ရွေကြက်ယက်ဆိပ်ကမ်းက……………..

ရွေကြက်ယက်ဆိပ်ကမ်းက……………..

1 နေရောင်ရှိနေသေးတဲ့အချိန်မြင်ရတဲ့ အပေါ်စီးမြင်ကွင်း
2 ဆောင်းနေရောင်အောက်က မြစ်ပြင် လရောင်နဲ့တောင်မှားလောက်တယ်
3ပြာလွင်သောကောင်းကင် စီတန်းနေတဲ့လှေ စိမ်းမြသောရေ အေးမြသောလေ
4 စိ်မ်းမှောင်နေတဲ့မြစ်ပြင်အနားသတ်က ဖြူလွလွသဲသောင်ပြင်
3 အရှေတောင်ဘက်ဆိပ်ကမ်း ရွေကြက်ယက်ဘုရားမြောက်ဘက်
4 တောင်ဘက်ခြမ်းမှာတော့ စစ်ကိုင်းတောင်ရိုး
5 ပြာလွင်နေတဲ့ ဆိပ်ကမ်း ငြိမ်းချမ်းသောနေရာ
6 ရေလည်မှာသင်္ဘေအုပ်စု သူနောက်မှတော့ စက်ုကိုင်းတောင်
7 ရွှေကြက်ယက်ဘုရားအောက်ခြေက နေမြင်ရတဲ့စစ်ကိုင်း
8 မြန်မာနိုင်ငံ့အလံတလွင့်လွင့်နဲ့ သင်္ဘောလေး
9 ရေလည်မှာလှေငယ်နှစ်စင်းရယ်က အချင်းချင်းပြိုင်
10 နေအဝင်မှာမြင်ရတဲ့ ရွှေကြက်ယက်စေတီ
11 ငေးမောကြည့်ရင်းက ကိုယ်စိတ်တွေတောင်အဝေးလွင့်ပြီး လွင်ပြင်ကျယ်ထဲရောက်သွားသလို

“ဆောင်းနေ့လည်ခင်းက ရွှေကြက်ယက်”

 

ငယ်ကတည်းက နှစ်သက်ခဲ့ရတဲ့သီချင်းလေးက တော့ ဝင်းဦးရဲ့နာမည်ကြီးသီချင်းဖြစ်တဲ့

“ကြက်ညီနောင်”။

ရှေးကဗျာစာသားလေးဖြစ်တဲ့

“ကြက်ညီနောင်ရေဝယ်မျောစေ မြကြောရယ်တဲ့ရွှေမင်းဝံတောင် လွဲတော့မရှောင်”

ဆိုတဲ့သစ္စာတိုင်သီချင်းလေးပါ။

အဲဒီထဲမှာပါတဲ့ကြက်ညီနောင်ဆိုတာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းက

ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူကိုရည်ညွှန်းတာပါ။

အဲဒီဘုရားကနေအနောက်ဘက်ကိုကြည်ရင် ဧရာဝတီနဲ့စစ်ကိုင်းတောင်မြင်ကွင်းကိုတဝကြီး

မြင်ရမှာပါ။

ပြီးခဲ့တဲ့ရက်ကတော့ ရွှေကြက်ယက်ဆိပ်ကမ်းကိုရောက်တဲ့အခါ

ထုံးစံအတိုင်းလက်ဆော့လို့လာပါတယ်။

ကဲ ဘယ်လောက်လှသလဲဆိုတာ……………………..

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(25-12-2011)

 

16 comments

  • သားငယ်

    December 25, 2011 at 4:47 pm

    မြန်မာနိုင်ငံ အလံလေးတလွင့်လွင့်နဲ ့ သင်္ဘောလေးက

    သင်္ဘောတွေ ကုန်တင်ပြီးထွက်မယ်(အထူးသဖြင့်) သစ်လုံးတင်သင်္ဘောတွေပေါ့ .တံတားတစ်စင်းကို ဖြတ်သန်းတော့မယ်ဆိုရင် သူတို ့ဆီမှာ ဖြတ်သန်းမိန် ့တင်ရတယ် ။သူတို ့ကဖြတ်သန်း
    ခွင့်ပေးမှ ဖြတ်သန်းရပါတယ် ။ အဲ့လိုဖြတ်သန်းမိ် န် ့ကျဖို ့အချက်အလတ်တွေမပြည့်စုံဘူး ဆိုရင် သင်္ဘော
    (အင်ဂျင်ပါ) နှင့် တွဲသစ်လုံးတင် ၂ စီးပေါင်း တစ်တွဲကို မြန်မာငွေ ဆယ်သိန်း ဝန်းကျင်ပေးဆောင်ပြီး ဖြတ်
    သန်းရပါကြောင်း..သတင်းကောင်းပါးလိုက်ပါတယ် ။

  • ငပေါက်ဖော်

    December 25, 2011 at 5:01 pm

    ဆိပ်ကမ်းတွေမှာ…ညဘက်သွားသွားလည်ရင် စိတ်အပန်းတော့ ပြေသဗျ
    လန်းထွက်သွားတယ်..
    မြင်ကွင်းကျင်းထဲမှာပဲနေရတာ…တစ်ခါတလေ.ငြီးငွေ ့တယ်..
    ကျယ်ကျယ်ပြန် ့ပြန် ့..မြင်ကွင်း..လောလောဆယ်တော့..ပုံထဲပဲကြည့်နေရတယ်ဗျိုး..

  • မန်းလေးကိုလာကွာ
    အဲဒီရွှေကြက်ယက်ဘုရားပေါ်မှာတညလုံးထိုင်စကားပြောမယ်ကွာ
    လပြည့်ည တစ်ရက်ဆိုပိုကောင်းတာပေါ့……….

  • သားငယ်

    December 25, 2011 at 5:26 pm

    ဘုရားလေး အောက်ခြေက မြစ်ကမ်းဘေးမှာ ဘုရားပွဲတော်ရက်အတွင်း တစ်လလောက် ညအိပ်ခဲ့ရဖူးပါတယ်
    ်ဆိပ်ကမ်းမှာ သင်္ဘောနှင့်ဘိလပ်မြေ လာချတုန်းကပေါ့..ညဘက်ဆိုရင် တော်တော်သာယာပါတယ်..
    မန်းလေးအက်အမ် ရေဒိယိုလေးနားထောင်ရင်းပေါ့

  • koyinmaung

    December 25, 2011 at 7:53 pm

    ကိုပေါက်ရေ…
    မရောက်ဘူးတဲ့ကျနော်အတွက်တော့
    ဓါတ်ပုံတွေနဲ့ဘဲအာသာဖြေနေရပါတယ်
    ရောက်အောင်တော့ကြိုးစားလိုက်အုံးမယ်ဗျို့……

  • pooch

    December 25, 2011 at 8:27 pm

    လေးပေါက်ရဲ့ ပုံတွေက မျက်စိကိုအေးသွားတာပဲ

  • windtalker

    December 25, 2011 at 8:48 pm

    ရွှေကြက်ကျ ဘုရားရင်ပြင်ဘက် က မြင်ကွင်းပုံလေးတွေ ကော မပါဘူးလား ဗျို ့

  • thit min

    December 25, 2011 at 9:08 pm

    ကြိုက်တယ်ဗျာ။
    တညလုံးထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောလိုက်ရရင်တော့ ဇိမ်ဘဲ။

  • ဟုတ်တယ်ကိုသစ်ရေ
    လာရင် စကားထိုင်ပြောကြမယ်ဗျာ။
    ကိုပေရေ နောက်တစ်ပါတ်အလှည့်ကျသူကတော့ ရွှေကြက်ကျပါခင်ဗျား နေ့လည်ပိုင်းစိတ်ကူးထားပါတယ်
    စိတ်ပါရင်လိုက်ခဲ့နို်င်ပါတယ်။

  • blackchaw

    December 25, 2011 at 10:58 pm

    ကျွန်တော်လည်း လိုက်ချင်တာ ကိုပေါက်ရေ။
    အပေါ်ဆုံးပုံလေးမှာ အုန်းလက်လေး ဖယ်လိုက်ရင်
    ဒီ့ထက်ပိုလှမှာဗျ။ နော။

  • pyiminlu

    December 26, 2011 at 12:20 am

    မြစ်ကမ်းနဲ့ နီးတာ ရွှေကြက်ကျ ဘုရားများလား?။ ကျွန်တော် ဟိုတစ်နေ့ အင်းဝက ပြန်လာတော့ အသစ်ဖေါက်ထားတဲ့ လမ်းဘေးမှာရှိတဲ့ ဘုရားမုဒ်ဦးမှာ ရွှေကြက်ယက်လို့ ရေးထားတာတွေ့မိသလားလို့။ ဇဝေဇဝါနဲ့ မေးကြည့်တာပါ ကိုပေါက်ရေ။ သကြန်မိုး ဇာတ်ကားမှာပါတဲ့ မြစ်ကမ်းဘေးကို ဆင်းတဲ့ လှေကားပုံလေးပါခဲ့ရင် ပိုပြည့်စုံသွားမယ်လို့ထင်ပါတယ် ကိုပေါက်။

  • ရွှေကြက်ယက်က မြစ်နဲ့ပိုနီးပြီး ရွှေကြက်ကျ ကို ပိုမြင့်ပါတယ်။
    ရွေကြက်ယက်ဘုရား ဖွဲ့တည်ပုံကပိုပြီး အနုပညာမြောက်ပါတယ်။
    သင်္ကြန်မိုးမှာပါတဲ့လှေကားလေးက
    ဒီနေ့တင်ထားတဲ့
    “စစ်ကိုင်းနဲ့ဧရာ ရွှေကြက်ယက်အပေါ်က ရူ့မျှော်လိုက်ပါတဲ့မြင်ကွင်းလေးတွေ”ပိုစ်ထဲမှာ ပါပါတယ်။

  • ဆူး

    December 26, 2011 at 11:25 am

    သီချင်းထဲမှာ ကြားဖူးတယ် ကြက်ညီနောင်.. စံမြန်းတဲ့ စေတီ ဆိုလား..အဲဒီ နားပေါ့ ဟုတ်တယ်မလား..
    အဲဒီ သီချင်းတွေက မန်း နဲ့ စစ်ကိုင်းမှာ ရှိတာကို အသေးစိတ်ရေးထားသလိုပဲ..

  • char too lan

    December 26, 2011 at 4:04 pm

    ဒိုင်ပင်ပစ်ဆင်းလိုက်ချင်ဒယ်ကွာ ..
    ရေမကူးတတ်လို့ 😀 😀

Leave a Reply