အင်ဇိုင်းဓါတ်အား (Enzymes)

aye.kkDecember 24, 20111min1235

ဒေါက်တာဂျိမ်း(စ်)ဘီဆမ်းမနား(James B. Sumner) သည် secret of life enzymes“အသက်ရှည်အင်ဇိုင်းများ၏လျှို ့ဝှက်ချက်”အမည်ရှိစာအုပ်ကိုရေးသားပြုစုခဲ့သဖြင့် နိုဘဲလ်ဆုကို ၁၉၄၆ ခုနှစ်ကရရှိခဲ့လေသည် ၊ အောက်ပါအချက်များပါဝင်လေသည် ။ အင်အားကုန်ခမ်းနွမ်းနယ်သောစိတ်များပေါ်ပေါက်လာလျှင်အခြားကြောင့်မဟုတ် သင်၏အသက်တနှစ်ပြီးတနှစ်ကြီးလာစဉ်တွင် ကိုယ်ခန္ဓာအတွင်း၌ အင်ဇိုင်းများနည်းပါးလာခြင်းနှင့် အင်ဇိုင်းဓါတ်များအားပျော့လာခြင်း ပင်ဖြစ်လေသည် ၊ ကိုယ်ခန္ဓာတည်ဆောက်ရာတွင်အင်ဇိုင်းဓါတ်အားမပြည့်ဝသဖြင့်ဖြစ်ပေါ်လာသောညှိုးနွမ်းဆုတ်ယုတ်မှု များကို လူသားများတိရိစ္ဆာန်များနှင့် ပိုးမွားများ၏ကိုယ်ခန္ဓာအတွင်း၌ တွေ ့ရသည် ၊ အင်ဇိုင်းများသည် ကိုယ်ခန္ဓာကျမ်းမာရွှင်ပျနုပျိုလျှက် အသက်ရှည်ရေးတွင်အလွန်အရေးကြီးပေသည် ။ အစာစိမ်းကိုချက်ပြုတ်ကြော်လှော်ပြုပြင်ခဲ့လျှင် အင်ဇိုင်းဓါတ်များပျက်စီးသည်ဟု (stay young longer)”နုပျိုလျှက်အသက်ရှည်ပါ”စာအုပ်တွင် လင်ဒါကလပ်အမ်အေ ကရေးသားဖော်ပြထားသည်။ ထိုစာအုပ်၌အိုမင်းရင့်ရော်သော လူကြီးများအားစမ်းသပ်စစ်ဆေးကြည့်သောအခါတွင် အစာစိမ်းများမှသာရနိုင်သောအင်ဇိုင်းဓါတ်များလုံလုံလောက်လောက်မရရှိသဖြင့်မောပန်းနွမ်းနယ်နေသည်ကိုတွေ ့ရှိရသည် ။ ထိုလူကြီးများ၏ကိုယ်ခန္ဓာအတွင်း၌အင်ဇိုင်းဓတ်များသည်တနှစ်ပြီးတနှစ်နည်းပါးယုတ်လျှော့လာသည် ကိုလည်းတွေ ့ရှိရသည် ။ အင်ဇိုင်းဓါတ်များနည်းပါးလာသည်နှင့်အမျှအရေများတွန် ့၍အရေးအကြောင်းများ ပေါ်လာသည်၊ဆံပင်များကျဲလာသည် ၊ ကျွတ်လာသည် ၊ကြွက်သားများပျော့အိတွဲကျလာသည်။ ကိုယ်နေဟန်ထားလျှော့ရဲလာသည် ၊ မျက်လုံးများအရောင်မှိန်လာသည်၊ကိုယ်ခန္ဓာဆုတ်ယုတ်နေလေပြီ။ အဘယ်ကြောင့်ဆိုသော်ကိုယ်ခန္ဓာတည်ဆောက်မှုပျက်စီးသွားသောနေရာ၌ အစားမထိုးနိုင်သောကြာင့်ဖြစ်သည် ၊ အပျက်မြန်၍အဖြစ်နည်းနေသည်။ သို့ဖြစ်၍သင်၏ကိုယ်ခန္ဓာအတွက် လိုအပ်သော(minerals) သတ္တုဓါတ်များ ၊ (enzymes) အင်ဇိုင်းဓါတ်များနှင့်(vitamins) ဗီတာမင်ဓါတ်များကို အစာစိမ်းများမှရယူသင့်ပေသည် ။ အသက်ရာကျော်သောသူအိုများအတွက်လည်း အခါအားလျှော်စွာ(hormones) ဟော်မုန်းဓါတ်များကိုကိုယ်ခန္ဓာတွင်းဖြည့် တင်းပေးသင့်ပေသည် ။ ဗုဒ္ဓနည်း ၊ ယောဂီနည်း ၊ သိပ္ပံနည်းများသည် ၊ အဟာရ ၊ အနေအထိုင် ၊ စိတ်ဓါတ်နှင့်အကျင့်သီလကောင်းမွန်ပြည့်စုံခိုင်လုံခြင်း အားဖြင့်ကျန်းမာရေး ၊ နုပျိုရေးနှင့်အသက်ရှည်ရေးများကိုရရှိနိုင်ကြောင်းညွန်းဆိုထားပေသည် ။ အင်ဇိုင်းဓါတ်အား (Enzymes)
အင်ဇိုင်းဓါတ်အား (Enzymes)
အင်ဇိုင်းဓါတ်အား (Enzymes)

5 comments

  • aye.kk

    December 24, 2011 at 2:13 pm

    ဒါကတော့ကျမသိသလောက်တင်ပြ ထားတာပါ အောက် ဆုံးမှာ စာကြောင်းသုံး ကြောင်းဖြစ်သွားလို့ အားလုံးဘဲနားလည်ပေးကြပါ။ ဝေဖန်ပြီးအကြံပေးကြပါ…………. အားလုံးစာဖတ်ပရိတ်သတ်ကိုလည်းကျေးဇူးတင်ပါတယ်……………..

  • windtalker

    December 24, 2011 at 6:26 pm

    ကျုပ် ကတော့
    အစာမကြေ ရင်ပြည့် ရင်ကယ် ဖြစ်ရင်
    အင်ဇိုင်းပလပ်စ် သောက်ဖြစ်တယ်ဗျ
    ဈေးနှုန်းလည်း ချိုသာတယ် ၊ ရီလိဗ့်လဲ ဖြစ်တယ် ဆိုတော့
    အခမဲ့ ကြေငြာ မန် ့ခဲ့ပါတယ်

  • ငပေါက်ဖော်

    December 24, 2011 at 7:45 pm

    ဟယ်..
    ဟုတ်မယ်တော့..
    ဒါကြောင့် ဒို ့ရွာထဲက အစိမ်းစားဘီလူးကြီး နုပျိုဖျတ်လတ် ခါးပိုက်နှိုက်သတ် နိုင်တာကိုး..
    အင်းလေ..အစိမ်းတွေလွှတ်စားတော့လဲ အင်ဇိုင်းဓာတ်အားတွေ.ဖလန်းဖလန်း ထနေမပေါ့

    နာလဲ..မော်ဒယ်သားလေးတွေ..လိုက်စားဦးမှ..ငွှ..ငွှ.ငွှ 😛

  • MaMa

    December 24, 2011 at 8:05 pm

    aye.kk ရေ-
    မရှင်းတာလေး မေးချင်တယ်နော်။
    အစာစိမ်းဆိုတာ အစိမ်းရောင်သီးနှံ၊ အသီးအရွက်ကို စားဖို့ ပြောတာလား၊
    သားစိမ်းငါးစိမ်း (မချက်ပြုတ်ရသေးတာ) ကို စားဖို့ ပြောတာလား သိချင်ပါတယ်။

  • aye.kk

    December 24, 2011 at 8:59 pm

    မမရေ။
    အစာစိမ်းဆိုတာ အသီးအနှံနှင့်သားငါးများ ပါဝင်နေပါတယ်။။

Leave a Reply