ရွာထိပ်ရှိ မာလကာပင်အောက်ကနေ ရွာသားအားလုံးကို နှုတ်ဆက်လိုက်ပါတယ် မင်္ဂလာပါ။

ဒီရွာထဲက ပို့စ်တွေကို ၀င်ဝင်ဖတ်နေတာကြာပါပြီ။ ရွှေတုတ်အချစ်ဆုံးဒေါ်လေး (ဒူလဲတော့ ပြောတော့ပါဘူး။ ခုနက၀င်တော့မှတွေ့လိုက်တယ်။ တော့ပ်ပိုစတာ ဆိုတဲ့အထဲမှာ တူ့နာမည်ကြီး။) အင်ထရိုလုပ်တာနဲ့ ၀င်ဖတ်ကြည့်တာပါ။ ဖတ်ရင်းနဲ့ တတ်သည့်ပညာ မနေသာဆိုသလို ကီးဘုတ်ယားလာတာနဲ့ အခုပဲ register လုပ်ပြီးဝင်လာတာပါ။ အခုမှဝင်လို့ rank က newbie ပဲရှိသေးတာနဲ့ အထင်တော့မသေးလိုက်ပါနဲ့။ ချစ်ဒေါ်လေးကျေးဇူးနဲ့ ဂေဇက်ရွာနဲ့ နည်းနည်းပါးပါးတော့ရင်းနှီးနေပါပြီ။ ရွာကဒိတ်ဒိတ်ကြဲတွေအကြောင်း နည်းနည်းတော့ တီးခေါက်မိတယ်လေ။ ရွာသူရွာသားတွေနဲ့လည်း ပိုရင်းနှီးဖို့ မျှော်လင့်ပါတယ်လို့။

ဝင်သာဝင်ရတာ လန့်တော့ခပ်လန့်လန့်ပါပဲ။ ရွာသားတွေ လက်သံပြောင်တယ်လို့ နာမည်ကြီးတယ်လေ။ အဲဒီတော့ အခုကတည်းက ကြိုပြောထားပါရစေ မှားတာရှိရင် ခွင့်လွှတ်ပါလို့။ ထပ်ပြီးကြိုပြောရဦးမယ်။ ရွှေတုတ်က အခုစလုံးမှာ ကျောင်းတက်နေတာကြောင့် အိမ်မှာမြန်မာလိုပြောနေပေမယ့်လည်း မြန်မာစာမရေးတာကြာပြီမို့ စာရေးတာ အပေါက်အလမ်းမတည့်တာတို့၊ ကိုယ်ပြောချင်တဲ့အဓိပ္ပါယ်နဲ့လွဲပြီး အင်္ဂလိပ်စာကနေ တိုက်ရိုက်ဘာသာပြန်ထားသလိုဖြစ်နေတာတို့  ရှိရင် အမှားကိုထောက်ပြပေးကြပါလို့။

ပထမဆုံးရေးတဲ့ပို့စ်ဆိုတော့ ဘာကိုဘယ်လိုရေးရမှန်းမသိ။ ရေးစရာမရှိဘူးဆိုတာကိုတောင် ရှည်လျားပြီးစိတ်ဝင်စားအောင်ရေးတတ်တဲ့ မှော်ဆရာကိုတော့ လေးစားပါတယ်။ သူနှင်တံပျောက်တဲ့ အကြောင်းရေးထားတာလေး ဖတ်ဖူးတယ်လေ။ သဂျီးတောင် နှင်တံကို ဟိုလိုလေးခေါ်ပါလား၊ ဒီလိုလေးခေါ်ပါလားပြောထားတာ တွေ့လိုက်သေးတယ်။

ရွှေတုတ်ရဲ့ ပထမဆုံးပို့စ်ကိုတော့ ဒီမျှနဲ့ပဲရပ်ပါတော့မယ်။ ရွှေတုတ်အကြောင်း သိချင်တာလေးတွေရှိရင်လည်း ကော်မန့်မှာ မေးကြပါလို့။ (ပြောသာပြောရတယ် ဘယ်သူမှမသိချင်လို့ မမေးရင် ရှက်စရာကြီး။)

မရွှေတုတ်

၂၄.၁၂.၂၀၁၁

About mashwetote

မရွှေတုတ် has written 6 post in this Website..

My name is မရွှေတုတ် I am not a စလုံးတရုတ် I like to do မဟုတ်တရုတ် I also like to ကျွေးသမျှအကုန်အုပ်