ဒီနေ့ ကျွန်တော့်အတွက် မင်္ဂလာသတင်းဆိုရင်လည်း မမှားပါဘူး

ဘာလို့လဲဆိုတော့ ပြင်သစ်နိုင်ငံအခြေစိုက်နယ်စည်း မခြားသတင်းထောက်များအဖွဲ့(Re-porters Without Borders-RSF)ကနေ ဆုချီးမြှင့်ပွဲ အတွက် ဖိတ်ကြားလာလို့ပါပဲ … ဂေဇက်မှာပဲ ပေါက်ကရနဲ့ မတောက်တခေါက်ရေးဘူးတဲ့ ကျွန်တော့်ကို ဖိတ်ကြားလာတော့ အံသြမိတာ မဆန်းလိုက်ပါဘူးနော် … ဒါနဲ့ပဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဆိုတော့ ပတ်စ်ပို့ ရှိရဲ့လား ရှာကြည့်တော့ ရေကန်အသင့်ကြာအသင့်ဆိုသလိုပဲ ကွန်ပျူတာအံဆွဲထဲမှာ အသင့်ရှိနေပြန်တော့ စိတ်ချမ်းမြေ့ စရာတွေချည်းပဲပေါ့ … ဒါနဲ့ လေယျာဉ်လက်မှတ်ကိစ္စကိုလည်း ပူစရာမလိုဘူးဗျ ဖိတ်ကြားစာနှင့်အတူ လေယျာဉ်လက်မှတ်ပါ တစ်ပါတည်း ထည့်ပေးလိုက်လို့ပဲ … စကားချီးတွေတော့ အများကြီး မပြောတော့ပါဘူးလေ … ထုံးစံအတိုင်း ဘန်ကောက်ကနေ ပြောင်းစီးပြီး ပြင်သစ်နိုင်ငံ ပါရီ (Paris) မြို့ကို ရောက်ခဲ့တာပေါ့ … ဆုချီးမြှင့်ပွဲက လိုသေးတာမို့ တည်းခိုတဲ့ ဟိုတယ်ကနေ ကမ္ဘာကျော် Eiffel Tower ကြီးကို အလည်အပတ်ထွက်ခဲ့ပါတော့တယ်

……………………………………………………………….

ကျွန်တော် မော့ကြည့်လိုက်တာ ဦးထုပ်တောင် ကျွတ်သွားတယ်ဗျ

မြက်ခင်းပြင်ထဲမှာ ရွာသူ/သားတွေ တွေ့ဆုံပွဲကို သူဂျီးက ဦးဆောင်ဖိတ်ကြားပြီး စရိတ်ငြိမ်း ဧည့်ခံရင် ကောင်းမယ်လို့ စိတ်ကူးမိရင် ရိုက်ကူးခဲ့တာပေါ့ … :D

တော်တော်သာယာတဲ့ နေရာပဲ ကျွန်တော်တောင် ရေဆင်းကူးလိုက်တာ စိတ်ရော ကိုယ်ပါ ပိုပြီး လတ်ဆတ်သွားတယ်ဗျ … :P

မြင်ကွင်းကျယ်ကြည့်မိတော့လည်း တော်တော်လှတယ်ဗျ ….

မျှော်စင်ပေါ်တက်မယ်ဆိုပြီး အားခဲနေတုံးဗျ ..

 

မျှော်စင်ပေါ် ရောက်မှပဲ ဒုက္ခ စတွေ့တော့တယ် … ကိုယ်က အမြင့်ကြောက်တာကိုး … ဒါပေမယ့်လည်း မကြည့်ဘဲနဲ့လည်း မနေနိုင်တော့ အောက်ကိုကြည့်မိတယ် .. အဲဒီမှာတင် စောစောတုံးက မော့ကြည့်တုံးက ဦးထုပ်ကလည်း ဒီနေရာမှာ ထပ်ပြီး အောက်ကျသွားရော

ဒါနဲ့ ကျွန်တော်လည်း နှမျောတာနဲ့ ဦးထုပ်ကို လှမ်းအဆွဲ ရင်ထဲကို အေးခနဲဖြစ်ပြီး …………. ၀ှီးးးးးးးးးး

ဒုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ခွပ် ……….. အား

သေချာကြည့်လိုက်တော့ ကျွန်တော်အိမ်မက်မက်ပြီး အိပ်ယာပေါ်က ပြုတ်ကျသွားတာပဲ

ဟူးးးးးးးးးး

ဘယ်သူမှမသိသေးလို့  … သိသွားရင် ရှက်စရာကြီး :P ဆုပေးပွဲတောင် မတက်လိုက်ရဘူး မနက်ဖြန်မှပဲ တက်တော့မယ် အခုတော့ ချမ်းသေးတယ် ပြန်ကွေးလိုက်အုံးမယ်ဗျာ …. :D

 

ချစ်ခင်စွာဖြင့်

KING

 

 

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................