မေ ၂၄-ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အဆင့်မြင့်မင်္ဂလာဈေး မီးလောင်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူသုံးဦးအား မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ မီးပေါ့ဆမှုဖြင့် ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖမ်းဆီးအရေးယူခံရသူများမှာ စ(၈၀/၈၁) ဆိုင်ပိုင်ရှင်များဖြစ်သည့် ဦးတင်အောင်၊ မသီတာရွှေ (ခေါ်) မသီတာနှင့် မခင်မာအေးတို့ ဖြစ်ကြီးပြီး လျှပ်စစ် ရေနွေးအိုးအသုံးပြုပြီးနောက် မေ့လျော့ပြီး ပလတ်ပေါက်မဖြုတ်မိခဲ့ရာမှတစ်ဆင့် ယခုကဲ့သို့ မီးစတင် လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါမီးကြောင့် မင်္ဂလာဈေး စတုတ္ထထပ် တစ်ထပ်လုံး လောင်ကျွမ်းခံခဲ့ရပြီး အလှကုန်ဆိုင်ခန်း ၃၉၉ ခန်း၊ ဆေးဝါး အရောင်းဆိုင်ခန်း ၃၉၈ ခန်း စုစုပေါင်း ၇၉၇ ခန်းနှင့် အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင် ၄၈ ဆိုင်ပါ မီးလောင်ကျွမ်းခဲ့ကြောင်း၊ ပစ္စည်းဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ငွေကျပ်သိန်းပေါင်း ၂၀၉၂၆၃ သိန်း ဖြစ်ကြောင်းနှင့် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား တွက်ချက်ဆဲ ဖြစ်ကြောင်း သိရှိရသည်။

About Bayote

Bayote has written 395 post in this Website..