“မျော်ပြီကွဲ့ဝူး”(ခွေးအလွမ်းဇာတ်ကလေး)

“မျော်ပြီကွဲ့ဝူး”(ခွေးအလွမ်းဇာတ်ကလေး)

1ဒီပုံလေးက တင်ပြီးသား ဒါပေမယ် သူပါမှဇာတ်လမ်းဖြစ်မှာကြောင့်ပါ
2 မူရင်းကဗျာ ကိုပေါက်ရေးတယ်ထင်မှာစိုးလို့ သူများရေးထားတာကိုဓါတ်ပုံရိုက်ပေးတာ

“မျှော်ပြီကွဲ့ဝူး”

ကျနော်ရွှေကြက်ယက်ဆိပ်ကမ်း      ကိုရောက်တော့ ထုံးစံအတိုင်းလက်ဆော့ပါတယ်။
အသစ်ဆောက်ထားတဲ့ဧရာဝတီတံတားနဲ့မြစ်ပြင်ရူ့ခင်းကို ရိုက်နေပါတယ်။
အဲဒီမှာပုံတော်တော်များများကို လက်ဆော့ပြီးကွန်ပြူတာမှာပြန်ဖွင့်ကြည့်မှ
စစ်ကိုင်းတံတားကိုအသားပေးပါမှ ရှေ့မှာခွေးလေးတစ်ကောင်ပုံပါနေပါတယ်။
အစကတော့ ဖျက်မလု့ိစဉ်းစားမိပေမယ့် သေချာကြည့်မိတော့ မှ အလွမ်းဇာတ်လမ်းလေးတပုဒ်ရလိုက်သလိုခံစားရပါတယ်။
ဟိုအရင် ရှေးရှေးက ခွေးအလွမ်းဇာတ်ကိုဖွဲ့ထားတဲ့ ကဗျာလေးကို သွားသတိရလိုက်မိလို့ပါ။
အဲဒီကဗျာကတော့ ဘကြီးတော်ဘုရားလက်ထက်မှာ ဖိုးသူတော်ဦးမင်းက
ကျားမနဲ့ ဂမ္ဘီ ဆိုတဲ့ခွေးနှစ်ကောင် လူတွေက ဇွတ်အတင်းခွဲလို့

တစ်ကောင်နဲ့တစ်ကောင်ခွဲခွာနေရတာလေးကို ကဗျာဖွဲ့ထားတာပါ၊
“မျှော်ပြီကွဲ့…………ဝူး”           လို့အမည်ပေးထားပါတယ်။
ကျနော်တို့လူတွေလဲ ခွဲရရင်လွမ်းတာပါဘဲ။
လွမ်းရင်ကဗျာတွေစာတွေရေး သီချင်းတွေဆိုလို့အလွမ်းဖြေပါတယ်။
သူတို့လဲ လွမ်းတော့ ဝူး လို့အော်တာလေးကို နားထောင်မိတဲ့သူက
ဘာသာပြန်ပေးထားတာပါ။
ပုံစာတွဲပြီးခံစားကြည့်လိုက်ပေါ့နော်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(24-12-2011)

21 comments

  • Moe Z

    December 24, 2011 at 3:37 pm

    မနက်ကတော့ တီချာTTNU ပို့စ်မှာ ကြောင်ဖြစ်သွားတယ်
    အခုလေးပေါက်ပို့စ်မှာ ခွေးဖြစ်ရပြန်ပြီ 🙁
    မခံစားတတ်တာပဲကောင်းမယ်ထင်တယ် 😛

  • မိုးစက်လေးရေ
    နှုလုံးသားရေးရာမှာ လူနဲ့သတ္တဝါ အတူတူပါဘဲကွဲ့။
    လွမ်းတာချင်းပြောတာပါ…………………..
    တွမ် တွမ် တွမ်………………………………

  • blackchaw

    December 24, 2011 at 3:46 pm

    လေးချိုး ခွေး ညည်းချင်း ဆိုပါလား ကိုပေါက်ရေ။
    အထူးအဆန်းပဲဗျို့။
    ကြည့်တော့ကြည့် သွားပါတယ်။
    ကဗျာဖတ်ပြီး ဝင်တော့ လွမ်းရဲဘူးဗျာ။
    ဟေးဟေး ခွေးညည်းချင်းဆိုတော့လေ။

  • အစက ဓါတ်ပုံထဲမှာခွေးလေးပါတော့ ဖျက်မလို့။
    နောက်မှ ငယ်ငယ်က ဖတ်ဘူးတဲ့ ဒီညည်းချင်းလေးကို သတိရမိတယ်။
    ကဗျာကို အလွတ်မရဘူး။
    နာမယ်တော့ မှတ်မိတယ်၊
    ပေါက်ဖော်က ကဗျာတင်ပေးပါဆိုတာနဲ့တင်ပေးလိုက်ပါတယ်။

  • ငပေါက်ဖော်

    December 24, 2011 at 4:29 pm

    ဝူး.ဝူး..ဝူး.
    အဲ..ဟုတ်ပါဘူး..လေးပေါက်ရေ..
    ခွေးညည်းချင်း ရှိတာ ခုမှသိတယ်..ဗျာ.
    ခွေးတစ်ကောင် အကြောင်းပြုပြီး ရှားပါ ကဗျာတစ်ပုဒ်ဖတ်ခွင့်ရတဲ့အတွက်.အတိုင်းမသိ.ကျေးဇူးတင်ပါ၏..
    ဝူး..ဝူး..ကျေးဇူး..
    😆

    • Moe Z

      December 24, 2011 at 4:36 pm

      အဲဒီကဗျာက ဘဘပေါက်ဖော်အတွက် ရည်ရွယ်ပြီးတင်ပေးထားတာ
      နော်လေးပေါက်ရယ် 😛

  • windtalker

    December 24, 2011 at 6:23 pm

    သည်နှစ်တွင် ကြုံပြန်ရ
    ကိုပေါက် နှင့် မုပယ်
    ဆိုင်ကယ်တွေ စီးပါလို ့
    တီနု ဆီ ဂိုးဘီ
    မြောက်ပြင်တော် အရိပ်မထွက်ဆီက
    ပွဲတော်လာ မုန် ့တွေ စားတာမို ့
    ပျော်ကြတယ် လေး…
    “ ဖိုးသူပေ ဦးမောင် ”

  • TTNU

    December 24, 2011 at 7:04 pm

    ကိုပေါက်ရေ…
    အားထုတ်မှုကတော့ အံ့မခန်းပါပဲ။
    ကိုမောင်ပေ့ကဗျာကလည်း ရှေးခေတ်ဟောင်းအောက်မေ့ဘွယ်ရာပါပဲ။
    အမည်မသိရှေးစာဆို မဟုတ်ဘဲ အမည်သိ ကျောက်စိမ်းပါရဂူ မော်ဒန်ထောကားပါလား။
    ခွေးကလေးပုံရိုက်ပြီး တိုက်ရိုက်အံကျတဲ့ ကဗျာကိုရှုာတတ်တဲ့ ကိုပေါက်သည်….ခေသူမဟုတ်။

  • aye.kk

    December 24, 2011 at 7:09 pm

    ရှာရှာဖွေဖွေ..
    မြင်တွေ ့လေသည်..
    ခေတ်တွေဟောင်းလည်း..
    မပြောင်းလဲသည့်..
    လေးချိုးကိုတော့ကြိုက်နေဆဲ..။

  • pooch

    December 24, 2011 at 8:00 pm

    ” မြစ်မင်း နဒီ
    ဧရာဝတီ တစ်ဖက်ကမ်း
    ပုဇွန်ဆီရောင် တွေ လွှမ်းတဲ့ ဟိုး မင်းဝံ တောင်တန်းပေါ်မှာ
    ဆည်းလည်းသံတွေ သည်းသည်းညံလို့။

    ညနေရီ
    တိမ်နီတွေ တောက်တဲ့ အချိန်
    ဟောဒီ ‘ ဂေါဝိန်’ ဆိပ်ကမ်းက အလွမ်းနဲ့ နှုတ်ဆက်သွားတဲ့ အရှင်”

    မောင်ဆွေသစ် (မန္တလေး) ရဲ့ အနှစ် ၁၅ဝ ပြည့်အလွမ်းမှ ကဗျာ တပိုင်းတစ……….

  • inz@ghi

    December 24, 2011 at 9:33 pm

    အားပေးသွားတယ်နော ..လေးပေါက်ရေ….
    ကဗျာဉာဏ်နည်းသူမို့ ….မသုံးသပ်တတ်ကြောင်းဝန်ခံရင်း…..

  • hmee

    December 24, 2011 at 10:20 pm

    ကဗျာလေးကို သဘောကျသွားပါတယ် လေးပေါက်ရေ။ တကယ်ကိုပဲ ခွေးလေးလွမ်းတာ ပေါ်လွင်အောင် ဖွဲ့ထားတာကိုး။ သူ့ခမျှာ ကြိုးတုတ်ပြီးတောင် အပို့ခံရတာ ဆိုတော့ မျှော်ပြီကွဲ့ ဝူး ပြီပေါ့။

  • ဦးဦးပါလေရာ

    December 24, 2011 at 11:58 pm

    ခွေးတွေမှာ ခံစားချက်ရှိတာကိုတော့ ကောင်းကောင်းသတိထားမိတယ်။
    အိမ်သားတယောက်ယောက်ကများ ကြာကြာခရီးသွားပြီးပြန်လာရင်
    ခုန်ပေါက်ပြီးကြိုဆိုလိုက် ကုတ်ဖက်တက်ပြီး တအီအီအော်လိုက်နဲ့
    ဝမ်းသာ ဝမ်းနည်းယောက်ယက်ခတ်နေတတ်တယ်။
    ပြီးတော့ သူတို့ခံစားချက်ကိုလဲ မျက်စိ(အကြည့်)နဲ့ အမူအယာနဲ့ ကောင်းကောင်းဖေါ်ပြတတ်တယ်။
    သန့်သန့်လေးသာမွေးလို့ရရင် ခွေးဟာတကယ့်အဖေါ်ကောင်းပါပဲ….။

  • အဲဒီခွေးပုံလေးမြင်လိုက်တော့ ဒီကဗျာလေးကို သွားသတိရမိတယ်။
    ခွေးနဲ့ပါတ်သက်တဲ့ ကဗျာရှည် ကြီးရှိတယ်။
    ဦးပုညရေးတာ ခွေးတပ်ဗျုဟာတဲ့ ခွေမျိုးစုံအကြောင်းအားရင်တင်ပေးမယ်နော်။

    • ငပေါက်ဖော်

      December 25, 2011 at 10:17 am

      အဲအခါကျရင်လဲ ငပေါက်ဖော် အတွက်ဆိုပြီး လုပ်ဦးမှာရားဟင် 😯

  • ကြောင်ကြီး

    December 25, 2011 at 12:24 pm

    ခွေးတွေဖက် မျက်နှာလိုက်ရင် ဦးလေးဖြစ်ပေမဲ့ ကမာ္ဘရန်ဖြစ်သွားမယ်နော်….။ 😡

  • char too lan

    December 25, 2011 at 6:42 pm

    မျှော်မနေတော့ပါဘူး……………….ကွဲ ့
    နင်နဲ့ငါသေအောင်ဝေးးးးးးးးးးးးးးးးးးးးးးး
    ဆွေးမနေနဲ့လေးးးးးးးးးးးးးး 🙁

  • bluerose

    April 2, 2012 at 1:50 pm

    ခွေးမှာလည်းအသဲနှလုံးနဲ့ပါပဲကွယ်……

Leave a Reply