ပျောက်ကွယ်လာနေသည့် ရေကန်များ

Zaw WonnaDecember 25, 20111min1012
Photo: Xinhua, dated May 4, shows a fishing boat
stranded on the cracked bed of Poyang Lake in Jiujiang
တရုတ်နိုင်ငံတွင် သဘာဝရေကန်ပေါင်း ၂၄၀၀ဝ ခန့်ရှိ၏။ သို့သော် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့တစ်ခု၏ ထုတ်ပြန်ချက်အရ နှစ်စဉ်နှစ်တိုင်း ရေကန်ပေါင်း ၂ဝ ခန့်မှာ ရေကန်ကောခြင်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
စုစုပေါင်း စတုရန်းကီလိုမီတာပေါင်း ၈၃၀၀ဝ ခန့် နေရာယူထားသည့် တရုတ်နိုင်ငံရှိ သဘာဝရေကန်များမှာ  ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ အပါအဝင် သဘာဝပတ်ဝန်းကျင် ညီညွတ်မှုကို ထိန်းချုပ်ပေးနိုင်သည့် အရေးပါသော အရင်းအမြစ်များ ဖြစ်သည်။

တရုတ်နိုင်ငံရှိ ရေကန်များမှာ လူတို့၏ ပယောဂကြောင့် ရာသီဥတု ပြောင်းလဲခြင်း အပါအဝင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း First China Forum မှ ထုတ်ပြန်ကြေညာခဲ့သည်။ လူတို့၏ ပယောဂကြောင့် နှစ်စဉ်နှစ်တိုင်း သဘာဝရေကန်ပေါင်း ၂ဝ ခန့်မှာ ပျောက်ကွယ်လျှက် ရှိနေကြကြောင်း၊ ရေကန်များ အနေဖြင့် ထိုသို့ လူ့ပယောဂကြောင့် ဖြစ်ပေါ်သော ထိခိုက်မှုများကို ကာကွယ်နိုင်စွမ်း မရှိကြောင်း ထိုကြေညာချက်တွင် ဖော်ပြသည်။

ဒီဇင်ဘာလ ၁ဝ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့သည့် ထိုနှီးနှောဖလှယ်ပွဲကို ကျွမ်းကျင်ပညာရှင် ၈၀ဝ ကျော်နှင့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။
Source: Xinhua

2 comments

  • zarlay

    February 1, 2012 at 2:42 pm

    အသေးစိတ် စုံစမ်းထားတာပဲနော်

  • Thel Nu Aye

    February 1, 2012 at 4:41 pm

    ဒို့အင်းလေးကန်တောင်ကံကောင်းလို့။ အချိန်မှီလေးကယ်လိုက်နိုင်တယ်။ ဒါတောင် ပြင်ပေးမယ်ဆိုပြီးဝံဂျီးတပါးက ဒေါ်လာ သန်း ၂ဝ မသွားသေးတယ်။ လုပ်ရက်လိုက်ကြတာ။

Leave a Reply