ကျနော်တို ့နိုင်င်ငံက အယ်ဒီတာတွေ အချောင်သမားတွေများနေပြီလို ့ကျနော်ပြောချင်တယ်။ ဘာ့ကြောင့် ဒီစကားကို ကျနော်ပြောရလဲဆိုတော့ မခံနိုင်တော့လို ့ပါ။

အားလုံးသိတဲ့အတိုင်း ကျနော်ဟာ စာရေးကျွမ်းကျင်တဲ့သူတော့ မဟုတ်ဘူး။ ဝါသနာပါလို ့စာရေးတယ်။ ကိုယ့်နှလုံးသားနဲ ့အုံးနှောက်ကို အသုံးပြုပြီး စာတွေရေးတယ်။ ရေးပြီးရင် နာမည်ရနေတဲ့ မီဒီယာတွေကို ပို ့ဖြစ်တယ်။ ကိုယ့်မှာလည်း ဘလော့ဂ်တစ်ခုရှိတယ်။ ဒါပေမဲ့ ကိုယ့်ဘလော့ဂ်က နာမည်ကြီးတဲ့ဟာ မဟုတ်တော့ စာဖတ်သူတိုင်း ကိုယ့်အရေးအသားကို ဖတ်နိုင်မှာမထင်လို ့နာမည်ကြီး ဝက်ဆိုက်ဒ်တွေ လူဖတ်များတဲ့ဝက်ဘ်ဆိုက်တွေ ့ကို ပို ့ဖြစ်ပါတယ်။

အယ်ဒီတာတွေက ကိုယ့်စာမှုကို ရွေးတဲ့အခါရှိသလို မရွေးတဲ့အခါလည်း ရှိတယ်။ အထူးသဖြင့် မရွေးတာများပါတယ်။ စာမှုရွေးပြီး ဖော်ပြရင်တောင် ပိုက်ဆံပေးဖို ့နေနေသာသာ ချီးကျူးစကားလေးတောင် အယ်ဒီတာဆီက ပြန်မလာတာ များတယ်။ များတာမဟုတ်ဘူး ရှိကိုမရှိတာပါ။

ကျနော်ဖြစ်စေချင်တာက ဘယ်နေရာမှာ ဘာလိုနေလို ့၊ စာအရေးအသားညံ့လို၊ အကြောင်းအရာမကောင်းလို ့ဆိုပြီး အကြောင်းကြားစာလေးရေးရင်တောင် ကျေနပ်နိုင်သေးတယ်။ အခုတော့ စားပြီးနားမလည် အချောင်သမားအယ်ဒီတာတွေလိုပဲ။

ကိုယ်ကတော့ မရလဲနေပါစေ၊ ကိုယ်ရေးထားတဲ့စာကို သူတို ့ဝက်ဘ်ဆိုက်နဲ ့ဂျာနယ်မှာ ဖော်ပြခွင့်ရရင်ပဲ အတော်လေးကို ကျေနပ်နေပြီ။ ဒါက စာရေးတဲ့သူတိုင်းရဲ  ့ခံစားချက်ဖြစ်မယ်လို ့ယူဆတယ်။

ကျနော်ဟာစာရေးစားတဲ့လူလည်းမဟုတ်ဘူး။ ကျနော့်မှာ အလုပ်အကိုင်ကောင်းကောင်းရှိတယ်။ အယ်ဒီတာတောင် ကိုယ်တိုင်ငှားပြီး မလေးရှားမှာ ဂျာနယ်တစ်ခုတောင်ထုတ်ခဲ့ဘူးတယ်။

စာရေးဆရာတွေရဲ  ့စာမှုကို ငွေပေးပြီးတောင်းခဲ့ဘူးတယ်။

စာရေးသူ၊ စာဖတ်သူ၊ အယ်ဒီတာတွေမှာ အပြန်အလှန် အကျိုးခံစားခွင့် အသိအမှတ်ပြုမှု လေးစားသမှုရှိရမယ်လို ့ကျနော်ယူဆတယ်။

စာရေးတယ်ဆိုတာ ကိုယ့်ရင်ထဲမှပြည့်နေတဲ့ခံစားချက်တွေကို တခြားသူတွေသိအောင်ပြောပြတာဆိုပြီ ကျနော်ခံယူထားတယ်။ ဒါပေမဲ့ ကိုယ်ကအပင်ပန်းခံ ရေးထားတဲ့စာမှုကို နှမလိုးအယ်ဒီတာတွေက မခန် ့လေးစားလုပ်တာကို စောက်ရမ်းတင်းတယ်။ ဒါ့ကြောင့် ဒီစာကိုရေးတာပါ။

တစ်ခါတုန်းက ကျနော် ဟစ်တိုင်စာမျက်နှာကို ကျနော့်စာမှုကို ပို ့ဖြစ်တယ်။ ဟစ်တိုင်ဆိုတာက စာမှုပေါင်းစုံကို ဖြစ်သလိုတင်ဖြစ်သလိုလုပ်ထားတဲ့ ဝက်ဆိုက်ဒ်ဖြစ်ပေမဲ့ နာမည်အတော်အတန်ရတဲ့ ဝက်ဆိုက်လို ့ပြောလို ့ရတယ်။ အယ်ဒီတာလုပ်သူက ကျနော့်ဆီက ခွင့်ပြုချက်မတောင်းပဲ ကျနော်ရေးထားတာမဟုတ်တဲ့ စာပို်ဒ်တစ်ခုကို ကျနော်စာမှုထဲ ထိုးထည့်ပြီး တင်လိုက်တယ်။ ကျနော်က ပြန်ဖတ်ကြည့်ပြီး ဒီစာပိုဒ်ကို ဖြုတ်ပေးပါဆိုတော့ မသိချင်ယောင်ဆောင်နေခဲ့တယ်။ ဆိုတော့ အယ်ဒီတာလုပ်တဲ့လူက နားမလည်ပဲ အယ်ဒီလုပ်တာကောင်းသလား။

နောက်ပြီးတော့ မိုးမခမှာ အမြဲတမ်းစာရေးနေတဲ့ ကိုမျိုးမြင့်လည်း ဒီလို အတွေ ့အကြုံကို ရခဲ့တယ်။ အယ်ဒီတာလုပ်သူမောင်ရစ်က  ဆောင်းပါးခေါင်းစဉ်ကို ခွင့်ပြုချက်မတောင်းပဲ ပြောင်းလိုက်တယ်။ စာရေးသူကိုမျိုးမြင့်ချိုရေးတဲ့ခေါင်းစဉ်က “သာမန်အချိန်မှာ သာမန်ပြည်သူဖြစ်ချင်သူ” လို ့ရေးခဲ့တယ်။ မိုးမခ အယ်ဒီတာမောင်ရစ်က “စစ်မှုထမ်းဥပဒေဖြင့်တိုုင်းပြည်ကိုုစစ်ကျွန်ပြုတော့မည်” ဆိုပြီး ခေါင်းစဉ်တစ်ခုလုံးပြောင်းလိုက်တော့ အပင်ပန်းခံပြီးရေးထားတဲ့ ကိုမျိုးမြင့်ချိုဘယ်လောက်ဒေါသထွက်မလဲဆိုတာ စဉ်းစားကြည့်ပါ။ စာရေးတယ်ဆိုတာ စာဖတ်တာထက် အရမ်းပင်ပန်းတယ်ဆိုတာကို အယ်ဒီတာတွေသိဖို ့ကောင်းတယ်။ မသိလို ့မဟုတ်ဘူးထင်တာပဲ။

သူများဆီက အချောင်ယူပြီး နာမည်ရနေတဲ့ဒေါက်တာလွဏ်းဆွေဆိုရင်လည်း ကာတွန်းကိုစောငိုရေးထားတဲ့ ကာတွန်းတစ်ပုဒ်ကူးပြီး သူ ့ဆီမှာတင်တယ်။ တင်တဲ့အခါရိုးရိုးသားသားမတင်ဘူး။ နာမည်ပါပြောင်းပြီးတင်တယ်။ ခွင့်ပြုချက်လည်းတောင်းတာမဟုတ်။

ဒါတွေကိုကြည့်ရင် အယ်ဒီတာလုပ်သူတွေဟာ စာရေးသူတွေကို စော်ကားနေသလိုပဲ။ သူတို ့ပဲတက်။ သူတို ့ပဲသိသလိုမျိုး။

မဇ္ဇိမက ညီအစ်ကို အယ်ဒီတာ။ ဧရာဝတီက ညီအစ်ကိုအယ်ဒီတာတွေကိုလည်းကြည့်အုံး။ သူတို ့ကို ဘယ်သူက ဒီရာထူးပေးလဲမသိဘူး။

နိုင်ငံခြားတိုင်းပြည်တွေမှာ အယ်ဒီတာတစ်ယောက်ဖြစ်ဖို ့အတွက် လွယ်တာမဟုတ်ဘူး။ မြန်မာပြည်ကလူတွေကတော့ အတော်လွယ်ပါတယ်။

ပြည်ပမှာ ဝက်ဆိုက်ဒ်တွေမှိုလိုပေါက်နေတယ်။ ဒီထဲမှာ အတိုက်အခံတွေထဲက သတင်းမီဒီယာဝက်ဘ်ဆို်က်တွေကို ကျနော်ပြောချင်တယ်။ ဥပမာ ဒေါက်တာလွဏ်းဆွေ၊ မိုးမခ၊ ဟစ်တိုင်၊ နေ ့သစ်၊ မောက္ခ၊ လူထုအသံ၊ စတဲ့ မီဒီယာတွေတစ်ပုံကြီးပါ။ သူတို ့တွေကို စာမှုပို ့တိုင်း ရွေးချင်မှရွေးတယ်။ ရွေးပြီးရင်လည်း ပိုက်ဆံပေးတယ်မထင်နဲ ့။ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားက လွဲရင် ဘာမှ အရည်မရအဖတ်မရ ကျေးဇူးမျိုးတောင်သူတို ့ဆီက ပြန်ရတယ်မထင်နဲ ့။

စာရေးသူတွေရဲ  ့စာတွေကို စာဖတ်ပရိတ်သတ်တွေက သူတို ့ဝက်ဆိုက်မှာလာပြီး စာဖတ်ကြတယ်။ ပြီးရင် သူတို ့ပဲ နာမည်ရတယ်။ ကုန်ကုန်ပြောရရင် အလှူငွေနဲ ့ကြော်ငြာခတောင် ရသေးတယ်။ စာရေးသူခင်ဗျာ သူရေးထားတဲ့စာလေးကို ဖတ်ပြီး ပီတိဖြစ်တာကလွဲလို ့လီးတောင်မတောင်နိုင်ဘူး။

စာမှုပို ့ရင်လည်း ဟိုစာကြောင်းဖြုတ်၊ ဒီစာကြောင်းဖြုတ်နဲ ့။ သူတို ့ကြိုက်တဲ့စာမှုဆိုရင်တင်တယ်။ မကြိုက်ရင် မတင်ဘူး။ မရွေးရင်လည်း ဘာ့ကြောင့်မရွေးတာလဲဆိုတာကိုတော့ စာရေးသူတွေကို ပြန်ပြီးအကြောင်းပြန်သင့်တယ်။ အခုတော့ ငါးလိုးမသား အယ်ဒီတာတွေစောက်အရည်အချင်းမရှိပဲ အယ်ဒီတာလုပ်တာကောင်းသလား။

အယ်ဒီတာတွေက ဘာပြောလဲဆိုတော့ ကိုယ့်ထမင်းကိုယ်စားပြီး ဂျီးတော်နွားကျောင်းနေရတာဆိုပြီး သူတို ့ကိုယ်သူတို ့ ကယ်တင်ရှင်လေသံပြောကြတယ်။ ဆိုတော့ ကျနော်က ဒီလိုပြောချင်တယ်။ ဟေ့….နှမစောင်းအချောင်သမားအယ်ဒီတာတွေ မင်းတို ့ကို ဘယ်သူက အတင်းကျောင်းခိုင်းနေလို ့လဲကွ…။

About phone_kyaw

Phone Kyaw has written 157 post in this Website..