အခွန်ဆောင်စရာမလိုတော့

ThuyazawDecember 23, 20111min1119

အင်း နိုင်ငံခြားတိုင်းပြည်မှာ ရှိနေတဲ့ ရွာသူ/ရွာသားများအတွက် သတင်းကောင်းလေးတင်ပေးလိုက်ပါတယ်…….

ဂယ်ဗျို့…….ဂယ်ဗျို့……..ဂယ်ကြီး

9 comments

  • Rose Minn

    December 23, 2011 at 4:34 pm

    ပြည်ပရောက် ရွာသူရွားသားများ ဝမ်းမြောက်ဖွယ်။ post တင်ပေးတဲ့။ ရရ ကိုလဲကျေးဇူးတင်ပါ့။

  • kai

    December 23, 2011 at 5:02 pm

    သာဓုပါဗျာ…။
    အခုအစိုးရအဖွဲ့ကို.. သာဓုခေါ်လိုက်ပါတယ်..။
    ပြောရရင်. နိုင်ငံခြားအလုပ်လုပ်နေသူတွေက.. အခွန်၂ထပ်ဖြစ်နေကြတာကိုး..
    နေထိုင်ရာနိုင်ငံမှာကတခု.. ဘာမဆိုင်ညာမဆိုင်… မြန်မာပြည်လှမ်းဆောင်ရတော့..တခု..။ အင်မတန်ဝန်ပိပါတယ်..။
    ဒီလိုလုပ်ရင်.. မြန်မာပြည်ပြန်ပို့လွှဲငွေတွေ တက်လာမှာအသေအချာပါပဲ..
    ဖြစ်နိုင်ရင်တော့.. ဘဏ်စံနစ်ကိုပါ..သေသေချာချာလေးလုပ်ပြီး.. ဘဏ်နဲ့..ငွေလွှဲ- ငွေလက်ခံလုပ်စေချင်တာပါ..။
    ဘီလီယံချီလွှဲကြမှာပေါ့..။

    တလက်စထဲ.. ..ပတ်စ်ပို့ကိစ္စပါ သက်တမ်း ၅နှစ် ၁ဝနှစ်စသဖြင့် လုပ်ပေးဖို့..တောင်းဆိုချင်တာပါပဲ..။
    အရင်က.. အခွန်ဆောင်တာနဲ့ချိတ်ထားတာမို့.. အဲဒီပတ်စ်ပို့ကြိုးကနေ ..ကိုင်တွယ်တာဖြစ်နေပေမဲ့..အခုလိုမှမလိုတော့တာနော..။ 😆

  • Zaw Wonna

    December 23, 2011 at 6:04 pm

    ဟုတ်တယ်ဗျ။ ပတ်စ်ပို့စ်သက်တမ်းကိုလည်း အနည်းဆုံး ၅ နှစ်လောက်တော့ ထားပေးသင့်တယ်။ နောက်ပြီး ငွေလွှဲတာကိုလည်း ဘဏ်စနစ်နဲ့ အဆင်ပြေအောင် လုပ်ပေးသင့်ပါတယ်။ ဒါဆို ငွေလွှဲတဲ့ ဘဏ်လုပ်ငန်းကနေ အကျိုးအမြတ် ပိုတောင် ရနိုင်ပါလိမ့်မယ်။

  • windtalker

    December 23, 2011 at 7:13 pm

    သည်နိုင်ငံ ထဲ က လူတွေ အတွက်လည်း
    လျှော့ပါးစဉ်းစားပေးကြပါဦးခင်ဗျာ
    အလယ်အလတ် စီးပွားရေး လုပ်ငန်းရှင်များမှာ
    နှစ်စဉ် အမြတ်ခွန် ၊ ကုန်သွယ်ခွန် ၊ စည်ပင်ခွန် ၊ ဟိုဟာကြေး ၊ ဒီဟာကြေး တစ်နင့်တစ်ပိုး မဆောင်မနေရ ဆောင်ရလျှက် ရှိပါသည် ။
    အခွန်ဦးစီးမှူး ( တော်တော်များများ ၊ အနည်းငယ်မပါ )သို ့သွားတွေ ့သည့် အခါ တိုင်း မည်သို ့မျှ အကြောင်းပြချက် ဖြေရှင်းချက် ပေးလို ့မရဘဲ ၊ လက်ရှိဖြစ်ပျက်နေသော ဈေးကွက်အနေအထား အခြေအနေ ကို မသိဘဲ ၊ သိန်းချီ လာဘ် မပါလျှင် လုံးဝ အညှိမခံ ဘဲ ၊ ကောက်ချင်သလို ကောက်နေပါသည် ။
    မှတ်ပုံတင် (ခ) နိုင်ငံသားလက်မှတ် ရှိကိုမရှိသော ၊ မှောင်ခို သယ်ယူ ကြီးပွားချမ်းသာနေသော လူမျိုးခြားများ အများကြီး လွတ်နေသည် မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ ့အတွက် များစွာ နစ်နာလျှက် ရှိပါသည် ။

  • zaw min

    December 23, 2011 at 7:47 pm

    လုံးဝမကျေနှပ်ဘူး..လုံးဝမကျေနှပ်ဘူး….(ခိုင်ထူးသူချင်း)…
    ဘာကြောင့်လဲဆိုတော့…ကျုပ်အခွန်ဆောင်ပြီးမှ အဲဒီအမိန့်ကထုတ်ပြန်ရသတဲ့လား….
    ကျုပ်တိုမှာ အမိတိုင်းပြည်အတွက်တာဝန်ကျေသော ပြည်သူ့သားကောင်းများပီပီ…နံနက်(၅)မထိုးခင်ထဲက သံရုံးရှေ့မှာတန်းစီ နေ့ချင်းပြီးဆောင်ရွက်ပေးပါတယ်…ညနေ(၆)နာရီမှအိမ်ပြန်ရတယ်ခင်ဗျ…
    သံရုံးမှ ကိုကိုတို့၊ဦးဦးတို့၊ဒေါ်ဒေါ်တို့ဆီကို စာများရောက်ပါလေစ….

  • KoNyeinChan

    December 24, 2011 at 9:21 am

    @ကိုဇော်မင်း.. ခင်ညားဂျီးဂလဲဂျာ….. နောက်နှစ်ဆန်းတစ်ရက်နေ ့မှစပြီး အတည်ပြုတာကြောင့် အဲ့ဒီနောက်ပိုင်း ကာလတွေကိုသာ ဖရီးပေးတာဗျ.. ဒီဇင်ဘာလကုန်အထိ အတွက်ကို မဖြစ်မနေပေးဆောင်ရဦးမှာ.. ကျုပ်တောင် စာအုပ်သက်တမ်းတိုးထားတာ ၂၄နာရီတောင်မပြည့်သေးဘူး ပူပူနွေးနွေးဘဲရှိသေးတယ် 😀 😀 😀

  • wathenmoe

    December 24, 2011 at 9:54 pm

    နိမိတ်ကောင်းတဲ့အလားအလာပါ…။နိမိတ်ကောင်းတဲ့အလားအလာပါ……

  • wathenmoe

    December 24, 2011 at 9:58 pm

    wathanmoe.it@gmailကိုမေးပို့ပေးပါနော်

Leave a Reply