သံဃာ့မဟာနာယကအဖွဲ့ ကြောက်နေရသော မစိုးရိမ်စာသင်သား

countryboyDecember 23, 20111min1012

မစိုးရိမ်စာသင်သား ကလောင်အမည်ဖြင့် ဘာသာရေးစာအုပ်တွေကို တွေ့မိကြမည်ထင်ပါသည်။ သူက ဗုဒဘာသာဝင် မဟုတ်သူများကို လိုက်လံ ပြီး နှောင့်ယှက်နေသူဖြစ် ပါတယ်။ သူနှင့်မတူသူများကို မိစ္ဆာဒိဋ္ဌိ အမည်တပ်ပြီး တရားစွဲဖို့ တင်တော့တာပဲ။ အဲဒီလိုတင်လိုက်ရင် နောက်ပါ လပြည့်ဇင်နှင့်တကွ ဝရသာမိတို့ပါ လိုက်လံ လုပ်ဆောင် နေပါတယ်။ ဘာသာတရားကို နိုင်ငံတော်က အင်အားနှင့် ဖြေရှင်းပေးတာဟာ  ဘာသာတရားလွတ်လပ်ခွင့်နှင့် မကိုက်ပဲ ဖြစ်နေပါသည်။ ဘာသာတရားကို  လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိသည်ကို တစ်ကမ္ဘာလုံးက သိရှိပြီးသားဖြစ်ပါသည်။ မဟန အဖွဲ့သည် မစိုးရိမ်စာသင်သား၏ လျှောက်ထားချက်တို့ကို မစဉ်းစားပဲ  ဆုံးဖြတ်ချက်ချတတ်ကြပါသည်။ ဆုံးဖြတ်ချက်များသည် ဘယ်လိုဖြစ်နေပါသနည်း။ “ငါတို့နှင့်မတူရင် အမှားပဲ လုပ်ကွာ” လို့ ဆုံးဖြတ်ကြပါသည်။ ယင်းအချက်ကို စဉ်းစား  မိကြသူတိုင်း ကိုယ်ကျိုးနည်းကြရမည်သာ ဖြစ်မည်။

2 comments

  • မိုးချမ်းမြေ့

    December 24, 2011 at 1:54 pm

    အင်း…ပြောရမှာလည်းသူများအကြောင်းချည်းပဲဆိုတော့…ကိုယ်ကောင်းသလိုလည်းဖြစ်နေအုံးမယ်..။
    မိတ်ဆွေရွာသားတို့ရေ…ဘယ်သူပြောတာမှမယုံနဲ့အုံးနော်ဗျ…။ ကိုယ့်သုံးသပ်မိတဲ့ခံယူမှုကသာ..ကိုယ့်ကိုအကောင်းအဆိုးဖြစ်စေမှာဆိုတော့ကာ…(ပြောပြီဗျို့..သူများအကြောင်း)..။ တကယ်တော့…မစိုးရိမ်စာသင်ကိုက…သာသနာကွယ်မှာထက်…ကိုယ်နာမည်မကျန်ရစ်မှာကို စိုးရိမ်နေတဲ့ကိုယ်တော်လို့မြင်မိတယ်..။ မပူပါနဲ့..မစိုးရိမ်စာသင်သားဘုရား..။ ဂဠုန်ဦးစောလည်း…နာမည်ကျန်ရစ်တာပါပဲ..။ ဗိုလ်ချုပ်အောင်ဆန်းလည်း..နာမည်ကျန်ရစ်တာပါပဲ..။ ကဒါဖီလည်း..နာမည်ကျန်ရစ်သလို…မဟတ္တမဂန္တီကြီးလည်း..နာမည်ကျန်ခဲ့တာပါပဲ…။ နာမည်မကျန်ရစ်သူမရှိပါဘူး..။ တစ်ချို့ကျတော့..မိသားလောက်နဲ့တင်ပြီးသွားရော..။ တစ်ချို့ကျတော့..တိုင်းသိပြည်သိ၊ ကမ္ဘာသိတိုင်အောင်..နာမည်ကျန်ရစ်သူတွေရှိတာကြောင့်မို့…စိတ်ချ….နာမည်မကျန်ဖို့တော့..လုံးဝ..မစိုးရိမ်ပါနဲ့…မစိုးရိမ်စာသင်သားဘုရား….အဲ…ကောင်းသောကျန်ခြင်းနဲ့၊ မကောင်းသောကျန်ရစ်မှုကတော့ မတူကွဲပြား…ရှိနေမှာမို့…ကိုယ့်သမိုင်းကိုယ်ရေးကြတဲ့နေသူတိုင်း…လှပတဲ့..သမိုင်းဖြစ်ကျန်ဖို့ပါပဲ…။

  • mggwa

    December 24, 2011 at 3:53 pm

    နံမည်ကြီး ထင်ပေါ်လိုသူနဲ့ အာဏာရှင်ဆန်ဆန် ဘာသာရေးလုပ်လိုသူတို့ရဲ့အတွဲပါပဲလို့။
    ဘယ်သူက ဘယ်သူ့ကို ကြောက်နေကြလဲဆိုတော့၊ နှစ်ဖက်စလုံး အတူတူပါပဲလို့။
    အေးလေး ကိုယ်လုပ်ထားခဲ့တဲ့အမှုတွေကို အပြန်အလှန်သိနေကြတော့ ကြောက်ကြမှာပေါ့လို့ မပြောချင်ပါဘူး။ အချိန်တန်တော့ အဖြေမှန်တွေ ပေါ်လာမှာပါ အမှန်ပါ။

Leave a Reply