မင်္ဂလာဈေးမီးလောင်ကျွမ်းမှုတွင် တာဝန်ရှိသူသုံးဦးအားဖမ်းဆီး

BayoteMay 28, 20101min625

မေ ၂၄-ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အဆင့်မြင့်မင်္ဂလာဈေး မီးလောင်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူသုံးဦးအား မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ မီးပေါ့ဆမှုဖြင့် ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖမ်းဆီးအရေးယူခံရသူများမှာ စ(၈၀/၈၁) ဆိုင်ပိုင်ရှင်များဖြစ်သည့် ဦးတင်အောင်၊ မသီတာရွှေ (ခေါ်) မသီတာနှင့် မခင်မာအေးတို့ ဖြစ်ကြီးပြီး လျှပ်စစ် ရေနွေးအိုးအသုံးပြုပြီးနောက် မေ့လျော့ပြီး ပလတ်ပေါက်မဖြုတ်မိခဲ့ရာမှတစ်ဆင့် ယခုကဲ့သို့ မီးစတင် လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါမီးကြောင့် မင်္ဂလာဈေး စတုတ္ထထပ် တစ်ထပ်လုံး လောင်ကျွမ်းခံခဲ့ရပြီး အလှကုန်ဆိုင်ခန်း ၃၉၉ ခန်း၊ ဆေးဝါး အရောင်းဆိုင်ခန်း ၃၉၈ ခန်း စုစုပေါင်း ၇၉ရ ခန်းနှင့် အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင် ၄၈ ဆိုင်ပါ မီးလောင်ကျွမ်းခဲ့ကြောင်း၊ ပစ္စည်းဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ငွေကျပ်သိန်းပေါင်း ၂၀၉၂၆၃ သိန်း ဖြစ်ကြောင်းနှင့် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား တွက်ချက်ဆဲ ဖြစ်ကြောင်း သိရှိရသည်။

5 comments

  • moethiha

    May 28, 2010 at 4:47 am

    အင်းကောင်းကောင်းကြီးကိုအရေးယူသင့်ပါတယ်။

  • yannaingech

    May 28, 2010 at 5:09 am

    ဈေးကတော့ပြာဖြစ်သွားပြီ။ ဆိုင်ပိုင်ရှင်တွေ အာမခံထားဖြစ်ခဲ့ကြရဲ့လား။ မန္တလေးရတနာပုံဈေးနောက်ပိုင်းကတည်းက အာမခံထားကြဖို့သင်္ခန်းစာရခဲ့ကြပြီလား။

  • myominkhine

    May 28, 2010 at 6:53 am

    နောက်ဆိုအရာအားလုံးကို အာမခံထားရမလိုဖြစ်နေပြီ

  • etone

    May 29, 2010 at 2:09 am

    မီးက ပျက်လိုက်လာလိုက်ဆိုတော့လေ မေ့တဲ့လူကလည်းမေ့မှာပေါ့နော် ။ အခန့်မသင့်တဲ့အချိန်ကျတော့ ဖြစ်သွားတာပါ ။

  • winne

    July 11, 2010 at 3:59 am

    ကြားသိရတာကတော့ Doaru မိတ်ကပ်နှင့် အလှကုန် ဆိုင်ပိုင်ရှင် ရှယ်ယာဝင် သူဠေးတဲ့ နောက်အမျိုးသမီးကတော့ ဆိုင်က အရောင်းဝန်ထမ်းပါ မသီတာ တည်တဲ့ ရေနွေးအိုးပါ.. နောက်ပြီးတော့ အဲဒီ သူဠေးက သူဝန်ထမ်းတွေကို အရမ်းကြည့်ရှုတယ်လို့ပြောတယ် တခြားရှယ်ယာဝင်သူဠေးတွေကတော့ ဘယ်သူတွေ ဘာဖြစ်ဖြစ် ဂရုမစိုက်ကြဘူးတဲ့ အခု အဲဒီ စက်ရုံမှာ လုပ်နေတဲ့ ဝန်ထမ်းတွေက သူဠေးကို ထောင်ဝင်စာသွားတွေ့ပြီး စိတ်မကောင်း ဖြစ်နေကြတယ်။

Leave a Reply