အသည်းကွဲ gtalk

that naing ooDecember 24, 20111min16613
နင်ဟာ gtalk ကောင်းကင်က
ငါ ့ရဲ  ့လမင်းလေးပေါ ့
connection ဆိုတဲ ့
တိမ်ညိုမည်းကြီး ဖုံးလွှမ်းချိန်ခဏ
မျှော်လိုက်ရတာ ငါ ့လည်ပင်လည်း
ပဒေါင်မင်းသမီးလေးလိုပဲ
typing တွေမြင်နေရပေမဲ ့
replay နောက်ကျနေတာ
နင်အကြူဇယားတွေ များနေလို ့လား
invisible လုပ်ပြီး
ငါ ့ရင်တွေကျပ်အောင်
နင်ပုန်းနေရက်တယ်နော်
ငါသိပါတယ် busy လုပ်ပြီး
အလန်းဇယားတွေနဲ ့
တစ်ခန်းတစ်နားတွေရေးနေတာ
block လုပ်ခံရမှာဆိုးလို ့
မပြတ်ချော ့နေတာ
နင်မသိရော ့လား
ငါ chatting မပေးရလဲ
ရင်လေးစွာနဲ ့
sing out လုပ်ပြီး
ငါထွတ်သွားပါ ့မယ် ။    ။      ။

13 comments

  • ငပေါက်ဖော်

    December 24, 2011 at 6:53 pm

    လွမ်းတတ်တော့လဲ.ဂျီတော့ခ်ရင်း ကဗျာတစ်ပုဒ်ရသကိုး..
    နိပ်ဟ..

  • wathenmoe

    December 24, 2011 at 9:43 pm

    အရမ်းကောင်းတယ်
    ကဗျာအသစ်တင်တိုင်းwathanmoe.it@gmail.com ကိုမေးပို့ပါနော်
    wathanmoe.it@gmail.com

    • water-melon

      June 25, 2012 at 2:21 pm

      အူးလေး ဝသန်ကလည်း
      ကဗျာတင်တိုင်းပို့ရအောင်
      အဲလောက်အားဘူးဗျ
      ကိုယ်တိုင်လာဖတ်ပေါ့

  • “ချက်တင်ချစ်သူ”

    နေ့စဉ်ရက်ဆက် တစ်ရက်မှမပျက်အောင်
    အချိန်ခြင်းချိန်းလို့ချက်မယ်။

    သိလားဆိုတော့လည်း သေချာမသိ
    မသိဘူးလားဆိုတော့လည်း
    ပြောထားသလောက်တော့သိမယ်။

    စိတ်ထဲရှိသလို နာမယ်ပေးလို့
    စိတ်ထဲရှိသလိုလည်းခေါ်မယ်။
    စိတ်ထဲရှိတာကိုလည်းအားမနာဘဲပြောမယ်။

    အက္ခရာလေးများနဲ့ချစ်မယ်
    အက္ခရာလေးများနဲ့စိတ်ကောက်မယ်
    အက္ခရာလေးများနဲချော.မယ်
    အက္ခရာလေးများနဲ့ချွဲမယ်
    အက္ခရာလေးများနဲ့သဲမယ်
    အက္ခရာလေးများနဲ့ဘဲကဲမယ် အက္ခရာလေးများနဲ့ ကြူမယ်
    အက္ခရာလေးများနဲ့ မူမယ်

    ဒါပေမယ့်လည်း ဆို်င်းအောက်လုပ်ပြီးတာနဲ့
    မေ့ထားလိုက်ပါတယ်။
    ကိုပေါက်(မန္တလေး)

    ဒီလိုမှ မနေတာဘဲ ဒါဆိုရင် အသဲမကွဲတော့ဘူးလေ

  • “အခုတော့ ကျနော်နေတတ်ပြီ”
    ဟိုအရင်တုန်းကပေါ့
    အလုပ်ကနေအိမ်ပြန်ရောက်တာနဲ့
    ကမန်းကတန်းထမင်းစား
    အင်တာနက်ဆိုင်ကိုအမြန်သွား
    သူများရောက်နေမလားလို့
    အပြေးအလွှားရှာနေကျပါ၊
    တွေ့ပြီဆိုတာနဲ့တဒိုင်းဒိုင်း
    သူပြန်မဟိုင်းမချင်းခေါ်တတ်ပါတယ်။
    စတင်တဲ့ဇာတ်လမ်းလေးအစ
    ပြန်တွေးကြည့်ရင်.2009ဒီဇင်ဘာ(25)
    အေးမြတဲ့ဆောင်းတစ်ည
    သူနဲ့စတွေ့ကြတာပေါ့။
    အင်တာနက်အသင်းလေးတစ်ခုကတဆင့်
    ကျနော်ဘဝထဲကို မိတ်ဖွဲ့လို့ဝင်အလာ
    ကျနော်ကလဲဝမ်းမြောက်စွာကြိုဆိုခဲ.ပါတယ်။
    သည်ရက်ကလေးကစလို့
    နေ့စဉ်တွေ့နေကျ ညရှစ်နာရီကစ
    ဆိုင်ပိတ်တဲ့ည ဆယ်.တစ်နာရီထိ
    ကျနော်အလုပ်ပိတ်တဲ့ရက်တွေဆို
    နေ့လည်ခင်းကအစညနေခင်းအထိ
    မိနစ်ပေါင်းများစွာမှ နာရီပေါင်းများစွာ
    နာရီပေါင်းများစွာမှနေ့ပေါင်းများစွာ
    မကြာမကြာချက်တင်မှာတွေ့
    သံယောဇဉ်ဖွဲ.စကားတွေလဲပြောဖြစ်ပါတယ်။
    သည်လိုနဲ့အနေကြာ
    တစ်စထက်တစ စွဲလမ်းလို့လာပါတော.တယ်။

    ကျနော်နေတာမြန်မာပြည်အလယ်ပို်င်း
    သူကတော့ဟိုးအဝေး အိမ်နီးချင်းနိုင်ငံလေးကဆိုတော့
    လူချင်းတွေ့ဘို့ကတော့မလွယ်ကူ
    ချက်တင်မှာမဆုံဖြစ်လို.သတိရရင်
    ရင်ထဲကအဆွေးတွေကိုမေးလ်တွေပို့လို့
    အလွမ်းဖြေပါတယ်။
    မတွေ့ဖြစ်တဲ့ရက်များမှာကျနော့်မေးလ်ထဲကို
    သူပို့ပေးတတ်တဲ့ပုံလှလှများ
    မြင်ရတာနဲ့အမောပြေ ရင်ကိုအေးမြစေခဲ့ပါတယ်။
    မြန်မာနှစ်အကူး
    ရွှေရည်လူးတဲ့ပိတောက်တွေပွင့်တဲ့အချိန်
    ချက်တင်မှာ ခဏဝေးတော့
    ရင်ထဲမှာ အဆွေးပို ပိတောက်ဆိုပိတောက်
    တစ်ယောက်ဆိုတစ်ယောက်လို့တောင်စိတ်ကူးတွေယဉ်မိပေါ့။
    သည်လိုနဲ့
    အပူတွေလွန်ကဲတဲ့နွေတစ်ရက်
    တွေ့နေကျမဟုတ်တဲ့အချိန်
    သူ့ကိုတွေ့လို့အားရဝမ်းသာခေါ်လိုက်မိတာက
    ရင်နာစရာဇာတ်လမ်းအစလို့မတွေးမိခဲ့တာတော့အမှန်ပါ။
    သူပေးထားတဲ့busy ဆိုတဲ့ massage
    ကိုယ်ကလဲသတိမထားမိဘဲအခေါ်
    ဘိုလိုတဝက်မြန်မာလိုကတဝက်
    သူနှက်ထဲ့လိုက်တဲ့စကား
    “ဘီးဇီး လို့ရေးထားရင်တကယ်အလုပ်များနေတာ
    ရှင်လဲပညာတတ်တစ်ယောက် အက်တီကက်တော့ရှိဘို့ကောင်းပါသတဲ့”
    ဖတ်လိုက်ရတယ်ဆိုရင်ဘဲ
    အအေးလွန်ကဲနေတဲ့ရေကိုမော့သောက်မိသလို
    ရင်ထဲမှာစူးရှ အတော်ကိုခံစားလိုက်ရပါတယ်။
    အဲဒီကအစ လိုင်းပေါ်မှာသူ့ကိုတွေ့ပေမယ့်
    busy ဆိုတဲ့မက်ဆေ့များမြင်ရင်
    မတွေ့ချင်ယောင်ဆောင်ရတာအမောပါ။
    သည်လိုနဲ့တစစ နီးရာကနေတစ်ရွေ့ရွေ့
    ဝေးသထက်ဝေးလို့လာပါတယ်။
    တွေ့ပါရက်နဲ့မခေါ်တာများ
    ချက်တင်ဟာရင်နာစရာလို့တောင်ထင်ယောင်မှားမိပါတယ်။
    သူနဲ့ဝေးနေသောရက်များ
    လေးဖြူရဲ့ ” စာမျက်နှာ 15 ”
    သီချင်းများကြားမိရင်
    စကားလုံးလေးများက
    နှလုံးသားကို ပြေးပြေးဆောင့်
    ရင်ဘတ်များတောင်အောင့်လာပါတယ်။
    သူ့ကို သိပ်သတိရလွန်းသောတစ်ရက်
    စတင်ဆုံဘူးတဲ့အသင်းထဲက
    သူ့ကိုယ်ရေးဖိုင်ကို ဝင်ကြည့်လိုက်မိမှ
    ရင်နာစရာအစစ်ကို
    မျက်ဝါးထင်ထင်မြင်မိပါတော့တယ်။
    ကျနော့်ကို busy ထားတဲ.အချိန်တွေမှာ
    သူကတော့ကျနော်မှတစ်ပါး
    တစ်ခြားသော သူ့မိတ်ဆွေအသစ်များကို
    ကော်မင့်တွေရေး
    ချစ်စရာကောင်းသောပုံလေးတွေပို့ပေးလို့ပေးလို့ပေါ့။
    နောက်ပိုင်းရက်များ ဆုံကြရင်လဲမနွေးထွေး
    “အော် “, “ဟုတ်လား” “အင်းအင်း”
    ရင်တွင်းကမပါတဲ့စကား
    ဖတ်ရတာများလာတော့
    ကျနော်ကပဲအလိုက်သိစွာ
    အေးစက်နေတဲ့ဇာတ်လမ်း
    အခမ်းအနားမပါဘဲ ရုပ်သိမ်းလိုက်ပါတယ်။
    အခုများမှာတော့
    ရထားတဲ့ဒဏ်ရာအနာတွေကျက်ပြီဆိုတော့
    “မေ့လိုက်ပါအရင်ကဇာတ်လမ်းလေး”
    သီချင်းလေးတအေးအေးနဲ့နေနိုင်ပါပြီ။
    အခုကျနော့်မှာအချိန်တွေအားလို့ စာတွေလဲများများရေးနိုင်ပါတယ်။
    ကျနော်ရေးတဲ့စာ အမှားတွေပါရင်ဆင်ခြင်ဘို့ထောက်ပြသူတွေလဲရှိပါတယ်။
    ကျနော်ရေးတာကို နှစ်သက် ဆက်လုပ်လို.့လက်ခုပ်တီးအားပေးသူတွေကလဲတစ်ပုံတစ်ပင်ပါ။
    ရင်ထဲမှာတင်းကျပ်လာရင် စာလုံးလေးတွေနဲ့ဖွင်.ချ နားထောင်ပေးကြတဲ့မောင်နှမလေးတွေလဲရှိပါတယ်။
    တစ်ခါတစ်ခါဆုံးဖြတ်ဘို့ခက်ခဲ အကျပ်အတည်းများတွေ့ရင် ဝို်င်းဝန်းလို့ဖြေရှင်းပေးသူတွေလဲရှိပါတယ်။
    တစ်ခါတစ်လေစိတ်ထွေပြားရင် ဟာသလေးတွေအပြန်အလှန်ပြောလို့စိတ်အပူတွေကိုလျှော့ပါးစေပါတယ်။
    ဒါကြောင့်လဲ ကျနော့်အတွက်လောကကြီးဟာနေပျော်
    ……………………………………………………………………………….
    ကိုပေါက်လက်ဆောင် အတွေးစဉ်

    • mihninlay

      December 27, 2011 at 10:29 am

      လေးပေါက်ခံစားချက်တွေကပြင်းလှချည်လား

  • ဆူး

    December 27, 2011 at 10:35 am

    လေးပေါက် ရဲ့ သံစဉ်တွေက ပိုစ်တခုတောင် ဖြစ်သင့်နေပြီ။
    ရွာရဲ့ သက်တော်ရှည် ဘိုးဘိုး ပီပီ တော်တော် ရေးတတ်တယ်။

  • char too lan

    December 27, 2011 at 12:51 pm

    ဟိုက်!!
    ချက်တင်ဖေဖေဂျီး းးးးး 80 😯

  • ညလေး

    June 25, 2012 at 2:09 pm

    ကဗျာလေးမိုက်လိုက်ထှာဗျာ….ခိုက်သွားပြီ….

  • mamanoyar

    June 25, 2012 at 2:15 pm

    မဟုတ်ပါဘူး နင်ထင်သလိုမဟုတ်ပါဘူး

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 3:18 pm

    မိုက်တယ်ကွာ..
    ကြိုက်တယ်…
    အကြူဇယားတွေ နင်ခင်းပြီး…
    အလိမ် အညာ မုသားတွေ နင်သုံး…
    ညာပြောတတ်တာ နင့်ပြောင်းလဲခြင်းတွေ…
    အရှုပ် အရှင်းတွေ ခင်းကျင်းပြမနေနဲ့…
    င့ါနားထဲမှာ နင့်သတင်းတွေ ဇယားရှုပ်တယ်..
    လာမပြောနဲ့ နားခါးတယ်…
    ချစ်တယ် ဆိုတဲ့ စကား နင်အခါခါပြောတယ်..
    ငါယုံကြည်အောင်နင်ပုံသွင်းတယ်..
    နင်မှတ်ထားပေါ့ကွာ…
    ငါကသက်ရှိလူသား…..။

Leave a Reply