ငရုပ်သီး အမည်းမျိုးတဲ့

MandalayTharMay 28, 20101min1005

ှမြင်ဘူးလားတော့ မသိဘူး။ ကျွန်တော်တော့ အခုမှ မြင်ဘူးတာ ငရုပ်သီး အမည်းတဲ့။ စင်္ကာပူက အသိတယောက်စိုက်ထားတာ။ မည်းတာ မှ မည်းနက်နေတာဘဲ။ လှတာတော့ လှတယ်။ မမြင်ဘူးတော့ နည်းနည်းထူးဆန်းနေတာပေါ့။ (ကျွန်တော့် အတွက်နော်) ပို့စ် ဖတ်သူရော မြင်ဘူးလားဗျာ။ အရမ်းစပ်တယ်လို့ ပြောတာဘဲ။ ကျွန်တော်လဲ မစားကြည့်ရသေးဘူး။ မြန်မာပြည်မှာ ဟင်္သာတဘက်မှာ ရှိတယ်လို့ပြောတာဘဲ။ ကျွန်တော်တို့ အညာဘက်မှာ တော့ မမြင်ဘူးဘူး။ ခုမှ ပထမဆုံးမြင်ဘူးတာဘဲ။ ဓါတ်ပုံရိုက်ပြီး တင်ပေးလိုက်တယ်။

5 comments

  • intro

    May 28, 2010 at 2:53 pm

    သီးကတည်းက မည်းနေတာလား? ကျွန်တော်လည်း တစ်ခါမှ မမြင်ဖူးဘူး…

  • MandalayThar

    May 29, 2010 at 12:38 am

    ဟုတ်တယ်ခင်ဗျာ။ သီးကတည်းက မည်းနေတာ။ နောက်မှ အရောင်ဆိုးတာမဟုတ်ပါဘူး။ 😛

  • ဆူး

    December 21, 2011 at 12:28 pm

    ငရုတ်သီး အမဲ ကလည်း မှိုတက်ပြီး ခြောက်သွားလား ထင်ရတယ်။

  • နီကီတာ

    December 21, 2011 at 12:55 pm

    အရမ်းစပ်တယ်ဆိုရင်တော့ စားကြည့်ချင်တယ်
    (အစပ်ကြိုက်တယ်..) 😀

  • manawphyulay

    December 21, 2011 at 1:02 pm

    ဒီမှာမြင်ဖူးတာကတော့ ကြာသွားရင် မှိုတက်ပြီး ခြောက်သွားရင်လည်း မည်းတတ်တာကိုတော့မြင်ဖူးတယ်။ နောက် ပန်းငရုတ်ကသီးတဲ့ အမည်းလည်း မြင်ဖူးတယ်။အဖြူသီးတာလည်းရှိတယ်။ စားလို့ကတော့ အတော့်ကိုစပ်တယ်။

Leave a Reply