“ငဆန်နီ၏ Boxing Day ခန္တာဖတ်စာ”

SonnyDecember 24, 20111min11812

“ငဆန်နီ၏ Boxing Day ခန္တာဖတ်စာ”

 

အအေးကကဲကဲလေး

နှာကစေးသနဲ့။

ချောင်းဆိုးကမညှာ

လည်ပင်းကနာ။

မျက်စေ့ကပါဝါတက်

ဒူးခေါင်းကွေးဆန့်ခက်။

ခြေစွယ်ကငုတ်

ပုဏားမနဲ့ထုတ်။

ခေါင်းကကိုက်

ဇက်ကငိုက်။

အာရုံတွေထွေပြား

အို..အစားကပျက်

အအိပ်ကခက်။

စိတ်ကမနက်

အိပ်ထခက်တဲ့ နှောင်ကြိုးများ။

 

ချစ်ခြင်းအားဖြင့်…ကိုဆန်နီ    24-12-2011

Merry Xmas to all of my Mandalay Gazette friends!!!!!!

 

12 comments

  • ငပေါက်ဖော်

    December 24, 2011 at 11:10 pm

    အသာလုပ်ပါ ဆရာဆန်ရေ…
    အနော်တို ့လဲတူတူဘဲခင်ည
    အားမငယ်နဲ ့ တိယား..
    😕

  • Sonny

    December 24, 2011 at 11:34 pm

    ကိုပေါက်ဖေါ်ရေ
    စာရေးလိုက်တဲ့ အသံ (Tone) လေးထဲမှာ
    (အသာလုပ်ပါ ဆရာဆန်ရေ…
    အနော်တို ့လဲတူတူဘဲခင်ည)
    ဆိုတာလေးက အကို တစ်ယောက်ကောက်ရသလိုပါပဲ။
    ကျွန်တော့်ခန္တာဖတ်စာကအမှန်ပါ။ အခု ချေမတော့ ပျောက်သလောက်ဖြစ်သွားပြီ။
    ချစ်ခြင်းအားဖြင့်….ကိုဆန်နီ…………Merry Xmas and good luck to u

  • Sonny

    December 24, 2011 at 11:39 pm

    ကိုပေါက်ဖေါ်ရေ..
    ခြေသည်းကော်တဲ့ပုဏမက ချောတယ်ဗျ..ဟား..ဟား..ဟား
    ခင်လို့စတာနော်
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ………….

  • pooch

    December 25, 2011 at 2:53 am

    အအေးကတော့ ဘာကဲသလဲ မမေးနဲ့ ဒီရက်ပိုင်း
    မနက်မနက်ဆိုလည်း မထချင်ဘူး….
    နယူးရီးယားတော့ စောင်ထူထူခြုံပြီး ကြိုရတော့မယ်ထင်ပါတယ်….

  • blackchaw

    December 25, 2011 at 11:10 am

    ကျန်းမာရေး ဂရုစိုက်ဗျို့ ကိုဆန်နီရေ။
    ဒီရက်ပိုင်းတော်တော်အေးလာတယ်ဗျ။

  • windtalker

    December 25, 2011 at 1:57 pm

    “ဟောဒါက ကိုကိုနီ ့အတွက် အနွေးထည် ၊ ဟောဒါက ကိုကိုနီ သောက်ဖို ့ရေနွေးပူပူလေး နဲ ့အခိုးပွင့်ဆေး ၊ ပြီးရင် ထိုင်ခုံပေးမှာ ခြေဆင်းထိုင်ဖို ့ ကုလားထိုင် ၊ ဒါပြီးမှ ဈေးသွားပြီး ကိုကိုနီ လျှာရင်းမြက်ဖို ့ဟင်းကောင်းကောင်းချက်စရာ သွားဝယ်မယ်နော် ”
    အဲဒီလို ပြောဆိုလုပ်ကိုင်မယ့် မဒီကညာ တစ်ယောက် လိုအပ်နေပြီ နော…….

    • Sonny

      December 25, 2011 at 3:44 pm

      ညီလေးဝင်းတော့ကာရေ…..
      အနွေးထည်
      အကြွေးဝယ်လာရင်….
      အခိုးပွင့်ဆေး
      စောင့်အောင့်ပေးမှဖြင့်…
      ကုလားထိုင်
      ယိုင်နေမှဖြင့်…….
      လျှာရင်းမြက်ဖို့
      ငါဟင်းချက်ရတာလို့…ညဉ်းတွားကာမှဖြင့်..
      (Meant to be fun, Sir..)
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….

      Pooch ရေ..
      မန္တလေး က မအေးပါဘူးကွာ လို့ ဝေဖန်ခဲ့ ဖူးတာ လည်း ငဆန်နီပါပဲ။
      ပူတော့ အေးချင် အေးတော့ ပူချင်တာလည်း ကိုယ်ပါပဲလေ။
      ံMerry Xmas and Happy new year to you! May all your wish come true in the coming years ahead!!!
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ………

      ကိုဘလက်ချော….
      ဒီစကားကျေးဇူးပါပဲ။
      “ကျန်းမာရေး ဂရုစိုက်ဗျို့ ကိုဆန်နီရေ။
      ဒီရက်ပိုင်းတော်တော်အေးလာတယ်ဗျ။”
      အနွေးထည်ငှားဦးလေ….
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…

  • TTNU

    December 25, 2011 at 2:08 pm

    ဇရာဖိစီး နေပြီလား လူကလေး
    ကိုဝင်းထောလခါပြောတဲ့ အတိုင်းလုပ်ပါဟဲ့
    စိတ်ကူးမလွဲပါနဲ့ ။

    ဘာတွေကြောက်နေတာပါလိမ့်?
    ကိုပေါက်တို့၊ ကိုဘလက်ချောတို့၊ ကိုခိုင်တို့ များအားကျစမ်းပါ။

    • windtalker

      December 25, 2011 at 9:58 pm

      ဟုတ်ပ
      ရရာလက်နက် စွဲကိုင်ပြီး
      တိုက်ပွဲ ထဲ ဝင်ဆင်နွှဲ ပစ်လိုက်စမ်းဘာ
      ဘဝဆိုတာ တိုက်ပွဲ ဆိုကလား ရှိသေး
      ရွှေကျည်ဆံ တွေ နဲ ့
      တစ်တောင့်ချင်းစီသာ ပစ်ထည့်လိုက်တော့ဗျို ့
      ဟီဟိ

      • Sonny

        February 3, 2012 at 1:38 pm

        ဝင်းညီလေးတော့ကာ
        ရွှေကျည်ဆံလည်းခံနိုင်ရိုးလား
        လောကဓံတရားဆိုတာ
        ဘုရားတောင်မှငြင်းမရ မင်းကဘာမို့လည်း လို ဆရာကြီးဦးသုခပြောသလိုပေါ့။
        ချစ်ခြင်းအားဖြင့်….ကိုဆန်နီ……..

  • MaMa

    December 25, 2011 at 7:47 pm

    ဆရာSonnyရေ-
    ခန္တာနဲ့ Boxing ထိုးတာ ဘယ်သူနိုင်သွားသလဲ ?????? 😆
    အင်းးးးး အဲဒါက တိုက်ကွက်တွေ တမျိုးပြီး တမျိုးလာမယ့် ရေရှည်တိုက်ပွဲမို့ သက်လုံကောင်းဖို့တော့ လိုတယ်နော်။

  • Sonny

    February 3, 2012 at 1:33 pm

    မမရေ…
    ခန္တာနဲ့ ရေရှည်တိုက်ပွဲ ကတော့ ကိုယ်ပဲရှုံးကြရမှာပါလေ။
    ခန္တာနဲ့ကတော့ အမြဲရှုံးနေကြရတာပါပဲ။
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ။။ sorry for the late reply

Leave a Reply