“{ဧရာဝတီ}={မြစ်ပြင်နဲ့တံတား}(ဆောင်းညနေခင်း)”

 

“{ဧရာဝတီ}={မြစ်ပြင်နဲ့တံတား}(ဆောင်းညနေခင်း)”

1 ဆည်းဆာနဲ့ဧရာ
2 ဒီနေဝင်ချိန်လေးမြင်ရတော့ နေဝင်ချိန်တိမ်တောက်တဲ့အခါ ဆိုတဲ့စာဥသီချင်းကို သတိရတယ်ဗျာ
3 နဒီဧရာ လှေနာဝါ ချိန်ဆည်းဆာ လွမ်းစရာ မြင်ကွင်းလေး
4 လှေကလေးက လည်း နေမဝင်မီကမ်းကပ်နိုင်အောင်တရွေ့ရွေ့တိုးဝင်
5 နုတ်ဆက်နေမင်းက ကမ္ဘာမြေကို နုတ်ဆက်နောက်ရက်ပြန်လာမယ်ဆိုတာတော့င်နေလို့ မဝသေးပုံဘဲနော်

 

6 ဆည်းဆာရဲရဲ အရိပ်မဲမဲ့ ဖောင်လေးတွေက မသဲမကွဲ အလွမ်းကဲအောင် ……….
7 ဆည်းဆာချိန်အလှကို ကျနော်အတော်လေးနှစ်သက်ပါတယ် ဒါကြောင့်လဲ
8 မြစ်နဲ့ဖောင် ဆည်းဆာရဲ့အရောင်..........................
9ဖောင် သင်္ဘော တံတားက နှစ်စင်းမြစ်တွင်းက အလှမြင်ကွင်း10 ဒီဆည်းဆာရိပ်ကလေးတွေက ရွှေကြက်ယက်ဘုရားပေါ်အပြေးအလွှားတက်ပြီးရိုက်ထားတာပါ

 

11 ဒီပုံလေးကတော့ ရေပြင်နဲ့ဆည်းဆာကိုအ သားပေးထားပါတယ်
12 ပုံကလေးတွေက စက္ကန့်ပိုင်းသားခြားပြီးရိုက်တော့ ဆင်သလိုလို ဒါပေမယ့် အားလုံးလှနေသလို
13 ဆည်းဆာရောင်က ရေပြင်မှာ အရောင်ဟပ်နေလေးက လွမ်းစရာ
14 နေရောင်က တံတားနဲ့ကွယ်နေတယ် သင်္ဘောက တံတားအခြေနားမှာ
15 ဘုရားဘေး အုုဌ်ခုံပေါ်ကမြင်ကွင်း
16 ဒီပုံကတော့ ကျနော်အကြိုက်ဆုံးပုံလေးပါ

 

“{ဧရာဝတီ}={မြစ်ပြင်နဲ့တံတား}(ဆောင်းညနေခင်း)”

ပထမနေ့ကတော့ပြန်လာတာ နည်းနည်းလေးစောပါတယ်။

အဲတော့ နေဝင်ချိန်မြင်ကွင်းကို မတွေ့ခဲ့ရပါဘူး။

နောက်နေ့မှာတော့ အလုပ်ကိစ္စတွေပြီးပြတ်သွားတဲ့အချိန်နေဝင်ချိန်ရောက်နေပါပြီ။။

ဓါတ်ပုံရိုက်ဘို့ကိုအတော်လေးနောက်ကျနေတော့ ဘုရားမြောက်ဘက် လှေခါးကနေအပြေးအလွှားတက်။

နေဝင်ချိန်ကိုအမိအရ လက်ဆော့ရပါတယ်။

ဒါတောင်နေဝင်ချိန်ကိုမှီရုံလေးပါ။

 

ကျနော်ဓါတ်ပုံရိုက်ရင် မတ်တပ်ရပ်ရိုက်တာများပါတယ်။

ဒီတစ်ခါတော့ ညီလေး ဂီဂီအကြံပေးတဲ့အတိုင်း အပေါ်စီးကနေရိုက်ကြည့်ချင်လာရော။

ဘုရားလက်ရန်းပေါ်တော့ မတက်ရဲပါဘူး။

ကြည့်လိုက်တော့ ဘုရားဘေးမှာခေါင်မိုးပြင်လေးတွေ့တာနဲ့အဲဒီပေါ်တက်ပြီးလက်ဆော့

တော့ အတော်လှတဲ့ပုံလေးကိုရလိုက်ပါတယ်။

ကွန်ပြူတာထဲမှာထည့်ကြည့်တော့ အပြင်မှာမြင်ရတာထက်တောင်ပိုလှတယ်လို့ထင်ပါတယ်၊

 

ဒီဇင်ဘာ ဒုတိယအပါတ်က တော့ ကျနော့်အတွက်စိတ်ချမ်းသာစရာတွေဘဲကြုံတွေ့ရပါတယ်။

မန်းလေး နန်းတော် မြို့ရိုးနဲ့ကျုံးပါတ်ပါတ်လည်ကို ဓါတ်ပုံရိုက်ဖြစ်။

မန်းလေးတောင် ဓါတ်တော်တိုက်ကို ခြေလျှင်တက်ပြီး အပေါ်စီးကနေပြီး

စန္ဒာမုဏိ၊ကုသိုလ်တော်၊ကျုံးနဲ့ နန်းမြို့ရိုးတွေကို ရိုက်ဖြစ်ပါတယ်။

ဟောမထင်မှတ်ဘဲ ရွှေကြက်ယက်ဆိပ်ကမ်းကပုံတွေကိုလဲ ရလိုက်ပါတယ်။

ပိုဝမ်းသာမိ ကြည်နူးမိတာကတော့ မိတ်ဆွေကြီးဘလက်ချောက ကျနော်ရဲ့ပိုစ်လေးတွေကို

ပြန်လည်တင်ပြပေးတော့ မဖတ်လိုက်ရသူများ လဲ ပြန်ဖတ်ဘို့ နှိုးဆော်သလိုဖြစ်သွားပါတယ်။

ကျနော့်ပိုစ်တွေက နည်းနည်းရှည်တော့ ဖတ်သူတွေနှစ်သက်ပါ့မလား၊

အသက်ကြီးသူတစ်ယောက်ရေးတဲ့ရှေးဟောင်းနှောင်းဖြစ်တွေကို ငယ်သူတွေက ဖတ်မှဖတ်ကြပါ့မလားလို့စိုးရိမ်စိတ်တွေကိုချေဖျက်ပေးလိုက်တာကတော့

ကိုချော တူးဖော်ပေးတဲ့ “ကိုပေါက်ဆိုသည်မှာ”ဆိုတဲ့ပိုစ်လေးပါဘဲ။

မြင်ဘူးသော မိတ်ဆွေ များရော မမြင်ဘူးသောမိတ်ဆွေများပါ

ဝိုင်းပြီးမုဒိတာကော်မင်းတွေပေးတာကို ဖတ်လိုက်ရချိန်မှာ

မျက်ရည်ဝဲလောက်တဲ့အထိ ဝမ်းသာခဲ့ရပါတယ်။

ထို့အတူ ကျနော် ပေါ့တီးပေါ့ဆ ရေးလို့မရတော့တာသေချာသွားပါတယ်။

တာဝန်ပိုကြီးလာသလို ပိုပြီးလဲ ကြိုးစားရတော့မယ်ဆိုတာ သဘောပေါက်လိုက်ပါတယ်။

အားလုံးကိုဖော်မပြနိုင်လောက်အောင်ကျေးဇူးတင်ပါတယ်။

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(25-12-2011)

 

 

 

 

 

11 comments

  • အမှတ်16အောက်ဆုံးပုံ
    နေရောင်က ရေပြင်နဲ့ထိတဲ့အပိုင်းကအရောင်ဟပ်။
    နေမခတဲ့နေရာကမှောင်မဲ။
    လှေကလေးက အလည်ခေါင်။
    ဖောင်လေးတွေက ကမ်းစပ်။
    တံတားကြီးက မတ်မတ်ရယ်။
    ကိုယ်ရိုက်တာကိုယ်မကြိုက်လို့ ဘယ်သူကြိုက်ရမှာလဲလို့တော့
    အငေါ်မတူးရဘူးနော်။

  • ငပေါက်ဖော်

    December 25, 2011 at 11:33 am

    လှေလှော်နေတဲ့ လူကလေး..
    အဝေးကကြည့်ရတာ.ပိစိကွေးလေ
    အသဲယားစရာပဲ…ဟီး.ဟီး.

  • winkyawaung

    December 25, 2011 at 12:48 pm

    အားကျပါတယ်။ စာရေးနိုင်တာနဲ့ ဓာတ်ပုံရိုက်တာကိုပြောတာပါဆရာ။ နေဝင်တော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်စရာတွေက လူတိုင်းအတွက် ကိုယ်စီရှိနေကြမှာပါ။

  • windtalker

    December 25, 2011 at 7:31 pm

    ရိုက်ကြမယ်ဟေ့ ဟောင်းလောင်း (အဲလေ ယောင်လို ့)
    ရိုက်ကြမယ်ဟေ့ ကောင်းကောင်း အစီအစဉ် ကို
    အဆက်မပြတ် တင်ဆက်နေတာကတော့
    စိန်ပေါက်ပေါက် မန်းတလေး ဘဲ ဖြစ်ပါတယ် ခင်ဗျာ

  • koaung

    December 26, 2011 at 4:33 am

    အော်စီကတံတားနဲ့ ခပ်ဆင်ဆင် ငါဒို့တိုင်းပြည်သာကောင်းလို့ကတော့ ကဗာမှာမြန်မာ့အလှတွေ သိကုန်ကြမယ်

  • မန်းလေးဂေဇက်က နိုင်ငံတကာကလူကြည့်တယ်ဆိုလို့ ကျနော်ဓါတ်ပုံတွေကို ဒီမန်းလေးဂေဇက်ဆို်က်တစ်ခုထဲမှာဘဲ အမြဲတင်ပါတယ်။
    မြန်မာလှတာ အားလုံးသိစေချင်လို့ပါ။

  • မောင်ပေ

    July 29, 2012 at 11:42 am

    အခုမှဘဲ ကိုပေါက်ပုံတွေ ကို ထပ်ကြည့်ဖြစ်တော့
    အရမ်းကောင်း အရမ်းလှတယ် ဆိုတဲ့အကြောင်း
    ထပ်လောင်းမန် ့ခဲ့ပါအိ။

  • mamanoyar

    July 29, 2012 at 2:14 pm

    ဝါးးးးးးးးးး အရမ်းလှတာပဲ
    ကြိုက်တယ်

Leave a Reply