သစ်ခွချစ်သူတို ့စိတ်ကြည်နူးစေဖို ့ နှစ်သစ်လက်ဆောင်(၁)

mandalarthuDecember 24, 20112min13012

ဒီနေ  ့  (၂၄-၁၁-၂၀၁၁)နေ ့ မနက် ပိုင်း မှာ ကျွန်မ မေမေနဲ ့အတူ  ကျူံးရဲ ့မြောက်ဘက်မှာရှိတဲ ့သစ်ခွခြံလေး တခြ ံဆီ သစ်ခွပင်လေး တွေ ဝယ်ယူဖို ့ရောက်ရှိခဲ ့ပါတယ်။ သားအမိနှစ်ယောက်လုံး က သစ်ခွ ချစ်တတ်သူများ မို ့ကိုယ် ့ခြံလေးထဲ မှာ သစ်ခွပန်းလေးတွေ ဝေဆာပွင် ့ဖူးနေရင် စိတ်ချမ်းမြေ  ့ပျော်ရွှင် ရပါတယ်။ဒါကြောင် ့မို ့ မန္တလေး မြို ့မှာ ရှိတဲ ့ သစ်ခွခြ ံတော်တော်များများကို ရောက်ဖူးပေမယ် ့ ဒီ သစ်ခွခြံလေးကတော ့ ဈေးချို ပြီး မျိုးဆန်းတွေ စုံလင်လှတာမို ့အမြဲလို လို ဝယ်ဖြစ်နေကျဆိုင် ကလေးပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကျုံးနံဘေးက ဖြတ်သွားတိုင်း ငေးယူရလောက်တဲ ့သစ်ခွလေးတွေ က ခြံထဲမှာ ဝယ်ပါ ယူပါနဲ ့လက်ယပ်ခေါ်နေသယောင်ပါဘဲ။

သစ်ခွချစ်သူတို ့ဝင်မကြည် ့ဘဲ မနေနိုင်လောက် အောင် ဆန်းပြားစုံလင် တဲ ့သစ်ခွပန်းလေးတွေ က ညှိုု ့ယူနေပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အဲဒီနေ ့က သစ်ခွခြံလေးဆီ ရောက်သွားတော ့ မေမေ ကတော ့ ထုံးစံ အတိုင်း အိမ်မှာ ရှိပြီးသား သစ်ခွ ပင်တွေနဲ ့မတူတဲ ့ဒီဇိုင်း မျိုးလေးတွေ ရွေးချယ်ကြည် ့နေတာပေါ ့။

ကျွန်မကတော ့ဟိုငေး ဒီငေး ကူရွေးပေးရင်းနဲ ့ ကင်မရာလဲ ပါလာတာနဲ ့ ဂေဇက်အဖွဲ ့ဝင် ရွာသူ ရွာသားတွေကို သတိရမိပြီး သစ်ခွချစ်သူတွေ အတွက် စိတ်ရွှင်လန်းစေဖို ့ လှပ ဆန်းပြားတဲ ့ပန်းကလေးတွေ ကို မှတ်တမ်းတင်မိပါတယ်။

ဆိုင်လေးနာမည်ကတော ့ “ပန်းမင်း” သစ်ခွ ခြံပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

လာမယ် ့နှစ်သစ်မှာ

ဂေဇက်ရွာသူ ရွာသား အားလုံးနှင် ့

သစ်ခွချစ်သူ တို ့ နေ ့စဉ်ဘဝစိတ်ဖိစီးမှုတွေမှ ပြေလျော ့ကျပြီး

သစ်ခွပန်းကလေးတွေ အလှကို ခံစားကာ

စိတ် ရွှင်လန်းချမ်းမြေ ့ကြပါစေလို ့

ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

 

 

 

 

12 comments

  • KING

    December 24, 2011 at 8:47 pm

    သစ်ခွတွေ လှတယ်
    အပြင်မှာလိုချင်တယ် … ဘယ်လိုလုပ်ရပါ့ …

  • KING

    December 24, 2011 at 8:54 pm

    ★*˚°。°*。°*。 ★*˚°。°*。°˚°★*˚°。°*。°*★*˚°。°*。°*★
    ˛°_██_*˚°。°/♥ \*˚°。°*。°*★*˚°。°*。°*★*˚°。°*。°*★
    ˛. (´• ̮•)*.。*/♫.♫\*˛.*˛_Π_____*˚°。*。°*❤*˚°。°*。°*★
    .°( . • . ) ˛°./• ‘♫ ‘ •\.˛*./______/~\*˚°。°*。°*°*❤ ˚°*★
    *(…’•’.. ) *˛╬╬╬╬╬˛°.|田田❤|門|╬╬╬╬╬*˚°。°*。°* ♥
    ★*˚°。°*。°*。★ MERRY CHRISTMAS & HAPPY NEW YEAR ★

  • windtalker

    December 24, 2011 at 8:55 pm

    မန်တလာသူလေးရဲ ့
    ခရစ်စမတ် လက်ဆောင်
    ပန်းလှလှလေးတွေ ကို
    မန်တလာသား မစ်စတာပေ မှ
    ယူဆောင်သွားပါကြောင်း

    • mandalarthu

      December 25, 2011 at 2:23 pm

      ကိုု king ရေ
      သစ်ခွပန်းလေးတွေ က နှစ်သစ်လက်ဆောင်မို ့အပိုင်သာ ယူထားလိုက်တော ့……
      အပင်ပန်းခံပြီး ဝယ်မနေပါနဲ ့တော ့နော်……
      ခရစ်စမတ်လက်ဆောင်လေးအတွက်လည်း ကျေးဇူးပါနော်။
      ကိုပေရေ
      အိမ်က မဒီကို လဲ ပေးဖို ့မမေ ့နဲ ့နော်။ အလှဆုံးတွေကိုသာ ရွေးပေးလိုက်ပါ။
      ကိုပေ ့ရဲ ့ဂေဇက် ရွာ အတွက် ခရစ်စမတ်လက်ဆောင် ကရော ဘယ်မှာလဲ…….

  • ပန်းကလေးတွေလှသလို
    ပန်းပေးသူလဲလှပါစေ။
    ပန်းကလေးတွေမွှေးသလို
    ပန်းပေးသူလဲအေးပါစေ

  • hmee

    December 24, 2011 at 10:13 pm

    ခရမ်းရောင်လေး အရမ်းလှတာပဲ။ သစ်ခွပန်း အရမ်းကြိုက်။

  • mandalarthu

    December 25, 2011 at 2:31 pm

    ကိုပေါက်ရဲ ့ လှပတဲ ့ကဗျာ ဆုတောင်းလေး အတွက် ကျေးဇူးပါနော်။
    နှစ်သစ်မှာ ကိုပေါက်လည်း အတွေးသစ် အမြင်သစ်တွေကို
    ဂေဇက် မှာ ဆက်လက် မျှဝေ နိုင်ပါစေ။
    သစ်ခွကြိုက်သူ မှီရေ
    မှီ က ခရမ်းရောင်ကြိုက် မှန်း သိရင် အများကြီး ရိုက်ခဲ ့ပါတယ်။ အဲဒီမှာ တပင်တည်း ရှိတော ့လို ့တပွင့်တည်း တင်လိုက်ရတာ..နောက် မှ များများ တင်မယ်နော်…..
    သစ်ခွချစ်သူ တု ိ့ အတွက် တို ့ရဲ ့နှစ်သစ်လက်ဆောင်ပါ။….

  • manawphyulay

    December 25, 2011 at 5:53 pm

    ် အဲဒီသစ်ခွခြံကို မန်းလေး လာရင် လိုက်ပို့ရမယ်နော်။ ဈေးချိုတယ်ဆို အပင်တွေကော ခွဲရောင်းလားဟင်…

    • mandalarthu

      December 25, 2011 at 10:57 pm

      မနောရေ
      မန္တလေးကိုလာရင် ကြိုပြောလေ။လိုက်ပို ့ပေးပါ ့မယ်။ Zoo နားက ” ပန်းမင်း” သစ်ခွဆိုင်ပါ။
      အပင်တွေ က တပင်ချင်းဆီ ခွဲရောင်းတ ာမို ့ဈေးမများဘဲနဲ ့တနေရာထဲမှာ ဆန်းပြားတဲ ့သစ်ခွ ပန်းမျိုးစုံ ရနိုင်ပါတယ်။တို ့တွေ အမြဲ ဝယ်နေကျပါ။
      သစ်ခွချစ်သူ မနော… နှစ်သစ်မှာ…ပျော်ရွှင်ပါစေ။

  • koaung

    December 25, 2011 at 6:14 pm

    လှပါ၏ ကျေးဇူးတင်ပါ၏

  • alinsett

    December 25, 2011 at 7:01 pm

    Mandalarthu ေ၇..။
    သိပ်ဆွဲဆောင်မှုရှိတဲ ့ ပန်းလေးတွေ ပါ ။

    တစ်ပွင့်ချင်းစီးဟာ..
    ပန်းချီးကားတစ်ချပ်ချင်းစီပါပဲ..။

    ကိုယ့်စိတ်တွေ ကြည်လင်သွားပါတယ် ။

    ကျေးဇူးပါပဲ..နော်။

    အနုပညာကို ချစ်တဲ ့သူဆိုတာ ပန်းလေးတွေ ကိုလည်း ချစ်တတ်ပါတယ် ။
    ကိုယ် ချစ်တဲ ့ပန်းပွင့်တွေ ကို ကိုယ် ကြည့်ဖို ့လိုအပ်နေတဲ ့အချိန်မှာ..
    မြင်တွေ ့ရအောင် တင်ပြပေးလို ့ တကယ့်ကို ကျေးဇူးတင်ပါတယ်ဗျာ..။ မျှော်လင့်နေပါသေးတယ်။

    လေးစား ခင်မင်စွာ..
    အလင်းဆက်

  • mandalarthu

    December 25, 2011 at 11:08 pm

    ိကိုအောင်ေ၇…..နှစ်သစ်လက်ဆောင်သစ်ခွပန်းလေးတွေကို ခံစားကြည် ့ရှုသွားတဲ ့အတွက် ကျွန်မကလည်းကျေးဇူးပါနော်။
    အလင်းဆက်ရေ……..
    အနုပညာကို အမြဲ ချစ်မြတ်နိုးတဲ ့အလင်းဆက် တယောက်
    အနုပညာမျက်စိနဲ ့သစ်ခွပန်းလေးတွေ ကို ခံစားမိမယ်ဆို တာ ယုံကြည်ပါတယ်။
    ကျွန်မရဲ ့နှစ်သစ်လက်ဆောင်လေးကို လက်ခံရလို ့ကြည်လင်တဲ ့စိတ်လေး ခေတ္ထ ခဏ ဖြစ်ရတယ်ဆိုရင်ဘဲ
    ကျေနပ်မိပါတယ်။ နှစ်သစ်မှာ အာရုံတွေလန်းလို ့နေ ့သစ်တိုင်း နှစ်သက်ကြည်နူးရွှင်လန်းပါစေ။

Leave a Reply