ထူးမြတ်ခါမှီ ဆယ့်နှစ်လရာသီ

ထူးမြတ်ခါမှီ ဆယ့်နှစ်လရာသီ

ကံ့ကော်ရင်ခတ်
ပွင့်ဖတ်တို့စုံစွာ … ။
ခါသင်္ကြန်အတာကူးမို့
ရွှင်မြူးပျော်စွာ … ။
စကားသင်းထုံ
ကဆုန်မည်လမြတ် … ။
ပင်ညောင်ရေသွန်းလှူမှုနဲ့
ရွှေကုသိုလ်ထပ် … ။
ရာသီမေထုန်
နယုန်မည်လမြတ် .. ။
မြတ်လေးနဲ့စံပယ်ငုံတို့
သင်းထံလှထပ် …. ။
လဝါဆိုတွင်း
သီတင်းမြတ်ဆောက်တည် … ။
ပုန်းညှက်ညိုမာလာမင်းရယ်
ပျံ့သင်းလို့ကြည် …. ။
နေမိန္ဒရ
စိုမြတဲ့ဝါခေါင် .. ။
ဝဋာပြင်ရှစ်ခွင်တိုင်းက
ညို့မှိုုင်းလို့မှောင် … ။
လတော်သလင်း
ဖေါ်ကင်းလို့ခွေးအူ … ။
မကြင်သူပြင်ပြင်စိမ်းတယ်
ရှောင်တိမ်းနွဲ့မူ … ။
ဆီမီးရောင်ခြည်
လမည်မှာသီတင်း … ။
ကျီးတာရာ ၊ ကြာငါးမည်ရယ်
ခါမှီထုံသင်း … ။
ဘုံကထိန်ပွဲ
ဆင်နွဲတဲ့ချိန်ခါ .. ။
လမည်မှာတန်ဆောင်မုန်းမို့
ရွှင်ပြုံးကြည်သာ … ။
လမြတ်နတ်တော်
ရွှင်ပျော်စွာဆင်ပွဲ … ။
ပင်မြင့်စံသဇင်ပွင့်လို့
အေးဆင့်ပိုကဲ .. ။
ငွေနှင်းစွတ်စို
ပြာသိုလမြင်းပွဲ … ။
ခွါညိုမှာခွါပြာထပ်တော့
အေးဓါတ်လွန်ကဲ … ။
ပေါက်လဲငုံစီ
လမည်မှာတပို့တွဲ … ။
ရထားပွဲဆင်နွဲမှုနဲ့
ယာဂုလှူပွဲ … ။
နွေမိန် တပေါင်း
ကူးပြောင်းတဲ့ချိန်ခါ … ။
သရဖီရွှေအင်ကြင်းရယ်
သန့်ရှင်းကြည်စွာ … ။