုပ်နေတာပါ
    ကျနော်ဘုန်းကျော်အသက်ကိုတွက်ထားတာမှားနေတာတောင်
    ပြန်မဖြေရှင်းဘူးလေ….
    ဒါကြောင့်သူ့ပို့စ်ကို ဖတ်ကိုမဖတ်တော့ပါဘူး
    ရွာသူားများလဲဘုန်းကျော်ရဲ့ပို့စ်ကိုမဖတ် မမန်း ဘဲထားသင့်ပါတယ်
    ဒီနည်းနဲ့သူ့ကိုအနိုင်ယူသင့်ပါတယ်……

  • water-melon

    December 23, 2011 at 5:15 pm

    မဖတ်တော့ဘူးဗျိ့ ဒီနေ့ကစပြီး။

  • aye.kk

    December 23, 2011 at 5:18 pm

    မှန်၏ထောက်ခံ၏..။

  • ဦးဦးပါလေရာ

    December 23, 2011 at 5:49 pm

    အကောင်းဆုံးကတော့ အဲဒီအမည်နဲ့ရေးတာမှန်သမျှ လုံးဝ ဝင်မဖတ်နဲ့။
    သူက ဝင်ဖတ်သူတွေ ဒေါသထွက်အောင် ရန်စနေတာ ထင်ရှားပါတယ်။
    ကျုပ်တို့က ဝင်ဖတ်ပြီး ပြန်ဆဲရင် သူဖြစ်စေချင်သလို လိုက်လုပ်ရာကျပါတယ်။
    အဲသလိုပဲ သူများကို ရန်စလိုက် စိတ်ကျေနပ်သွားလိုက်ဖြစ်တာမျိုးက စိတ်ရောဂါတမျိုးပါပဲ။

  • ဟုတ်ပါတယ် မှော်ဆရာလေးရာ။ကိုဘလက်ချောကလဲ ကဗျာလေးနဲ ့မှတ်သားလောက်အောင်းတွယ်ပြီးပြီ။
    ခုမှော်ဆရာကတခါဆော်ပြန်ပီ။ဒီငနာ ငဘုန်းကျော်က ဘုန်းမကျော်ဘဲ ထမီခေါင်းဆောင်းသွားပီ။သူ ့လို
    လူပိန်းများမှတ်နေရော့သလားမသိပါဘူးဗျာ။လူ ့ဘောင်သစ်ပါတီ သိက္ခာကျတယ်။အလကားနေရင်း ငခုံးမ
    တစ်ကောင်ကြောင့် တလှေလုံးပုပ်ကရောဗျာ။

  • koaung

    December 23, 2011 at 6:43 pm

    တွေ့ဘူးတယ် ဟိုမရောက်ဒီမရောက် အူကြောင်ကြားတွေ 😀

  • super

    December 23, 2011 at 6:52 pm

    ကျနော်လည်း ဘုန်းမကျော် ပို့စ်တွေ မဖတ်ဖြစ်အောင် နေတော့မယ်ဗျာ….. ဖတ်ပြီး ဒေါသထွက်ရတာ အကုသိုလ်များတယ်ဗျာ….

  • ငပေါက်ဖော်

    December 23, 2011 at 7:02 pm

    ကိုယ့်ဘာသာ အာရုံနောက်ပြီး..ဆဲချင်နေတဲ့အခါ…သူ ့ဆီပဲ လွတ်လွတ်လပ်လပ် ပြေးဆဲလို ့ရလို ့ရတာဂျ

    အဲဒါ တိရို ့ယားဂျ
    ငွှ..ငွှ.ငွှ
    😆

  • phone_kyaw

    December 23, 2011 at 7:47 pm

    အဲလိုလည်းမဟုတ်ပါဘူး…သူငယ်ချင်းရာ…။ ခေါင်းအေးအေးထားပြီး လေ့လာပါ။

    • မှော်ဆရာ

      December 23, 2011 at 8:38 pm

      ကျွန်တော် မလုပ်ချင်ပါဘူး ကိုဘုန်းကျော် … အကိုအမြင် မှန်သည်မှားသည်ကို ကျွန်တော် ဆဲဆိုတဲ့ နည်းလမ်းနဲ့ မရှင်းခဲ့ဘူးဖူးဆိုတာ အကိုသိမှာပါ ..။
      အကို့ကို ဝိုင်းတိုက်ခိုက်နေတာထက်စာရင် အခုလို နည်းလမ်းက အကို့အတွက်ရော ရွာအတွက်ကော အကောင်းဆုံးနည်းလမ်း ဖြစ်မှာပါ ..။
      အကိုရေးသမျှ ပိုစ်အားလုံးကို ဆန့်ကျင်ဖို့ မဆိုလိုပါဘူး .. အများနဲ့ သဘောမတူတဲ့ ပိုစ်များကိုပဲ ဆိုလိုပါတယ် ..
      လူအများနဲ့ မရင်းနှီးသေးတဲ့ သဘောတရားများကို လူအများရှေ့ချပြတဲ့နေရာမှာ ပါးပါးနပ်နပ်ရှိဖို့တော့ လိုပါလိမ့်မယ် ကိုဘုန်းကျော် …

  • Zippo

    December 23, 2011 at 8:50 pm

    ရီစရာတော့ အကောင်းသားဗျ ၊ ကို phone_kyaw ကြိုးဆွဲရာ ယိမ့်နွဲ့ပီး ကနေကြတာ
    ဒို့ ရွာသူားတွေပါ ၊ ကျနော်တော့ ဒီလိုပဲ မြင်မိပါတယ် ၊
    ကကွက် ကကြိုးအတိုင်း ညီညီညာညာ လိုက် ကနေကြသလိုဖြစ်နေတာက ဆိုးသဗျ ။။

  • nigimi77

    December 24, 2011 at 6:21 pm

    ကိုမှော်

    ဒါက ကိုဖုန်းကျော်ရဲ ့ ” ဒါတောင်အဖိုးကြီးပေးလို့ရတာ။ မပေးရင်ဒေါ်စုဘာမှမလုပ်တက်တော့ဘူး”

    ဆိုတဲ့ ပိုစ့်မှာ မန်းထားတဲ့ဟာ ။

    ပြန်ပြီး တင်လိုက်တယ် ။

    nigimi77 says:

    မတူသော အတွေးနဲ ့ရေးမယ် ။

    ……………………………..

    ဖုန်းကျော် အီးပေါက်တယ်

    ပရိတ်သတ်က နံတယ်လို ့ပြောတယ်

    ဖုန်းကျော်က နံတယ်လို ့ပြောတဲ့ ပရိတ်သတ် အတွက်

    သီးသန် ့ရွေးချယ် ထားတဲ့ ပလက်စတစ်အိတ်ထဲကို အီးပေါက်ထဲ့ပြီး

    ပရိတ်သတ်ရဲ ့ မျက်နှာ အရှေ ့မှာ ..ဗေါင်း…ကနဲ …ခွဲထည့်လိုက်တယ်..

    ပရိတ်သတ်က နံတယ်လို ့ထပ်ပြောတယ် ။

    တကယ်တမ်း….ဖုန်းကျော်က …ရပ်နေတဲ့ ပရိတ်သတ်တွေရဲ ့ အရှေ ့မှာ

    ဟောတစ်ယောက် ဟောတစ်ယောက် ဆိုပြီး အီးဗုံး လိုက်ခွဲတယ် ။

    နံမှန်းသိရပ်နဲ ့ ရပ်နေတာက ပရိတ်သတ် ။

    ရွေ ့နေတာက ဖုန်းကျော် ။
    ……………………………………………..

    Zombie ရုပ်ရှင်ထဲမှာ မြင်ဖူးလား ။

    Plug ပြုတ်နေတဲ့ Zombie တွေရဲ ့ မျက်နှာရှေ ့မှာ လက်ကလေး ယမ်းပြလိုက်တယ် ။

    Zombie တွေက…ဂွက်..ဂွက်..ဂွက်..နဲ ့ မြည်အောင် လိုက်ကိုက်တယ် ။

    ဒါပေမဲ့ လက်ကို ယမ်းပြတဲ့ အကောင်က သံစည်းရိုး အထဲကနေ ယမ်းပြတာ ။
    ……………………………………………….

    ဘယ့်နှယ်…တော်သလင်း….ခွေးမိတ်လိုက်တာ….

    လိုက်မဲ့ ခွေးက လိုက်နေမှာ ခွေးမျိုးပြုတ်ချိန် အထိပဲ ။

    ဘယ် ခွေးက အသိရှိလို ့ လူတွေလို ခြုံထဲမှာ ပူးကြမလဲ ။

    ဒါကိုပဲ ရှက်သလေး ပြုသလေး …ခွေးပူးကို ဝါးလုံးရှည်နဲ ့ ဖြတ်ရိုက်ရင်

    ခွေးပူးကတော့ ပြုတ်ချင်ပြုတ်မယ် ။

    လူပူးကတော့ လစ်ရင်လစ်သလို ပူးနေဦးမှာပဲ ။

    လူပူးကို ရိုက်မလား ခွေးပူးကို ရိုက်မလား စဉ်းစားကြ…ဆြာ…ဆြာမတို ့ ။

  • Shanma TUmdy

    December 24, 2011 at 9:46 pm

    နာမည်ကြီးအောင်လုပ်နေတာပါ.အဲလူက ..

  • သူလုပ်ချင်တာ သူလုပ်
    ကိုယ်လိုက်လုပ်မှ လှုပ်တာ။
    သူတွေးချင်ရာသူတွေး
    ကိုယ်လိုက်တွေးမှဖြစ်တာ။
    သူရေးချင်ရာသူရေး
    ကိုယ်ကော်မင်းပေးမှဖြစ်တာ။
    တူတာမတူတာလိုက်မညှိနဲ့။
    ကိုယ်က မညိအောင်နေဘို့ဘဲလိုတယ်။

Leave a Reply