ဟေမာန်ဆောင်းနှင့်အကြောင်းခံ

ဟေမာန်ဆောင်းနှင့်အကြောင်းခံ

ဟေမာန်ကာလ ၊ အေးမြမြတွင်
ဖွေးလွှသဇင် ၊ အလှဆင်၏ … ။
ဖိနှိပ်ချုပ်ခံ ၊ တို့အားမာန်ကို
မိုးယံလွှင့်တင် ၊ အားသစ်ဆင်၏ … ။
သူ့ရှင်အခက် ၊ တို့အချက်နဲ့
တွဲလက်ညီလျှင် ၊ အောင်ပွဲဆင်၏ … ။
ထူးလှသာယာ ၊ ဟေမာန်ခါတွင်
မိုးမှာလွှင့်တင် ၊ အောင်လံသွင်တည့် … ။
လွပ်လပ်ခဲ့ပြီ ၊ တို့ဌာနီကို
ရွှေပြည်တော်သွင် ၊ စိတ်မှတ်ထင်၏ … ။
သဇင်သင်းထုံ ၊ အလှစုံချိန်
ပြည့်ဂုဏ်လွှမ်းတင် ၊ သွေးသစ်ဆင်၏ …။
ခေတ်မီတိုးတက် ၊ တွဲလက်ဆက်သော်
မပျက်စည်ပင် ၊ ပြည့်ဂုဏ်အင်တည့် … ။ ။

4 comments

  • ငပေါက်ဖော်

    December 23, 2011 at 10:50 pm

    တွဲလက်ဆက်သော်
    မပျက်စည်ပင် ၊ ပြည့်ဂုဏ်အင်တည့်

  • သူ့ရှင်သာကား ငါ့ရှင်သာလျင်ဖြစ်၏
    ငါ့မြေ၊ ငါ့ရေသည်ကား ငါ့မွေးမြေသာ
    ငါသာပြည်ကျိုး မသယ်ပိုးလျင်
    အဘယ်သူကား သယ်ပိုးမည်လိမ့်။

    ငါသည်မှာကား..
    ပညာသင်ကြား အာစရိယဖြစ်ပေ၏ကား
    သင်ရိုးမှတစ်ပါး အခြားမရှိ
    အသိပညာ ဖြန့်ဝေဖို့ကား
    လားလားမျှမသိ။

    ငါသည်မှာကား..
    အသက်ကယ်စား ဆရာဝန်များဖြစ်၏
    အထူးကုရန်မှတစ်ပါး
    ပြည်သူ့ဆေးရုံများ
    ကုသလိုခြင်း အလျဉ်းမရှိ။

    ငါသည်မှာကား
    တွက်ချက်တည်ဆောက်
    မျက်မှောက် အင်ဂျင်နီယာများဖြစ်၏
    ငွေရခြင်းမှတစ်ပါး
    ပြည်သူ့မျက်နှာအား
    နည်းနည်းမျှ မထောက်ထား။

    ငါသည်ကား
    တိုက်ခိုက်စွမ်းရည် စစ်ရေးရာတွင်
    တတ်ကျွမ်းလိမ္မာ စစ်သားသာလျင်ဖြစ်၏
    တိုင်းပြည်အကျိုး
    လက်နက်ကိုင်ဆိုးလို့
    ကာကွယ်ဖို့အရေး နည်းနည်းမှမတွေး။

    ငါသည်ကား
    စကားအရာ ပါးနပ်လိမ္မာ
    လူတစ်ကာနှုတ်ဖျား ပြောစရာစကားဆိုသည့်
    နိုင်ငံရေးသမား လွှတ်တော်အမတ်များဖြစ်၏
    ကတိတွေ ထပ်ကာပေး
    မဲတွေကို ရဖို့အရေး နည်းအမျိုးမျိုးသာတွေးလို့
    တစ်ကယ့်တစ်ကယ်အရေးမှာမှ
    ေ-ာက်ပုံတောင်မလာတဲ့ ေ-ာက်ေ-ွး။

    နိုင်ငံရေးဆိုတဲ့ နိုင်ငံ့အရေး
    ကျွမ်းကျင်ရာ လိမ္မာကြဖို့အရေး
    ထပ်လောင်းလို့ တွေးကာပေးလိုက်ရပါသလေး။ ။

  • TTNU

    December 24, 2011 at 12:27 pm

    မောင်ရှုံး.. ပွဲစဉ်အားလုံးတွင်အောင်ပွဲဆင်နေပါသည်။
    ဝေးလွင့်တိမ်ရေ… ကိုယ်တိုင်ရေးလေးလား။
    အားပေးနေတယ်နော်။

  • we R one

    December 24, 2011 at 2:49 pm

    ဘာရေးရမှန်း မသိတော့ဝူး…ထို့ကြောင့် တဂျင်းပဲဆိုလိုက်တော့မယ်…
    ~~~ အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ..မောင်တစ်ရွာ မေတစ်မြို့တော့ နေလို့လဲ မဖြစ်နိုင်ပါသည်…~~~ 😀

Leave a Reply