`လွတ်ထွက်သွားခြင်း´

winkyawaungDecember 25, 20111min959

`လွတ်ထွက်သွားခြင်း´

*ဘဝ+ပတ်ဝန်းကျင်=…လို့
ဆိုရတော့မှာလား အမေ..။

*အဖေနဲ့ အမေ သားကို မွေးဖွားပေးခဲ့တဲ့
သားရဲ့ ချက်မြုပ်ထားရာ ဇာတိကို တကယ် လာကြည့်ချင်နေတာပါ။

*အမေနဲ့ရွာကို သားမောင်လွမ်းလို့
တမ်းတမိတယ် အမေရယ်…ဆိုတဲ့
ဟင်္သာတ ကိုထွန်းရင်သီချင်းသံကြားလေတိုင်း
သားငိုခဲ့ရပါတယ် အမေ..။

*ဒါမေမယ့် သားအတွက် ရောဂါ ဒုက္ခ
ပြောရမှာတော့.. နားနဲ့မနာ ဖဝါးနဲ့နာပေးပါအမေရယ်..
သားကိုခွင့်လွတ်ပါလို့.. အကြိမ်ကြိမ်အခါခါ
တောင်းပန်လိုက်ပါရစေ..။

*ယခုတော့ သားဘဝမှာလေ
ဗိုလ်ထိုင်အိမ်သာ မရှိရင်မဖြစ်တော့လို့
အမေတို့ရွာနဲ့ ထာဝရ ဝေးကွာခဲ့ပါပြီ အမေရယ်….။ ။

9 comments

  • winkyawaung

    December 25, 2011 at 11:14 am

    ဗိုလ်စိတ်ပေါက်ပြီး ဗိုလ်ထိုင်အိမ်သာ ရှိမှ လာမည်ဆိုသော ရွာသား(မန္တလေးဂေဇက် မပါ) ဆရာများ အတွက် ခံစားရေးသားမိပါ၏။

    • ငပေါက်ဖော်

      December 25, 2011 at 11:50 am

      အနော်ကတော့ နည်းမျိုးစုံနဲ ့ ပါတတ်ပါတယ်..
      ပြဿနာမရှိဘူး..
      😆

      • KoNyeinChan

        December 25, 2011 at 5:43 pm

        တကယ်လား ကိုပေါက်ဖော်… ဇောက်ထိုးလည်း ရတယ်ပေါ့ 😀

  • htoosan

    December 25, 2011 at 1:38 pm

    သွေးတိုးရှိလို့နဲ့ တူတယ်နော်… 😀

  • windtalker

    December 25, 2011 at 2:31 pm

    လိပ်ခေါင်း ရှိလို ့ဆိုပြီး ထင်မိတယ်ဗျို ့
    း)

  • manawphyulay

    December 25, 2011 at 6:02 pm

    ရွာမှာလည်း ဗိုလ်ထိုင်အိမ်သာတွေ ဆောက်နေကြပါပြီ သားရယ်….. 😛

  • alinsett

    December 25, 2011 at 7:06 pm

    လွတ်ထွက်သွားခြင်း….ကို အရမ်း ကြိုက်သွားလို ့ လွတ်မထွက်သွားအောင်

    ကော်ပီ ယူပြိး မေးလ် ထဲ မှာ သိမ်းလိုက်ပါတယ် ။
    ပြီးရင် သတိရတိုင်း… ထုတ်ဖတ်ပါမယ် ။
    ခွင့်ပြု..ပါ ခင်ဗျ။

  • winkyawaung

    December 25, 2011 at 7:15 pm

    အများက လက်ခံ သဘောကျတယ်ဆိုရင် ဝမ်းသာပါတယ်။ နာမည်ကြီးဆရာတစ်ယောက်(တောသား စစ်စစ်) က ကြီးကျယ်လွန်းလို့ အိမ်မက်ထဲမှာတောင် ဒီအကြောင်းကိုပြန်ပြီးအိပ်မက် မက်နေလို့ နံနက်စောစောထပြီး ခံစားရေးသားလိုက်ရပါတယ်။

  • koyinmaung

    December 25, 2011 at 7:44 pm

    ဗိုလ်ထိုင်မရှိပေမဲ့ ထိုင်ခုံကိုအပေါက်ပေးပါ့မယ်သားရယ်…….
    ရေချိုးဘို့ကြွေဇလုံမရှိပေမဲ့ နွားစာခွက်ကိုငါ့သားရေချိုးလို့ရအောင်လုပ်ပေးပါ့မယ်….

Leave a Reply