ဆီဖြည့်တော့မယ်ဆိုရင်

Zaw WonnaDecember 23, 20111min1259
newsroom.unl.edu

သင့်ရဲ့ မော်တော်ကား သို့မဟုတ် ဆိုင်ကယ်ကို ဆီဖြည့်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိရသင့်ပါတယ်။

၁။ မနက်စောစောမှာ ဆီဖြည့်ပါ။
ဆီဆိုင်အများစုဟာ သူတို့ရဲ့ ဆီတိုင်ကီတွေကို မြေကြီးထဲမှာ မြုပ်ထားလေ့ ရှိတဲ့အတွက် မြေကြီးရဲ့ အအေးဆုံးအချိန်မှာ ဆီဟာ သိပ်သည်းဆ ပိုများပါတယ်။ နေ့လည် သို့မဟုတ် ညနေပိုင်းမှာ ဆီဖြည့်မယ်ဆိုရင် ဆီတစ်လီတာအတွက် တကယ်ရှိရမှာထက် နည်းနေမှာ ဖြစ်ပါတယ်။

၂။ ကိုယ်တိုင် ဆီဖြည့်ရမယ်ဆိုရင် မောင်းတံကို အမြန် မညှစ်မိပါစေနဲ့။
ဆီပန့်ရဲ့ မောင်းတံမှာ အနှေး၊ ပုံမှန်၊ အမြန်ဆိုပြီး အဆင့်သုံးဆင့် ရှိပါတယ်။ မောင်းတံကို အနှေး အနေအထားနဲ့ ညှစ်မယ်ဆိုရင် ဆီတွေရဲ့ အမှုန်အမွှား (အမြုပ်)ဖြစ်နှုန်း နည်းပါးပါတယ်။ ဆီပန့်တွေမှာ ဆီရဲ့ အမြုပ်တွေကို စုပ်ယူပြီး လှောင်ကန်ထဲကို ပြန်ထည့်တဲ့စနစ် ပါရှိတဲ့အတွက် အမြန်နှုန်းနဲ့ ဆီဖြည့်ရင် ရသင့်တာထက် နည်းတဲ့ ဆီပမာဏကိုပဲ ရမှာ ဖြစ်ပါတယ်။

၃။ မိမိရဲ့ ဆီတိုင်ကီထဲမှာ တဝက် အနေအထားလောက် ရှိနေချိန်မှာ ဆီထပ်ဖြည့်ပါ။
ဆီတိုင်ကီထဲမှာ ဆီများများရှိရင် လေရဲ့ နေရာယူနိုင်တဲ့ အကျယ်အဝန်း နည်းပါတယ်။ အထူးသဖြင့် ဓါတ်ဆီဟာ သင်ထင်တာထက် အငွေ့ပျံနှုန်း ပိုမြန်ပါတယ်။ ဒါကြောင့် ဆီအပြည့်ရှိနေတဲ့ ဆီတိုင်ကီဟာ အငွေ့ပျံနှုန်းကို နည်းပါးစေပါတယ်။

၄။ ဆီဆိုင်က လှောင်ကန်ထဲကို ဆီတင်တဲ့ကားက ဆီဖြည့်နေတဲ့ အချိန်မှာ မိမိရဲ့ ယာဉ်ကို ဆီမဖြည့်သင့်ပါ။
အဲဒီလို အချိန်မျိုးမှာဆိုရင် ဆီဆိုင်ရဲ့ လှောင်ကန် အောက်ခြေမှာ အနည်ထိုင်နေတဲ့ အညစ်အကြေး အမှုန်အမွှားတွေဟာ အနည်ထနေတတ်တဲ့အတွက် သန့်ရှင်းတဲ့ ဆီကို မရရှိနိုင်ပါ။

9 comments

  • blackchaw

    December 23, 2011 at 6:01 pm

    ကျေးဇူးတင်တယ်ဗျာ ကိုဇော်ဝဏ္ဏ ရေ။

  • windtalker

    December 23, 2011 at 7:21 pm

    ကောင်းမွန်သော အကြံပေးချက်များပါဘဲ ကိုဇော်ဝဏ္ဏ ရေ

  • မှော်ဆရာ

    December 23, 2011 at 9:46 pm

    သူများတွေ မတွေးဖူးတဲ့ အတွေးမျိုးပဲ
    ဒါနဲ့ ဆီဆိုင်ဝန်ထမ်းများလားခင်ဗျ
    94 posts တောင် ရေးထားတယ်ဆိုတော့ ဆရာကြီး အဆင့်ပဲကိုး ..

    • Zaw Wonna

      December 25, 2011 at 10:06 am

      ဆီဆိုင်ဝန်ထမ်းမဟုတ်ရပါဗျာ … ပြီးခဲ့တဲ့နှစ်က အလုပ်ထဲမှာ အီးမေးနဲ့ ပါလာတဲ့ ဆောင်းပါးလေးကို ကောက်နှုတ်ပြီး ဘာသာပြန်ထားတာပါ။ အခုမှ အမှိုက်တွေရှင်းရင်း ပြန်တွေ့လို့ ကောက်တင်လိုက်ရပါတယ်။

  • zay

    December 24, 2011 at 12:14 am

    ကောင်းလိုက်တဲ့အကြံဉာဏ် မှတ်သားလောက်ပါတယ် ဒါပေမဲ့ ခက်တာက မြန်မာနိုင်ငံမှာကဟိုအရင်က ခုတော့မသိဘူး သူတို့ထည့်ပေးမှရတာ သူတို့ထုတ်ပေးတဲ့အချိန်ကျမှရတာ နိူင်ငံခြားတွေမှာက ကိုယ်တိုင်ဆီဖြည့်ရတာဆိုတော့ အဆင်ပြေပါတယ် ပြည်သူတွေအတွက်အကျိုးရှိ့စေပါတယ် ကျေးဇူးတင်ပါတယ်

  • MaMa

    December 24, 2011 at 7:35 pm

    မော်လမြိုင်သား ဇဝန ပျောက်နေတာ ကြာပေ့ါ။
    ပေါ်လာမယ့် ပေါ်လာတော့လည်း အကျိုးပြုပိုစ့်လေးနဲ့မို့ ကြိုဆိုပါတယ်။

    • Zaw Wonna

      December 25, 2011 at 10:08 am

      ဟုတ်ပါတယ်ခင်ဗျာ …. အလုပ်ဆင်းရက် အိုတီတွေ များနေတာမို့ ရွာထဲကို သိပ်မရောက်ဖြစ်တော့တာပါ … စာရေးဖို့ အချိန်ကလည်း သိပ်မရှိတော့ ….

  • nature

    December 25, 2011 at 12:12 pm

    သတိမမူ ဂူမမြင်ဖြစ်နေတဲ့ စိတ်ဝင်စားစရာ အကျိုးရှိတဲ့အချက် ကလေးတွေပါပဲ။ ဒီအချက်တွေကို အမြဲလုပ်နေတဲ့ သူတွေက သတိထားမှသာ သိနိုင်ပါတယ်။ ကျေးဇူးပါပဲ ။

Leave a Reply