ကြောင်ကြီးက ရွာမှာ လူချစ်လူခင်များသူ တစ်ယောက်လို့ ကျွန်ုပ်က ယူဆပါတယ်။ ကျွန်ုပ် ရွာထဲရောက်စက စသတိပြုမိတာ ကြောင်ကြီးရဲ့ ကွန်းမန့်လေးတွေပါ။ နောက် သူရေးတဲ့ပို့စ်တွေ လိုက်ဖတ် ကြည့်တော့ နိုင်ငံရေးပို့စ်တွေ များကြောင်းတွေ့လာရပါတယ်။ ကဗျာလေးတွေနဲ့ ကွန်းမန့်ပေးတတ်တာလည်း တွေ့ရပါတယ်။ ကိုပေါက် ရဲ့ တူမကို တောင်းနေတာလည်းတွေ့ရပါတယ်။ ရွာထဲက ကာလသမီးတွေကိုလည်း ပျော်အောင် စနေတတ်တာတွေ့ရပါတယ်။ သူကြီးကို နင်လားငါလား ပြန်ဆွေးနွေးနိုင်သော ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ သူကြီးနဲ့ ကြောင်ကြီးက တစ်ဖွဲ့တည်းလားလို့ ကျွန်တော်တို့ ရန်ကုန်သားများ တွေးမိဘူးပါတယ်။ နောက် ရွာထဲမှာ ကြောင်ယူနိုက်တက်ကြီး ဖြစ်လာအောင် စည်းရုံးရေးလည်းကောင်းလှတာကို တွေ့ရပါတယ်။ ကျွန်ုပ်ဘလက်ကတော့ ကြောင်ကြီးရဲ့ ပို့စ် တော်တော် များများ ကို ပြန်ဖတ်ကြည့်တဲ့ အခါ ရွာမှာ ကြောင်ကြီး ပရိသတ် အခိုင်အမာ ရှိနေတာကို တွေ့လိုက်ရပါတယ်။ သူ့ပို့စ်တွေအကြောင်း ပြန်ရေးမယ်ဆိုတော့ အလွယ်တကူပဲ နာမည်တစ်ခုက စိတ်ထဲမှာပေါ်လာပါသည်။ ရွာမှာ ကြောင်ကြီးက မရှိမဖြစ်ပါ။ ထို့ကြောင့် ဒီပို့စ် ကိုလည်း
မရှိမဖြစ် ကြောင်ကြီး ဟု ခေါင်းစဉ်တတ်လိုက်ပါသည်။

၁။ သဂျီးထံသို့ အိတ်ဖွင့်ပေးစာ Open Letter
စလာကတည်းက မန်ယူ နဲ့ မန်စီးတီး ဆိုတဲ့ အပေါက်မျိုးဗျို့။ သူကြီးကို ဘာသာရေးနဲ့ ပတ်သက်လို့ အိတ်ဖွင့်ပေးတာလေးနဲ့ စပါတယ်ဗျာ။ ဒီပို့စ်ကို ဖတ်လိုက်တော့မှပဲ ရွာမှာ သူကြီး နဲ့ သူ၏ ရွာသူားတွေရဲ့ ဇာတ်လမ်းဟောင်းတွေကို သိရတဲ့အတွက် ကြောင်ကြီးကို ကျေးဇူးတင်ရပါတယ်။ ကြောင်ကြီးက သူ့ ပိုစ် မှာ ဒီလိုရေးထားပါတယ်ဗျာ။

ဆူးရဲ့ဒက္ခိဏသာခ ရုပ်ပွားတော်ပို့စ်မှာ မနေ့က သဂျီးမန်းတဲ့ [ (အခြေခံပညာ အလယ်တန်းတောင်မအောင်တဲ့ ..) ဦးဇင်းတပါးက… သင်္ကန်းကြီးခြုံ…
“ဒကာမလေးဆူး… အခုလိုဘုရားဆင်းတုတွေကို ဝေဖန်နေရင်.. နောင်ဘ၀မှာ အ၀ီဇိမှာ ဂျိုးကပ်မယ်… ပါးစပ်ကနေသံရည်ပူတွေလောင်းချခံရလိမ့်မယ်.. သံသရာအဆက်ဆက်… လူဖြစ်ရင်တောင်.. ဦးနှောက်ထုံထိုင်း.. ကျပ်မပြည့်သူဖြစ်မယ်”ပြောလိုက်ရင်…
ဆူးမမတယောက်..
“ဟုတ်… ဟုတ်..”
နဲ့ လက်အုပ်လေးချီ..အသာလေးကုတ်နေမှာ .. မြင်သေး ] မှတ်ချက်ထဲကလို မူလတန်းတောင်မတတ်တဲ့ ဦးပဇ္ဇင်းကြီးနဲ့ စာတတ်ဘုန်းကြီးများရဲ့ အပြန်အလှန် ဆွေးနွေးခန်းမှ အသိတခုခု ရစေကြောင်း မေတ္တာစေတနာနဲ့ ဝေမျှလိုက်ပါတယ်။ သဂျီးနဲ့ပစ္စုပ္ပန်ဝါဒီများမှ အချိန်ပေးနိုင်ရင် သဲအင်းဂူ ဆရာတော်ကြီးရဲ့ ဖြေကြားချက်တွေကနေ မိမိတို့လက်ခံထားတဲ့ ဗုဒ္ဓတရားအမြင်ကို သိပါရစေ။

ဘာသာရေးနဲ့ ပတ်သက်ပြီး သူကြီးနဲ့ ရွာသူရွာသားတွေ အမြင်မတူတဲ့ အကြောင်းလေးတွေ နဲ့ ကြောင်ကြီးရဲ့ အချက်ကျကျ တုန့်ပြန်မှုကို ဒီပို့စ်မှာ တွေ့ရမှာပါ။ ကွန်းမန့်က ၂၄ ခုတောင်ရှိခဲ့ပေမယ့် သူကြီးရဲ့ကွန်းမန့်ကို မတွေ့ရပါဘူး ဗျာ။ ကွန်းမန့်များထဲက True Answer ရဲ့ ကွန်းမန့်လေးက ကြောင်ကြီးရဲ့ ဘာသာရေးအမြင် မနိမ့်ကြောင်း ထင်ရှားနေတာ ကြောင့် ဖေါ်ပြပေးလိုက်ပါတယ်။

True Answer says:
big cat ရဲ့ မျှဝေမှုအတွက် လေးစားဂုဏ်ယူပါတယ်။ တကယ်တော့ မိုးပြာဝါဒဟာ ဖြစ်တည်မှုသာပဓာန ၀ါဒ ကို ထပ်ဆင့် ၀ါဒဖြန့နေတယ်လို့ မြင်ပါတယ်။ ဆရာဦးဆန်းလွင်လည်း ဒီဝါဒကို ဗုဒ္ဓတရားတော်အမြင်နဲ့ စာအုပ်ရေးထားတာရှိပါတယ်။ အင်တာနက်မှာတော့ရှိလားမသိပါဘူး၊ ဗုဒ္ဓ တရားတော်များဟာ လောကီ မှာအသုံးဝင်ရုံမက-လောကီကိုလွန်မြောက်သည့်လောကုတ္တရာတရားတော်များလည်း ပါဝင်နေပေသည်။ မိုးပြာဝါဒသည် မဂ်ဥာဏ်-ဖိုလ်ဥာဏ်ပေါက်အောင် မှန်ကန်စွာလမ်းညွှန်နိုင်သော မှန်ကန်သည့် ဆရာသမား – အရိယာများနှင့် မတွေ့ကြုံ-မဆုံဆိုက်နိုင်ခဲ့ခြင်းမှာ လောကီကိုလွန်မြောက်သည့် လောကုတ္တရာတရားတော်များကို မဖြစ်နိုင် – မရှိနိုင်ဟု ယူဆကာ လောကုတ္တရာတရားများကို လောကီတရားများအဆင့်သာရှိသယောင် ထင်မှတ်စေရန် ဈေးလျော့လျက် ဗုဒ္ဓ၏ တရားတချို့ကို ကိုယ်လိုရာဆွဲယူအကိုးအကားလုပ်လျှက် ……ကိုယ်ထင်ရာအမှန်တရားလုပ်ကာ အများနားလည်မှုလွဲအောင်ပြုလုပ်လျက်ရှိနေသည်ဟု မြင်မိပါသည်။ ရှင်အရိယာနှင့်ပတ်သက်ပြီးတော့လည်း ၄င်းသည် သူ၏ပထမပို့စ်များတွင် အများလက်ခံမှုကို ရရှိစေရန် ….ကျမ်းစာ အကိုးအကားတချို့ကို ကိုယ်လိုရာ ဆွဲယူလျှက် လူများအသိအမှတ်ပြုသော ကျမ်းစာ ဘယ် စာအုပ် ဘယ်လောက်စာမျက်နှာ မှ စသည်ဖြင့် အများလက်ခံစေရန် တင်ပြလေသည်။ လက်မခံသူများက ကျမ်းစာဖြင့် ပြန်ထောက်သောအခါ ကာလာမသုတ်ကို ပြန်ညွှန်းလျှက် ကျမ်းစာထဲပါတိုင်း မယုံသင့်ဟု ဘုရားဟောကြောင်း ပြန်လည်ချေပလေသည်။ ကာလမသုတ်သည်ပင်လျှင် ကျမ်းစာထဲမှ ဖြစ်နေသည်ကို မသိသလော-(သို့မဟုတ်) နဂိုထဲက ကျမ်းစာကို reference အဖြစ် (အမှန်တရားအဖြစ်) မယုံကြည်ပါက ၄င်း၏ ရှေ့ပိုစ်များမှ စာသားများသည် ဘယ်ကျမ်းစာအုပ်၊ ဘယ်စာမျက်နှာမှာ ဖော်ပြထားကြောင်း ကျမ်းကိုးပြလျှက် လူအများယုံကြည်မှုကို တည်ဆောက်ရန်မလိုအပ်ပါချေ။ အမှန်တရားကို သိနားလည်မှုတွင် ရိုးသားဖြောင့်မတ်မှုသည် အလွန်အရေးကြီးပေသည်။ ၀ါဒတစ်ခုကို နှစ်သက်မှုအတွက် ဘာမှဝေဖန်စရာမရှိသော်လည်း ၀ါဒအဆင့်တစ်ခုထက်ကျော်လွန်သော…သတ်မှတ်ထားသော တကယ်မဟုတ်သည့် လောကီချမ်းသာများထက် လွန်မြောက်သော ဗုဒ္ဓဟောကြားခဲ့သည့် မဂ္ဂင်ရှစ်ပါး သစ္စာလေးပါးတရားကို လောကီဆန်ဆန် ပြောဆို ဈေးချကာ – မမှန်မကန်ပြောဆိုမှုများကို တတ်နိုင်သလောက်တားဆီးသော – ကို big cat ကို အားပေးလျှက် ယခုကဲ့သို့ လမ်းညွှန်မှုလေးများ များများ ရေးပေးပါရန် ပန်ကြားအပ်ပါသည်။

၂။ ယ္ခုသီတင်းပတ်အတွက် စိတ်မ၀င်စားဖွယ်နှင့် မမှတ်သားဖွယ်သဒင်းများ Boring news
http://myanmargazette.net/47842/arts-humanities/history-museums
ဒါလေးကတော့ မြန်မာအစိုးရ သတင်းစာတွေထဲက သတင်းတွေကို စိတ်မ၀င်စားဖွယ်နှင့် မမှတ်သားဖွယ် သတင်းများ ဆိုပြီး သရော်ထားတဲ့ ပို့စ်လေးပါ။ နည်းနည်းလေး ဖတ်ကြည့်ပါ။
သဂျီးခင်ဗျား ကျနော်လည်း ရွာသား eros လို တပတ်အတွင်း သတင်းကဏ္ဍတခု တင်ဆက်ချင်ပါတယ်။ သူနဲ့ခေါင်းစဉ် မတူအောင် စီစဉ်ထားပါတယ်။ သူ့လိုပဲ Sticky ပို့စ်တင်ပေးပါ။ တင်းမပေးရင်တော့ သဂျီးက နအဖသူလျှို၊ ဖော်လံဖား ဖြစ်ရမယ်၊ ဝိုင်းချကြပါဗျို့…..

အစိုးရသတင်းစာပါသတင်းတွေကို လှောင်ပြောင်သရော်ထားတာလေးပါ။

၃။ လူလိမ် koyintharaye သာအေးနှင့် ပတ်သက်၍ သဂျီးထံ တိုင်ကြားစာ
http://myanmargazette.net/47844/creative-writing/modern-critics-professionalsamateurs-judge
ဒီပို့စ်ကတော့ အမေစု ကို လူမှုရေးစော်ကားချက်များဖြင့် ပို့စ်တင်ခဲ့သူ သာအေး၏ ပို့စ်နှင့် ပတ်သက်၍ သူကြီးကို လိပ်မူ ပြီးရေးထားသော ပို့စ်ဖြစ်ပါသည်။ ကြောင်ကြီး၏ အမေစု ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သော ပို့စ်လေးဖြစ်ပါသည်။ ကြောင်ကြီး၏ မူရင်းတချို့ ကို ဖေါ်ပြပေးလိုက်ပါသည်။
မန်းလေးဂေဇက်တွင် ယခုလို အခြားနာမည်ခံလိမ်ညာ၍ သူတပါးကို ယုတ်ညံ့ သေးသိမ်စွာ ရေးသားထားသည်ကို ထိန်းသိမ်းကြပ်မတ်ပေးရန် တာဝန်ရှိ အယ်ဒီတာသဂျီး၏ အရေးမယူဘဲ ညှင်သာစွာ တုံ့ပြန်ပြီး နောင်ကိုဆက်လက် ကျူးလွန်ရန် တဖက်လှည့်နှင့် အားပေးနေသကဲ့သို့ ဖြစ်နေသည်ကို လွန်စွာအံ့ဩဖွယ် ဖြစ်ရပါသည်။ သက်သေအထောက်အထား ထင်ရှားစွာရှိလျက်နှင့် လူလိမ်လူကောက် သာအေးကို အရေးယူမှု တစုံတရာ မရှိဘဲနေမည်ဆိုပါက မန်းလေးဂေဇက်တွင် အချက်အလက်မှန်ကန်မှု၊ သူတပါးအမည် ရယူသုံးစွဲမှု၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ယုတ်ညံ့စွာစော်ကားရေးသားမှု စသည့် စာရေးသူများ စောင့်ထိန်းရမည့် အခြေခံ စည်းကမ်းချက်များ မရှိဘဲ လူတိုင်းအား ထင်သလို ရေးသားခွင့်ပြုသည်ဟု နားလည်ပါမည်။

မန္တလေး ဂဇက် ၏ ရွာသားတစ်ယောက်အနေဖြင့် ရွာ၏ ဂုဏ်သိက္ခာအတွက် သူကြီးထံတောင်းဆိုသော စာလေး ဖြစ်ပါသည်။ ကြောင်ကြီးက နိုင်ငံရေးနှင့် ပတ်သက်လျှင်လည်း ပြောရဲဆိုရဲ နှင့် ဦးဆောင်နိုင်သောလူတစ်ယောက်ဖြစ် ကြောင်း တွေ့ရသည့် ပို့စ်လေးဖြစ်ပါသည်။

၎။ ၂၀၁၁ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ရံပုံငွေရှာပွဲ (NY)
http://myanmargazette.net/47903/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle
ဒါလေးကတော့ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ အဝေးရောက်မြန်မာတွေရဲ့ ရန်ပုံငွေရှာဖွေပွဲလေးအကြောင်း သတင်းလေးပါ။ ဓါတ်ပုံလေးတွေထဲမှာ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန် ပုံလေးပါ ၀ိုးတ၀ါးတွေ့ရပါတယ်ဗျာ။

၅။ ကျွမ်းကျင်ရာလိမ္မာ Expertise
http://myanmargazette.net/48098/arts-humanities/burmese-myanmar-asian-culture-mythology-folklore
အိုစမာဘင်လာဒင် သုတ်သင်တဲ့ စစ်ဆင်ရေးကို တိုက်ရိုက်ကြည့်ရှု နေတဲ့ သမတအိုဘားမား နဲ့ အဖွဲ့ပုံ ဖေါ်ပြပြီး ကြောင်ကြီးက သူ့အမြင်ကို ဒီလိုလေး ရေးထားတာပါ။

ယနေ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်မှာ အိုစမာ ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ စစ်ဆင်ရေးကို အိမ်ဖြူတော်ကနေ တိုက်ရိုက်ကြည့်နေခဲ့တဲ့ ဓာတ်ပုံကို သတင်းနဲ့အတူ တင်ထားတာတွေ့လို့ ပြည်တွင်းက ရွာသားများ တွေ့ရအောင် ဝေမျှလိုက်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းကိုလည်း ဒီကနေပဲ ခွင့်တောင်းပါတယ်။ အမေရိကန် သမ္မတ အိုဘားမားဟာ နိုင်ငံသမတ၊ စစ်တပ်သေနာပတိချုပ် စတဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်အောင် ဩဇာအာဏာ ကြီးမားပေမဲ့ သူ့နေရာသူ သိပါတယ်။ ဘင်လာဒင်ကို ဖမ်းတဲ့ စစ်ဆင်ရေးကို တကယ်ကိုင်တွယ်သူ စစ်ဗိုလ်ချုပ်က အမိန့်ပေးခုံမှာ ထိုင်ပြီး သမတအပါအဝင် ဒုတိယသမတနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြိးများက ဘေးကနေ ပေးရတာပါ။
တိုင်းပြည်တပြည် တိုးတက်ဖို့ဆိုရင် လူတိုင်းလူတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်မှ၊ အားပေးသင့် ချီးမြောက်သင့်သူကို ချီးမြောက်မှ၊ ကျင့်ဝတ်သိက္ခာဆိုတာကို တန်ဖိုးထားတတ်မှ ဖြစ်ပါမယ်။ မြန်မာပြည်မှာလည်း ကိုယ့်နေရာကိုယ်သိပြီး မဆိုင်တာ ဝင်မရှုပ်ကြဘူးဆိုရင် တိုင်းပြည်တိုးတက်ဖို့ လမ်းစဖြစ်မှာပါ…
ကိုယ့်နေရာနဲ့ ကိုယ်၊ ကိုယ့်အလုပ်ကိုယ်လုပ်ရင် တိုင်းပြည်တိုးတက်မယ်ဆိုတာလေးကို ရေးထားတာပါဗျာ။

၆။ ဘင်လာဒင်စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ Navy Cat
http://myanmargazette.net/43992/economic-news-international-news-news-industry-people-in-the-news-us-news-news
ကြောင်တွေကို လေ့ကျင့်သင်ကြားပေးပြီး စစ်ဆင်ရေးတွေမှာ အသုံးပြုနေကြပြီ ဆိုတဲ့ အကြောင်းလေးကို မူရင်းသတင်းလေးနဲ့ တွဲပြီး တင်ပေးထားတာပါ။ ကြောင်ခေတ်ရောက်ပြီ ဆိုတာလေးကို ကြေညာသွားတာပါဗျာ။

၇။ အိုဗမာနဲ့ ဗလဒင် OB
http://myanmargazette.net/48494/economic-news-international-news-news-industry-people-in-the-news-us-news-news

၈။ 2011 ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် မဲပေးကြပါ…
http://myanmargazette.net/48593/uncategorized-other/copypaste
၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် မိမိနှစ်သက်ရာ စွမ်းဆောင်ရှင်တဦးဦးကို Citizenofburma.org မှာဆန္ဒပြု ရွေးချယ်ကြဖို့ ရွာသူရွာသားတွေကို နှိုးဆော်ထားတာပါဗျာ။ ဆန်ခါတင် ငါးဦးကို လည်းဖေါ်ပြပေးထားပါတယ်။ သူကြီးရဲ့ တစ်ယောက်ချင်းစီအကြောင်း ဖေါ်ပြပေးထားတဲ့ကွန်းမန့်ရှည်ကြီးတွေ အပါအ၀င် ကွန်းမန့် ၆၁ ခု၊ 1800-Hits ရှိခဲ့တဲ့ ကြောင်ကြီးရဲ့ အောင်မြင်သောပို့စ်တစ်ခုဖြစ်ခဲ့ပါတယ်။

၉။ Duke University
http://myanmargazette.net/49184/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle
အမေရိကားမှာရှိတဲ့ Duke University ရဲ့ ဓါတ်ပုံလေးတွေ ကို အက်ဆေးအဖြစ်ပြန်တင်ပြထားတာပါ။ မူရင်းအရေးအသားက ဒီလိုပါဗျာ။
အမေရိကားရဲ့ ထိပ်တန်းတက္ကသိုလ်များထဲမှာ တခုအပါအဝင်ဖြစ်တဲ့ North Carolina ပြည်နယ် Durham မြို့က Duke University ကိုရောက်စဉ် ရိုက်ထားတဲ့ ဓာတ်ပုံလေးများကို မှတ်မိသလောက် စာများနဲ့ တွဲတင်လိုက်ပါတယ်။ ဓာတ်ပုံအက်ဆေးတခုလို သဘောထားဖတ်ပေးကြပါနော်။
ဓါတ်ပုံလေးများကိုတော့ မူရင်းပို့စ်မှာပဲ ကြည့်ကြပါဗျာ။

၁၀။ လေယာဉ်စီးတာ ၁၅နာရီကြာ 15
http://myanmargazette.net/49323/travel/photography-pictures-galleries-wallpapers-photo-tips
လေယဉ်နဲ့ သွားခဲ့တဲ့ နယူးယောက်-ဒူရမ် ခရီးစဉ် အသွားအပြန် မှာ ကြုံရတဲ့ အခက်အခဲလေးတွေကို ရေးထားတာပါ။

၁၁။ ကြိုက်တာရွေးပါ Burma / Myanmar
http://myanmargazette.net/49583/arts-humanities/history-museums
ဒါလေးကတော့ မကြာခင်ကမှ သူကြီး ပူးလ် လုပ်ထားခဲ့တဲ့ အမေရိကန်နဲ့ မြန်မာနိုင်ငံ ကြားက Burma and Myanmar အခေါ်အဝေါ် ပြသနာလေးပါဗျာ။ ကွန်းမန့် ၂၇ ခုကလည်း အပြန်အလှန်ငြင်းခုံပြောဆိုထားကြတာလေးတွေ တွေ့ရမှာပါ။ ဖတ်ကြည့်သင့်တဲ့ ပို့စ်လေးပါ။

၁၂။ လွှတ်… အခုချက်ခြင်းလွှတ် Release now
http://myanmargazette.net/49951/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle
ဒါကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်စေချင်တဲ့ စေတနာကောင်းလေးနဲ့ ရေးထားတဲ့ ကြောင်ကြီးရဲ့ ပို့စ်လေးပါ။

၁၃။ လူထုရဲ့ စု People’s Suu
http://myanmargazette.net/50316/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news
အောင်ဆန်းစုကြည် နဲ့ ပြည်သူလူထု အကြောင်းရေးထားတဲ့ နိုင်ငံရေးဆောင်းပါးလေးပါ။

၁၄။ အဓမ္မဝါဒီသဂျီးအတွက် ဆုံးမမေတ္တာစာ Guidance with love
http://myanmargazette.net/50441/creative-writing/poetry-songs
သူကြီးကို နောက်ထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ သူကြီးပုံဆိုပြီး ပန်းချီပုံလေးတစ်ပုံလည်း ဖေါ်ပြထားပါတယ်။

၁၅။ U.S. မှာပေါလွန်းလို့ အောတိုက်ယူရဒယ်
http://myanmargazette.net/50842/economic-news-international-news-news-industry-people-in-the-news-us-news-news/u-s-news
တခြားတော့ ပြောတော့ပါဘူးဗျာ။ ဒီပို့စ်ကိုတင်တဲ့ရက်က June 6 ကပါ။ အခု ဖတ်ကြည့်တော့ 1777 – Hits ပါတဲ့ ခင်ဗျာ။ အံ့သြစရာကောင်းတာလေးပါ။ အဲဒီလောက်တောင် ဖတ်ထားကြတဲ့ ပို့စ်ပါဗျာ။

၁၆။ ကုလအတွင်းရေးမှူးချုပ်နှင့်တူသော သဂျီးဦးခိုင် P.Tiger
http://myanmargazette.net/51089/creative-writing/modern-critics-professionalsamateurs-judge
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ သူကြီးကို နှိုင်းယှဉ်ပြောဆိုထားတာပါ။ နည်းနည်း ဖတ်ကြည့်ပါ။

အခုလည်း ရွာထဲမှာ သဂျီးက ဘာလုပ်၊ ဘာမလုပ်ရ ရုပ်အတည်ကြီးတခွဲသားနဲ့ ဒူးနဲ့ဒုတ် ပြထားပေမဲ့ ရွာသားများက အရေးစိုက်ရကောင်းမှန်း မသိပါဘူး။ ကျနော်ကိုယ်တိုင်လည်း လစ်ရင်လစ်သလို ဖောက်ပါတယ်။ အကြောင်းအရင်းကို ပြန်စစ်လိုက်တော့ သဂျီးလည်း ကုလသမဂ္ဂအဖွဲ့ကြီးလို အပြောပဲရှိတယ်၊ လက်တွေ့မှာ အရေးယူမှု တိတိကျကျ မရှိတော့ ဘယ်သူမှ ကြောက်ရကောင်းမှန်း မသိတော့ပါဘူး။ ဆိုရှယ်ဆိုက်သဘောမျိုး ဖြစ်တာမိုလို့ တကယ်တော့လည်း ငါတကောကောလို့ မဖြစ်နိုင်ပါဘူး။ (သဂျီးကောင်းစေချင်လို့ ချဲ့ကားပြော ရတာကို ခွင့်လွှတ်ပါ) ဒါပေမဲ့ သူ့အိုးနဲ့သူ့ဆန် တန်ရပါမယ်။ (ဥပမာ – နန္ဒာလှိုင်အပျိုတုန်းကနဲ့ကိုကြောင်ကြီး) လတ်တလောမှာတင် အချော်တကောက်ပို့စ်များ တက်လာပြန်ပါပြီ။ ပြသနာအသစ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လအနည်းငယ်ကဘဲ သဂျီးကိုယ်တိုင် အခြောက်ပို့စ်များကို သူ့ခေါင်းစဉ်အောက်မှာ တင်ရမယ်။ အဲဒီခေါင်းစဉ် ဟာလည်း ရွာထဲမှာ လက်မခံနိုင်ကြတာများလို့ ပင်မစာမျက်နှာပေါ်ကို ပေးမတက်ပါဘူး။ ဒါကို မျက်ကွယ်ပြုပြီး တင်ထားတဲ့ လိင်တူဆက်ဆံခြင်းအားပေးတဲ့ ပို့စ်ကို အရင်ကလိုပဲ သတိပေးလိုက်၊ စည်းကမ်းထပ်ထုတ်လိုက် လုပ်နေမယ်ဆိုရင်ဖြင့် မန်းဂေဇက်အွန်လိုင်း အယ်ဒီတာအဖွဲ့ဟာ (ပြောသာပြောရတယ် သူတယောက်ထဲလား မသိဘူး) ဟာ ကုလသမဂ္ဂကို အများဝေဖန်နေကြသလို ကျားတော့ကျား၊ ဒါပေမမဲ့ စက္ကူကျားရုပ်သာဖြစ်ပြီး သဂျီးကတော့ စက္ကူကျားခေါင်းကြီး ဖြစ်ပါကြောင်း ဝေဖန်မှတ်ချက် ပြုပါသည်။

ကဲ သူကြီးနှင့် သူ၏ ရွာသားများ ဇာတ်လမ်းကို သိချင်ရင် ကွန်းမန့်လေးတွေနဲ့ တွဲဖတ်ပါလေ။

၁၇။ ရှေ့ဆက်သွား Life moves on
http://myanmargazette.net/52135/creative-writing/poetry-songs
ရှားရှားပါးပါး ကြောင်ကြီးရဲ့ ကဗျာတစ်ပုဒ်ပါ။ ရှားရှားပါးပါး ဆိုတော့ ဒီမှာပဲဖေါ်ပြလိုက်ပါတယ်။

နင့်ကိုငါချစ်တယ် ငါ့ကိုနင်ချစ်မလား
ဟာ ဟာ ဟာ
ကမ္ဘာဦးထဲက ရည်းစားစကား
သင်လဲကြား ကျုပ်လဲကြား
သူလဲပြော ကိုယ်လဲပြော
နင်လဲမော ငါလဲမော…
ကြိုက်သွားရင် ချစ်သူဖြစ်
မုန်းတဲ့အခါ ရန်သူဟစ်
ငါစိမ်းမြင် ငါးကင်ပစ်
တချို့ကြတော့ အကုန်ကစ်
ပြောကြတဲ့ အချစ်နဲ့စစ်
တရားမျှတခြင်း ပုံပြင်ဖြစ်…..
ဖြစ်ချင်တာဖြစ် မောင်ဘချစ်
ရင်ဆိုင်နိုင်ဖို့ အားကုန်ညှစ်
ဆန်စုံစား ကံကုန်သွား
(ဆရာ) သော်တာဆွေ
ပြောစကား….
ညောင်းရင်နား မောရင်ထိုင်
ငိုင်ချင်ငိုင် မှိုင်ချင်မှိုင်
နိုင်ချင်လည်း နိုင်မယ်ပေါ့
စိတ်လေးတော့ ခိုင်ပါစေ
မှားလည်းမှား ခါးလည်းခါး
မရပ်မနား ဇာတ်တိုက်ထား
ဘဝဆိုတဲ့ အရှိတရား
နင်လည်းသွား ငါလည်းသွား…
၁၈။ 66th Happy Birthday ပါ အမေစု…
http://myanmargazette.net/52446/uncategorized-other/copypaste
အမေစုအတွက် ကြောင်ကြီးရဲ့ မွေးနေ့ဆုတောင်းလေးပါဗျာ။

၁၉။ လူနဲ့မူ Principles matter most
http://myanmargazette.net/53323/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle
သူပြောချင်တာလေးကို နည်းနည်း ဖတ်ကြည့်လိုက်ပါဗျာ။

လူ နဲ့ မူ တခုခုရွေးပါဆိုရင် ဘယ်ဟာကိုမိတ်ဆွေ ရွေးမလဲ။ ပြိုင်တူသွားမယ်တော့ မပြောနဲ့နော်။ ပြုပြင် ပြောင်းလဲရေး အော်နေပေမဲ့ အတွေးအခေါ်တွေက ဆန့်ကျင်ဖက်ဖြစ်နေရင် အထောက်အကူ မပြုဘဲ အနှောက်အယှက် ဖြစ်သွားတတ်လို့ မိမိကိုယ်မိမိ မကွယ်မဝှက် လေ့လာဆန်းစစ်ကြရင်ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးများဖို့ရာဖြစ်ကြောင်း တွေးမိတာလေးကို ချရေးလိုက်ပါသည်။

လူနဲ့မူ ဘာကိုရွေးမလဲ ဆိုတာလေးကို ဖတ်ကြည့်ကြပါဗျာ။

၂၀။ mdyleaks – သဂျီး Final
http://myanmargazette.net/52569/society-lifestyle/gossip-rumor
ဒီပို့စ်လေးကတော့ အံ့သြစရာကောင်းလောက်အောင် ကွန်းမန့် ၁၃၂ ခု ရခဲ့တဲ့ ကြောင်ကြီးရဲ့ သူကြီးအကြောင်း အပျော်ရေးထားတဲ့ ပို့စ်လေးပါ။ ပျော်ဘို့ကောင်းတဲ့ ပို့စ်လေးတစ်ခုပါဗျာ။

၂၁။ Nasher Museum of Art (Duke University)
http://myanmargazette.net/55798/travel/photography-pictures-galleries-wallpapers-photo-tips
North Carolina ပြည်နယ် Duke University ကိုရောက်တုန်း အနုပညာပြတိုက်မှာ ခိုးရိုက်ထားခဲ့တဲ့ ဓါတ်ပုံလေးများပါ။

၂၂။ စစ်အစိုးရကို အာဇာနည်နေ့မှာ ဒေါ်စု ဘယ်လိုတုံ့ပြန်သင့်သလဲ Martyrdom Day
http://myanmargazette.net/56124/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news
ဒီပို့စ်လေးကတော့ ကြောင်ကြီးရဲ့ နိုင်ငံရေးအမြင်လေးကို ဒေါ်စု ကို အကြံပေးထားတာပါဗျာ။

၂၃။ မတူရင်မတုနဲ့ Copy
http://myanmargazette.net/57268/arts-humanities/burmese-myanmar-asian-culture-mythology-folklore
တိုးတက်မှု နဲ့ ဆုတ်ယုတ်မှု တွဲနေတာလေးကို သတိပေးထားတဲ့ ပို့စ်လေးပါ။
ကိုယ်က အနောက်နိုင်ငံမှာကြီး၊ သူတို့ယဉ်ကျေးမှု ဓလေ့စရိုက် မရဘဲနဲ့ ဟန်မဆောင်ပါနဲ့။ သောက်မြင်ကတ်ပုဒ်မနဲ့ မဆီမဆိုင် ဆွဲပြောရရင် ပစ္စုပ္ပန်ဝါဒီတွေလို ရုပ်နာမ်တောင် မကွဲသေးဘဲနဲ့ အရိယာသစ္စာ စကားပြောသလို ဖြစ်နေပါမယ်။ အနောက်နိုင်ငံတွေ တိုးတက်တာ လိင်ကိစ္စပွင့်လင်းလို့ မဟုတ်ပါ။ တိုးတက်လာလို့ လိင်ကိစ္စပွင့်လင်းလာတာပါ။ မြန်မာပြည်လည်း သူတို့လို တိုးတက်လာရင် လိင်ကိစ္စပွင့်လင်းမှု ရှောင်မရပါဘူး။ ရုပ်ဝတ္ထုတိုးတက်ရင် နာမ်ပိုင်းဆိုင်ရာ ပြဌာန်းချက်များ ဆုတ်ယုတ် သွေဖီကုန်တာ သဘာဝပါ။ ဝမရှိဘဲ ဝိလုပ်လို့ မရပါ၊ ဖင်မနိုင်ဘဲ ပဲကြီးဟင်းသောက်ရင် သုခထက် ဒုက္ခများတတ်ပါကြောင်း မြန်မာစိတ်ဖျောက်လို့ မရသေးတဲ ဝံသာနုကြောင်ကြီးမှ သတိပေးပါသည်။

၂၄။ မြန်မာဘောလုံး ပရိတ်သတ်ညီအကိုများအား ဂုဏ်ပြုလျက် Soccer
http://myanmargazette.net/57870/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news
ကဗျာလေးတစ်ပုဒ်ပါဗျာ။

၂၅။ ပေးတိုင်းမယူ ကျွေးတိုင်းမစားနဲ့၊ ကိုယ့်နေရာ ကိုယ်နေ Smart
http://myanmargazette.net/58676/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news
အမေစုကို စိတ်ပူလို့ ရေးထားတဲ့ ကြောင်ကြီး ရဲ့ နိုင်ငံရေး ပို့စ်လေးပါပဲ။ ကွန်းမန့်လေးများထဲက သူကြီး ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်။

kai says:
ကိုရင်ကြောင်ကြီးကြည့်ရတာ… တခါတခါ.. ဒေါ်စုကိုများ စာသင်ပေးနေသလားလို့ထင်မိတယ်..။
ပြောလို့တော့မရဘူး… ဒေါ်စုကလည်း.. ဒီမှာ..လာဖတ်ချင်ဖတ်နေမှာဆိုတော့…။
တော်ကြာ..နင်ပါငါနဲ့လိုက်ခဲ့ဆိုမှ..

ကြောင်ကြီး ရဲ့ ကွန်းမန့်လေးကိုလည်း ဖေါ်ပြပေးလိုက်ပါတယ်။ ဒီ ကွန်းမန့်လေးက ကြောင်ကြီးရဲ့ အမေစု အပေါ်ထားတဲ့ စိတ်ကလေးကို ပေါ်လွင်စေပါတယ်ဗျာ။

ကြောင်ကြီး says:
မလှောင်ပါနဲ့ သဂျီးရယ်။ ဒေါ်စုသည် ကျနော်တို့ရဲ့ ဒုတိယအမေ၊ မြန်မာတို့ရဲ့ အမျိုးသားခေါင်းဆောင်ပါ။ သဘောကောင်းလွန်းတဲ့အမေကို ခပ်ဆိုးဆိုးသားမိုက်တဦးရဲ့ အပြောအဆိုမတတ်တဲ့ စေတနာစကားပါ။ ဒါမှမဟုတ်လည်း ကာရန်ငှဲ့လို့ သဒ္ဒါစည်းကမ်းချိုးဖောက်လိုက်ရတဲ့ ကဗျာတပုဒ်ပါ။ ကေသရာဇာခြင်္သေ့လို မြင့်မြတ်လှတဲ့ အမေ့ကို ကောက်ကျစ်ယုတ်မာတဲ့ မြေခွေးအုပ်တွေရန်က အကာကွယ်ပေးဖို့ လူတွေမုန်းတဲ့ ဝံပုလွေအဖြစ် သတ်မှတ်ခံရလည်း ကျေနပ်ပါတယ်။ အပြောအဆို အရေးအသား လွန်ကြူးသွားခဲ့ရင် အမေစုကို ဒီနေရာက ဒူးထောက်ရှိခိုး တောင်းပန်ပါတယ်။ ဒေါ်စုမပြောနဲ့ သူ့အနားက အန်အယ်ဒီအဖွဲ့ဝင်တဦးလောက်တောင် သမိုင်းကြောင်း၊ အနစ်နာခံစွမ်း၊ ညဏ်ပညာနဲ့ ရဲစွမ်းသတ္တိ မရှိရိုးအမှန်ပါ။ ဆီနိတ်တာအမတ် ဂျင်ဝက်ဘ်လာတုန်းက ဒေါ်စုပြောခဲ့တဲ့ ” ကျမတို့က လက်တွေ့လုပ်ကိုင်နေသူများဖြစ်ပါတယ်’ ဆိုတဲ့တုံ့ပြန်မှတ်ချက်စကားကိုလည်း အစဉ်သတိရလျက်ရှိပါကြောင်း ထပ်လောင်းပြောလိုပါတယ်။
ကယ်ကြပါအုံး ရွာသားတို့ရေ.. သဂျီး အောက်လမ်းနည်းသုံးပြီး ကျနော်တို့အချင်းချင်းကို သွေးကွဲအောင် ရန်တိုက်ပေးနေပါတယ်။

ကြောင်ကြီးဘက်က ထောက်ခံပေးခဲ့တဲ့ ကွန်းမန့်လေးတစ်ခုကိုလည်း အမှတ်တရ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
unclegyi1974 says:
ဦးအောင်ကြည်ဒေါ်စုနဲ့တွေ့တာ၁၀ကြိမ်ရှိပါပြီ
တိုးတက်မှုရှိပါတယ်ဆိုတဲ့စကားလေးတခွန်တိုးတက်လာပါတယ်
ကိုကြောင်ကြီးအန်တီစုကိုအကြံပေးတာပြောပြောသတိပေးတာပြောပြော
မလွန်ဖူးလို့ယူဆပါကြောင်း။

၂၆။ ဆင်ဖြူတော်ကြီး စပ်ဖြီးဖြီး aircraft carrier
http://myanmargazette.net/61598/economic-news-international-news-news-industry-people-in-the-news-us-news-news/world-news
ဒီပို့စ်လေးကတော့ နိုင်ငံတကာ စစ်ရေးအမြင်လေးများကို ဝေငှထားတာပါ။

၂၇။ နိုမ်ငန်ဒေါ်စိုဗဲ State
http://myanmargazette.net/61068/creative-writing/modern-critics-professionalsamateurs-judge
နာမည် ကို ဖတ်ကြည့်ရုံနဲ့ တင် ဘာရေးထားတာလဲလို့ စွဲဆောင်မှု ရှိပါတယ်။ ဗျာ ကျွန်တော် ပြောတော့ဘူး။ ကိုယ်တိုင်သာ ဖတ်ကြည့်ကြတော့။

၂၈။ တခရီးထဲသွား One Journey
http://myanmargazette.net/62452/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion
ဒီပို့စ်ကလည်း ကြောင်ကြီးရဲ့ နိုင်ငံရေး အကြံပေးချက်လေးတစ်ခုပါပဲဗျာ။
“စစ်အစိုးရသမတ ဦးသိန်းစိန်ရဲ့ ပြည်ပအတိုက်အခံများကို ပြည်တော်ပြန်လာဖို့ ခွင့်ပြုမယ်ဆိုတဲ့ မိန့်ခွန်းအပြီးမှာ သူတို့ရဲ့ ကမ်းလှမ်းချက်ကနေ စဉ်းစားမိတာတခုကို ပြောချင်ပါတယ်”

၂၉။ ဘာလဲကွ ဘာလဲဘဝ ဩော်ဒုက္ခ Sufferings
http://myanmargazette.net/63942/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle
ဒုက္ခ အကြောင်းဆွေးနွေးထားတဲ့ ကြောင်ကြီးရဲ့ ပို့စ်ကောင်းလေးတစ်ခုပါဗျာ။ weiwei နဲ့ ကြောင်ကြီးတို့ရဲ့ အပြန်အလှန် ကွန်းမန့်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်လေးပါဗျာ။

၃၀။ ကံမယုံသူ သဂျီး နှင့် Billionaire မဖြစ်သူ ကြောင်ကြီး
http://myanmargazette.net/64314/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
ဒါကတော့ သူကြီးကို သရော်ထားတဲ့ သရော်စာပို့စ်လေးပါဗျာ။ သူကြီးနဲ့ ကြောင်ကြီးတို့ရဲ့ အပြန်အလှန်ကွန်းမန့်တွေနဲ့ ဖတ်လို့ကောင်းတဲ့ ပို့စ်လေးတစ်ခုပါ။

၃၁။ “ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…” (Steve Jobs ပြောကြားခဲ့သည့် မိန့်ခွန်း)
http://myanmargazette.net/64860/uncategorized-other/copypaste
ဒါလေးကတော့ Steve Jobs ချစ်သူတွေနဲ့ အဆင်ပြေမယ့် ပို့စ်လေးပါဗျာ။

၃၂။ ဂျော်နီအောင်ဘု၊ ဂျော်လကီဘုနှင့် ဆရာကြောင်ကြီး Advice
http://myanmargazette.net/66384/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle
ဒါလေးက ကိုအောင်ပုကို စထားတဲ့ ပို့စ်လေးပါ။ ကွန်းမန့်လေးတွေနဲ့ ပျော်စရာကောင်းတဲ့ ပို့စ်လေးပါဗျာ။

၃၃။ ဘုရားနဲ့ အမျိုးတော်မတော်တော့ မသိဘူး….Devine Ancestry
http://myanmargazette.net/68954/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle
ဗုဒ္ဓဘုရား မြန်မာလူမျိုးဟုတ်မဟုတ်နဲ့ ပတ်သက်လို့ ကြောင်ကြီးရဲ့ အမြင်ကို ရေးထားတဲ့ ပို့စ်လေးပါ။ ကိုအောင်ပု ရဲ့ ကွန်းမန့်ရှည်ကြီးနဲ့ ဖတ်သင့်တဲ့ ပို့စ်တစ်ခုပါဗျာ။

၃၄။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြောင်ကြီး Commander-In-Chief
http://myanmargazette.net/69805/society-lifestyle/aha-jokes
ရွာထဲက လူတွေကိုပါ ပို့စ်ထဲ ဆွဲထည့်ပြီး ရေးထားတဲ့ ပြောင်မြောက်တဲ့ ကြောင်ကြီးရဲ့ သရော်စာတစ်ပုဒ်ပါဗျာ။ ရယ်ရတယ်ဗျို့ ကြောင်ကြီးရေ။

၃၅။ Apple computer အရှင်သခင် စတိဂျော့ဗ် သေပြီ Dead
http://myanmargazette.net/71321/economic-news-international-news-news-industry-people-in-the-news-us-news-news/u-s-news ဒါကတော့ စတိဂျော့ဗ် ကွယ်လွန်သွားကြောင်း သတင်းလေးတင်လာတာပါ။ အတည်အခန့်ရေးလာပြီးမှ ပို့စ်အဆုံးသတ်မှာ ဒီလိုလေးရေးလိုက်တော့ စိတ်မကောင်းဖြစ်နေတဲ့ စာဖတ်သူကို ပြုံးစေခဲ့ ပါတယ်ခင်ဗျာ။
ပန်းသီးတို့ရဲ့ အရှင်သခင် စတိဂျော့ဗ်တယောက် ကောင်းရာသုဂတိလားပါစေကြောင်းနဲ့ မန္တလေးဂေဇက် အယ်ဒီတာချုပ်ဦးခိုင်၊ တွဲဖက်အယ်ဒီတာချုပ်မဒမ်ခိုင်၊ ဒုတိယအယ်ဒီတာချုပ် သမီးခိုင်၊ လက်ထောက် အယ်ဒီတာချုပ်သားခိုင်၊ တာဝန်ခံအယ်ဒီတာ Mr Kai၊ အယ်ဒီတာအဖွဲ့ဝင် ခိုင်ကိုင်၊ ကိုင်ခိုင်၊ ကိုင်ကိုင်၊ ခိုင်ခိုင်၊ မော်ဒရေတာ ကိုင်ချင်ရာကိုင်၊ ကိုင်ချင်သလိုကိုင်၊ ရုံးအဖွဲ့ဝင် အရမ်းခိုင်၊ သိပ်သိပ်ခိုင် တို့နဲ့ မန်းဂေဇက် ရွာသူရွာသား မိသားစုဝင်များမှ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ကွန်းမန့်တွေ အများကြီးနဲ့ စည်ကားခဲ့တဲ့ ပို့စ်တစ်ခုပါ။ ထူးခြားတာက အင်ဇာဂီ ရဲ့ ကွန်းမန့်ကို မတွေ့မိတာကိုပါ။ စတိဂျော့ဗ်ဆို သူပါနေကျကို ဘယ်များရောက်နေခဲ့တယ်မသိ။

၃၆။ သမတဂျီးရဲ့ ရေစီးကမ်းပြို စေတနာ Fake Gesture
http://myanmargazette.net/73230/uncategorized-other/copypaste
ဒီပို့စ်ကတော့ ကြောင်ကြီးရဲ့ နိုင်ငံရေး ပို့စ်တစ်ခုပါဗျာ။

၃၇။ တူဒို့ဂ ဗဓူဒွေယဲ 1%? Occupy the Wall Street !
http://myanmargazette.net/74809/economic-news-international-news-news-industry-people-in-the-news-us-news-news/u-s-news
လူချမ်းသာတွေ ၀င်ငွေတိုးတက်နေပေမယ့် လူလတ်တန်စားများဝင်ငွေကတော့ ရပ်တန့်နေတဲ့အကြောင်း အမေရိကန် ရေပေါ်ဆီ ဝင်ငွေပြဂရပ်ဖ် ကိုပါဖေါ်ပြ၍ ရေးထားသော ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။

၃၈။ ဘာဆန်းလဲ…. No wonder !
http://myanmargazette.net/76673/arts-humanities/burmese-myanmar-asian-culture-mythology-folklore
ဆင်းရဲနိမ့်ကျနေတာဘာသာတရားကြောင့်လား၊ ဘာသာတရား အဆုံးအမကို မလိုက်နာ ကြလို့လား ဆိုတဲ့ စဉ်းစားစရာတစ်ခုကို ချပြထားပါတယ်။ ပြီးတော့ မကျေမနပ် ရေရွတ်ရင်း ပို့စ်ကို အဆုံးသတ်ထားပါတယ်။
လူလည်း လူအလျောက်၊ ဘုန်းကြီးလည်း ဘုန်းကြီးအလျောက်၊ အုပ်ချုပ်သူလည်း အုပ်ချုပ်သူအလျောက်၊ ပြည်သူလည်း ပြည်သူအလျောက် စည်းဖောက်မှတော့ မြန်မာတွေ ဘေးရောက်တာ ဘာဆန်းလဲ……။

၃၈။ သဂျီးရေ သောက်သောက်…..DaJyee gets drinking
http://myanmargazette.net/77122/economic-news-international-news-news-industry-people-in-the-news-us-news-news/u-s-news
နယူးယောက်မြို့နဲ့ Long Island ဒေသတဝိုက် ပြေးဆွဲတဲ့ ဒေသဆိုင်ရာ အစိုးရတပိုင်း LIRR ရထား ကုမ္မဏီ အငြိမ်းစားရံပုံငွေ ဒေါ်လာသန်းတထောင်ကျော် အလွဲသုံးစားမှုကြီးကို ဖက်ဒရယ်ပြည်ထောင်စု အစိုးရမှ စုံစမ်းစစ်ဆေး နေတဲ့ အကြောင်းနဲ့ အစိုးရကောင်းရင် အုပ်ချုပ်မှု စံနစ်မှန်ရင် တိုင်းပြည်တိုးတက်တဲ့ အကြောင်း၊ မူထက်လူက အရေးကြီးကြောင်း သဂျီးကိုတိုင်တည်ပြီး ဘာသာပြန်သတင်းလေးကို ကိုးကားပြီး ပေါ့ပေါ့ပါးပါးရေးထားတဲ့ ပို့စ်ကောင်းလေးတစ်ခုပါ။ သူကြီး ဦးဆောင်တဲ့ ကွန်းမန့်လေးများနဲ့ မဖတ်မဖြစ် ဖတ်ဖြစ်အောင် ဖတ်ကြဘို့ တိုက်တွန်းချင်တဲ့ ပို့စ်လေးဖြစ်ပါတယ်။

၃၉။ မြန်မာပြည်ဆင်းရဲခြင်းအကြောင်း China factor
http://myanmargazette.net/78073/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news

၄၀။ အမြောက်ဆိုတာ ပစ်ဖို့ပါ Artillery
http://myanmargazette.net/78491/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news
ဒါကတော့ နိုင်ငံရေး ပို့စ်လေးတစ်ခုပါဗျာ။

၄၁။ ဖုံးခြင်း၊ ဖော်ခြင်း Cover/ Uncover
http://myanmargazette.net/78600/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news
ဒါလည်း နိုင်ငံရေး ပို့စ်တစ်ခုပါပဲ။ နည်းနည်း ဖတ်ကြည့်ဗျာ။
ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံ စစ်တပ်များလို ပြုပြင်ပြောင်းလဲလိုစိတ်ရှိသူများ စစ်တပ်အတွင်း နေရာရ မထားဘူး။ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများမှာလို တင်းကျပ်လှတဲ့ အရပ်သား အုပ်ချုပ်ရေးစနစ် ဖြစ်လာမယ့်ကိန်းသာ ရှိနေပါတယ်။ လွှတ်တော်မှာ ဇီးထုပ်အတွင်း ဆိုးဆေးများတာ၊ မြောင်းဖော် သန့်ရှင်းရေး လုပ်ပြီး အဖုံးပြန်မဖုံးခဲ့၊ အမှိုက်ကား နေ့စဉ်မှန်မှန်မလာ၊ လာလည်း ခေါင်းလောင်းမတီးတာ စတာတွေတော့ ပြောခွင့်ပေးထားအုံးမယ်လို့ ယူဆပါတယ်။

၄၂။ အစရှိ အနောင်နောင် bad habit
http://myanmargazette.net/80214/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion
ဒီပို့စ်ကတော့ နိုင်ငံရေးအကျဉ်းသား ကိစ္စနဲ့ ပတ်သက်ပြီး NLD ကို အကြံပေးထားတာလေးပါ။
အန်အယ်ဒီအနေနဲ့ မှတ်ပုံတင်၊ မတင်ရေးကို နိုင်ငံရေးအကျဉ်းသား ကိစ္စနဲ့ လဲလှယ်ခဲ့ရင် နောင်လည်း ဒီလိုပဲ အလုပ်ခံရပါအုံးမယ်။ ပြန်ပေးအဆွဲခံရတဲ့အခါ ငွေပေးရွေးလိုက်ရင် အခြားသူများလည်း ဆက်ခါဆက်ခါ ပြန်ပေးအဆွဲခံရသလိုပါပဲ။

၄၃။ မိုးလောက်ကြီး ချစ်ပါတယ် Sky-like love
http://myanmargazette.net/80426/creative-writing
နိုင်ငံရေး နဲ့ ပတ်သက်တဲ့ ကဗျာတစ်ပုဒ်ပါခင်ဗျာ။

၄၄။ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား…
http://myanmargazette.net/80698/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news
ဒါလည်း အဲဒီအချိန်က ဖြစ်နေတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပို့စ်လေးတစ်ခုပါဗျာ။

၄၅။ တရုတ်ကြီး အဟုတ်တီး ခံရတော့မည်လော….. knock-out
http://myanmargazette.net/82126/economic-news-international-news-news-industry-people-in-the-news-us-news-news/world-news
ဒီပို့စ်ကတော့ နိုင်ငံတကာဆက်ဆံရေးအမြင်တစ်ခုကို ရေးထားတာပါ။ ကိုသစ်မင်း ရဲ့ ကွန်းမန့်ရှည်ကြီးနဲ့ မြိုင်ဆိုင်တဲ့ ကြောင်ကြီးရဲ့ လက်ရာ ပို့စ်လေးတစ်ခုဖြစ်ခဲ့ပါတယ်ဗျာ။

၄၆။ မစ္စကလင်တန် နှင့် သံမဒဂျီးဦးကြောင်စိန် တွေ့ဆုံပွဲ meeting
http://myanmargazette.net/83078/society-lifestyle/aha-jokes
နိုင်ငံရေး သရော်စာလေးတစ်ပုဒ်ပါ။

၄၇။ ဦးကြောင်ကြီး ပြန်ကြားရေးဝန်ကြီးဖြစ်လျင် If…
http://myanmargazette.net/86758/society-lifestyle/aha-jokes
တော်တော် ရယ်ရတဲ့ ကြောင်ကြီးရဲ့လက်ရာတစ်ခုပါဗျာ။ ရယ်ချင်ရင် ဖတ်ကြဗျာ။

၄၈။ အာဏာရှင်ကြောင်ကြီးသေဘီ Death
http://myanmargazette.net/87591/society-lifestyle/gossip-rumor
ဒီပို့စ်ကတော့ ကြောင်ကြီးရဲ့ နောက်ဆုံးတင်ထားတဲ့ ပို့စ်လေးပါ။ တော်တော် ရယ်ရတဲ့ ဟာသစာစုတစ်ခုပါဗျာ။
ကိုကြောင်ကြီးရေ။ တတ်နိုင်သလောက် ပြန်စုစည်းလိုက်တာပါဗျာ။ လိုအပ်တာများ ရှိရင်ခွင့်လွှတ်ပေးပါလို့ ပြောရင်း ကျွန်ုပ်မာဆက်ကိုလစ်ပြီဗျို့။

black chaw

About black chaw

black chaw has written 332 post in this Website..